သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈ G7 ႐ႈတ္ခ်


G7 ထိပ္သီးအစည္းအေဝး တက္ေရာက္တဲ့ ကမၻာ့ေခါင္းေဆာင္မ်ား။ (ဇြန္ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းတာကိုေရာ အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီရဲ႕ လံုၿခံဳေရးတပ္ဖြဲ႔ေတြက အရပ္သားျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြကိုပါ G7 စက္မႈထိပ္သီး ၇ ႏိုင္ငံ ေခါင္းေဆာင္ေတြက ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ခဲ့ၾကပါတယ္။

ၿဗိတိန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Cornwall က Carbis ကမ္းေျခမွာ ဇြန္လ ၁၁ ရက္ကေန ၁၃ ရက္ေန႔အထိ ၃ ရက္တာ က်င္းပခဲ့တဲ့ G7 ထိပ္သီးအစည္းအေဝးအၿပီး တနဂၤေႏြေန႔မွာ G7 ေခါင္းေဆာင္ေတြက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့တာ ျဖစ္ေၾကာင္း အိႏၵိယ ANI သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာနဲ႔ ျမန္မာလံုၿခံဳေရးတပ္ဖြ႔ဲေတြရဲ႕ အၾကမ္းဖက္မႈေတြကို အျပင္းထန္ဆံုး အသံုးအႏႈန္းနဲ႔ ႐ႈတ္ခ်လိုက္ေၾကာင္းနဲ႔ Carbis Bay ေၾကညာစာတမ္းမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ တရားလက္လြတ္ ဖမ္းဆီးထားသူေတြကို အျမန္ျပန္ၿပီးလႊတ္ေပးဖို႔ပါ ေတာင္းဆိုလိုက္ၿပီး ျမန္မာႏုိင္ငံမွာ တည္ၿငိမ္မႈနဲ႔ ဒီမိုကေရစီ ရရွိေရးအတြက္ ၿငိမ္းခ်မ္းစြာ ေဆာင္ရြက္မႈကို ေထာက္ခံပံ့ပိုးမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာ့အေရးအတြက္ အာဆီယံက အဓိကက႑ကေန လုပ္ေဆာင္ဖို႔ ထပ္မံေတာင္းဆိုလိုက္သလို အာဆီယံက ရရွိထားတဲ့ ျမန္မာႏုိင္ငံဆိုင္ရာ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို ေထာက္ခံၿပီး ဒါကို အျမန္ အေကာင္အထည္ေဖာ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္အတြက္ လက္နက္ေရာင္းခ်တာ၊ အေထာက္အကူ ေပးတာေတြ မလုပ္ဖုိ႔ ထပ္မံကတိျပဳလိုက္ၿပီး စီးပြားေရးလုပ္ငန္းရွင္ေတြ အေနနဲ႔လည္း အလားတူလုပ္ေဆာင္ဖုိ႔ တိုက္တြန္းခဲ့ပါတယ္။

G7 ႏိုင္ငံေတြအေနနဲ႔ ျမန္မာႏုိင္ငံတိုးတက္ဖို႔ လိုအပ္တဲ့ ေနာက္ထပ္ အေရးယူ ေဆာင္ရြက္မႈေတြကို ညီညီညြတ္ညြတ္နဲ႔ လုပ္ေဆာင္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံက လိုအပ္ေနတဲ့သူေတြ ေနရပ္စြန္႔ခြါ ထြက္ေျပးရသူေတြအတြက္ အေႏွာင္ဖြဲ႔ကင္းတဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးခြင့္ျပဳဖုိ႔လည္း ေတာင္းဆိုလိုက္ပါတယ္။

လူကိုယ္တုိင္ တက္ေရာက္ၾကတဲ့ ဒီထိပ္သီးအစည္းအေဝးကို G7 အဖြဲ႔ဝင္ေတြျဖစ္ၾကတဲ့ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ဂ်ပန္၊ ကေနဒါနဲ႔ အီတလီႏိုင္ငံတို႔က ေခါင္းေဆာင္ေတြအျပင္ ၾသစေၾတးလ်၊ ေတာင္အာဖရိကနဲ႔ ေတာင္ကိုရီးယား ေခါင္းေဆာင္ေတြပါ တက္ေရာက္ခဲ့တာျဖစ္ၿပီး အိႏၵိယကေတာ့ အြန္လိုင္းကေန တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာစစ္အာဏာသိမ္းမႈ G7 ႐ႈတ္ခ်
please wait

No media source currently available

0:00 0:01:58 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြန်မာစစ်အာဏာသိမ်းမှု G7 ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကိုရော အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကိုပါ G7 စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း Cornwall က Carbis ကမ်းခြေမှာ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး တနင်္ဂနွေနေ့မှာ G7 ခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာ ဖြစ်ကြောင်း အိန္ဒိယ ANI သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ မြန်မာလုံခြုံရေးတပ်ဖွ့ဲတွေရဲ့ အကြမ်းဖက်မှုတွေကို အပြင်းထန်ဆုံး အသုံးအနှုန်းနဲ့ ရှုတ်ချလိုက်ကြောင်းနဲ့ Carbis Bay ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားလက်လွတ် ဖမ်းဆီးထားသူတွေကို အမြန်ပြန်ပြီးလွှတ်ပေးဖို့ပါ တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်မှုကို ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံက အဓိကကဏ္ဍကနေ လုပ်ဆောင်ဖို့ ထပ်မံတောင်းဆိုလိုက်သလို အာဆီယံက ရရှိထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံပြီး ဒါကို အမြန် အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချတာ၊ အထောက်အကူ ပေးတာတွေ မလုပ်ဖို့ ထပ်မံကတိပြုလိုက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း အလားတူလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

G7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတိုးတက်ဖို့ လိုအပ်တဲ့ နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေကို ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လိုအပ်နေတဲ့သူတွေ နေရပ်စွန့်ခွါ ထွက်ပြေးရသူတွေအတွက် အနှောင်ဖွဲ့ကင်းတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။

လူကိုယ်တိုင် တက်ရောက်ကြတဲ့ ဒီထိပ်သီးအစည်းအဝေးကို G7 အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ကနေဒါနဲ့ အီတလီနိုင်ငံတို့က ခေါင်းဆောင်တွေအပြင် သြစတြေးလျ၊ တောင်အာဖရိကနဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့တာဖြစ်ပြီး အိန္ဒိယကတော့ အွန်လိုင်းကနေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG