သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အဂတိလိုက္စားမႈနဲ႔ စစ္ေကာင္စီ တရားစြဲဆို


နိင္ငံေတာ္အတိုင္ပင္ခံနဲ ့ျငိမ္းခ်မ္းေရးနိုဗယ္ဆုရွင္ ေဒၚ ေအာင္ဆန္းစုၾကည္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)
ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ စစ္ေကာင္စီက တရားစြဲလုိက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းနဲ႔ပတ္သက္တဲ့ ေျမေနရာ၊ အေဆာက္အဦးေတြနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ရာထူးအာဏာကို အလဲြသံုးစားလုပ္ေၾကာင္း အဂတိလိုက္စားမႈေကာ္မ႐ွင္က ေတြ႔႐ွိခဲ့တယ္လို႔ ဒီေန႔ထုတ္ သတင္းစာေတြထဲမွာ ေဖာ္ျပခဲ့တာပါ။

ဒီကိစၥေတြမွာ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး၊ ေနျပည္ေတာ္စည္ပင္ေကာ္မတီဝင္ ဦးမင္းသူတို႔ကလည္း စည္းကမ္းေဖာက္ဖ်က္ က်ဴးလြန္တယ္လို႔ဆိုၿပီး အဂတိလိုက္စားမႈေတြနဲ႔ တရားစဲြထားပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ေပါက္ၾကားမႈအပါအဝင္ အမႈ ၇ မႈနဲ႔ တရားစြဲခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလုိက္စားမႈနဲ႔ စစ္ေကာင္စီက အမႈထပ္တိုးၿပီး တရားစြဲလိုက္တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို ပုဒ္မ ၅၅ နဲ႔ ထပ္တိုး တရားစဲြတဲ့အေၾကာင္း ဒီကေန႔ထုတ္ ျမန္မာ့အလင္းနဲ႔ ေၾကးမုံသတင္းစာေတြမွာ ေဖာ္ျပခဲ့ပါတယ္။ အခုလိုအမႈထပ္တိုးတဲ့အေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြကို သက္ဆုိင္ရာက အသိမေပးဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို လိုက္ပါေဆာင္႐ြက္ေနတဲ့ ေ႐ွ႕ေနအဖဲြ႔ေခါင္းေဆာင္ တရားလႊတ္ေတာ္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

"အဲေတာ့တိုင္တာက ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးပုဒ္မ ၅၅၊ က်န္ ၃ ေယာက္ကိုက်ေတာ့ ပုဒ္မ ၅၅/ ၆၃ ဆိုၿပီးေတာ့လုပ္ထားတယ္။ အဲဒါက အမႈဖြင့္လိုက္တာေပါ့။ ဒါနဲ႔ပတ္သက္လို႔ကေတာ့ လြန္ခဲ့တဲ့ လေတာ္ေတာ္ၾကာၾကာထဲက သတင္းစာရွင္းလင္းပြဲမွာ ဦးၿဖိဳးမင္းသိန္းဓါတ္ပုံျပ၊ ဗြီဒီယိုျပၿပီးေတာ့ စြပ္စြဲတာရွိတယ္ေလ။ အဲဒီေပၚ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းေနတယ္လို႔ အဲတုန္းကေျပာခဲ့တယ္ဗ်။ အခုကေတာ့ အဲဒီစုံစမ္းမႈအေပၚ အေျခခံၿပီး အမႈဖြင့္တာေပါ့။ အခုထိအေၾကာင္းမၾကားေသးဘူးေလ။ ရဲစခန္းမွာတိုင္တဲ့ အမႈအဆင့္ပဲ ရွိပါေသးတယ္။"

ေဒၚေအာင္ဆန္းစုၾကည္န႔ဲအတူ တရားစြဲခံရသူ ၃ ေယာက္ကေတာ့ ေနျပည္ေတာ္စည္ပင္သာယာေရးဥကၠ႒တာဝန္နဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ တာဝန္ေတြယူခဲ့သူ ေဒါက္တာမ်ဳိးေအာင္၊ ေနျပည္ေတာ္ ဒုတိယ ၿမိဳ႕ေတာ္ဝန္တာဝန္ယူခဲ့သူ ဦးရဲမင္းဦးန႔ဲ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီမွာပါခဲ့သူ ဦးမင္းသူတုိ႔ျဖစ္ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ပတ္သက္တဲ့ ေဆာင္႐ြက္ခ်က္ေတြမွာ အဂတိလိုက္စားမႈေတြ ႐ွိတယ္ဆုိတဲ့ တိုင္ၾကားမႈေတြေၾကာင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မ႐ွင္က အဖဲြ႔ဖဲြ႔ စံုစမ္းခဲ့တယ္လို႔ ဒီေန႔ ထုတ္ေဝတဲ့ သတင္းစာေတြမွာ ေဖာ္ျပပါတယ္။
စစ္ေဆးေတြ႔႐ွိခ်က္ေတြအရ ေဒၚေအာင္ဆန္းစုၾကည္ အတိုင္ပင္ခံရာထူးယူထားစဥ္ ရန္ကုန္တုိင္းအစိုးရေဆာင္႐ြက္ခ်က္ေတြကို ေထာက္ခံကာကြယ္ဖို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေပးတဲ့ တံစိုးလက္ေဆာင္ အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ ေ႐ႊ ၇ ပိႆာကုိ ၃ ႀကိမ္ခဲြ လက္ခံယူခဲ့တာ ေတြ႔႐ွိခ့ဲတယ္လုိ႔ ဆိုပါတယ္။

ေနာက္ၿပီး ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း႐ုံးခ်ဳပ္ဖြင့္ဖို႔ တကၠသိုလ္ရိပ္သာလမ္းက ေျမတဧကေက်ာ္နဲ႔ အေဆာက္အဦးကို ေဒၚေအာင္ဆန္းစုၾကည္က ရာထူးတာဝန္ကို အလဲြသံုးစားလုပ္ၿပီး ထိုက္သင့္တဲ့တန္ဖိုးမေပးဘဲ ေလ်ာ့နည္းသက္သာတဲ့ႏႈန္းနဲ႔ ငွားခဲ့တာေၾကာင့္ ႏိုင္ငံေတာ္က ေငြက်ပ္ သန္း ၅,၂၀၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့တယ္လို႔ သတင္းစာထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေနျပည္ေတာ္မွာလည္း ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းရဲ႕ လေရာင္ေတာ စီမံကိန္းအတြက္ ေျမကြက္ႏွစ္ကြက္ကို ေနျပည္ေတာ္စည္ပင မွာ ေလွ်ာက္ထားရာမွာ ရာထူးအ႐ွိန္အဝါသံုးၿပီး ထိုက္သင့္တန္ဖိုးထက္ မ်ား စြာေလ်ာ့နည္းၿပီးေပးေခ်ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္က ေငြက်ပ္ ၁၉ ဘီလ်ံေက်ာ္ နစ္နာဆုံးရႈံးတယ္လို႔ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မ႐ွင္က ေတြ႔႐ွိခဲ့ပါတယ္။
တခါ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ အမ်ားျပည္သူလွဴဒါန္းေငြေတြထဲက က်ပ္ ၁ ဘီလီယံေက်ာ္ကို မ ေလ်ာ္ၾသဇာသုံးၿပီး ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ဖို႔ အေဆာက္အဦးေနအိမ္ကို တည္ေဆာက္ခဲ့တာကလည္း အဂတိလိုက္စားမႈက်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႔႐ွိတယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္နဲ႔ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး၊ စည္ပင္ေကာ္မတီဝင္ ဦးမင္းသူတို႔ဟာလည္း လေရာင္ေတာ ေျမကြက္‌ေတြကို ေျမေနရာခ်ထားေပးတာနဲ႔ ေျမဂရန္ထုတ္ေပးတာမွာ လုပ္ထုံးလုပ္နည္းကို ေဖာက္ဖ်က္က်ဴးလြန္ၿပီး ခြင့္ျပဳေပးခဲ့တာေၾကာင့္ဆိုၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅/၆၃ တို႔နဲ႔ အမႈဖြင့္လိုက္တယ္လို႔ေဖာ္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ျပန္ၾကားေရးတာဝန္ခံ ဦးေက်ာ္စိုးက ခုလိုေျပာပါတယ္။
"က်ေနာ္တို႔သတင္းစာထဲမွာ အတည္ျပဳတာေလးထုတ္ျပန္ထားတယ္ေလ။ အဲအတိုင္းေလးပါပဲခင္ဗ်ာ။ က်ေနာ္တို႔ သတင္းထုတ္ျပန္ခ်က္ထဲမွ ာပါတဲ့အတိုင္းပါပဲ။ က်ေနာ္တို႔ သတင္းစာရွင္းလင္းပြဲေလး ၁၂ ရက္ေန႔မွာလုပ္ဖို႔ရွိပါတယ္။ အဲဒီမွာ ဒီဟာနဲ႔ပတ္သတ္ၿပီးေတာ့ နည္းနည္းေလးေျပာမယ့္ဟာရွိပါတယ္။ အဲဒီမွာေတာ့ ေမးရင္ေတာ့ပိုေကာင္းပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနကလုပ္မယ့္ သတင္းစာရွင္းလင္းပြဲရွိပါတယ္ေနာ္။"

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနအဖြဲ႔ေခါင္းေဆာင္ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကေတာ့ ဒီစြပ္စြဲမႈဟာ အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ေတြျဖစ္တယ္လို႔ ပယ္ခ်ပါတယ္။
"တကယ္ကေတာ့ေလ ႏိုင္ငံတကာဥပေဒအရ ဆိုရင္ေတာ့ ဆြဲၿပီ တိုင္ၿပီဆိုထဲက ေရွ႕ေနအကူအညီယူခြင့္ရွိတာေပါ့။ က်ေနာ္တို႔ႏိုင္ငံမွ ာအဲလိုမရွိဘူးဗ်။ ႐ုံးေရာက္ေတာ့မွပဲ ေရွ႕ေနက ပါဝါတင္ရတာမ်ားပါတယ္။ တဆင့္က ဥပေဒအရာရွိေတြကတဆင့္ စိစစ္ခ်က္ေတြလုပ္ရဦးမယ္။ လုပ္ၿပီးေတာ့မွ ႐ုံးကိုတင္မယ္။ အရင္ အမႈေတြလိုပဲေပါ့ဗ်ာ။ အဲက်မွပဲ က်ေနာ္တို႔ကလိုက္ရမွာ။ ေဒၚေအာင္ဆန္းစုၾကည္အတြက္ လိုက္ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေနတေယာက္အေနနဲ႔ က်ေနာ့္သေဘာထားက အဲစြပ္စြဲခ်က္ေတြက အေျခအျမစ္မရွိဘူး၊ ယုံခ်င္စရာမရွိဘူး။ က်ေနာ္ေတြ႕ဖူးတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ထဲမွာေကာ၊ ႏိုင္ငံေခါင္းေဆာင္ထဲမွာေကာ သူက ကိုယ္က်င့္တရား အေကာင္းဆုံးထဲမွာပါပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္မွာ တျခားခြၽတ္ယြင္းခ်က္ရွိေကာင္းရွိမယ္။ ပုဂၢိဳလ္ေရးေလာဘတို႔ အက်င့္ပ်က္တာမ်ိဳးေတြနဲ႔ သူ႔ကိုစြပ္စြဲလို႔မရႏိုင္ပါဘူး။ စြပ္စြဲမယ္ဆိုရင္ အဲဒါက ယုံၾကည္စရာမရွိဘူးလို႔ ေျပာခ်င္ပါတယ္။"

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ ဆိုတာက ႏိုင္ငံေရးရာထူး လက္ရွိျဖစ္သူ ဒါမွမဟုတ္ ႏိုင္ငံေရးရာထူး ရရွိခဲ့သူတေယာက္ေယာက္ဟာ အဂတိ လိုက္စားမႈက်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားတယ္လို႔ ဆုံးျဖတ္ရင္ အဲဒီသူကို ေထာင္ဒဏ္ ၁၅ ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏိုင္သလို ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေဒါက္တာမ်ဳိးေအာင္၊ ဦးရဲမင္းဦးနဲ႔ ဦးမင္းသူတုိ႔အေပၚ စြဲထားတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅/ ၆၃ ဆိုတာကေတာ့ ႏိုင္ငံေရးရာထူး လက္ရွိျဖစ္သူ ဒါမွမဟုတ္ ႏိုင္ငံေရးရာထူး ရရွိခဲ့သူတေယာက္ေယာက္ အဂတိလိုက္စားႏိုင္ေအာင္ အားေပးကူညီသူေတြကို ျပစ္ဒဏ္အေနနဲ႔ စီရင္တဲ့ပုဒ္မျဖစ္ၿပီး အဲဒီပုဒ္မဟာလည္း ပုဒ္မ ၅၅ လိုပဲ အလားတူျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။

အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ ၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္လႈံေဆာ္မႈဥပေဒ ပုဒ္မ ၁၂၄ (က) တို႔အျပင္ သဘာဝ ေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ေနျပည္ေတာ္မွာ အမႈ ၆ မႈနဲ႔ တရားရင္ဆိုင္ေနရပါတယ္။ ရန္ကုန္မွာေတာ့ အစိုးရလွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမႈဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ တရားစဲြခံထားရပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီ တရားစွဲဆို

(Unicode)

ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ မြေနေရာ၊ အဆောက်အဦးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ရာထူးအာဏာကို အလွဲသုံးစားလုပ်ကြောင်း အဂတိလိုက်စားမှုကော်မရှင်က တွေ့ရှိခဲ့တယ်လို့ ဒီနေ့ထုတ် သတင်းစာတွေထဲမှာ ဖော်ပြခဲ့တာပါ။ ဒီကိစ္စတွေမှာ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကလည်း စည်းကမ်းဖောက်ဖျက် ကျူးလွန်တယ်လို့ဆိုပြီး အဂတိလိုက်စားမှုတွေနဲ့ တရားစွဲထားပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုအပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက အမှုထပ်တိုးပြီး တရားစွဲလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၅ နဲ့ ထပ်တိုး တရားစွဲတဲ့အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အခုလိုအမှုထပ်တိုးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို သက်ဆိုင်ရာက အသိမပေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

"အဲတော့တိုင်တာက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၅၊ ကျန် ၃ ယောက်ကိုကျတော့ ပုဒ်မ ၅၅/ ၆၃ ဆိုပြီးတော့လုပ်ထားတယ်။ အဲဒါက အမှုဖွင့်လိုက်တာပေါ့။ ဒါနဲ့ပတ်သက်လို့ကတော့ လွန်ခဲ့တဲ့ လတော်တော်ကြာကြာထဲက သတင်းစာရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းဓါတ်ပုံပြ၊ ဗွီဒီယိုပြပြီးတော့ စွပ်စွဲတာရှိတယ်လေ။ အဲဒီပေါ် အဂတိတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေတယ်လို့ အဲတုန်းကပြောခဲ့တယ်ဗျ။ အခုကတော့ အဲဒီစုံစမ်းမှုအပေါ် အခြေခံပြီး အမှုဖွင့်တာပေါ့။ အခုထိအကြောင်းမကြားသေးဘူးလေ။ ရဲစခန်းမှာတိုင်တဲ့ အမှုအဆင့်ပဲ ရှိပါသေးတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရားစွဲခံရသူ ၃ ယောက်ကတော့ နေပြည်တော်စည်ပင်သာယာရေးဥက္ကဋ္ဌတာဝန်နဲ့ နေပြည်တော်မြို့တော်ဝန် တာဝန်တွေယူခဲ့သူ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယ မြို့တော်ဝန်တာဝန်ယူခဲ့သူ ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှာပါခဲ့သူ ဦးမင်းသူတို့ဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေမှာ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဖွဲ့ဖွဲ့ စုံစမ်းခဲ့တယ်လို့ ဒီနေ့ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံရာထူးယူထားစဉ် ရန်ကုန်တိုင်းအစိုးရဆောင်ရွက်ချက်တွေကို ထောက်ခံကာကွယ်ဖို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ တံစိုးလက်ဆောင် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာကို ၃ ကြိမ်ခွဲ လက်ခံယူခဲ့တာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ဖွင့်ဖို့ တက္ကသိုလ်ရိပ်သာလမ်းက မြေတဧကကျော်နဲ့ အဆောက်အဦးကို ဒေါ်အောင်ဆန်းစုကြည်က ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး ထိုက်သင့်တဲ့တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့နှုန်းနဲ့ ငှားခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅,၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ သတင်းစာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နေပြည်တော်မှာလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စီမံကိန်းအတွက် မြေကွက်နှစ်ကွက်ကို နေပြည်တော်စည်ပင မှာ လျှောက်ထားရာမှာ ရာထူးအရှိန်အဝါသုံးပြီး ထိုက်သင့်တန်ဖိုးထက် များ စွာလျော့နည်းပြီးပေးချေခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ် ၁၉ ဘီလျံကျော် နစ်နာဆုံးရှုံးတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တွေ့ရှိခဲ့ပါတယ်။
တခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အများပြည်သူလှူဒါန်းငွေတွေထဲက ကျပ် ၁ ဘီလီယံကျော်ကို မ လျော်သြဇာသုံးပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့ အဆောက်အဦးနေအိမ်ကို တည်ဆောက်ခဲ့တာကလည်း အဂတိလိုက်စားမှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။

နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ဟာလည်း လရောင်တော မြေကွက်‌တွေကို မြေနေရာချထားပေးတာနဲ့ မြေဂရန်ထုတ်ပေးတာမှာ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်ကျူးလွန်ပြီး ခွင့်ပြုပေးခဲ့တာကြောင့်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ တို့နဲ့ အမှုဖွင့်လိုက်တယ်လို့ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက ခုလိုပြောပါတယ်။
"ကျနော်တို့သတင်းစာထဲမှာ အတည်ပြုတာလေးထုတ်ပြန်ထားတယ်လေ။ အဲအတိုင်းလေးပါပဲခင်ဗျာ။ ကျနော်တို့ သတင်းထုတ်ပြန်ချက်ထဲမှ ာပါတဲ့အတိုင်းပါပဲ။ ကျနော်တို့ သတင်းစာရှင်းလင်းပွဲလေး ၁၂ ရက်နေ့မှာလုပ်ဖို့ရှိပါတယ်။ အဲဒီမှာ ဒီဟာနဲ့ပတ်သတ်ပြီးတော့ နည်းနည်းလေးပြောမယ့်ဟာရှိပါတယ်။ အဲဒီမှာတော့ မေးရင်တော့ပိုကောင်းပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကလုပ်မယ့် သတင်းစာရှင်းလင်းပွဲရှိပါတယ်နော်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးခင်မောင်ဇော်ကတော့ ဒီစွပ်စွဲမှုဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ ပယ်ချပါတယ်။
"တကယ်ကတော့လေ နိုင်ငံတကာဥပဒေအရ ဆိုရင်တော့ ဆွဲပြီ တိုင်ပြီဆိုထဲက ရှေ့နေအကူအညီယူခွင့်ရှိတာပေါ့။ ကျနော်တို့နိုင်ငံမှ ာအဲလိုမရှိဘူးဗျ။ ရုံးရောက်တော့မှပဲ ရှေ့နေက ပါဝါတင်ရတာများပါတယ်။ တဆင့်က ဥပဒေအရာရှိတွေကတဆင့် စိစစ်ချက်တွေလုပ်ရဦးမယ်။ လုပ်ပြီးတော့မှ ရုံးကိုတင်မယ်။ အရင် အမှုတွေလိုပဲပေါ့ဗျာ။ အဲကျမှပဲ ကျနော်တို့ကလိုက်ရမှာ။ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတယောက်အနေနဲ့ ကျနော့်သဘောထားက အဲစွပ်စွဲချက်တွေက အခြေအမြစ်မရှိဘူး၊ ယုံချင်စရာမရှိဘူး။ ကျနော်တွေ့ဖူးတဲ့ နိုင်ငံရေးခေါင်းဆောင်ထဲမှာကော၊ နိုင်ငံခေါင်းဆောင်ထဲမှာကော သူက ကိုယ်ကျင့်တရား အကောင်းဆုံးထဲမှာပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ တခြားချွတ်ယွင်းချက်ရှိကောင်းရှိမယ်။ ပုဂ္ဂိုလ်ရေးလောဘတို့ အကျင့်ပျက်တာမျိုးတွေနဲ့ သူ့ကိုစွပ်စွဲလို့မရနိုင်ပါဘူး။ စွပ်စွဲမယ်ဆိုရင် အဲဒါက ယုံကြည်စရာမရှိဘူးလို့ ပြောချင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဆိုတာက နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ဒါမှမဟုတ် နိုင်ငံရေးရာထူး ရရှိခဲ့သူတယောက်ယောက်ဟာ အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် အဲဒီသူကို ထောင်ဒဏ် ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့အပေါ် စွဲထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/ ၆၃ ဆိုတာကတော့ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ဒါမှမဟုတ် နိုင်ငံရေးရာထူး ရရှိခဲ့သူတယောက်ယောက် အဂတိလိုက်စားနိုင်အောင် အားပေးကူညီသူတွေကို ပြစ်ဒဏ်အနေနဲ့ စီရင်တဲ့ပုဒ်မဖြစ်ပြီး အဲဒီပုဒ်မဟာလည်း ပုဒ်မ ၅၅ လိုပဲ အလားတူပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အကြည်ညိုပျက်အောင်လှုံဆော်မှုဥပဒေ ပုဒ်မ ၁၂၄ (က) တို့အပြင် သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း နေပြည်တော်မှာ အမှု ၆ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ ရန်ကုန်မှာတော့ အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ တရားစွဲခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG