သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၁၁ ရက္ၾကာ ဂါဇာတိုက္ပဲြကာလ က်ဴးလြန္တဲ႔ ရာဇဝတ္မႈေတြကို စံုစမ္းမည္ (ကုလလူ႔အခြင္႔အေရးေကာင္စီ)


(Zawgyi/Unicode)

အစၥေရးနဲ႔ ဂါဇာေဒသက ဟာမတ္စ္ စစ္ေသြးႂကြေတြၾကား ၁၁ ရက္ၾကာ တိုက္ခိုက္မႈအတြင္း က်ဳးလြန္ခဲ့တဲ့ ရာဇ၀တ္မႈေတြကို ႏိုင္ငံတကာက စုံစမ္းစစ္ေဆးဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ဆုံးျဖတ္လိုက္ပါတယ္။

“မဲရလဒ္ေတြအရ ေထာက္ခံမဲ ၂၄ မဲ၊ ကန္႔ကြက္မဲ ၉ မဲ၊ ၾကားေနမဲ ၁၄ မဲနဲ႔ ဆုံးျဖတ္ခ်က္ကို အတည္ျပဳလိုက္ပါတယ္။” လို႔ လူ႔အခြင့္အေရး ေကာင္စီ အလွည့္က်ဥကၠ႒ ဖီဂ်ီႏိုင္ငံ ကုလသမဂၢဆိုင္ရာ ကိုယ္စားလွယ္ Nazhat Shameem Khan က ၾကာသပေတးေန႔က မဲရလဒ္ကို ေၾကညာလိုက္တာပါ။

ကုလသမဂၢဆိုင္ရာ ပါလက္စတိုင္း ကိုယ္စားလွယ္အဖဲြ႕နဲ႔ အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႕ (OIC) တို႔ ပူးတဲြတင္သြင္းတဲ့ အဆိုျပဳခ်က္ကို လူ႔အခြင့္အေရးေကာင္စီ အထူးအစည္းအေ၀းမွာ မဲခဲြဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ ေကာ္မရွင္နာမင္းႀကီး Michelle Bachelet ကလည္း ဂါဇာေဒသကို အစၥေရးလ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈဟာ စစ္ရာဇ၀တ္မႈ ေျမာက္ႏိုင္ေၾကာင္း ေျပာဆိုလိုက္သလို၊ တခ်ိန္တည္းမွာပဲ ဟာမတ္စ္ေတြရဲ႕ ေရာ့ကတ္နဲ႔ ပစ္ခတ္မႈေတြဟာလည္း ႏိုင္ငံတကာ ဥပေဒေတြကို ခ်ဳိးေဖာက္ရာ ေရာက္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ပဋိပကၡ စတင္ျဖစ္ပြားခ်ိန္မွာ ဟာမတ္စ္နဲ႔ တျခားလက္နက္ကိုင္ အုပ္စုေတြက အစၥေရးလ္ဖက္ကို ေရာ့ကတ္ေတြနဲ႔ ဒလစပ္ပစ္ခတ္ရာမွာ စစ္ဖက္၊ အရပ္ဖက္ ခဲြျခားမႈမရွိတာဟာ ႏိုင္ငံတကာ ဥပေဒကို ခ်ဳိးေဖာက္ရာ ေရာက္တယ္ဆိုတာ ထင္ရွားေၾကာင္းလည္း ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕ ႐ုံးကေန ေျပာဆိုလိုက္တာပါ။

အစၥေရး ဖက္ကလည္း ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ အရပ္သား ထိခိုက္ေသေက်မႈေတြ မ်ားျပားခဲ့ၿပီး၊ တိုက္ခိုက္မႈေတြအတြင္း အစိုးရအေဆာက္အဦးေတြ၊ လူေနအိမ္ေတြ၊ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈ အကူအညီေပးေရး အဖဲြ႕အစည္းေတြ၊ ေဆးဖက္ဆိုင္ရာ အေဆာက္အဦးနဲ႔ မီဒီယာ႐ုံးေတြကိုပါ ပစ္မွတ္ထားခဲ့တာေတြကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ ေကာ္မရွင္နာမင္းႀကီးက ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

၁၁ ရက်ကြာ ဂါဇာတိုက်ပွဲကာလ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းမည် (ကုလလူ့အခွင့်အရေးကောင်စီ)

(Unicode)

အစ္စရေးနဲ့ ဂါဇာဒေသက ဟာမတ်စ် စစ်သွေးကြွတွေကြား ၁၁ ရက်ကြာ တိုက်ခိုက်မှုအတွင်း ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။

“မဲရလဒ်တွေအရ ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၁၄ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။” လို့ လူ့အခွင့်အရေး ကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖီဂျီနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Nazhat Shameem Khan က ကြာသပတေးနေ့က မဲရလဒ်ကို ကြေညာလိုက်တာပါ။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ ပူးတွဲတင်သွင်းတဲ့ အဆိုပြုချက်ကို လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးမှာ မဲခွဲဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Michelle Bachelet ကလည်း ဂါဇာဒေသကို အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ပြောဆိုလိုက်သလို၊ တချိန်တည်းမှာပဲ ဟာမတ်စ်တွေရဲ့ ရော့ကတ်နဲ့ ပစ်ခတ်မှုတွေဟာလည်း နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုလိုက်ပါတယ်။

ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှာ ဟာမတ်စ်နဲ့ တခြားလက်နက်ကိုင် အုပ်စုတွေက အစ္စရေးလ်ဖက်ကို ရော့ကတ်တွေနဲ့ ဒလစပ်ပစ်ခတ်ရာမှာ စစ်ဖက်၊ အရပ်ဖက် ခွဲခြားမှုမရှိတာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုတာ ထင်ရှားကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ရုံးကနေ ပြောဆိုလိုက်တာပါ။

အစ္စရေး ဖက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုတွေ များပြားခဲ့ပြီး၊ တိုက်ခိုက်မှုတွေအတွင်း အစိုးရအဆောက်အဦးတွေ၊ လူနေအိမ်တွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ ဆေးဖက်ဆိုင်ရာ အဆောက်အဦးနဲ့ မီဒီယာရုံးတွေကိုပါ ပစ်မှတ်ထားခဲ့တာတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG