သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈမလုပ္ၾကဖို႔ တ႐ုတ္လိုလား


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi-(တ႐ုတ္ႏိုင္ငံ၊ ခ်ဳံကင္းၿမိဳ႕မွာ မေန႔ကက်င္းပတဲ့ တ႐ုတ္-အာဆီယံ ေဆြးေႏြးဖက္ဆက္ဆံေရး ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းအေဝး)

ZAWGYI/UNICODE

ျမန္မာႏိုင္ငံတြင္းမွာ အၾကမ္းဖက္မႈေတြ မလုပ္ၾကဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) နဲ႔ အတူ တြန္းအားေပးလိုတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံကင္းၿမိဳ႕မွာ မေန႔ကက်င္းပတဲ့ တ႐ုတ္-အာဆီယံ ေဆြးေႏြးဖက္ဆက္ဆံေရး ႏွစ္ ၃၀ ျပည့္အထိမ္းအမွတ္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အထူးအစည္းအေဝးအတြင္း ဝန္ႀကီး Wang Yi က အဲဒီလိုေျပာခဲ့တဲ့အေၾကာင္း ရန္ကုန္ၿမိဳ႕၊ တ႐ုတ္သံ႐ုံးရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ဒီကေန႔ ေရးထားတာပါ။

ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ တရားဥပေဒမူေဘာင္ေအာက္မွာ ႏိုင္ငံေရးေဆြးေႏြးပြဲေတြလုပ္ၿပီး ဒီမိုကေရစီအသြင္ကူးေျပာင္းေရးလုပ္ငန္းကို ျပန္လည္စတင္ဖို႔ အတူတကြ အားေပးလိုတယ္လို႔လည္း ဝန္ႀကီး Wang Yi ကေျပာပါတယ္။ တ႐ုတ္နဲ႔ အာဆီယံဟာ ျမန္မာ့အေရးနဲ႔စပ္လ်ဥ္းၿပီး ရပ္တည္ခ်က္နဲ႔ ထင္ျမင္ယူဆခ်က္ေတြ ေယဘုယ်အားျဖင့္တူညီတဲ့အေၾကာင္း၊ တ႐ုတ္ႏိုင္ငံဟာ အာဆီယံနဲ႔ ဆက္လက္ပူးေပါင္းသြားမွာျဖစ္ၿပီး ျပည္သူလူထု အက်ိဳးစီးပြားကို အဓိကထားၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကဖို႔လည္း ဝန္ႀကီး Wang Yi ကေျပာသြားပါတယ္။

ျပည္တြင္းေရး ဝင္မစြက္ဖက္ရဘူးဆိုတဲ့ အာဆီယံရဲ႕မူဝါဒကို တ႐ုတ္ႏိုင္ငံက ေထာက္ခံတဲ့အေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin ကလည္း မေန႔က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

"ျမန္မာႏိုင္ငံ ရဲ႕ ျပည္တြင္း ျပန္လည္သင့္ျမတ္ေရး လုပ္ငန္းစဥ္မွာ အာဆီယံနည္းလမ္းအတိုင္း ရင့္က်က္တဲ့ ေဒသတြင္းအဖြဲ႕တခုအျဖစ္ တြန္းအားေပးၿပီး အျပဳသေဘာေဆာင္ ပါဝင္မႈအေပၚက်ေနာ္တို႔အေနနဲ႔ အာဆီယံကို ေထာက္ခံပါတယ္" လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Wang Wenbin ကေျပာပါတယ္။ ခ်ဳံကင္းၿမိဳ႕မွာ က်င္းပတဲ့ အစည္းအေဝးကို စစ္ေကာင္စီက ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ထားတဲ့ ဦးဝဏၰေမာင္လြင္လည္း တက္ေရာက္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီက ေၾကညာထားတဲ့ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ကသာ တခုတည္းေသာနည္းလမ္း ျဖစ္တဲ့အေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ ဖြဲ႕စည္းထားတာ၊ COVID-19 ေရာဂါ ကာကြယ္ေရးအစီအစဥ္ေတြ၊ စီးပြားေရး ျပန္လည္ကုစားေရး လုပ္ေဆာင္ခ်က္ေတြကို အဲဒီအစည္းအေဝးအတြင္း ဦးဝဏၰေမာင္လြင္က ေျပာခဲ့တယ္လို႔ ဒီကေန႔ထုတ္ ေၾကးမုံသတင္းစာမွာ ေဖာ္ျပထားပါတယ္။

UNICODE

မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ အတူ တွန်းအားပေးလိုတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။ တရုတ်နိုင်ငံ၊ ချုံကင်းမြို့မှာ မနေ့ကကျင်းပတဲ့ တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးအတွင်း ဝန်ကြီး Wang Yi က အဲဒီလိုပြောခဲ့တဲ့အကြောင်း ရန်ကုန်မြို့၊ တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ ရေးထားတာပါ။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ပြန်လည်စတင်ဖို့ အတူတကွ အားပေးလိုတယ်လို့လည်း ဝန်ကြီး Wang Yi ကပြောပါတယ်။ တရုတ်နဲ့ အာဆီယံဟာ မြန်မာ့အရေးနဲ့စပ်လျဉ်းပြီး ရပ်တည်ချက်နဲ့ ထင်မြင်ယူဆချက်တွေ ယေဘုယျအားဖြင့်တူညီတဲ့အကြောင်း၊ တရုတ်နိုင်ငံဟာ အာဆီယံနဲ့ ဆက်လက်ပူးပေါင်းသွားမှာဖြစ်ပြီး ပြည်သူလူထု အကျိုးစီးပွားကို အဓိကထားပြီးတော့ တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း ဝန်ကြီး Wang Yi ကပြောသွားပါတယ်။

ပြည်တွင်းရေး ဝင်မစွက်ဖက်ရဘူးဆိုတဲ့ အာဆီယံရဲ့မူဝါဒကို တရုတ်နိုင်ငံက ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကလည်း မနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

"

မြန်မာနိုင်ငံ ရဲ့ ပြည်တွင်း ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အာဆီယံနည်းလမ်းအတိုင်း ရင့်ကျက်တဲ့ ဒေသတွင်းအဖွဲ့တခုအဖြစ် တွန်းအားပေးပြီး အပြုသဘောဆောင် ပါဝင်မှုအပေါ်ကျနော်တို့အနေနဲ့ အာဆီယံကို ထောက်ခံပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Wang Wenbin ကပြောပါတယ်။ ချုံကင်းမြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကြေညာထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကသာ တခုတည်းသောနည်းလမ်း ဖြစ်တဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းထားတာ၊ COVID-19 ရောဂါ ကာကွယ်ရေးအစီအစဉ်တွေ၊ စီးပွားရေး ပြန်လည်ကုစားရေး လုပ်ဆောင်ချက်တွေကို အဲဒီအစည်းအဝေးအတွင်း ဦးဝဏ္ဏမောင်လွင်က ပြောခဲ့တယ်လို့ ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG