သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ ဆုံးျဖတ္ခ်က္ လိုက္နာဖို႔ ျမန္မာစစ္တပ္ကို ကုလမဟာမင္းႀကီး ေတာင္းဆို


ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တန္႔ဖို႔ ျမန္မာစစ္တပ္က အာဆီယံအဖြဲ႔ႀကီးကို ကတိေပးထားေပမယ့္ အခုထိ လိုက္နာတာ မေတြ႕ရေသးသလို စစ္အင္အားပါ ထပ္ၿပီး ျဖည့္တင္းေနတဲ့အတြက္ အေျခေနေတြ ပိုမဆိုးေအာင္ ကာကြယ္တဲ့အေနနဲ႔ ရပ္တန္းကရပ္ဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet က ေတာင္းဆိုလိုက္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

"ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ရပ္တန္႔မယ္လို႔ ျမန္မာစစ္တပ္က အာဆီယံအဖြဲ႔ႀကီးကို ကတိျပဳခဲ့ေပမယ့္ အဓိကအေရးပါတဲ့ေဒသေတြမွာ စစ္တပ္က အင္အား ျဖည့္တင္း ေနတဲ့အတြက္ ျမန္မာႏိုင္ငံတြင္း တင္းမာမႈေတြ ေလ်ာ့ပါးေအာင္ စစ္တပ္ဖက္က ႀကိဳးစားမႈ မရွိတဲ့ပံုမ်ိး ေတြ႕ေနရတယ္လို႔ မဟာမင္းႀကီးက ေျပာပါတယ္။ဒါ့အျပင္ ႏိုင္ငံတလႊား အၾကမ္းဖက္မႈေတြ တိုးလာႏိုင္ေၾကာင္း သတိေပးလိုက္သလို လူအမ်ားအျပား ေသဆံုးၿပီး လူသားခ်င္းစာနာမႈ အေျခေနေတြ ပိုဆိုးမလာေအာင္ ကာကြယ္ဖို႔လည္း ေျပာခဲ့တယ္" လို႔ မစၥတာ Farhan Haq က ေျပာသြားတာပါ။

ကယားျပည္နယ္လို ေနရာမ်ိဳးမွာ ျမန္မာစစ္တပ္က လက္နက္ႀကီးေတြ သံုးၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို ဆက္ၿပီး အၾကမ္းဖက္ ၿဖိဳခြဲေနသလို လူသားဒိုင္းသဖြယ္ အသံုးျပဳေနတယ္ ဆိုတဲ့ ခိုင္လံုတဲ့ သတင္းေတြရေၾကာင္းလည္း ေျပာပါတယ္။ အခုလို ျမန္မာႏိုင္ငံတြင္း လက္ရွိၾကံဳေတြ႕ေနရတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္း ရပ္သြားေစဖို႔ တျခား ၾသဇာႀကီးတဲ့ ႏိုင္ငံေတြနဲ႔ အာဆီယံ အပါအဝင္ ေဒသဆိုင္ရာ သံတမန္ေရး ႀကိဳးစားမႈေတြ တိုးလုပ္ဖို႔လည္း ပန္ၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH က ဖြဲ႔စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG နဲ႔ေရာ အရပ္ဖက္လူမႈလူ႔အဖြဲ႔အစည္းေတြနဲ႔ပါ ေဆြးေႏြးၫွိႏႈိင္းမႈေတြလုပ္ဖို႔ အေရးတႀကီး လိုအပ္ေနတယ္လိ္ု႔လည္း ေျပာၾကားခဲ့ပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ ၫွိႏႈိင္းေဆြးေႏြးမႈေတြ လုပ္ရမယ့္ အစား စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို အၾကမ္းဖက္ေတြ အျဖစ္ေၾကညာၿပီး ႀကီးေလးတဲ့ အျပစ္ဒဏ္ေတြ ေပးေနေၾကာင္းနဲ႔ အခု စစ္တပ္အာဏာသိမ္းထားတဲ့ ၄ လအတြင္းမွာပဲ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီေလ်ာ့ပါးလာၿပီး လူ႔အခြင့္ေရး ဆိုင္ရာ ဆိုးဝါးတဲ့ အေနထား ေရာက္သြားတာေတြ႕ရတယ္ လို႔လည္း ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး အခုအခ်ိန္အထိ စစ္တပ္နဲ႔ရဲေၾကာင့္ ေသဆံုးရသူ ၈၆၀ ေက်ာ္နဲ႔ အဖမ္းခံရသူက ၄၈၀၀ ထက္မနည္းရွိေနတာ ျဖစ္ၿပီး အခုလို အသက္ဆံုးရံႈးရမႈေတြ၊ လူမႈစီးပြါးေရး႐ိုက္ခတ္မႈ ဒဏ္ခံရတာေတြ အပါအဝင္ ျမန္မာႏိုင္ငံတြင္း ျဖစ္ပြားေနတာေတြအတြက္ ျမန္မာစစ္တပ္မွာ တာဝန္ရွိတယ္လို႔လည္း သတိေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အာဆီယံ ဆုံးဖြတ်ချက် လိုက်နာဖို့ မြန်မာစစ်တပ်ကို ကုလမဟာမင်းကြီး တောင်းဆို
(Unicode)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်တပ်က အာဆီယံအဖွဲ့ကြီးကို ကတိပေးထားပေမယ့် အခုထိ လိုက်နာတာ မတွေ့ရသေးသလို စစ်အင်အားပါ ထပ်ပြီး ဖြည့်တင်းနေတဲ့အတွက် အခြေနေတွေ ပိုမဆိုးအောင် ကာကွယ်တဲ့အနေနဲ့ ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်မယ်လို့ မြန်မာစစ်တပ်က အာဆီယံအဖွဲ့ကြီးကို ကတိပြုခဲ့ပေမယ့် အဓိကအရေးပါတဲ့ဒေသတွေမှာ စစ်တပ်က အင်အား ဖြည့်တင်း နေတဲ့အတွက် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ လျော့ပါးအောင် စစ်တပ်ဖက်က ကြိုးစားမှု မရှိတဲ့ပုံမျိး တွေ့နေရတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။ဒါ့အပြင် နိုင်ငံတလွှား အကြမ်းဖက်မှုတွေ တိုးလာနိုင်ကြောင်း သတိပေးလိုက်သလို လူအများအပြား သေဆုံးပြီး လူသားချင်းစာနာမှု အခြေနေတွေ ပိုဆိုးမလာအောင် ကာကွယ်ဖို့လည်း ပြောခဲ့တယ်" လို့ မစ္စတာ Farhan Haq က ပြောသွားတာပါ။

ကယားပြည်နယ်လို နေရာမျိုးမှာ မြန်မာစစ်တပ်က လက်နက်ကြီးတွေ သုံးပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွဲနေသလို လူသားဒိုင်းသဖွယ် အသုံးပြုနေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေရကြောင်းလည်း ပြောပါတယ်။ အခုလို မြန်မာနိုင်ငံတွင်း လက်ရှိကြုံတွေ့နေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်သွားစေဖို့ တခြား သြဇာကြီးတဲ့ နိုင်ငံတွေနဲ့ အာဆီယံ အပါအဝင် ဒေသဆိုင်ရာ သံတမန်ရေး ကြိုးစားမှုတွေ တိုးလုပ်ဖို့လည်း ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ရော အရပ်ဖက်လူမှုလူ့အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမယ့် အစား စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အကြမ်းဖက်တွေ အဖြစ်ကြေညာပြီး ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးနေကြောင်းနဲ့ အခု စစ်တပ်အာဏာသိမ်းထားတဲ့ ၄ လအတွင်းမှာပဲ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလျော့ပါးလာပြီး လူ့အခွင့်ရေး ဆိုင်ရာ ဆိုးဝါးတဲ့ အနေထား ရောက်သွားတာတွေ့ရတယ် လို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အခုအချိန်အထိ စစ်တပ်နဲ့ရဲကြောင့် သေဆုံးရသူ ၈၆၀ ကျော်နဲ့ အဖမ်းခံရသူက ၄၈၀၀ ထက်မနည်းရှိနေတာ ဖြစ်ပြီး အခုလို အသက်ဆုံးရှုံးရမှုတွေ၊ လူမှုစီးပွါးရေးရိုက်ခတ်မှု ဒဏ်ခံရတာတွေ အပါအဝင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတာတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့လည်း သတိပေးလိုက်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG