သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ျပတ္သားစြာလုပ္ေဆာင္ဖို႔ G-7 ကို SAC-M ေတာင္းဆို


G-7 နိုင္ငံျခားေရး၀န္ၾကီးမ်ား အစည္းအ ေ၀း (ဓာတ္ပံု- ​Reuters)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးေတြကို အကာကြယ္ေပးဖို႔အတြက္ G-7 စက္မႈထိပ္သီး ၇ ႏိုင္ငံတို႔အေနနဲ႔ တိက်ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္လုပ္ေဆာင္ၾကဖို႔ SAC-M လို႔ ေခၚတဲ့ ျမန္မာ့အေရး အထူးအၾကံေပးေကာင္စီက ဒီကေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ့အေရးမွာ ကုလသမဂၢနဲ႔ အာဆီယံတို႔က ထိထိေရာက္ေရာက္မလုပ္ေဆာင္ႏိုင္ဘဲ လစ္ဟာေနတဲ့ေနရာမွာ G-7 ႏိုင္ငံေတြက ျဖည့္ဆည္း ေဆာင္ရြက္ေပးဖို႔ SAC-M က ေတာင္းဆိုလိုက္တာလည္း ျဖစ္ပါတယ္။
အခုသီတင္းပတ္ကုန္ပိုင္းမွာ G-7 အဖြဲ႔၀င္ေတြျဖစ္ၾကတဲ့ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ဂ်ပန္၊ ကေနဒါနဲ႔ အီတလီႏိုင္ငံတို႔က ေခါင္းေဆာင္ေတြ ၿဗိတိန္မွာ ထိပ္သီး စည္ေ၀းပြဲ က်င္းပမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အိႏၵိယ၊ ၾသစေတးလ်၊ ေတာင္ကိုရီးယားတို႔က ေခါင္းေဆာင္ေတြအျပင္ အီးယူ ဥေရာပသမဂၢအဖြဲ႔ရဲ႕ ကိုယ္စားလွယ္တို႔ဟာလည္း G-7 ေခါင္းေဆာင္ေတြနဲ႔ သီးျခားစီ ေတြ႕ဆုံၾကဖို႔ ရွိပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားအေရးယူမႈေတြ ခ်မွတ္တဲ့ေနရာမွာ G-7 ႏိုင္ငံေတြက ထိပ္ကေန ဦးေဆာင္ေနေၾကာင္း၊ ဒါေပမယ့္ ျမန္မာစစ္တပ္အတြက္ အဓိက ၀င္ေငြရေစတဲ့ ေရနံံနဲ႔ သဘာ၀ဓါတ္ေငြ႕လုပ္ငန္းေတြကိစၥ မပါ၀င္ေသးေၾကာင္း၊ ေဒၚလာ ဘီလီယံနဲ႔ခ်ီရရွိေနတဲ့ ၀င္ေငြလမ္းေၾကာင္းကို မပိတ္ဆို႔ႏိုင္ရင္ တျခား ဒဏ္ခတ္ ပိတ္ဆို႔မႈေတြဟာ အရာမေရာက္ဘဲ ျဖစ္သြားေစႏိုင္တယ္လို႔ SAC-M အဖြဲ႔၀င္ Yanghee Lee က ေျပာပါတယ္။ ဒါေၾကာင့္ ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်ေနတာပိတ္ဖို႔၊ ေငြ၀င္လမ္းေၾကာင္းပိတ္ဖို႔နဲ႔ ဒဏ္ခတ္ အေရးယူဖို႔ ဆိုတဲ့ ျဖတ္ ၃ ျဖတ္ကို တကမၻာလုံးက ခ်မွတ္လုပ္ေဆာင္ၾကဖို႔ SAC-M က တိုက္တြန္းထားပါတယ္။

ကမၻ႔ာေခါင္းေဆာင္ေတြ အခုလို ေတြ႕ဆုံေနခ်ိန္မွာပဲ ျမန္မာစစ္တပ္ဟာ ျမန္မာျပည္သူေတြအၾကား အေၾကာက္တရားေတြ ၀င္လာေအာင္ ဆက္လက္ လုပ္ေဆာင္ေနဆဲ ျဖစ္သလို ႏိုင္ငံတ၀န္း ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူေတြကို အၾကမ္းဖက္ ႏွိပ္ကြပ္ေနတာေၾကာင့္ မလိုလားအပ္တဲ့ ႀကီးမားလွတဲ့ လူသားစာနာမႈဆိုင္ရာ ေဘးဒုကၡ ပိုၿပီးႀကီးထြားလာေအာင္ လုပ္ေဆာင္ေနတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အခုလို ဆိုးရြားလွတဲ့ အေရးေပၚ အေျခအေနနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ဟာ ျမန္မာႏိုင္ငံကိုေရာ၊ အာရွ ေဒသတြင္းကိုပါ သြားေရာက္ျခင္း မရွိေသးတာကိုလည္း ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။
ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထား အေရးယူတာအပါအ၀င္ လက္နက္ တင္ပို႔ေရာင္းခ်မႈ ပိတ္ပင္ကန္႔သတ္မယ့္ ဆုံးျဖတ္ခ်က္ေတြ ကုလသမဂၢက မခ်ႏိုင္ေအာင္ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔က ဟန္႔တားထားတဲ့အတြက္ လုံျခံဳေရးေကာင္စီဟာလည္း ဘာမွ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူး ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့အရေး ပြတ်သားစွာလုပ်ဆောင်ဖို့ G-7 ကို SAC-M တောင်းဆို

(Unicode)
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အကာကွယ်ပေးဖို့အတွက် G-7 စက်မှုထိပ်သီး ၇ နိုင်ငံတို့အနေနဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ကြဖို့ SAC-M လို့ ခေါ်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေးမှာ ကုလသမဂ္ဂနဲ့ အာဆီယံတို့က ထိထိရောက်ရောက်မလုပ်ဆောင်နိုင်ဘဲ လစ်ဟာနေတဲ့နေရာမှာ G-7 နိုင်ငံတွေက ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ SAC-M က တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
အခုသီတင်းပတ်ကုန်ပိုင်းမှာ G-7 အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ကနေဒါနဲ့ အီတလီနိုင်ငံတို့က ခေါင်းဆောင်တွေ ဗြိတိန်မှာ ထိပ်သီး စည်ဝေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ၊ သြစတေးလျ၊ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေအပြင် အီးယူ ဥရောပသမဂ္ဂအဖွဲ့ရဲ့ ကိုယ်စားလှယ်တို့ဟာလည်း G-7 ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံကြဖို့ ရှိပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူမှုတွေ ချမှတ်တဲ့နေရာမှာ G-7 နိုင်ငံတွေက ထိပ်ကနေ ဦးဆောင်နေကြောင်း၊ ဒါပေမယ့် မြန်မာစစ်တပ်အတွက် အဓိက ဝင်ငွေရစေတဲ့ ရေနံံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကိစ္စ မပါဝင်သေးကြောင်း၊ ဒေါ်လာ ဘီလီယံနဲ့ချီရရှိနေတဲ့ ဝင်ငွေလမ်းကြောင်းကို မပိတ်ဆို့နိုင်ရင် တခြား ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ အရာမရောက်ဘဲ ဖြစ်သွားစေနိုင်တယ်လို့ SAC-M အဖွဲ့ဝင် Yanghee Lee က ပြောပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာပိတ်ဖို့၊ ငွေဝင်လမ်းကြောင်းပိတ်ဖို့နဲ့ ဒဏ်ခတ် အရေးယူဖို့ ဆိုတဲ့ ဖြတ် ၃ ဖြတ်ကို တကမ္ဘာလုံးက ချမှတ်လုပ်ဆောင်ကြဖို့ SAC-M က တိုက်တွန်းထားပါတယ်။

ကမ္ဘ့ာခေါင်းဆောင်တွေ အခုလို တွေ့ဆုံနေချိန်မှာပဲ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအကြား အကြောက်တရားတွေ ဝင်လာအောင် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို နိုင်ငံတဝန်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက် နှိပ်ကွပ်နေတာကြောင့် မလိုလားအပ်တဲ့ ကြီးမားလှတဲ့ လူသားစာနာမှုဆိုင်ရာ ဘေးဒုက္ခ ပိုပြီးကြီးထွားလာအောင် လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဆိုးရွားလှတဲ့ အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံကိုရော၊ အာရှ ဒေသတွင်းကိုပါ သွားရောက်ခြင်း မရှိသေးတာကိုလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူတာအပါအဝင် လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်မယ့် ဆုံးဖြတ်ချက်တွေ ကုလသမဂ္ဂက မချနိုင်အောင် တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဟန့်တားထားတဲ့အတွက် လုံခြုံရေးကောင်စီဟာလည်း ဘာမှ လုပ်ဆောင်နိုင်စွမ်းမရှိဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG