သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

G-7 ထိပ္သီးစည္းေဝးမႈ ျမန္မာ့အေရး ထည့္သြင္းေဆြးေႏြးဖြယ္ရွိ


G-7 ထိပ္သီးအစည္းအေဝး တက္ေရာက္လာတဲ့ ကမၻာ့ေခါင္းေဆာင္မ်ား။ (ဇြန္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ၿဗိတိန္ႏုိင္ငံ Cornwall ၿမိဳ႕မွာ က်င္းပေနတဲ့ စက္မႈထိပ္သီး ၇ ႏုိင္ငံ G-7 ထိပ္သီးအစည္းအေဝးမွာ ဒီကေန႔ေဆြးေႏြးမယ့္ ႏုိင္ငံျခားေရး မူဝါဒဆိုင္ရာ အစီအစဥ္ထဲ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဆြးေႏြးၾကဖို႔ ရွိပါတယ္။

ၿဗိတိန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ဂ်ပန္နဲ႔ အေမရိကန္ျပည္ေထာင္စုက ေခါင္းေဆာင္ေတြရဲ႕ ဒီထိပ္သီးအစည္းအေဝးအတြင္း ဘဲလာ႐ုစ္ႏုိင္ငံမွာ ဒီမိုကေရစီေရး ေတာင္းဆိုတဲ့ ဆႏၵျပသူေတြကို ႏွိမ္နင္းၿဖိုခြဲတာ၊ ႐ုရွား၊ တ႐ုတ္ႏုိင္ငံတို႔နဲ႔ ဆက္ဆံေရး တင္းမာေနတဲ့ အေျခအေနေတြနဲ႔အတူ ျမန္မာ့အေရးကိုလည္း ထည့္သြင္း ေဆြးေႏြးၾကမွာပါ။

ၾသစေၾတးလ်၊ ေတာင္အာဖရိကနဲ႔ ေတာင္ကိုရီးယားႏုိင္ငံေတြက ေခါင္းေဆာင္ေတြ လူကိုယ္တိုင္ တက္ေရာက္ၿပီး ႏုိင္ငံျခားေရးမူဝါဒဆိုင္ရာနဲ႔ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာ ကိစၥရပ္ေတြကို G-7 ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးၾကမွာျဖစ္သလို အိႏိၵယေခါင္းေဆာင္ကေတာ့ အြန္လိုင္းကေန အစည္းအေဝး တက္ေရာက္မွာ ျဖစ္ပါတယ္။

G-7 ႏုိင္ငံေတြထဲမွာ ၿဗိတိန္၊ ကေနဒါနဲ႔ အေမရိကန္တို႔က ျမန္မာ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြ၊ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းေတြ၊ စစ္တပ္နဲ႔ဆက္စပ္တဲ့ စီးပြားေရးလုပ္ငန္းေတြကို ဒဏ္ခတ္အေရးယူမႈေတြ သီးျခားစီ ခ်မွတ္ထားပါတယ္။

ျပင္သစ္၊ ဂ်ာမနီနဲ႔ အီတလီတို႔က ဥေရာပသမဂၢ (EU) အဖြဲ႔ဝင္ႏုိင္ငံေတြ ျဖစ္ၾကၿပီး EU အေနနဲ႔ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈ အစီအစဥ္ထဲမွာ ပါဝင္ လုပ္ေဆာင္ထားပါတယ္။

ဂ်ပန္ႏုိင္ငံကေတာ့ သီးျခား ဒဏ္ခတ္အေရးယူမႈ ခ်မွတ္ထားတာမရွိဘဲ ျမန္မာႏိုင္ငံကို အစဥ္အဆက္ ေပးလာတဲ့ အကူအညီေတြ ေနာက္ထပ္ မေပးေတာ့ဘဲ ဆိုင္းငံ့ထားမယ္လုိ႔ ေၾကညာထားပါတယ္။

ျမန္မာႏုိင္ငံက အာဏာသိမ္းစစ္တပ္ကို ႏုိင္ငံတကာအေနနဲ႔ လက္နက္ခဲယမ္း ေရာင္းခ်တာ ပိတ္ပင္တားျမစ္ဖို႔ ေတာင္းဆိုတာေတြ ရွိထားေပမယ့္လည္း အခုခ်ိန္ထိေတာ့ အဲဒီလို အေရးယူမႈမ်ဳိးကို တညီတၫြတ္တည္း ခ်မွတ္ႏုိင္တာ မရွိေသးပါဘူး။

ျမန္မာစစ္ေကာင္စီအေပၚ ႏုိင္ငံတကာ အသိုင္းအဝုိင္းအေနနဲ႔ တညီတၫြတ္တည္း ဆန္႔က်င္ေၾကာင္း ျပသၾကဖို႔ အေမရိကန္ျပည္ေထာင္စုက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

G-7 ထိပ်သီးစည်းဝေးမှု မြန်မာ့အရေး ထည့်သွင်းဆွေးနွေးဖွယ်ရှိ

ဗြိတိန်နိုင်ငံ Cornwall မြို့မှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G-7 ထိပ်သီးအစည်းအဝေးမှာ ဒီကနေ့ဆွေးနွေးမယ့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အစီအစဉ်ထဲ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေရဲ့ ဒီထိပ်သီးအစည်းအဝေးအတွင်း ဘဲလာရုစ်နိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းဖြိုခွဲတာ၊ ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ အခြေအနေတွေနဲ့အတူ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးကြမှာပါ။

သြစတြေးလျ၊ တောင်အာဖရိကနဲ့ တောင်ကိုရီးယားနိုင်ငံတွေက ခေါင်းဆောင်တွေ လူကိုယ်တိုင် တက်ရောက်ပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို G-7 ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြမှာဖြစ်သလို အိန္ဒိယခေါင်းဆောင်ကတော့ အွန်လိုင်းကနေ အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။

G-7 နိုင်ငံတွေထဲမှာ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်တို့က မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ သီးခြားစီ ချမှတ်ထားပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့က ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပြီး EU အနေနဲ့ ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အစီအစဉ်ထဲမှာ ပါဝင် လုပ်ဆောင်ထားပါတယ်။

ဂျပန်နိုင်ငံကတော့ သီးခြား ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတာမရှိဘဲ မြန်မာနိုင်ငံကို အစဉ်အဆက် ပေးလာတဲ့ အကူအညီတွေ နောက်ထပ် မပေးတော့ဘဲ ဆိုင်းငံ့ထားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာအနေနဲ့ လက်နက်ခဲယမ်း ရောင်းချတာ ပိတ်ပင်တားမြစ်ဖို့ တောင်းဆိုတာတွေ ရှိထားပေမယ့်လည်း အခုချိန်ထိတော့ အဲဒီလို အရေးယူမှုမျိုးကို တညီတညွတ်တည်း ချမှတ်နိုင်တာ မရှိသေးပါဘူး။

မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြသကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG