သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္္ငံတဝန္း စစ္အင္အားတိုးခ်ဲ႔ေနတဲ့အေပၚ လူ႔အခြင့္အေရးမဟာမင္းႀကီး သတိေပး


ကရင္ျပည္နယ္ထဲမွာ ေတြ ့ရတဲ့ ျမန္မာတပ္ဖြဲ ့မ်ား (ဓာတ္ပံု-AP)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံအႏွံ႔မွာ စစ္အင္အားေတြ တိုးခ်ဲ႕ခ်ထားေနတာနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြ ပိုမ်ားလာေနတဲ့အေပၚ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး Michelle Bachelet က သတိေပးလိုက္ပါတယ္။

ခရစ္ယာန္ဘုရားေက်ာင္းေတြအပါအဝင္ လက္နက္ကိုင္အုပ္စုေတြကိုေရာ၊ အရပ္သားေတြကိုပါ ပစ္မွတ္ထားၿပီး လက္နက္ႀကီးေတြနဲ႔ တိုက္ခုိက္မႈတာေတြ ပိုမ်ားလာေနတယ္လုိ႔ Michelle Bachelet ကေျပာၿပီး ျမန္မာႏုိင္ငံအေျခအေန ပိုၿပီးဆိုးလာေနတာကို သတိေပးတဲ့အေၾကာင္း သူ႔ရဲ႕ေျပာခြင့္ရ ရာဗီနာ ရွမ္ဒါဆာနီက ဂ်ီနီဗာၿမိဳ႕မွာ ဒီကေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
“ၿပီးခဲ့တဲ့ ေလးလအတြင္းမွာပဲ ျမန္မာႏိုင္ငံဟာ အေျခမခုိင္ေသးတဲ့ ဒီမိုကေရစီအေျခအေနကေန လူ႔အခြင့္အေရးဆိုင္ရာ ကပ္ေဘးဒုကၡနဲ႔ ရင္ဆိုင္ေနၾကရၿပီ” လို႔ မဟာမင္းႀကီးကေျပာတဲ့အေၾကာင္း ေျပာခြင့္ရ ရွမ္ဒါဆာနီက ေျပာသြားပါတယ္။

ကယားျပည္နယ္ထဲက ေဒသခံ ၁၁၀,၀၀၀ ဝန္းက်င္ ေနရပ္စြန္႔ခြါ ထြက္ေျပးေနၾကရတယ္ဆိုတာ ယံုၾကည္စိတ္ခ်ရတဲ့သတင္းေတြကို ရရွိထားတယ္လုိ႔လည္း မဟာမင္းႀကီး Bachelet ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

ကုလလူ႔အခြင့္အေရးဆုိင္ရာ႐ံုးရဲ႕ ခုိင္လံုတဲ့ သတင္းရင္းျမစ္ေတြအရ ေဖေဖၚဝါရီလ ၁ ရက္ေန႔ ကတည္းက စလို႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြရဲ႕လက္ခ်က္နဲ႔ ေသဆံုးခဲ့သူ အနည္းဆံုး ၈၆၀ ရွိသြားၿပီလို႔ ေျပာပါတယ္။ ဒါ့အျပင္ ဆန္႔က်င္ကန႔္ကြက္ပြဲေတြအတြင္း စစ္အစိုးရကို ဆန္႔က်င္သူေတြ၊ သတင္းေထာက္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြအပါအဝင္ လူေပါင္း ၄,၈၀၀ ေက်ာ္ကို ဥပေဒမဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားေၾကာင္း လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီလုပ္ရပ္ေတြနဲ႔ပတ္သက္လို႔ စစ္ဘက္ေခါင္းေဆာင္ေတြ တဦးခ်င္းစီအေနနဲ႔ တာဝန္ယူရမွာ ျဖစ္ေၾကာင္းလည္း မစၥဘက္ခ်္လက္က ေျပာပါတယ္။

လာမယ့္ ဇူလုိင္လထဲ က်င္းပဖို႔ရွိတဲ့ လူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာ ျမန္မာႏုိင္ငံရဲ့ ေနာက္ဆံုးအေျခအေနကို မဟာမင္းႀကီး Bachelet က တင္ျပဖို႔ရွိတယ္လုိ႔ မဟာမင္းႀကီး႐ံုးက ေျပာပါတယ္။

..............................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံတဝန်း စစ်အင်အားတိုးချဲ့နေတဲ့အပေါ် လူ့အခွင့်အရေးမဟာမင်းကြီး သတိပေး

(Unicode)
မြန်မာနိုင်ငံအနှံ့မှာ စစ်အင်အားတွေ တိုးချဲ့ချထားနေတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုများလာနေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကိုရော၊ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတာတွေ ပိုများလာနေတယ်လို့ Michelle Bachelet ကပြောပြီး မြန်မာနိုင်ငံအခြေအနေ ပိုပြီးဆိုးလာနေတာကို သတိပေးတဲ့အကြောင်း သူ့ရဲ့ပြောခွင့်ရ ရာဗီနာ ရှမ်ဒါဆာနီက ဂျီနီဗာမြို့မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
“ပြီးခဲ့တဲ့ လေးလအတွင်းမှာပဲ မြန်မာနိုင်ငံဟာ အခြေမခိုင်သေးတဲ့ ဒီမိုကရေစီအခြေအနေကနေ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရပြီ” လို့ မဟာမင်းကြီးကပြောတဲ့အကြောင်း ပြောခွင့်ရ ရှမ်ဒါဆာနီက ပြောသွားပါတယ်။

ကယားပြည်နယ်ထဲက ဒေသခံ ၁၁၀,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွါ ထွက်ပြေးနေကြရတယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့သတင်းတွေကို ရရှိထားတယ်လို့လည်း မဟာမင်းကြီး Bachelet ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ကုလလူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကတည်းက စလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့သူ အနည်းဆုံး ၈၆၀ ရှိသွားပြီလို့ ပြောပါတယ်။ ဒါ့အပြင် ဆန့်ကျင်ကန့်ကွက်ပွဲတွေအတွင်း စစ်အစိုးရကို ဆန့်ကျင်သူတွေ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူပေါင်း ၄,၈၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားကြောင်း လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ဘက်ခေါင်းဆောင်တွေ တဦးချင်းစီအနေနဲ့ တာဝန်ယူရမှာ ဖြစ်ကြောင်းလည်း မစ္စဘက်ချ်လက်က ပြောပါတယ်။

လာမယ့် ဇူလိုင်လထဲ ကျင်းပဖို့ရှိတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို မဟာမင်းကြီး Bachelet က တင်ပြဖို့ရှိတယ်လို့ မဟာမင်းကြီးရုံးက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG