သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံျခားေရးဝန္ႀကီးေတြ ျမန္မာ့အေရး ထည့္သြင္းေဆြးေႏြး


အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken (ဝဲ) နဲ႔ ေတာင္ကုိရီးယား ႏုိင္ငံျခားေရးဝန္ႀကီး Chung Eui-yong. (မတ္ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ၿဗိတိန္ႏုိင္ငံ၊ Cornwall ၿမိဳ႕မွာ က်င္းပေနတဲ့ G-7 စက္မႈထိပ္သီး ၇ ႏုိင္ငံရဲ႕ ထိပ္သီးစည္းေဝးပြဲ ျပင္ပမွာ သီးျခားျပဳလုပ္တဲ့ စည္းေဝးပြဲအတြင္း ေဒသတြင္း တျခားကိစၥရပ္ေတြ အပါအဝင္ ျမန္မာႏုိင္ငံ ဒီမုိကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေရး ပူးေပါင္းလုပ္ေဆာင္ၾကဖုိ႔ အေရးႀကီးေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ေတာင္ကုိရီးယား ႏုိင္ငံျခားေရးဝန္ႀကီး Chung Eui-Yong တုိ႔ ဇြန္လ ၁၂ ရက္၊ စေနေန႔က ေဆြးေႏြးခဲ့ၾကတယ္လုိ႔ အေမရိကန္ ႏုိင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလုိက္တဲ့ကိစၥနဲ႔ ပတ္သက္လုိ႔ ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္လုိ႔ G-7 စက္မႈအင္အားႀကီး ၇ ႏုိင္ငံက ကူညီေျဖရွင္းေပးဖုိ႔ ျပည္တြင္းျပည္ပမွာရွိတဲ့ ျမန္မာ့ဒီမုိကေရစီ အင္အားစုေတြက ေတာင္းဆုိေနၾကတဲ့ အခ်ိန္မွာပဲ အေမရိကန္နဲ႔ ေတာင္ကုိရီးယား ႏုိင္ငံျခားေရးဝန္ႀကီးေတြ အခုလုိ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ဇြန္လ ၁၂ ရက္၊ စေနေန႔ကေတာ့ ၿဗိတိန္မွာ ေရာက္ေနၾကတဲ့ ျမန္မာမိသားစုေတြအျပင္ တျခား ဥေရာပႏုိင္ငံေတြနဲ႔ အေမရိကန္ျပည္ေထာင္စုတုိ႔မွာ ရွိေနၾကတဲ့ ျမန္မာ့ဒီမုိကေရစီအေရး လုိလားသူေတြက ႏုိင္ငံတကာေရးရာ ကိစၥရပ္ေတြကုိ ကုိင္တြယ္ရာမွာ ျမန္မာ့အေရးကုိလည္း ဦးစားေပး ေဆာင္ရြက္ေပးဖုိ႔ ေတာင္းဆုိ ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ ကုိရီးယားကၽြန္းဆြယ္ကုိ ႏ်ဴကလီးယားကင္းမဲ့ဇုန္ ျဖစ္ေရးကိစၥ အေမရိကန္၊ ေတာင္ကုိရီးယားနဲ႔ ဂ်ပန္ႏုိင္ငံတုိ႔ အနီးကပ္ ပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ ထပ္ေလာင္း ကတိျပဳခဲ့ၾကတယ္လုိ႔လည္း အေမရိကန္ ႏုိင္ငံျခားေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

ဗြိတိန်နိုင်ငံ၊ Cornwall မြို့မှာ ကျင်းပနေတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ သီးခြားပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း ဒေသတွင်း တခြားကိစ္စရပ်တွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-Yong တို့ ဇွန်လ ၁၂ ရက်၊ စနေနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ G-7 စက်မှုအင်အားကြီး ၇ နိုင်ငံက ကူညီဖြေရှင်းပေးဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တောင်းဆိုနေကြတဲ့ အချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်၊ စနေနေ့ကတော့ ဗြိတိန်မှာ ရောက်နေကြတဲ့ မြန်မာမိသားစုတွေအပြင် တခြား ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေက နိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ မြန်မာ့အရေးကိုလည်း ဦးစားပေး ဆောင်ရွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုန် ဖြစ်ရေးကိစ္စ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်လောင်း ကတိပြုခဲ့ကြတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG