သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္အတြင္း စစ္ေကာင္စီအၾကမ္းဖက္မႈရပ္ဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား (ဓာတ္ပံု- CJ)

(Zawgyi/Unicode)
ကယားျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္က လက္နက္ကိုင္နဲ႔အရပ္သား မခြဲျခားဘဲ အၾကမ္းဖက္ပစ္ခတ္ တိုက္ခိုက္ေနတာေတြကို ရႈတ္ခ်ၿပီး အၾကမ္းဖက္တိုက္ခိုက္မႈေတြ ခ်က္ခ်င္း ရပ္တန္႔ဖို႔ ျမန္မာႏိ္ုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews က ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ကယားျပည္နယ္မွာ ေလာေလာလတ္လတ္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူ ၁ သိန္းေလာက္ ရွိေနၿပီး သူတို႔အတြက္ စားနပ္ရိကၡာနဲ႔ အကာအကြယ္ေတြ အေရးတႀကီး လိုအပ္ေနတဲ့အေၾကာင္းနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔ ဒါကို လစ္လ်ဴရႈ မထားဖို႔နဲ႔ လက္ရွိအေျခအေနအေပၚမွာ ခ်က္ခ်င္း တံု႔ျပန္ မေဆာင္ရြက္ႏိုင္ဘူးဆိုရင္ေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း အစားအစာျပတ္လပ္မႈနဲ႔ ေရာဂါဘယ ေဘးေတြေၾကာင့္ လူေတြ အမ်ားအျပား ေသဆံုးရတဲ့ အျဖစ္ဆိုးေတြ ၾကံဳေတြ႕လာရႏိုင္တယ္လို႔ အထူးကိုယ္စားလွယ္ Andrews က မေန႔က ေၾကညာခ်က္ ထုတ္ျပန္ သတိေပးလိုက္တာပါ။

လူသားခ်င္းစာနာကူညီမႈေတြ အေရးတႀကီးလိုအပ္ေနတဲ့ ဒုကၡသည္ေတြအတြက္ အကူအညီေတြ မေပးႏိုင္ေအာင္ ျမန္မာစစ္တပ္က လမ္းေတြကို ပိတ္ဆို႔ ဟန္႔တားတာေတြအျပင္ အမ်ားျပည္သူ သြားလာေနတဲ့ လမ္းမေတြေပၚမွာ မိုင္းေထာင္ တိုက္ခိုက္တာေတြ အထိလုပ္ေနတယ္ဆိုတဲ့ သတင္းေတြကိုလည္း သူ ရရွိတဲ့အေၾကာင္း မစၥတာ Andrews က ေျပာပါတယ္။

ကုလသမဂၢ အဖြဲ႔၀င္ႏိုင္ငံေတြ အေနနဲ႔ ဒီအေျခအေနကို ဝိုင္း၀န္းဟန္႔တားၿပီး လိုအပ္တဲ့ေနရာေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြ ျဖန္႔ေ၀ ေပးႏိုင္ေအာင္နဲ႔ ျမန္မာစစ္တပ္က အရပ္သားျပည္သူေတြကို ပစ္ခတ္တိုက္ခိုက္တာ၊ ဗံုးက်ဲ တိုက္ခိုက္ေနတာေတြ ရပ္တန္႔ဖို႔ ျမန္မာ စစ္ေခါင္းေဆာင္ကို ဖိအားတိုးျမင့္ ေပးဖို႔လည္း အထူးကိုယ္စားလွယ္က ထုတ္ျပန္တိုက္တြန္းထားပါတယ္။ ႏုိင္ငံတ၀ွမ္းခုလုိအၾကပ္အတည္းေပါင္းစုံေပၚေပါက္ေနခ်ိန္မွာပဲ ၿမိဳ႔ႀကီးတခ်ိဳ႔မွာ စစ္အာဏာဆန္က်င္ေရး သပိတ္ပဲြေတြလည္း နည္းလမ္းေပါင္းစုံနဲ႔ ေပၚေပါက္ေနပါတယ္။ တရားလက္လႊတ္ဖမ္းဆီးမႈေတြ၊ အၾကမ္းဖက္ ပစ္ခတ္မႈေတြရွိေနေပမယ့္လည္း ျပည္သူေတြကေတာ့ ဆက္ၿပီး အာခံေတာ္လွန္မႈေနၾကတာျဖစ္ပါတယ္။

...............................................................................

ကယားပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

(Unicode)
ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က လက်နက်ကိုင်နဲ့အရပ်သား မခွဲခြားဘဲ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်နေတာတွေကို ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကယားပြည်နယ်မှာ လောလောလတ်လတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းလောက် ရှိနေပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ အကာအကွယ်တွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒါကို လစ်လျူရှု မထားဖို့နဲ့ လက်ရှိအခြေအနေအပေါ်မှာ ချက်ချင်း တုံ့ပြန် မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အစားအစာပြတ်လပ်မှုနဲ့ ရောဂါဘယ ဘေးတွေကြောင့် လူတွေ အများအပြား သေဆုံးရတဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့လာရနိုင်တယ်လို့ အထူးကိုယ်စားလှယ် Andrews က မနေ့က ကြေညာချက် ထုတ်ပြန် သတိပေးလိုက်တာပါ။

လူသားချင်းစာနာကူညီမှုတွေ အရေးတကြီးလိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ မပေးနိုင်အောင် မြန်မာစစ်တပ်က လမ်းတွေကို ပိတ်ဆို့ ဟန့်တားတာတွေအပြင် အများပြည်သူ သွားလာနေတဲ့ လမ်းမတွေပေါ်မှာ မိုင်းထောင် တိုက်ခိုက်တာတွေ အထိလုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း သူ ရရှိတဲ့အကြောင်း မစ္စတာ Andrews က ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီအခြေအနေကို ဝိုင်းဝန်းဟန့်တားပြီး လိုအပ်တဲ့နေရာတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ေ၀ ပေးနိုင်အောင်နဲ့ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးကျဲ တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ မြန်မာ စစ်ခေါင်းဆောင်ကို ဖိအားတိုးမြင့် ပေးဖို့လည်း အထူးကိုယ်စားလှယ်က ထုတ်ပြန်တိုက်တွန်းထားပါတယ်။ နိုင်ငံတဝှမ်းခုလိုအကြပ်အတည်းပေါင်းစုံပေါ်ပေါက်နေချိန်မှာပဲ မြို့ကြီးတချို့မှာ စစ်အာဏာဆန်ကျင်ရေး သပိတ်ပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ ပေါ်ပေါက်နေပါတယ်။ တရားလက်လွှတ်ဖမ်းဆီးမှုတွေ၊ အကြမ်းဖက် ပစ်ခတ်မှုတွေရှိနေပေမယ့်လည်း ပြည်သူတွေကတော့ ဆက်ပြီး အာခံတော်လှန်မှုနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG