သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံနဲ႔ တရုတ္ကို စစ္ေကာင္စီ ရည္မွန္းခ်က္ေပါက္ေျမာက္ဖို႔ အသံုးခ် (ေဒါက္တာ တင္ေမာင္သန္း) 


တရုတ္-အာဆီယံ နိုင္ငံျခားေရး၀န္ၾကီးမ်ား ခ်ံဳကင္းျမိဳ ့မွာ ေဆြးေႏြးစဥ္ (ဓာတ္ပံု- Twitter/@ Vivian Balakrishnan)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ရင္ဆိုင္ေနရတဲ့ အၾကပ္အတည္းမွာ စစ္ေကာင္စီက သူတို႔သြားခ်င္တဲ့ လမ္းေၾကာင္းအတြက္ တ႐ုတ္နဲ႔ အာဆီယံကို အသံုးခ်ေနတယ္လို႔ ျမန္မာ့အေရးသံုးသပ္သူ ေဒါက္တာတင္ေမာင္သန္းကေျပာပါတယ္။

ဧၿပီလမွာ ျပဳလုပ္ခဲ့တဲ့ အာဆီယံရဲ႕ ျမန္မာ့အေရး အထူးအစည္းအေ၀းက အမ်ားသေဘာတူခ်မွတ္ခဲ့တဲ့ မူ ငါးခ်က္ကို စစ္ေကာင္စီဘက္က လိုက္နာဖို႔ အာဆီယံက ဘက္ေပါင္းစံုက ႀကိဳးပမ္းေနတယ္လို႔ ျမင္ေၾကာင္းသူက ဆိုပါတယ္။

တ႐ုတ္-အာဆီယံ မိတ္ဖက္ဆက္ဆံေရး ႏွစ္ (၃၀)ျပည့္အထိမ္းအမွတ္ တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းၿမိဳ႕မွာ ျပဳလုပ္တဲ့ႏိုင္ငံျခားေရး၀န္ႀကီး အထူး အစည္းအေ၀းမွာ စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္လည္း တက္ေရာက္ခဲ့တာပါ။ ဒါဟာ သံတမန္ေရးနည္းလမ္းနဲ႔ စစ္ေခါင္းေဆာင္ေတြကို တ႐ုတ္က တဆင့္ အာဆီယံက နားခ်ခိုင္းေနတယ္ လို႔ သံုးသပ္ေၾကာင္း ေဒါက္တာတင္ေမာင္သန္းက အခုလိုေျပာပါတယ္။

ေဒါက္တာတင္ေမာင္သန္း။ ။ အာဆီယံက တရုတ္ကို ေျပာျပလိမ့္မယ္ ၊ တရုတ္ကေန ေျပာျပတဲ့အတြက္ေၾကာင့္မို႔ ခုနက အာဆီယံက သေဘာတူၿပီးသား အခ်က္ ၅ ခ်က္ကို ျမန္မာႏိုင္ငံက ေဆာင္ရြပ္ပါမယ္ဆိုတာ ေျပာဖို႔ပါပဲ ။ အဲဒီအတြက္ ဒီကိစၥေတြကို ေဆာင္ရြက္ေနတယ္လို႔ က်ေနာ္ထင္တယ္။ ဆိုေတာ့ တရုတ္နဲ႔ အာဆီယံရဲ႕ သေဘာသဘာ၀က တက္လာတဲ့အစိုးရေတြကို တက္လာတဲ့အစိုးရဆိုတာကလည္း အခုအစိုးရကို သူတို႔က ေပ်ာ့ေပ်ာင္းစြာနဲ႔ ေျပာၾကပါတယ္။ အာရွရဲ႕ နည္းနာတရပ္လို႔ေျပာလို႔ရတယ္ ၊ ယဥ္ေက်းမႈသေဘာအရ ေျဗာင္တိုက္ခိုက္ဆန္႔က်င္ၿပီး တည့္ေျပာတာထက္ သြယ္၀ိွက္ကာ ေျပာတတ္တဲ့သေဘာရွိတယ္ က်ေနာ္ေတာ့ အဲဒီလိုအဓိပၸါယ္ေကာက္ယူပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီမွာဆရာ ျမန္မာျပည္သူလူထုလုိလားတဲ့ လမ္းေၾကာင္းနဲ႔လည္း ေသြဖည္ေနတာမ်ိဳး တရုတ္ နဲ႔ အာဆီယံက ျဖစ္မေနဘူးလားဆရာ။

ေဒါက္တာတင္ေမာင္သန္း။ ။ သူတို႔ရဲ႕ သေဘာတူညီခ်က္အကုန္လံုးမွာ ပါ၀င္ပတ္သက္တဲ့သူေတြအကုန္လံုး ေတြ႔ဆံုေဆြးေႏြးဖို႔ေပါ့ေနာ္ က်ေန္ာတို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ဖို႔ေရာ က်ေနာ္တုိ႔ ေတြ႔ဆံုေဆြးေႏြးေရးေပါ့။ ဆိုေတာ့ ဒါကို နားလည္ဖို႔ဆိုရင္ က်ေနာ္တို႔ ျဖစ္ႏိုင္ေျချမင္ကြင္းေတြကို နည္းနည္းၾကည့္ဖို႔ လိုတယ္ေပါ့ေနာ္။ အဲဒီေတာ့ ျဖစ္ႏိုင္ေျချမင္ကြင္းကေတာ့ စစ္ေကာင္စီရဲ႕ ရပ္တည္ခ်က္ကေတာ့ ေရြးေကာက္ပြဲလုပ္မယ္။ ၿပီးခဲ့တဲ့ တရုတ္နဲ႔ ေဆြးေႏြးပြဲ အင္တာဗ်ဴးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေျပာသြားတာကေတာ့ ၁ ႏွစ္အာဏာယူရမယ္ ေနာက္ ၆ လ ၂ ႀကိမ္တိုးလို႔ရတယ္ ဖြဲ႔စည္းပံုအရ ဆိုေတာ့ ၂ ႏွစ္အတြင္းထဲမွာ ဒါေရြးေကာက္ပြဲ လုပ္မယ့္သေဘာေပါ့ေနာ္။ အဲဒီေတာ့ အရင္တုန္းကလည္း ေျပာခဲ့တဲ့အရဆိုရင္ေတာ့ သူက အခ်ိဳးက် ကိုယ္စားျပဳမယ့္စနစ္ေပါ့။ အခ်ိဳးက် ကိုယ္စားျပဳမယ့္စနစ္က တကယ္ေတာ့ အခ်ိဳးမက် ကိုယ္စားျပဳမယ့္စနစ္လို႔ ေျပာလို႔ရတယ္။ ဘာလို႔လဲဆိုရင္ စစ္တပ္က ၂၅ ရာခိုင္ႏႈန္းယူထားတယ္၊ က်န္တာေတြအကုန္လံုးက စစ္တပ္ ၂၅ ရာခိုင္ႏႈန္းယူထားတယ္ဆိုတာက ေရြးေကာက္ပြဲမွာဆိုရင္ ၃ ပံု ၁ ပံု မေရာက္ဘူး အဓိပၸါယ္ ။ ေရြးေကာက္ပြဲမွာ ေရြးေကာက္တင္ေျမာက္တဲ့ အေရအတြက္အရေျပာရင္။ အဲဒီေတာ့ ယူထားၿပီးသား ၂၅ ရာခိုင္ႏႈန္းနဲ႔ ၄ ပံု ၁ ပံုယူထားၿပီးသား အဲဒီအေပၚမွာ က်န္တဲ့ပါတီေတြက အခ်ိဳးက်လုပ္လိုက္တဲ့အတြက္ေၾကာင့္မို႔ NLD ရာခိုင္ႏႈန္းက ၅၉-၆၀ ရာခိုင္ႏႈန္းရေနတဲ့ဟာက ၄၅ ရာခိုင္ႏႈန္းအျဖစ္ ၁၅ ရာခိုင္ႏႈန္း အျဖဳတ္ခံရတဲ့သေဘာ။ အဲဒီလမ္းေၾကာင္းကိုေရာက္ေအာင္သြားတယ္ ၊ အဲဒီလမ္းေၾကာင္းမွာ အာဆီယံတို႔ပါလာတယ္၊ တရုတ္ကလည္း သူ႔ကို လက္ခံပါတယ္ဆိုတာကို ျဖစ္ေအာင္ သူ႔ပါတီ ဗ်ဴဟာနဲ႔ ႀကိဳးစားေနတယ္။ ဒါေပမယ့္ တဖက္မွာ အာဆီယံနဲ႔က အဲဒီလမ္းေၾကာင္းထက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မင္းေအာင္လိႈင္ေတြ႔ဆံုေဆြးေႏြးၿပီး တစံုတရာေသာ အေျဖထြက္တဲ့ လမ္းေၾကာင္းတခုျဖစ္ေအာင္ႀကိဳးပမ္းေနရစဲ ကာလပဲ။ ဒါေပမယ့္ ႏိုင္ငံတကာဆက္ဆံေရးနဲ႔ အာဆီယံရဲ႕ သေဘာသဘာ၀ ကုလ သေဘာသဘာ၀ ဒီအတိုင္း၀င္ေဆြးေႏြးလို႔မရဘူး၊ ဒီလိုလုပ္လို႔မရဘူး ႏိုင္ငံတကာ ဆက္ဆံေရးမွာ။ လက္ရွိရွိေနတဲ့ အာဏာရေနတဲ့ အစိုးရက လက္ခံမွပဲ ၀င္လို႔ရတယ္ ေဆြးေႏြးလို႔ရတယ္။ ဆိုေတာ့ ဒါေလးကို ႀကိဳးပမ္းေနတယ္လို႔ က်ေနာ္ထင္တယ္။ အဲဒီလို ႀကိဳးပမ္းတဲ့ေနရာမွာ ဒီလမ္းေၾကာင္းကို လိုက္တဲ့အတြက္ေၾကာင့္မို႔လည္း မင္းအႏၱရာယ္ထက္ မင္းအတြက္ ပိုၿပီးေကာင္းတဲ့ လမ္းေၾကာင္းျဖစ္တယ္ဆိုတာကို ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းနဲ႔ စစ္အစိုးရ သေဘာေပါက္ေအာင္ ႀကိဳးစားရမယ္ လုပ္ငန္းသေဘာအရေပါ့ေနာ္ ဒီလိုရွိတယ္လို႔ က်ေနာ္ထင္တယ္။

မအင္ၾကင္းႏိုင္။ ။ ဒါေပမယ့္ဆရာ တကယ့္လက္ေတြ႔မွာ စစ္ေကာင္စီကို နားခ်တာေပါ့ေနာ္ ဖိအားေပးင္ ထိပ္တိုက္ရင္ဆိုင္တာထက္စာရင္ ေဘးကေနၿပီးေတာ့ သံတမန္နည္းအရ နား၀င္ေအာင္ ေျပာတာက တကယ္ပဲ အလုပ္ျဖစ္ပါ့မလား။

ေဒါက္တာတင္ေမာင္သန္း။ ။ ပံုမွန္အေနနဲ႔ စစ္ေကာင္စီဘက္က နားလည္မွာကေတာ့ သူတို႔ဘာေျပာေျပာ လုပ္လို႔မရဘူးဆိုတဲ့ သေဘာကိုပဲ နားလည္မွာ အဲဒီလိုတံု႔ျပန္လိမ့္မယ္လို႔ထင္တယ္။ အဲဒီေတာ့ စစ္ေကာင္စီက သူသြားခ်င္တဲ့ လမ္းေၾကာင္းကို ေရာက္ေအာင္ သူတရား၀င္မႈကို ရဖို႔အတြက္ပဲ သူက တရုတ္နဲ႔ အာဆီယံကို အသံုးခ်ျခင္းပဲ ။ ဆိုေတာ့ သူနားမေထာင္ရင္ ဘယ္လုိတံု႔ျပန္မလဲ ဆိုတာကေတာ့ အာဆီယံကေရာ တရုတ္ကေရာ ၊ လံုၿခံဳေရးေကာင္စီကေရာ မဆံုးျဖတ္ေသးပါဘူး။ ဒါက က်ေနာ္တို႔ ေစာင့္ၾကည့္ရမယ္လို႔ က်ေန္ာထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ တရုတ္နဲ႔ အာဆီယံႏိုင္ငံေတြရဲ ရပ္တည္ခ်က္က အရင္တုန္းက တံု႔ျပန္ခဲ့ပံုနဲ႔ နည္းနည္းေလး ကြာေနတယ္။ ကြာေနတဲ့အတြက္ေၾကာင့္ ကမာၻ႔ဖိအား ျမန္မာျပည္တြင္းျပည္ပဖိအား ၊ ျပည္တြင္းမွာလည္း တရုတ္သံရံုးတို႔ဘာတို႔ရွိတယ္၊ အာဆီယံ သံရံုးေတြ ရွိေနတယ္။ ဒါေတြအားလံုးဟာ အကုန္လံုး သူတို႔ သိေနတယ္။ အထူးသျဖင့္ မဲခိုးတယ္ဆိုတာကို အာဆီယံ ႏိုင္ငံ တႏိုင္ငံက သံတမန္ေတြနဲ႔ စကားေျပာျဖစ္တယ္ေပါ့ေနာ္ တေယာက္နဲ႔ ။ အဲလို စကားေျပာျဖစ္တဲ့အခါမွာ ျမန္မာႏိုင္ငံမွာရွိတဲ့ သံတမန္ေလာက က စစ္အစိုးရေျပာတဲ့ မဲမသမာမႈရွိတယ္ဆိုတာကို ဘယ္သံရံုးကမွ လက္မခံဘူးလို႔ ေျပာတယ္။ ဒါက အေျခအေနတခုလံုးပါပဲ ဆိုေတာ ့က်ေနာ္ထင္တယ္ သူ အဆင့္လိုက္အဆင့္လိုက္ သြားေနတယ္ ။ အဲဒီေတာ့ အာဆီယံနဲ႔ တရုတ္ဘယ္လိုတံု႔ျပန္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ္လို႔ က်ေနာ္ထင္တယ္။

မအင္ၾကင္းႏိုင္က ေဒါက္တာတင္ေမာင္သန္းကို ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


............

အာဆီယံနဲ့ တရုတ်ကို စစ်ကောင်စီ ရည်မှန်းချက်ပေါက်မြောက်ဖို့ အသုံးချ (ဒေါက်တာတင်မောင်သန်း)

(Unicode)

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းမှာ စစ်ကောင်စီက သူတို့သွားချင်တဲ့ လမ်းကြောင်းအတွက် တရုတ်နဲ့ အာဆီယံကို အသုံးချနေတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကပြောပါတယ်။

ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့အရေး အထူးအစည်းအဝေးက အများသဘောတူချမှတ်ခဲ့တဲ့ မူ ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာဖို့ အာဆီယံက ဘက်ပေါင်းစုံက ကြိုးပမ်းနေတယ်လို့ မြင်ကြောင်းသူက ဆိုပါတယ်။

တရုတ်-အာဆီယံ မိတ်ဖက်ဆက်ဆံရေး နှစ် (၃၀)ပြည့်အထိမ်းအမှတ် တရုတ်နိုင်ငံ ချုံကင်းမြို့မှာ ပြုလုပ်တဲ့နိုင်ငံခြားရေးဝန်ကြီး အထူး အစည်းအဝေးမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့တာပါ။ ဒါဟာ သံတမန်ရေးနည်းလမ်းနဲ့ စစ်ခေါင်းဆောင်တွေကို တရုတ်က တဆင့် အာဆီယံက နားချခိုင်းနေတယ် လို့ သုံးသပ်ကြောင်း ဒေါက်တာတင်မောင်သန်းက အခုလိုပြောပါတယ်။

ဒေါက်တာတင်မောင်သန်း။ ။ အာဆီယံက တရုတ်ကို ပြောပြလိမ့်မယ် ၊ တရုတ်ကနေ ပြောပြတဲ့အတွက်ကြောင့်မို့ ခုနက အာဆီယံက သဘောတူပြီးသား အချက် ၅ ချက်ကို မြန်မာနိုင်ငံက ဆောင်ရွပ်ပါမယ်ဆိုတာ ပြောဖို့ပါပဲ ။ အဲဒီအတွက် ဒီကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ကျနော်ထင်တယ်။ ဆိုတော့ တရုတ်နဲ့ အာဆီယံရဲ့ သဘောသဘာဝက တက်လာတဲ့အစိုးရတွေကို တက်လာတဲ့အစိုးရဆိုတာကလည်း အခုအစိုးရကို သူတို့က ပျော့ပျောင်းစွာနဲ့ ပြောကြပါတယ်။ အာရှရဲ့ နည်းနာတရပ်လို့ပြောလို့ရတယ် ၊ ယဉ်ကျေးမှုသဘောအရ ဗြောင်တိုက်ခိုက်ဆန့်ကျင်ပြီး တည့်ပြောတာထက် သွယ်ဝှိက်ကာ ပြောတတ်တဲ့သဘောရှိတယ် ကျနော်တော့ အဲဒီလိုအဓိပ္ပါယ်ကောက်ယူပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီမှာဆရာ မြန်မာပြည်သူလူထုလိုလားတဲ့ လမ်းကြောင်းနဲ့လည်း သွေဖည်နေတာမျိုး တရုတ် နဲ့ အာဆီယံက ဖြစ်မနေဘူးလားဆရာ။

ဒေါက်တာတင်မောင်သန်း။ ။ သူတို့ရဲ့ သဘောတူညီချက်အကုန်လုံးမှာ ပါဝင်ပတ်သက်တဲ့သူတွေအကုန်လုံး တွေ့ဆုံဆွေးနွေးဖို့ပေါ့နော် ကျနေ်ာတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ရော ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးပေါ့။ ဆိုတော့ ဒါကို နားလည်ဖို့ဆိုရင် ကျနော်တို့ ဖြစ်နိုင်ခြေမြင်ကွင်းတွေကို နည်းနည်းကြည့်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ဖြစ်နိုင်ခြေမြင်ကွင်းကတော့ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကတော့ ရွေးကောက်ပွဲလုပ်မယ်။ ပြီးခဲ့တဲ့ တရုတ်နဲ့ ဆွေးနွေးပွဲ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသွားတာကတော့ ၁ နှစ်အာဏာယူရမယ် နောက် ၆ လ ၂ ကြိမ်တိုးလို့ရတယ် ဖွဲ့စည်းပုံအရ ဆိုတော့ ၂ နှစ်အတွင်းထဲမှာ ဒါရွေးကောက်ပွဲ လုပ်မယ့်သဘောပေါ့နော်။ အဲဒီတော့ အရင်တုန်းကလည်း ပြောခဲ့တဲ့အရဆိုရင်တော့ သူက အချိုးကျ ကိုယ်စားပြုမယ့်စနစ်ပေါ့။ အချိုးကျ ကိုယ်စားပြုမယ့်စနစ်က တကယ်တော့ အချိုးမကျ ကိုယ်စားပြုမယ့်စနစ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုရင် စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတယ်၊ ကျန်တာတွေအကုန်လုံးက စစ်တပ် ၂၅ ရာခိုင်နှုန်းယူထားတယ်ဆိုတာက ရွေးကောက်ပွဲမှာဆိုရင် ၃ ပုံ ၁ ပုံ မရောက်ဘူး အဓိပ္ပါယ် ။ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြောက်တဲ့ အရေအတွက်အရပြောရင်။ အဲဒီတော့ ယူထားပြီးသား ၂၅ ရာခိုင်နှုန်းနဲ့ ၄ ပုံ ၁ ပုံယူထားပြီးသား အဲဒီအပေါ်မှာ ကျန်တဲ့ပါတီတွေက အချိုးကျလုပ်လိုက်တဲ့အတွက်ကြောင့်မို့ NLD ရာခိုင်နှုန်းက ၅၉-၆၀ ရာခိုင်နှုန်းရနေတဲ့ဟာက ၄၅ ရာခိုင်နှုန်းအဖြစ် ၁၅ ရာခိုင်နှုန်း အဖြုတ်ခံရတဲ့သဘော။ အဲဒီလမ်းကြောင်းကိုရောက်အောင်သွားတယ် ၊ အဲဒီလမ်းကြောင်းမှာ အာဆီယံတို့ပါလာတယ်၊ တရုတ်ကလည်း သူ့ကို လက်ခံပါတယ်ဆိုတာကို ဖြစ်အောင် သူ့ပါတီ ဗျူဟာနဲ့ ကြိုးစားနေတယ်။ ဒါပေမယ့် တဖက်မှာ အာဆီယံနဲ့က အဲဒီလမ်းကြောင်းထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်တွေ့ဆုံဆွေးနွေးပြီး တစုံတရာသော အဖြေထွက်တဲ့ လမ်းကြောင်းတခုဖြစ်အောင်ကြိုးပမ်းနေရစဲ ကာလပဲ။ ဒါပေမယ့် နိုင်ငံတကာဆက်ဆံရေးနဲ့ အာဆီယံရဲ့ သဘောသဘာ၀ ကုလ သဘောသဘာ၀ ဒီအတိုင်းဝင်ဆွေးနွေးလို့မရဘူး၊ ဒီလိုလုပ်လို့မရဘူး နိုင်ငံတကာ ဆက်ဆံရေးမှာ။ လက်ရှိရှိနေတဲ့ အာဏာရနေတဲ့ အစိုးရက လက်ခံမှပဲ ဝင်လို့ရတယ် ဆွေးနွေးလို့ရတယ်။ ဆိုတော့ ဒါလေးကို ကြိုးပမ်းနေတယ်လို့ ကျနော်ထင်တယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ဒီလမ်းကြောင်းကို လိုက်တဲ့အတွက်ကြောင့်မို့လည်း မင်းအန္တရာယ်ထက် မင်းအတွက် ပိုပြီးကောင်းတဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတာကို ပျော့ပျော့ပျောင်းပျောင်းနဲ့ စစ်အစိုးရ သဘောပေါက်အောင် ကြိုးစားရမယ် လုပ်ငန်းသဘောအရပေါ့နော် ဒီလိုရှိတယ်လို့ ကျနော်ထင်တယ်။

မအင်ကြင်းနိုင်။ ။ ဒါပေမယ့်ဆရာ တကယ့်လက်တွေ့မှာ စစ်ကောင်စီကို နားချတာပေါ့နော် ဖိအားပေးင် ထိပ်တိုက်ရင်ဆိုင်တာထက်စာရင် ဘေးကနေပြီးတော့ သံတမန်နည်းအရ နားဝင်အောင် ပြောတာက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။

ဒေါက်တာတင်မောင်သန်း။ ။ ပုံမှန်အနေနဲ့ စစ်ကောင်စီဘက်က နားလည်မှာကတော့ သူတို့ဘာပြောပြော လုပ်လို့မရဘူးဆိုတဲ့ သဘောကိုပဲ နားလည်မှာ အဲဒီလိုတုံ့ပြန်လိမ့်မယ်လို့ထင်တယ်။ အဲဒီတော့ စစ်ကောင်စီက သူသွားချင်တဲ့ လမ်းကြောင်းကို ရောက်အောင် သူတရားဝင်မှုကို ရဖို့အတွက်ပဲ သူက တရုတ်နဲ့ အာဆီယံကို အသုံးချခြင်းပဲ ။ ဆိုတော့ သူနားမထောင်ရင် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကတော့ အာဆီယံကရော တရုတ်ကရော ၊ လုံခြုံရေးကောင်စီကရော မဆုံးဖြတ်သေးပါဘူး။ ဒါက ကျနော်တို့ စောင့်ကြည့်ရမယ်လို့ ကျနေ်ာထင်တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေရဲ ရပ်တည်ချက်က အရင်တုန်းက တုံ့ပြန်ခဲ့ပုံနဲ့ နည်းနည်းလေး ကွာနေတယ်။ ကွာနေတဲ့အတွက်ကြောင့် ကမ္ဘာ့ဖိအား မြန်မာပြည်တွင်းပြည်ပဖိအား ၊ ပြည်တွင်းမှာလည်း တရုတ်သံရုံးတို့ဘာတို့ရှိတယ်၊ အာဆီယံ သံရုံးတွေ ရှိနေတယ်။ ဒါတွေအားလုံးဟာ အကုန်လုံး သူတို့ သိနေတယ်။ အထူးသဖြင့် မဲခိုးတယ်ဆိုတာကို အာဆီယံ နိုင်ငံ တနိုင်ငံက သံတမန်တွေနဲ့ စကားပြောဖြစ်တယ်ပေါ့နော် တယောက်နဲ့ ။ အဲလို စကားပြောဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ သံတမန်လောက က စစ်အစိုးရပြောတဲ့ မဲမသမာမှုရှိတယ်ဆိုတာကို ဘယ်သံရုံးကမှ လက်မခံဘူးလို့ ပြောတယ်။ ဒါက အခြေအနေတခုလုံးပါပဲ ဆိုတော့ကျနော်ထင်တယ် သူ အဆင့်လိုက်အဆင့်လိုက် သွားနေတယ် ။ အဲဒီတော့ အာဆီယံနဲ့ တရုတ်ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ကျနော်ထင်တယ်။

မအင်ကြင်းနိုင်က ဒေါက်တာတင်မောင်သန်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG