သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပညာေရးဆိုင္ရာေနရာဌာန ၁၀၀ ထက္မနည္း ေမလအတြင္းတိုက္ခိုက္ခံရ - Save the Children


(Zawgyi/Unicode)
ျမန္မာႏိုင္ငံက စာသင္ေက်ာင္းနဲ႔ ပညာေရးအေဆာက္အဦး ၁၀၀ ထက္မနည္း ေမလ တလတည္းမွာတင္ ေဖာက္ခဲြတိုက္ခိုက္ခံရလို႔ ထိခိုက္ ပ်က္စီးခဲ့တယ္လို႔ ကေလးသူငယ္ ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ Save the Children က ဒီေန႔ ဇြန္လ ၁၁ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတဝန္းက ေက်ာင္းနဲ႔၊ တကၠသိုလ္ေက်ာင္းဝန္း ၆၀ ထက္မနည္းမွာလည္း စစ္တပ္က ဝင္ေရာက္တပ္စြဲထားတယ္လုိ႔ ေထာက္ျပထားပါတယ္။ ခုလို စာသင္ခန္းေတြအေပၚ တိုက္ခိုက္ေနမႈကို ပညာေရးအသိုင္းအဝိုင္းကလည္း ျပစ္တင္ရႈံ႔ခ်ေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းအျပည့္အစံုကို ကိုရန္ႏုိင္ကေျပာျပပါမယ္။

ေမလ ၁ လထဲမွာတင္ စာသင္ေက်ာင္းနဲ႔ ပညာေရးအေဆာက္အဦး ၁၀၃ ခု ေဖာက္ခဲြတိုက္ခိုက္ခံရလုိ႔ ပ်က္စီးထိခိုက္ခဲ့တယ္လို႔ ကေလးသူငယ္ ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ Save the Children ကေျပာပါတယ္။ ဒီေန႔ ဇြန္လ ၁၁ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္မွာ စာသင္ေက်ာင္းေတြ တကၠသိုလ္ေက်ာင္းဝန္းေတြထဲမွာ လက္နက္ကိုင္ တပ္ဖဲြ႔ေတြ ဝင္ေရာက္တပ္စြဲထားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ေက်ာင္းေတြနဲ႔ ေက်ာင္းနားဝန္းက်င္မွာ ေပါက္ကြဲမႈေတြေၾကာင့္ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ဆရာ ဆရာမေတြအတြက္ အႏၱရာယ္ စိုးရိမ္စရာျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။

ႏိုင္ငံတဝန္းျဖစ္ေနတဲ့ ေပါက္ကြဲမႈေတြေၾကာင့္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသူေတြ႐ွိသလို တခ်ဳိ႕ ပညာေရးဆိုင္ရာ အေဆာက္အဦေတြ ဆိုးဆိုး႐ြား႐ြား ပ်က္စီးတယ္ဆိုတဲ့သတင္းေတြ သိရတယ္လို႔လည္း ေျပာထားပါတယ္။
ကေလးေတြကို အႏၲရာယ္ျဖစ္ႏိုင္တဲ့ ဒီတိုက္ခိုက္မႈေတြဟာ အင္မတန္ စိတ္ပ်က္စရာျဖစ္ေၾကာင္း Save the Children ကေျပာပါတယ္။ စာသင္ခန္းေတြထဲမွာ လက္နက္ကိုင္ထားတဲ့ စစ္သားပုံေတြ ျမင္ေတြ႕ရတဲ့အေပၚ သိပ္ကို စိုးရိမ္တယ္လို႔လည္း ဒီထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။

ဒါနဲ႔ပတ္သက္လို႔ Save the Children ျပည္တြင္းတာဝန္ခံရဲ႕ သေဘာထားကို VOA က ဆက္သြယ္ ေမးျမန္းရာမွာေတာ့ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးထားတဲ့အတိုင္း ျဖစ္တယ္လို႔သာ မွတ္ခ်က္ေပးပါတယ္။

ျမန္မာႏိုင္ငံတဝန္းက အေျခခံပညာေက်ာင္းနဲ႔ တကၠသိုလ္ စုစုေပါင္း ၆၀ ထက္မနည္းမွာ စစ္တပ္ေတြ ဝင္ေရာက္ တပ္စြဲထားတယ္လို႔ ဒီအဖဲြ႔က ေျပာထားပါတယ္။
ဒီအေျခအေနဟာ ႏိုင္ငံတကာစံႏႈန္းေတြနဲ႔ မကိုက္ညီေၾကာင္း ကေလးအခြင့္အေရးနဲ႔ ပညာေရးဆိုင္ရာ အရပ္ဘက္အဖြဲ႕တခုက ကိုပီတာက ေျပာပါတယ္။
“Save the Children ရဲ႕ ထုတ္ျပန္ခ်က္ေတြကို ၾကည့္မယ္ဆိုရင္ ႏိုင္ငံတကာစံႏႈန္းနဲ႔ ေျပာရင္ေတာ့ အခုလိုေက်ာင္းထဲမွာ လက္နက္ကိုင္ အဖြဲ႕အစည္းေတြက လုံၿခဳံေရး ျပန္ယူပါတယ္ ဆိုၿပီးေတာ့မွ ေက်ာင္းတြင္းထဲမွာ ေနတာေတာ့ လက္ခံႏိုင္စရာ မရွိဘူးေပါ့။ ေစာင့္ေရွာက္ရာ မေရာက္ဘဲနဲ႔ ေနာက္ဆုံး သူတို႔ေၾကာင့္မို႔ေတာင္မွ အထိအခိုက္ ပိုေတာ့ျဖစ္ႏိုင္တယ္၊ ျဖစ္သြားမွာ။ ဒါေၾကာင့္မို႔လည္း UNICEF ေရာ က်ေနာ္တို႔ ကေလးသူငယ္ အခြင့္အေရးနဲ႔ လႈပ္ရွားသူ ဘယ္သူမဆိုကေတာ့ ဒါကို ကန႔္ကြက္မွာပါပဲ။”

ကေလးေတြ ပညာသင္ယူေနတဲ့ အဝန္းအဝိုင္းဟာ လုံၿခဳံစိတ္ခ်မႈ႐ွိသင့္ၿပီး ဘယ္လိုအေျခအေနမ်ိဳးမွာမွ ပစ္မွတ္ထား တိုက္ခိုက္ခံရတာေတြ မျဖစ္သင့္ေၾကာင္း Save the Children ကေထာက္ျပထားပါတယ္။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ပညာေရးတကၠသိုလ္ ဆရာ၊ ဆရာမမ်ား သမဂၢက စိုင္းေနာ္လင္းကလည္း တိုက္ခုိက္မႈေတြအေပၚ ရႈံ႕ခ်တယ္လို႔ ေျပာပါတယ္။
“က်ေနာ္တို႔က ေက်ာင္းမတက္ဖို႔ဆိုတာ တိုက္တြန္းခ်က္ပဲရွိတာ၊ ဒါေပမဲ့ က်ေနာ္တို႔က ယုတ္မာတဲ့အထဲမွာေတာ့ မပါဘူး။ က်ေနာ္ ယုံၾကည္တယ္။ အဲဒီေတာ့ ဗုံးေတြလန႔္တာတို႔ ဘာတို႔သည္ တမင္လုပ္ေနတာလို႔ပဲ က်ေနာ္က ယူဆတယ္။ တကယ္လို႔ အဲလိုစဥ္းစားေနတာရွိလည္း က်ေနာ္တို႔ကေတာ့ စာသင္ေက်ာင္းေတြကို မလုပ္ဖို႔အတြက္ေတာ့ ေတာင္းဆိုခ်င္တယ္ ဘယ္သူပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ။”

ေဘးကင္းလံုၿခံဳမႈမ႐ွိတဲ့ အေျခအေနေအာက္မွာ ပညာသင္ယူရမယ္ဆိုရင္ အႏွစ္သာရျပည့္ဝတဲ့ ပညာေရးကို ရႏိုင္မွာ မဟုတ္ဘူးလို႔ ပညာေရးအသိုင္းအဝိုင္းက ေျပာေနပါတယ္။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အေျခခံပညာေရးလုပ္သားသမဂၢမ်ား ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီက ေဒၚသက္ဆုလႈိင္ ကလည္း ေက်ာင္းသားေတြ စိတ္ဒဏ္ရာရႏိုင္တဲ့ အေျခအေနမ်ဳိးျဖစ္တယ္လို႔ ေျပာပါတယ္။

“ေက်ာင္းမတက္ဖို႔ မိဘကို ျငင္းလို႔ကန႔္လို႔ မရတဲ့အခါက်ေတာ့ သူတို႔ အတင္း ေက်ာင္းပို႔ခံရတယ္။ မိဘနဲ႔ သားသမီးၾကားမွာ နားလည္မႈလြဲၿပီး ပထမ အိမ္ကေပးလိုက္တဲ့ စိတ္ဒဏ္ရာကို ကေလးေတြရတယ္။ ေက်ာင္းဝင္းထဲ ေရာက္တဲ့အခါမွာလည္း ခါတိုင္းစာသင္ႏွစ္ေတြဆိုရင္ ဆရာ၊ ဆရာမေတြက ဂိတ္ဂ်ဴတီေစာင့္တယ္။ ေနာက္ လမ္းကူးတာေတြ ဘာေတြ အႏၲရာယ္မျဖစ္ေအာင္ ၾကည့္ေပးၾကတယ္။ ေက်ာင္းထဲေရာက္တာနဲ႔ ကိုယ့္ဆရာ၊ ဆရာမနဲ႔ ကိုယ့္သူငယ္ခ်င္းနဲ႔ ကိုယ့္ညီအစ္ကို ေမာင္ႏွမေတြပဲရွိတယ္။ အခုအေျခအေနႀကီးက မတူဘူး၊ ေက်ာင္းထဲေရာက္လိုက္ေတာ့ သူငယ္ခ်င္းေတြကလည္း လူမစုံေတာ့ဘူး။ ေက်ာင္းေပါက္ဝမွာကတည္းက သဲအိတ္ႀကီးေတြ၊ သံဆူးႀကိဳးႀကီးေတြနဲ႔ ၿပီးေတာ့ လက္နက္ေတြ ကိုင္ၿပီးေတာ့ ယူနီေဖာင္းအျပည့္နဲ႔ စစ္သားေတြ၊ ရဲေတြက ေစာင့္ေနၾကတယ္ ဆိုတဲ့အခါက်ေတာ့ ဒီလိုေတြေစာင့္လိုက္လို႔ ကေလးရဲ႕ စိတ္ထဲမွာ ပိုၿပီးလုံၿခဳံသြားတာ မဟုတ္ဘူး၊ ပိုၿပီး စိုးရိမ္သြားတာ။”

ၿမိဳ႕ေပၚေတြမွာ ေက်ာင္းတက္ေရး၊ မတက္ေရး အယူအဆေတြ အားၿပိဳင္ေနခ်ိန္မွာ၊ တိုက္ပဲြေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေရွာင္ေနရတဲ့ ကေလးေတြအတြက္ေတာ့ စာသင္ခန္းထဲသြားဖုိ႔ အေျခအေန မျမင္ရေသးပါဘူး။
ဇြန္လ ၁ ရက္ေန႔က ျပန္ဖြင့္ေနတဲ့ အေျခခံပညာေက်ာင္းေတြမွာ ဒီႏွစ္ေက်ာင္းျပန္တက္ေနၾကတဲ့ ေက်ာင္းသားအေရအတြက္ ေယဘုယ်အားျဖင့္ တႏိုင္ငံလံုးမွာ သိသိသာသာ နည္းပါးပါတယ္။ ရခိုင္ျပည္နယ္မွာေတာ့ လုံၿခဳံေရးအရ ပိတ္ထားတဲ့ ေက်ာင္း ၂၀၀ ေလာက္ကလြဲလို႔ ေက်ာင္းေပါင္း ၃,၀၀၀ ေက်ာ္မွာ ေက်ာင္းတက္ေနၾကသူ ရာႏႈန္းျပည့္နီးပါးျဖစ္တယ္လို႔ ျပည္နယ္ပညာေရးတာဝန္႐ွိသူက ဗီြအိုေအကို ေျပာထားပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


ပညာရေးဆိုင်ရာနေရာဌာန ၁၀၀ ထက်မနည်း မေလအတွင်းတိုက်ခိုက်ခံရ - Save the Children

(Unicode)
မြန်မာနိုင်ငံက စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦး ၁၀၀ ထက်မနည်း မေလ တလတည်းမှာတင် ဖောက်ခွဲတိုက်ခိုက်ခံရလို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ကလေးသူငယ် ကူညီစောင့်ရှောက်ရေးအဖွဲ့ Save the Children က ဒီနေ့ ဇွန်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတဝန်းက ကျောင်းနဲ့၊ တက္ကသိုလ်ကျောင်းဝန်း ၆၀ ထက်မနည်းမှာလည်း စစ်တပ်က ဝင်ရောက်တပ်စွဲထားတယ်လို့ ထောက်ပြထားပါတယ်။ ခုလို စာသင်ခန်းတွေအပေါ် တိုက်ခိုက်နေမှုကို ပညာရေးအသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုံ့ချနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကို ကိုရန်နိုင်ကပြောပြပါမယ်။

မေလ ၁ လထဲမှာတင် စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦး ၁၀၃ ခု ဖောက်ခွဲတိုက်ခိုက်ခံရလို့ ပျက်စီးထိခိုက်ခဲ့တယ်လို့ ကလေးသူငယ် ကူညီစောင့်ရှောက်ရေးအဖွဲ့ Save the Children ကပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ စာသင်ကျောင်းတွေ တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ကျောင်းတွေနဲ့ ကျောင်းနားဝန်းကျင်မှာ ပေါက်ကွဲမှုတွေကြောင့် ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေအတွက် အန္တရာယ် စိုးရိမ်စရာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

နိုင်ငံတဝန်းဖြစ်နေတဲ့ ပေါက်ကွဲမှုတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေရှိသလို တချို့ ပညာရေးဆိုင်ရာ အဆောက်အဦတွေ ဆိုးဆိုးရွားရွား ပျက်စီးတယ်ဆိုတဲ့သတင်းတွေ သိရတယ်လို့လည်း ပြောထားပါတယ်။
ကလေးတွေကို အန္တရာယ်ဖြစ်နိုင်တဲ့ ဒီတိုက်ခိုက်မှုတွေဟာ အင်မတန် စိတ်ပျက်စရာဖြစ်ကြောင်း Save the Children ကပြောပါတယ်။ စာသင်ခန်းတွေထဲမှာ လက်နက်ကိုင်ထားတဲ့ စစ်သားပုံတွေ မြင်တွေ့ရတဲ့အပေါ် သိပ်ကို စိုးရိမ်တယ်လို့လည်း ဒီထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

ဒါနဲ့ပတ်သက်လို့ Save the Children ပြည်တွင်းတာဝန်ခံရဲ့ သဘောထားကို VOA က ဆက်သွယ် မေးမြန်းရာမှာတော့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားတဲ့အတိုင်း ဖြစ်တယ်လို့သာ မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံတဝန်းက အခြေခံပညာကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၆၀ ထက်မနည်းမှာ စစ်တပ်တွေ ဝင်ရောက် တပ်စွဲထားတယ်လို့ ဒီအဖွဲ့က ပြောထားပါတယ်။
ဒီအခြေအနေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီကြောင်း ကလေးအခွင့်အရေးနဲ့ ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့တခုက ကိုပီတာက ပြောပါတယ်။
“Save the Children ရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာစံနှုန်းနဲ့ ပြောရင်တော့ အခုလိုကျောင်းထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေက လုံခြုံရေး ပြန်ယူပါတယ် ဆိုပြီးတော့မှ ကျောင်းတွင်းထဲမှာ နေတာတော့ လက်ခံနိုင်စရာ မရှိဘူးပေါ့။ စောင့်ရှောက်ရာ မရောက်ဘဲနဲ့ နောက်ဆုံး သူတို့ကြောင့်မို့တောင်မှ အထိအခိုက် ပိုတော့ဖြစ်နိုင်တယ်၊ ဖြစ်သွားမှာ။ ဒါကြောင့်မို့လည်း UNICEF ရော ကျနော်တို့ ကလေးသူငယ် အခွင့်အရေးနဲ့ လှုပ်ရှားသူ ဘယ်သူမဆိုကတော့ ဒါကို ကန့်ကွက်မှာပါပဲ။”

ကလေးတွေ ပညာသင်ယူနေတဲ့ အဝန်းအဝိုင်းဟာ လုံခြုံစိတ်ချမှုရှိသင့်ပြီး ဘယ်လိုအခြေအနေမျိုးမှာမှ ပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေ မဖြစ်သင့်ကြောင်း Save the Children ကထောက်ပြထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂက စိုင်းနော်လင်းကလည်း တိုက်ခိုက်မှုတွေအပေါ် ရှုံ့ချတယ်လို့ ပြောပါတယ်။
“ကျနော်တို့က ကျောင်းမတက်ဖို့ဆိုတာ တိုက်တွန်းချက်ပဲရှိတာ၊ ဒါပေမဲ့ ကျနော်တို့က ယုတ်မာတဲ့အထဲမှာတော့ မပါဘူး။ ကျနော် ယုံကြည်တယ်။ အဲဒီတော့ ဗုံးတွေလန့်တာတို့ ဘာတို့သည် တမင်လုပ်နေတာလို့ပဲ ကျနော်က ယူဆတယ်။ တကယ်လို့ အဲလိုစဉ်းစားနေတာရှိလည်း ကျနော်တို့ကတော့ စာသင်ကျောင်းတွေကို မလုပ်ဖို့အတွက်တော့ တောင်းဆိုချင်တယ် ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ဗျာ။”

ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ပညာသင်ယူရမယ်ဆိုရင် အနှစ်သာရပြည့်ဝတဲ့ ပညာရေးကို ရနိုင်မှာ မဟုတ်ဘူးလို့ ပညာရေးအသိုင်းအဝိုင်းက ပြောနေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဒေါ်သက်ဆုလှိုင် ကလည်း ကျောင်းသားတွေ စိတ်ဒဏ်ရာရနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ပြောပါတယ်။

“ကျောင်းမတက်ဖို့ မိဘကို ငြင်းလို့ကန့်လို့ မရတဲ့အခါကျတော့ သူတို့ အတင်း ကျောင်းပို့ခံရတယ်။ မိဘနဲ့ သားသမီးကြားမှာ နားလည်မှုလွဲပြီး ပထမ အိမ်ကပေးလိုက်တဲ့ စိတ်ဒဏ်ရာကို ကလေးတွေရတယ်။ ကျောင်းဝင်းထဲ ရောက်တဲ့အခါမှာလည်း ခါတိုင်းစာသင်နှစ်တွေဆိုရင် ဆရာ၊ ဆရာမတွေက ဂိတ်ဂျူတီစောင့်တယ်။ နောက် လမ်းကူးတာတွေ ဘာတွေ အန္တရာယ်မဖြစ်အောင် ကြည့်ပေးကြတယ်။ ကျောင်းထဲရောက်တာနဲ့ ကိုယ့်ဆရာ၊ ဆရာမနဲ့ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ့်ညီအစ်ကို မောင်နှမတွေပဲရှိတယ်။ အခုအခြေအနေကြီးက မတူဘူး၊ ကျောင်းထဲရောက်လိုက်တော့ သူငယ်ချင်းတွေကလည်း လူမစုံတော့ဘူး။ ကျောင်းပေါက်ဝမှာကတည်းက သဲအိတ်ကြီးတွေ၊ သံဆူးကြိုးကြီးတွေနဲ့ ပြီးတော့ လက်နက်တွေ ကိုင်ပြီးတော့ ယူနီဖောင်းအပြည့်နဲ့ စစ်သားတွေ၊ ရဲတွေက စောင့်နေကြတယ် ဆိုတဲ့အခါကျတော့ ဒီလိုတွေစောင့်လိုက်လို့ ကလေးရဲ့ စိတ်ထဲမှာ ပိုပြီးလုံခြုံသွားတာ မဟုတ်ဘူး၊ ပိုပြီး စိုးရိမ်သွားတာ။”

မြို့ပေါ်တွေမှာ ကျောင်းတက်ရေး၊ မတက်ရေး အယူအဆတွေ အားပြိုင်နေချိန်မှာ၊ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းရှောင်နေရတဲ့ ကလေးတွေအတွက်တော့ စာသင်ခန်းထဲသွားဖို့ အခြေအနေ မမြင်ရသေးပါဘူး။
ဇွန်လ ၁ ရက်နေ့က ပြန်ဖွင့်နေတဲ့ အခြေခံပညာကျောင်းတွေမှာ ဒီနှစ်ကျောင်းပြန်တက်နေကြတဲ့ ကျောင်းသားအရေအတွက် ယေဘုယျအားဖြင့် တနိုင်ငံလုံးမှာ သိသိသာသာ နည်းပါးပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအရ ပိတ်ထားတဲ့ ကျောင်း ၂၀၀ လောက်ကလွဲလို့ ကျောင်းပေါင်း ၃,၀၀၀ ကျော်မှာ ကျောင်းတက်နေကြသူ ရာနှုန်းပြည့်နီးပါးဖြစ်တယ်လို့ ပြည်နယ်ပညာရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG