သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ေရာက္ သမၼတ Joe Biden ဝန္ႀကီးခ်ဳပ္ Johnson နဲ႔ ေတြ႔ဆံုေဆြးေႏြး


G-7 ထိပ္သီးေဆြးေႏြးပြဲ အတြက္ အဂၤလန္သို ့ေရာက္ရွိေန ေသာ သမၼတ ဘိုင္ဒန္ ( ဓာတ္ပံု-(AP Photo/Patrick Semansky)

(Zawgyi/Unicode)
အေမရိကန္သမၼတ Joe Biden ဟာ ဒီကေန႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ G-7 စက္မႈထိပ္သီး အစည္းအေဝးက်င္းပမယ့္ အဂၤလန္အေနာက္ေတာင္ပိုင္းကမ္းေျခ Cornwall ၿမိဳ႕မွာ ေတြ႕ဆုံပါတယ္။ ဥေရာပ ခရီးစဥ္အတြင္း ႐ုရွားသမၼတ Vladimir Putin အပါအဝင္ တျခား အေနာက္ႏိုင္ငံေတြက ေခါင္းေဆာင္ေတြနဲ႔လည္း သမၼတ Biden ေတြ႕ဆုံဖို႔ ရွိပါတယ္။

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံထဲက ၿဗိတိန္ခြဲထြက္ေရး Brexit ကိစၥကို အရင္က သမၼတေဟာင္း အိုဘားမားလက္ထက္၊ သမၼတ Biden ဒုသမၼတအျဖစ္ တာဝန္ယူခဲ့တဲ့အခ်ိန္ အေမရိကန္ျပည္ေထာင္စုနဲ႔ ၿဗိတိန္အၾကား သေဘာထား ကြဲလြဲခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခု Joe Biden သမၼတအျဖစ္ တာဝန္ယူခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ Johnson နဲ႔ ဒီကိစၥ ဘယ္လို သေဘာထား ေျပာဆိုမလဲ ကမာၻက ေစာင့္ၾကည့္ေနပါတယ္။
ဥေရာပသမဂၢက ၿဗိတိန္ ခြဲထြက္မယ္ဆိုရင္ ၁၉၉၈ ခုႏွစ္က ရခဲ့တဲ့ ေျမာက္ပိုင္းအိုင္ယာလန္မွာ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး Good Friday Agreement ကို ထိခိုက္မွာ အိုင္ယာလန္ အဆက္အႏြယ္က ဆင္းသက္လာသူ တဦးျဖစ္တဲ့ သမၼတ Joe Biden က စိုးရိမ္ခဲ့ပါတယ္။

ၿဗိတိန္ခြဲထြက္ေရး Brexit သေဘာတူညီခ်က္အရ ေျမာက္ပိုင္းအိုင္ယာလန္ဟာ တခုတည္းေသာ ဥေရာပ ေဈးကြက္ရဲ႕ အစိတ္အပိုင္းတခုအျဖစ္ ဆက္လက္က်န္ေနမွာျဖစ္ၿပီး နယ္ျခား အေကာက္ခြန္ဌာနေတြ တည္ေထာင္ခြင့္ရွိပါတယ္။ သမၼတ Biden အစိုးရကေတာ့ ဥေရာပသမဂၢက ၿဗိတိန္ခြဲထြက္တာဟာ အိုင္ယာလန္ၿငိမ္းခ်မ္းေရး ေမွ်ာ္မွန္းခ်က္ေတြကို မထိခိုက္ဖို႔ အေရးႀကီးတယ္ဆိုၿပီး ေျပာဆိုေနတာပါ။
သမၼတ Biden ဟာ မေန႔က ၿဗိတိန္ႏိုင္ငံကို ေရာက္တယ္ဆိုရင္ပဲ အဂၤလန္ႏိုင္ငံ Suffolk အေျခစိုက္ Mildenhall ေတာ္ဝင္ေလတပ္မွာရွိတဲ့ အေမရိကန္တပ္သားေတြကို ေတြ႕ဆုံ မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။

......................................................................................

ဗြိတိန်ရောက် သမ္မတ Joe Biden ဝန်ကြီးချုပ် Johnson နဲ့ တွေ့ဆုံဆွေးနွေး

(Unicode)
အမေရိကန်သမ္မတ Joe Biden ဟာ ဒီကနေ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ G-7 စက်မှုထိပ်သီး အစည်းအဝေးကျင်းပမယ့် အင်္ဂလန်အနောက်တောင်ပိုင်းကမ်းခြေ Cornwall မြို့မှာ တွေ့ဆုံပါတယ်။ ဥရောပ ခရီးစဉ်အတွင်း ရုရှားသမ္မတ Vladimir Putin အပါအဝင် တခြား အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သမ္မတ Biden တွေ့ဆုံဖို့ ရှိပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံထဲက ဗြိတိန်ခွဲထွက်ရေး Brexit ကိစ္စကို အရင်က သမ္မတဟောင်း အိုဘားမားလက်ထက်၊ သမ္မတ Biden ဒုသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့အချိန် အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်အကြား သဘောထား ကွဲလွဲခဲ့ပါတယ်။ ဒါကြောင့်လည်း အခု Joe Biden သမ္မတအဖြစ် တာဝန်ယူချိန်မှာ ဝန်ကြီးချုပ် Johnson နဲ့ ဒီကိစ္စ ဘယ်လို သဘောထား ပြောဆိုမလဲ ကမ္ဘာက စောင့်ကြည့်နေပါတယ်။
ဥရောပသမဂ္ဂက ဗြိတိန် ခွဲထွက်မယ်ဆိုရင် ၁၉၉၈ ခုနှစ်က ရခဲ့တဲ့ မြောက်ပိုင်းအိုင်ယာလန်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး Good Friday Agreement ကို ထိခိုက်မှာ အိုင်ယာလန် အဆက်အနွယ်က ဆင်းသက်လာသူ တဦးဖြစ်တဲ့ သမ္မတ Joe Biden က စိုးရိမ်ခဲ့ပါတယ်။

ဗြိတိန်ခွဲထွက်ရေး Brexit သဘောတူညီချက်အရ မြောက်ပိုင်းအိုင်ယာလန်ဟာ တခုတည်းသော ဥရောပ ဈေးကွက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဆက်လက်ကျန်နေမှာဖြစ်ပြီး နယ်ခြား အကောက်ခွန်ဌာနတွေ တည်ထောင်ခွင့်ရှိပါတယ်။ သမ္မတ Biden အစိုးရကတော့ ဥရောပသမဂ္ဂက ဗြိတိန်ခွဲထွက်တာဟာ အိုင်ယာလန်ငြိမ်းချမ်းရေး မျှော်မှန်းချက်တွေကို မထိခိုက်ဖို့ အရေးကြီးတယ်ဆိုပြီး ပြောဆိုနေတာပါ။
သမ္မတ Biden ဟာ မနေ့က ဗြိတိန်နိုင်ငံကို ရောက်တယ်ဆိုရင်ပဲ အင်္ဂလန်နိုင်ငံ Suffolk အခြေစိုက် Mildenhall တော်ဝင်လေတပ်မှာရှိတဲ့ အမေရိကန်တပ်သားတွေကို တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG