သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း စစ္ေရွာင္စခန္းတခ်ိဳ႕ ေလျပင္းဒဏ္ေၾကာင္႔ ပ်က္စီး


ရခိုင္ျပည္နယ္ကို  ေမလ ၂၄ ရက္ စတင္ၿပီး တိုက္ခိုက္ခဲ့တဲ့ Yaas ဆိုင္ကလုန္း မုန္တိုင္း

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ျပည္တြင္းဒုကၡသည္စခန္းတစ္ခ်ိဳ႕က ေနအိမ္ေတြ ပ်က္စီးသြားၾကပါတယ္။ ေျမာက္ဦးၿမိဳ႕နယ္ စင္းေဘာကိုင္း စစ္ေဘးဒုကၡသည္ စခန္းမွာေတာ့ ေနအိမ္တစ္ရာေက်ာ္ေလာက္ ပ်က္စီးသြားၿပီး ေက်ာက္ေတာ္နဲ႔ ေျမပံုၿမိဳ႕နယ္မွာ ရွိတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြမွာလည္း ေနအိမ္တစ္ခ်ိဳ႕ ပ်က္စီး သြားခဲ့တာပါ။ ရခိုင္ကလာတဲ့ သတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးပါမယ္။

အိႏၵိယႏိုင္ငံဖက္ကို ဝင္တုိက္တဲ့ Yaas ဆိုင္ကလုန္း မုန္တိုင္းအ႐ွိန္ေၾကာင့္ ရခိုင္ျပည္နယ္မွာ ေမလ ၂၄ ရက္ စတင္ၿပီး ေလျပင္းတိုက္ခတ္ခဲ့တာေၾကာင့္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက စင္းေဘာကိုင္း စစ္ေဘးဒုကၡသည္စခန္းမွာလည္း ေလျပင္းတိုက္ခတ္မႉေၾကာင့္ ေနအိမ္တစ္ရာေက်ာ္ေလာက္ ပ်က္စီးသြားတယ္လို႔ စခန္းတာဝန္ခံ ဦးညီပုက ေျပာပါတယ္။

“အိမ္ေျခကေတာ့ စုစုေပါင္းကေတာ့ ၁၃၇ လံုးေလာက္ ေခါက္းမိုးေတြပြင့္သြားတယ္။ လံုးဝ ေခါင္းမိုးေတြ ပြင့္သြားတဲ့ အိမ္ေတြေတာ့ ရွိတယ္။ သူတို႔ကေတာ့ ေနလို႔မရဘူး ေဘးအိမ္ေတြမွာ ဝင္ေနၾကတယ္။ အခက္အခဲကေတာ့ အမိုးအကာေတြ လိုတာေပါ့ ေလျပင္းတိုက္ေတာ့ အမိုးေတြ အကုန္လံုးပြင့္ထြက္ သြားေတာ့ မိုးရြာမွာကိုလည္း စိုးရိမ္ေနၾကတယ္ လူေတြက”

အဲဒီစင္းေဘာကိုင္း စစ္ေဘးဒုကၡသည္စခန္းမွာ လူဦးေရ ေလးေထာင္နီးပါးေနထုိင္ၾကတာျဖစ္ၿပီး ေျမာက္ဦးၿမိဳ႕နယ္ ေလးၿမိဳ႕ေခ်ာင္း ေဒသကေန ထြက္ေျပးခိုလံုလာၾကသူေတြ လည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အဲဒီစခန္းမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြ စားနပ္ရိကၡာ အခက္အခဲ ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ စခန္းတာဝန္ခံ ဦးညီပုက ေျပာပါတယ္။

“စားဝတ္ေနေရး အေျခအေနကေတာ့ က်ေနာ္တို႔ ဆီမွာ ဆန္ေတြကေတာ့ နည္းနည္း လိုအပ္တယ္။ နည္းနည္းမဟုတ္ဘူး အမ်ားႀကီးလိုအပ္တယ္။ တစ္လနဲ႔ တစ္လကို က်ေနာ္ တို႔က စားနပ္ရိကၡာေတြက လိုက္မမွီျဖစ္ေနတယ္။ က်ေနာ္တို႔ ရံုးေတြက ေထာက္ပံ့ ေက်းေပး တဲ့ ဟာေတြက်ေတာ့ ၇၃၃ အိမ္အတြက္ပဲ ေပးတယ္။ က်ေနာ္တို႔မွာ ရွိတာက ၇၇၅ ဆိုေတာ့ အိမ္ေထာင္စုက ပိုမ်ားေနတယ္ေလ။”

ဒါအျပင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက လူဦးေရ သံုးေထာင္ေက်ာ္ေနထိုင္တဲ့ ေညာင္းေခ်ာင္းစစ္ေရွာင္စခန္းမွာလည္း ေလျပင္းတိုက္ခတ္မႉေၾကာင့္ ေနအိမ္တစ္ခ်ို႕ ပ်က္စီးသြားတယ္လို႔ စခန္းတာဝန္ခံ ကိုခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

“ေနအိမ္ ၁၂ လံုးပါသြားတယ္ တစ္ခ်ို႕ေတြကေတာ့ ေခါင္မိုးေတြေကာ အကာေတြေကာ အကုန္လံုးပါသြားတာေပါ့။ အိမ္သြားတဲ့ အိမ္ေတြက ဓနိမိုးထားတဲ့ အိမ္ေတြ ပါတယ္။ ေနာက္ၿပီးေတာ့ တာေပၚလိပ္ မိုးထားတဲ့ အိမ္ေတြပါတယ္။ ဒီေန႔လည္း ေလေတာ့ နည္းနည္း တိုက္ေသးတယ္။ မိုးေတာ့ မရြာေတာ့ဘူး။ေလတိုက္တာလည္း မေန႔က ေလာက္မမ်ား ေတာ့ ဘူးဟုတ္။”

ေျမပံုၿမိဳ႕နယ္အတြင္းက ကန္းေထာင့္ႀကီး စစ္ေဘးစခန္းမွာလည္း ေနအိမ္တစ္ခ်ိဳ႕ ပ်က္စီးသြားပါတယ္။ ေမလ ၂၅ ရက္ေန႔အထိလည္း ရခိုင္ျပည္နယ္ထဲမွာ ေလးျပင္းတိုက္ မုိး႐ြာသြန္းမႈေတြ ႐ွိခဲ့ပါတယ္။ ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္က စၿပီး ရခိုင္လက္နက္ကိုင္ေအေအအဖြဲ႔နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲျပင္းထန္ခဲ့တာေၾကာင့္ ရခိုင္ေျမာက္ပိုင္းက သိန္းနဲ႔ ခ်ီတဲ့ေဒသခံေတြ ေနရပ္စြန္႔ခြာ ထြက္ေျပးၿပီး ျပည္တြင္းဒုကၡသည္စခန္းတြမွာ ေနထိုင္ေနၾကရတာျဖစ္ပါတယ္။ လက္႐ွိမွာ တိုက္ပြဲေတြ ရပ္တန္႔ေနေပမဲ့လည္း စစ္ေဘးဒုကၡသည္တစ္သိန္းေက်ာ္ေလာက္ ေနရပ္မျပန္ႏိုင္ေသးပဲ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ေနထုိုင္ေနၾကရတာလည္းျဖစ္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ အားေကာင္းတဲ့ ဆိုက္ကလုန္း မုန္တိုင္း ယာစ္ Yaas ဟာ အေနာက္ေျမာက္ ဖက္ကို ေရြ႔လ်ားေနၿပီး ဘဂၤလားပင္လယ္ေအာ္ အေနာက္ အလယ္ပိုင္း၊ အေရွ႕အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းတို႔မွာ ဆက္လက္တည္ရွိေနတယ္လို႔ ျမန္မာႏိုင္ငံမိုးေလဝသနဲ႔ ဇလေညေဗဒညႊန္ၾကား မွဴးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

အားေကာင္းေသာ Yaas ဆိုင္ကလုန္းမုန္တိုင္းဟာ ျမန္မာနိုင္ငံ၊ ကိုကိုးကၽြန္းၿမိဳ႕ရဲ႕ ေျမာက္-အေနာက္ေျမာက္ ဘက္ ေရမိုင္ (၃၈၅) ခန႔္၊ ပုသိမ္(Pathein) ၿမိဳ႕ရဲ႕အေနာက္-အေနာက္ေျမာက္ဘက္ ေရမိုင္ (၃၈၀) ခန႔္ အကြာပင္လယ္ျပင္ကို ဗဟိုျပဳေနတယ္လို႔ ေမလ ၂၅ ရက္ ေန႔လည္ပုိင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရခိုင်မြောက်ပိုင်း စစ်ရှောင်စခန်းတချို့ လေပြင်းဒဏ်ကြောင့် ပျက်စီး

(Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်တွင်းဒုက္ခသည်စခန်းတစ်ချို့က နေအိမ်တွေ ပျက်စီးသွားကြပါတယ်။ မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးဒုက္ခသည် စခန်းမှာတော့ နေအိမ်တစ်ရာကျော်လောက် ပျက်စီးသွားပြီး ကျောက်တော်နဲ့ မြေပုံမြို့နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း နေအိမ်တစ်ချို့ ပျက်စီး သွားခဲ့တာပါ။ ရခိုင်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးပါမယ်။

အိန္ဒိယနိုင်ငံဖက်ကို ဝင်တိုက်တဲ့ Yaas ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ မေလ ၂၄ ရက် စတင်ပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြောက်ဦးမြို့နယ်အတွင်းက စင်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း လေပြင်းတိုက်ခတ်မှူကြောင့် နေအိမ်တစ်ရာကျော်လောက် ပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံ ဦးညီပုက ပြောပါတယ်။

“အိမ်ခြေကတော့ စုစုပေါင်းကတော့ ၁၃၇ လုံးလောက် ခေါက်းမိုးတွေပွင့်သွားတယ်။ လုံးဝ ခေါင်းမိုးတွေ ပွင့်သွားတဲ့ အိမ်တွေတော့ ရှိတယ်။ သူတို့ကတော့ နေလို့မရဘူး ဘေးအိမ်တွေမှာ ဝင်နေကြတယ်။ အခက်အခဲကတော့ အမိုးအကာတွေ လိုတာပေါ့ လေပြင်းတိုက်တော့ အမိုးတွေ အကုန်လုံးပွင့်ထွက် သွားတော့ မိုးရွာမှာကိုလည်း စိုးရိမ်နေကြတယ် လူတွေက”

အဲဒီစင်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ လူဦးရေ လေးထောင်နီးပါးနေထိုင်ကြတာဖြစ်ပြီး မြောက်ဦးမြို့နယ် လေးမြို့ချောင်း ဒေသကနေ ထွက်ပြေးခိုလုံလာကြသူတွေ လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီစခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ခံ ဦးညီပုက ပြောပါတယ်။

“စားဝတ်နေရေး အခြေအနေကတော့ ကျနော်တို့ ဆီမှာ ဆန်တွေကတော့ နည်းနည်း လိုအပ်တယ်။ နည်းနည်းမဟုတ်ဘူး အများကြီးလိုအပ်တယ်။ တစ်လနဲ့ တစ်လကို ကျနော် တို့က စားနပ်ရိက္ခာတွေက လိုက်မမှီဖြစ်နေတယ်။ ကျနော်တို့ ရုံးတွေက ထောက်ပံ့ ကျေးပေး တဲ့ ဟာတွေကျတော့ ၇၃၃ အိမ်အတွက်ပဲ ပေးတယ်။ ကျနော်တို့မှာ ရှိတာက ၇၇၅ ဆိုတော့ အိမ်ထောင်စုက ပိုများနေတယ်လေ။”

ဒါအပြင့် ကျောက်တော်မြို့နယ်အတွင်းက လူဦးရေ သုံးထောင်ကျော်နေထိုင်တဲ့ ညောင်းချောင်းစစ်ရှောင်စခန်းမှာလည်း လေပြင်းတိုက်ခတ်မှူကြောင့် နေအိမ်တစ်ချို့ ပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“နေအိမ် ၁၂ လုံးပါသွားတယ် တစ်ချို့တွေကတော့ ခေါင်မိုးတွေကော အကာတွေကော အကုန်လုံးပါသွားတာပေါ့။ အိမ်သွားတဲ့ အိမ်တွေက ဓနိမိုးထားတဲ့ အိမ်တွေ ပါတယ်။ နောက်ပြီးတော့ တာပေါ်လိပ် မိုးထားတဲ့ အိမ်တွေပါတယ်။ ဒီနေ့လည်း လေတော့ နည်းနည်း တိုက်သေးတယ်။ မိုးတော့ မရွာတော့ဘူး။လေတိုက်တာလည်း မနေ့က လောက်မများ တော့ ဘူးဟုတ်။”

မြေပုံမြို့နယ်အတွင်းက ကန်းထောင့်ကြီး စစ်ဘေးစခန်းမှာလည်း နေအိမ်တစ်ချို့ ပျက်စီးသွားပါတယ်။ မေလ ၂၅ ရက်နေ့အထိလည်း ရခိုင်ပြည်နယ်ထဲမှာ လေးပြင်းတိုက် မိုးရွာသွန်းမှုတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်က စပြီး ရခိုင်လက်နက်ကိုင်အေအေအဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရခိုင်မြောက်ပိုင်းက သိန်းနဲ့ ချီတဲ့ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးပြီး ပြည်တွင်းဒုက္ခသည်စခန်းတွမှာ နေထိုင်နေကြရတာဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်နေပေမဲ့လည်း စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်လောက် နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုက်ကလုန်း မုန်တိုင်း ယာစ် Yaas ဟာ အနောက်မြောက် ဖက်ကို ရွေ့လျားနေပြီး ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မြန်မာနိုင်ငံမိုးလေဝသနဲ့ ဇလညေဗေဒညွှန်ကြား မှူးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အားကောင်းသော Yaas ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ မြောက်-အနောက်မြောက် ဘက် ရေမိုင် (၃၈၅) ခန့်၊ ပုသိမ်(Pathein) မြို့ရဲ့အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၈၀) ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မေလ ၂၅ ရက် နေ့လည်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG