သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရးလ္၊ ဟာမတ္စ္ အပစ္ရပ္ေၾကညာခ်က္ ႏိုင္ငံတကာႀကိဳဆို


Gaza အပစ္အခတ္ ရပ္စဲလိုက္တာေၾကာင့္ ေဒသခံမ်ား ေပ်ာ္ရႊင္ေနပံု

(Zawgyi/Unicode)

အစၥေရးလ္နဲ႔ ဂါဇာေဒသက စစ္ေသြးႂကြေတြ ၁၁ ရက္ၾကာ တိုက္ခိုက္ခဲ့ၿပီးေနာက္ အပစ္အခတ္ ရပ္စဲလိုက္တဲ့အေပၚ အေမရိကန္ အပါအ၀င္ ကမာၻတ၀န္းက ေခါင္းေဆာင္ေတြ ႀကိဳဆိုလိုက္ၾကသလို၊ အေရွ႕အလယ္ပိုင္း ေဒသမွာ ႏိုင္ငံေရးအရ ေရရွည္အေျဖရွာဖို႔လည္း တိုက္တြန္း လိုက္ၾကပါတယ္။

ဥေရာပသမဂၢ (EU) ကေတာ့ ၂ ႏိုင္ငံ အျပန္အလွန္ အသိအမွတ္ျပဳ လက္ခံေရးကသာ တခုတည္းေသာ အေျဖျဖစ္မယ္လို႔ ေျပာပါတယ္။ ၁၁ ရက္ၾကာ တိုက္ခိုက္မႈေတြအတြင္း ထိခိုက္ေသဆုံးမႈေတြအတြက္ စိတ္မေကာင္း ျဖစ္ရေၾကာင္းလည္း EU ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့တာပါ။

အေမရိကန္သမၼတ Joe Biden ကေတာ့ ေသာၾကာေန႔ကစ အပစ္အခတ္ ရပ္စဲဖို႔ ၾကား၀င္ေစ့စပ္ေပးခဲ့တဲ့ အီဂ်စ္ႏိုင္ငံကို ခ်ီးက်ဳးေျပာဆိုခဲ့သလို၊ ၿငိမ္းခ်မ္းေရး လမ္းစ အျဖစ္နဲ႔လည္း ေျပာဆိုခဲ့ပါတယ္။

“တိုးတက္မႈရေအာင္ လုပ္ႏိုင္မယ့္ စစ္မွန္တဲ့ အခြင့္အလန္းလို႔ က်ေနာ္တို႔ ယုံၾကည္ပါတယ္။ ဒီလိုျဖစ္ေအာင္ ႀကိဳးပမ္းဖို႔လည္း သႏၷိဓာန္ ခ်ထားပါတယ္။” လို႔ အပစ္အခတ္ရပ္စဲေရး ေၾကညာလိုက္တဲ့ ၾကာသပေတးေန႔မွာပဲ သမၼတ ဘိုင္ဒင္ အိမ္ျဖဴေတာ္ကေန ေျပာဆိုလိုက္တာပါ။

အပစ္အခတ္ ရပ္စဲေရး ေၾကညာလိုက္တဲ့အေပၚ ဂ်ာမန္ႏိုင္ငံျခားေရး၀န္ႀကီး Heiko Maas ကလည္း ႀကိဳဆိုလိုက္သလို၊ ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီးDominic Raab ကေတာ့ ေရရွည္ခံမယ့္ အပစ္အခတ္ရပ္စဲေရး ျဖစ္ေစဖို႔နဲ႔ အရပ္သား ေသဆုံးၾကရတဲ့ လက္ခံႏိုင္စရာ မရွိတဲ့ အၾကမ္းဖက္မႈ သံသရာကို အဆုံးသတ္ဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။ အပစ္အခတ္ ရပ္စဲလိုက္တဲ့အေပၚ ျပင္သစ္၊ ႐ုရွား၊ တ႐ုတ္ စတဲ့ ႏိုင္ငံေတြကလည္း ႀကိဳဆိုခဲ့ၾကတာပါ။

ကက္သလစ္ သာသာနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis ကလည္း တိုက္ခိုက္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြရပ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚ ေက်းဇူးတင္ေၾကာင္းနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းေၾကာင္းလည္း မိန္႔ၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

အစ္စရေးလ်၊ ဟာမတ်စ် အပစ်ရပ်ကြေညာချက် နိုင်ငံတကာကြိုဆို

(Unicode)

အစ္စရေးလ်နဲ့ ဂါဇာဒေသက စစ်သွေးကြွတွေ ၁၁ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲလိုက်တဲ့အပေါ် အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက ခေါင်းဆောင်တွေ ကြိုဆိုလိုက်ကြသလို၊ အရှေ့အလယ်ပိုင်း ဒေသမှာ နိုင်ငံရေးအရ ရေရှည်အဖြေရှာဖို့လည်း တိုက်တွန်း လိုက်ကြပါတယ်။

ဥရောပသမဂ္ဂ (EU) ကတော့ ၂ နိုင်ငံ အပြန်အလှန် အသိအမှတ်ပြု လက်ခံရေးကသာ တခုတည်းသော အဖြေဖြစ်မယ်လို့ ပြောပါတယ်။ ၁၁ ရက်ကြာ တိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်းလည်း EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ အမေရိကန်သမ္မတ Joe Biden ကတော့ သောကြာနေ့ကစ အပစ်အခတ် ရပ်စဲဖို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အီဂျစ်နိုင်ငံကို ချီးကျုးပြောဆိုခဲ့သလို၊ ငြိမ်းချမ်းရေး လမ်းစ အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။

“တိုးတက်မှုရအောင် လုပ်နိုင်မယ့် စစ်မှန်တဲ့ အခွင့်အလန်းလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီလိုဖြစ်အောင် ကြိုးပမ်းဖို့လည်း သန္နိဓာန် ချထားပါတယ်။” လို့ အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်တဲ့ ကြာသပတေးနေ့မှာပဲ သမ္မတ ဘိုင်ဒင် အိမ်ဖြူတော်ကနေ ပြောဆိုလိုက်တာပါ။

အပစ်အခတ် ရပ်စဲရေး ကြေညာလိုက်တဲ့အပေါ် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကလည်း ကြိုဆိုလိုက်သလို၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးDominic Raab ကတော့ ရေရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေး ဖြစ်စေဖို့နဲ့ အရပ်သား သေဆုံးကြရတဲ့ လက်ခံနိုင်စရာ မရှိတဲ့ အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲလိုက်တဲ့အပေါ် ပြင်သစ်၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံတွေကလည်း ကြိုဆိုခဲ့ကြတာပါ။

ကက်သလစ် သာသာနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ကလည်း တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG