သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၁၀ ႏွစ္ျပည္႔ ကခ်င္စစ္ပဲြ ဆက္လက္ျပင္းထန္ဆဲ


မွတ္တမ္းဓါတ္ပံု- တႏိုင္းစစ္ေရွာင္ဒုကၡသည္မ်ား ( ၂၀၁၈ ေမလ)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ထဲမွာ ဆယ္စုႏွစ္တခုေလာက္ တိုက္ပြဲေတြ မၿပီးျပတ္ႏိုင္တဲ့အေပၚ ကခ်င္အရပ္ဘက္ အဖြဲ႕ေတြက ျပစ္တင္၊ ရႈတ္ခ်လိုက္ၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတဲ့ စစ္တပ္ကို ႏိုင္ငံတကာက ဝိုင္းဝန္းအေရးယူေပးဖို႔လည္း သူတို႔က ေတာင္းဆိုလိုက္ပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ကခ်င္မွာ တိုက္ပြဲေတြ ပိုျပင္းထန္လာသလို ျပည္နယ္တခ်ိဳ႕မွာလည္း တိုက္ပြဲေတြ က်ယ္ျပန႔္လာတာပါ။ ကခ်င္ျပည္နယ္မွာ တုိက္ပြဲေတြ တေက်ာ့ျပန္ ျပန္ျဖစ္တဲ့ ၁၀ ႏွစ္အထိမ္းအမွတ္အျဖစ္နဲ႔ အရပ္သားေသဆုံးမႈနဲ႔ ဖမ္းဆီးခံရတာေတြအေပၚ ကခ်င္အဖြဲ႕အစည္းေတြက အခုလုိ ရႈတ္ခ်လိုက္ၾကတာျဖစ္ၿပီး ႏိုင္ငံတကာအဖြဲ႕ေတြထံ သူတို႔ရဲ႕ လိုလားခ်က္ေတြကို ေတာင္းဆိုလိုက္ပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္း အျပည့္အစုံကိုေတာ့ ကိုရဲမြန္ က ေျပာျပေပးမွာပါ။

ျမန္မာစစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တို႔ရဲ႕ တေၾကာ့ျပန္တိုက္ပြဲေတြ ျပန္လည္ျဖစ္ေပၚခဲ့တဲ့ ၁၀ ႏွစ္ျပည့္တဲ့အခ်ိန္ ေဒသအမ်ားစုမွာလည္း လက္နက္ကိုင္တိုက္ပြဲေတြ ပိုၿပီးျပင္းထန္ လာပါတယ္။ စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္မွာ အာဏာသိမ္းလိုက္ၿပီး ဆန႔္က်င္ဆႏၵျပသူေတြကို ႏွိမ္နင္းတာမွာ အရပ္သား ေသဆုံးမႈေတြရွိလာတာ၊ ေထာင္နဲ႔ခ်ီၿပီး ဖမ္းဆီးခံရတာေတြကို ကခ်င္အရပ္ဘက္ အဖြဲ႕အစည္းေတြက ျပစ္တင္ရႈတ္ခ်လိုက္တာပါ။

ကခ်င္က တေၾကာ့ျပန္တိုက္ပြဲေတြ ၁၀ ႏွစ္တိတိျပည့္တဲ့ ဒီေန႔မွာေတာ့ အေျခအေနေတြက အရင္ကထက္ ပိုၿပီးဆိုး႐ြားေနေၾကာင္း World Kachin Congress ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒၚမြန္းေနလီ က ေျပာပါတယ္။

“ အခု ၁၀ႏွစ္ျပည့္သြားတဲ့ အခ်ိန္မွာ ပိုဆိုး႐ြားလာတာက ေနရာအႏွံ႔မွာ တိုက္ပြဲေတြက ပိုၿပီးေတာ့ ျပင္းထန္လာတယ္၊ ျပည္သူေတြရဲ႕ အိုးအိမ္၊ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္မႈ မလုပ္တဲ့အျပင္ ဖ်က္စီးတာေတြ၊ လုယက္တာေတြ၊ ေလယာဥ္နဲ႔ ဗုံးႀကဲတာေတြ ဒါေတြက တရားဝင္လုပ္ခြင့္ရွိသလို လုပ္လာတဲ့ဟာ ဟိုးအရင္ကထက္ ပိုၿပီးေတာ့ ဆိုး႐ြားတယ္လို႔ ျမင္ေနရတယ္ေပါ့။”

စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ပိုင္း ဆႏၵျပတဲ့သူေတြကို ႏွိမ္နင္းတာမွာ အရပ္သား ၈၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး ေထာင္နဲ႔ခ်ီၿပီးေတာ့လည္း ဖမ္းဆီးခံရပါတယ္။ ဒါေတြကို ႏိုင္ငံတကာက ရႈတ္ခ်ေန႐ုံမလုပ္ဘဲ တရားဝင္အစိုးရအေနနဲ႔ မရပ္တည္ႏိုင္ေအာင္ ကမာၻ႔ေခါင္းေဆာင္ေတြ၊ ကုလကိုယ္စားလွယ္ေတြ၊ အာစီယံေခါင္းေဆာင္ေတြက ပိုၿပီးဖိအားေပး လုပ္ေဆာင္သင့္ေၾကာင္း World Kachin Congerss ရဲ႕ ဒီေန႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။

“ ႏိုင္ငံတကာရဲ႕ ပါဝင္ပတ္သက္မႈကေတာ့ စစ္အာဏာရွင္ကို သက္ဆိုးရွည္တဲ့ဘက္ကို ပိုၿပီးအားသာေနတာ က်မတို႔ ျမင္ရတယ္။ ဒါေၾကာင့္မို႔ ႏိုင္ငံတကာရဲ႕ အခန္းက႑က အေရးႀကီးလဲဆိုတဲ့ဟာက၊ ကမာၻလုံးဆိုင္ရာ ဒီ လက္နက္ေရာင္းဝယ္မႈ ကိစၥေတြကို ပိတ္ပင္ေပးဖို႔ေပါ့ေနာ္ ဒါေတြ အေရးႀကီးတယ္။ ဘာလို႔ဆိုေတာ့ စစ္ေကာင္စီက တရားဝင္ လက္နက္ကို ဝယ္ယူလို႔ရတဲ့အတြက္ ေၾကာင့္မို႔လို႔ ဒီလက္နက္ေတြဟာ ျပည္သူကို ျပန္ၿပီးေတာ့ သတ္ျဖတ္ေနတယ္။ စစ္ရာဇဝတ္မႈ အပါအဝင္ ရာဇဝတ္မႈအားလုံး က်ဴးလြန္ေနတဲ့ ဒီစစ္အာဏာရွင္ ေခါင္းေဆာင္ေတြေပါ့ အမိန႔္ေပးတဲ့သူေတြ၊ ပါဝင္ပတ္သက္ခဲ့တဲ့လူေတြ အားလုံးကို အေရးယူ ေဆာင္႐ြက္ဖို႔ ႏိုင္ငံတကာရဲ႕ တာဝန္ယူ တာဝန္ခံမႈကို ျပသတဲ့အေနနဲ႔ ဒါေတြကို လုပ္ေဆာင္ေပးဖို႔အတြက္ က်မတို႔အေနနဲ႔ ေတာင္းဆိုခ်င္တယ္။”

အရပ္သားေတြရွိတဲ့ေနရာမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ေလေၾကာင္းအပါအ၀င္ အဆင္အျခင္မဲ့ တိုက္ခိုက္တာေတြ၊ အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရတဲ့သူဟာ ၁၀၀,၀၀၀ ေက်ာ္ရွိၿပီး သူတို႔အတြက္ စားနပ္ရိကၡာနဲ႔ အေရးေပၚ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လိုအပ္ေၾကာင္း ကုလသမဂၢက အဂၤါေန႔မွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာျပည္ရဲ႕ လက္ရွိအေျခအေနဟာ ျပည္တြင္းေရးကိစၥ မဟုတ္ေတာ့တဲ့အတြက္ ႏိုင္ငံတကာ အသိုင္းအဝန္းက ပူးေပါင္းပါဝင္ဖို႔ လိုအပ္ေၾကာင္း အိႏၵိယအေျခစိုက္ ကခ်င္တမ်ိဳးသားလုံးဆိုင္ရာ လူငယ္မ်ားသမဂၢ (All Kachin Youth Union) ဗဟိုေကာ္မတီက ေဒၚအဲလစ္ဇဘတ္က ေျပာပါတယ္။

“ ေတာင္တန္း ျပည္မေပါ့ေနာ္၊ အကုန္လုံးမွာ က်မတို႔ စစ္ပြဲ၊ ၿမိဳ႕ျပစစ္ပြဲ အမ်ိဳးမ်ိဳး ျဖစ္ပြားေနၿပီဆိုေတာ့ ဒီကိစၥဟာ က်မတို႔ျပည္တြင္းေရး ျပႆနာဆိုၿပီးမွ လ်စ္လ်ဴရႈထားလို႔ မရေတာ့ပါဘူး။ ဆိုေတာ့ ႏိုင္ငံတကာမွာရွိေနတဲ့ အဖြဲ႕အစည္းေတြ၊ အစိုးရေတြေပါ့ေနာ္ အာစီယံမွာရွိေနတဲ့ အစိုးရေတြဟာဆိုရင္ က်မတို႔ရဲ႕ျမန္မာ့ႏိုင္ငံ့ အေရးကိုေပါ့ေနာ္ ဒီတိုင္းစိုးရိမ္မိပါတယ္ ဆိုတဲ့ဟာမ်ိဳး မဟုတ္ေတာ့ဘဲ လက္ေတြ႕က်က်နဲ႔ ပါဝင္ေျဖရွင္းသင့္တယ္ ဆိုတာကို က်မက ေတာင္းဆိုခ်င္ပါတယ္။”

ခ်င္းျပည္နယ္ထဲက မင္းတပ္၊ ထန္တလန္၊ ဟားခါး၊ ကယားျပည္နယ္ထဲမွာေတာ့ ဒီးေမာ့ဆို၊ လြိဳင္ေကာ္နဲ႔ ရွမ္းျပည္နယ္ ေတာင္ပိုင္းက မိုးၿဗဲၿမိဳ႕နယ္ေတြမွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြ ေန႔တိုင္းနီးပါး ရွိေနပါတယ္။

ျမန္မာ့အေရး ၾကားဝင္ေဆာင္႐ြက္ေပးတဲ့ အာစီယံ ႏိုင္ငံျခားေရး ဝန္ႀကီးေတြကေတာ့ ျမန္မာႏိုင္ငံမွာ တိုးတက္မႈေတြ ေႏွးေကြးေနတဲ့အတြက္ စိတ္ပ်က္ရတယ္လို႔ ဇြန္လ ၇ ရက္ေန႔က တရုတ္ႏုိင္ငံ Chongqing ၿမိဳ႕မွာ က်င္းကတဲ့ အာဆီယံ-တရုတ္ ႏုိင္ငံျခားေရး၀န္ႀကီးမ်ားအဆင့္ စည္းေ၀းပြဲအတြင္း ေျပာၾကားခဲ့သလုိ ႏိုင္ငံတကာကလည္း ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာဆီယံရဲ႕ လုပ္ေဆာင္ခ်က္အေပၚ ေစာင့္ၾကည့္ေနတာပါ။

အေမရိကန္သမၼတ Joe Biden ရဲ႕ အင္ဒိုပစိဖိတ္မူဝါဒဆိုင္ရာ ညႇိႏႈိင္းေရးမႉး Kurt Campbell ကေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ဆက္ၿပီးေတာ့ ဆိုး႐ြားလာေနတယ္လို႔ ႐ိုက္တာသတင္းဌာနကို အဂၤါေန႔က ေျပာခဲ့ပါတယ္။

၁၀ ႏွစ္ျပည္႔ ကခ်င္စစ္ပဲြ ဆက္လက္ျပင္းထန္ဆဲ
please wait

No media source currently available

0:00 0:04:17 0:00
တိုက္႐ိုက္ လင့္ခ္


.............

၁၀ နှစ်ပြည့် ကချင်စစ်ပွဲ ဆက်လက်ပြင်းထန်ဆဲ

(Unicode)

ကချင်ပြည်နယ်ထဲမှာ ဆယ်စုနှစ်တခုလောက် တိုက်ပွဲတွေ မပြီးပြတ်နိုင်တဲ့အပေါ် ကချင်အရပ်ဘက် အဖွဲ့တွေက ပြစ်တင်၊ ရှုတ်ချလိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်တပ်ကို နိုင်ငံတကာက ဝိုင်းဝန်းအရေးယူပေးဖို့လည်း သူတို့က တောင်းဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကချင်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာသလို ပြည်နယ်တချို့မှာလည်း တိုက်ပွဲတွေ ကျယ်ပြန့်လာတာပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်တဲ့ ၁၀ နှစ်အထိမ်းအမှတ်အဖြစ်နဲ့ အရပ်သားသေဆုံးမှုနဲ့ ဖမ်းဆီးခံရတာတွေအပေါ် ကချင်အဖွဲ့အစည်းတွေက အခုလို ရှုတ်ချလိုက်ကြတာဖြစ်ပြီး နိုင်ငံတကာအဖွဲ့တွေထံ သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်း အပြည့်အစုံကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။

မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တို့ရဲ့ တကြော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်ခဲ့တဲ့ ၁၀ နှစ်ပြည့်တဲ့အချိန် ဒေသအများစုမှာလည်း လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြီးပြင်းထန် လာပါတယ်။ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်ပြီး ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းတာမှာ အရပ်သား သေဆုံးမှုတွေရှိလာတာ၊ ထောင်နဲ့ချီပြီး ဖမ်းဆီးခံရတာတွေကို ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချလိုက်တာပါ။

ကချင်က တကြော့ပြန်တိုက်ပွဲတွေ ၁၀ နှစ်တိတိပြည့်တဲ့ ဒီနေ့မှာတော့ အခြေအနေတွေက အရင်ကထက် ပိုပြီးဆိုးရွားနေကြောင်း World Kachin Congress ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီ က ပြောပါတယ်။

“ အခု ၁၀နှစ်ပြည့်သွားတဲ့ အချိန်မှာ ပိုဆိုးရွားလာတာက နေရာအနှံ့မှာ တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာတယ်၊ ပြည်သူတွေရဲ့ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှု မလုပ်တဲ့အပြင် ဖျက်စီးတာတွေ၊ လုယက်တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဒါတွေက တရားဝင်လုပ်ခွင့်ရှိသလို လုပ်လာတဲ့ဟာ ဟိုးအရင်ကထက် ပိုပြီးတော့ ဆိုးရွားတယ်လို့ မြင်နေရတယ်ပေါ့။”

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဆန္ဒပြတဲ့သူတွေကို နှိမ်နင်းတာမှာ အရပ်သား ၈၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီပြီးတော့လည်း ဖမ်းဆီးခံရပါတယ်။ ဒါတွေကို နိုင်ငံတကာက ရှုတ်ချနေရုံမလုပ်ဘဲ တရားဝင်အစိုးရအနေနဲ့ မရပ်တည်နိုင်အောင် ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကုလကိုယ်စားလှယ်တွေ၊ အာစီယံခေါင်းဆောင်တွေက ပိုပြီးဖိအားပေး လုပ်ဆောင်သင့်ကြောင်း World Kachin Congerss ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

“ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုကတော့ စစ်အာဏာရှင်ကို သက်ဆိုးရှည်တဲ့ဘက်ကို ပိုပြီးအားသာနေတာ ကျမတို့ မြင်ရတယ်။ ဒါကြောင့်မို့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍက အရေးကြီးလဲဆိုတဲ့ဟာက၊ ကမ္ဘာလုံးဆိုင်ရာ ဒီ လက်နက်ရောင်းဝယ်မှု ကိစ္စတွေကို ပိတ်ပင်ပေးဖို့ပေါ့နော် ဒါတွေ အရေးကြီးတယ်။ ဘာလို့ဆိုတော့ စစ်ကောင်စီက တရားဝင် လက်နက်ကို ဝယ်ယူလို့ရတဲ့အတွက် ကြောင့်မို့လို့ ဒီလက်နက်တွေဟာ ပြည်သူကို ပြန်ပြီးတော့ သတ်ဖြတ်နေတယ်။ စစ်ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုအားလုံး ကျူးလွန်နေတဲ့ ဒီစစ်အာဏာရှင် ခေါင်းဆောင်တွေပေါ့ အမိန့်ပေးတဲ့သူတွေ၊ ပါဝင်ပတ်သက်ခဲ့တဲ့လူတွေ အားလုံးကို အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံတကာရဲ့ တာဝန်ယူ တာဝန်ခံမှုကို ပြသတဲ့အနေနဲ့ ဒါတွေကို လုပ်ဆောင်ပေးဖို့အတွက် ကျမတို့အနေနဲ့ တောင်းဆိုချင်တယ်။”

အရပ်သားတွေရှိတဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လေကြောင်းအပါအဝင် အဆင်အခြင်မဲ့ တိုက်ခိုက်တာတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူဟာ ၁၀၀,၀၀၀ ကျော်ရှိပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေဟာ ပြည်တွင်းရေးကိစ္စ မဟုတ်တော့တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း အိန္ဒိယအခြေစိုက် ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ (All Kachin Youth Union) ဗဟိုကော်မတီက ဒေါ်အဲလစ်ဇဘတ်က ပြောပါတယ်။

“ တောင်တန်း ပြည်မပေါ့နော်၊ အကုန်လုံးမှာ ကျမတို့ စစ်ပွဲ၊ မြို့ပြစစ်ပွဲ အမျိုးမျိုး ဖြစ်ပွားနေပြီဆိုတော့ ဒီကိစ္စဟာ ကျမတို့ပြည်တွင်းရေး ပြဿနာဆိုပြီးမှ လျစ်လျူရှုထားလို့ မရတော့ပါဘူး။ ဆိုတော့ နိုင်ငံတကာမှာရှိနေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရတွေပေါ့နော် အာစီယံမှာရှိနေတဲ့ အစိုးရတွေဟာဆိုရင် ကျမတို့ရဲ့မြန်မာ့နိုင်ငံ့ အရေးကိုပေါ့နော် ဒီတိုင်းစိုးရိမ်မိပါတယ် ဆိုတဲ့ဟာမျိုး မဟုတ်တော့ဘဲ လက်တွေ့ကျကျနဲ့ ပါဝင်ဖြေရှင်းသင့်တယ် ဆိုတာကို ကျမက တောင်းဆိုချင်ပါတယ်။”

ချင်းပြည်နယ်ထဲက မင်းတပ်၊ ထန်တလန်၊ ဟားခါး၊ ကယားပြည်နယ်ထဲမှာတော့ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက မိုးဗြဲမြို့နယ်တွေမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးတဲ့ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ နှေးကွေးနေတဲ့အတွက် စိတ်ပျက်ရတယ်လို့ ဇွန်လ ၇ ရက်နေ့က တရုတ်နိုင်ငံ Chongqing မြို့မှာ ကျင်းကတဲ့ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအဆင့် စည်းဝေးပွဲအတွင်း ပြောကြားခဲ့သလို နိုင်ငံတကာကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ လုပ်ဆောင်ချက်အပေါ် စောင့်ကြည့်နေတာပါ။

အမေရိကန်သမ္မတ Joe Biden ရဲ့ အင်ဒိုပစိဖိတ်မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး Kurt Campbell ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆက်ပြီးတော့ ဆိုးရွားလာနေတယ်လို့ ရိုက်တာသတင်းဌာနကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG