သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM ဆရာဝန္မ်ားအား ဖမ္းဆီးႏွိပ္ကြပ္မႈအေပၚ တံု႔ျပန္ခ်က္ (CDM ဆရာဝန္တဦး)


စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတဲ့ ေဒါက္တာေဇာ္ေဝစုိးနဲ႔ ေဒါက္တာထားထားလင္းတုိ႔ရဲ႕ လက္ေအာက္ခံ က်န္းမာေရးလႈပ္ရွားမႈအဖြဲ႔မ်ား ဆက္ႏႊယ္မႈ Diagram။ (ဓာတ္ပုံ - MWD)

(Zawgyi / Unicode)

စစ္အာဏာသိမ္းမႈေၾကာင့္ ထိခိုက္သြားတဲ့ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ကို ရတဲ့နည္းနဲ႔ တဖက္တလမ္းက ဝန္ေဆာင္မႈေပးဖို႔ ႀကိဳးပမ္းေနတဲ့ CDM ဆရာဝန္ေတြကို စစ္ေကာင္စီက အၿငိဳးထား လိုက္လံဖမ္းဆီးေနေၾကာင္း CDM မွာပါဝင္ေနတဲ့ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ဆရာဝန္တဦးက ဗီြအိုေအကို ေျပာပါတယ္။

ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန တိုးခ်ဲ႕ ကာကြယ္ေဆးထိုးလုပ္ငန္း စီမံခ်က္ ညႊန္ၾကားေရးမွဴး ေဒါက္တာထားထားလင္းနဲ႔ မိသားစုကို ဇြန္လ ၁၀ ရက္ေန႔က စစ္တပ္က ဖမ္းဆီးခဲ့သလို အျခား CDM အထူးကုသမားေတာ္ သံုးဦးကိုလည္း ဒီရက္ပိုင္းအတြင္း ဆက္တိုက္ ဖမ္းဆီးၿပီးေနာက္ ႀကီးေလးတဲ့ ျပစ္မႈ ပုဒ္မေတြနဲ႔ တရားစဲြထားပါတယ္။ အခုလို ႏိုင္ငံရဲ႕ က်န္းမာေရးက႑မွာ အေရးပါသူေတြကို စစ္ေကာင္စီက ဘာေၾကာင့္ လိုက္လံဖမ္းဆီး အေရးယူေနသလဲ။ ေစာေစာက အမည္မေဖာ္လိုတဲ့ CDM ဆရာဝန္ကို မအင္ၾကင္းႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္ - ေဒါက္တာထားထားလင္းကို မိသားစုလိုက္ ဖမ္းဆီးၿပီးေတာ့ စဲြခ်က္ေတြ ထပ္ၿပီးတင္လိုက္တာ အခုဆိုရင္ ပုဒ္မေတြ သံုးခုေလာက္ျဖစ္ေနၿပီဆိုေတာ့ အဲဒီအေျခအေနကို အရင္ဆံုး ေျပာျပပါဦးရွင့္။

CDM ဆရာဝန္ - “ေဒါက္တာထားထားလင္း အပါအဝင္ စုစုေပါင္း ဆရာဝန္ ၂၅ ေယာက္ကို သူတို႔က ပုဒ္မေတြတပ္တဲ့ေနရာမွာ အခုဆိုရင္ သံုးခုျဖစ္သြားပါတယ္။ ၅၀၅ (က)၊ ၁၇ (၁) နဲ႔ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈရယ္ဆိုၿပီး သူတို႔က ပုဒ္မအႀကီးႀကီးေတြ တပ္ၿပီးစဲြထားတာ က်ေနာ္တို႔ေတြ႔ရပါတယ္။ ေဒါက္တာထားထားလင္းအျပင္ ေနာက္ထပ္ အထူးကုဆရာဝန္ သံုးေယာက္ကိုလည္း ထပ္ၿပီး ဖမ္းဆီးထားပါတယ္။ ဒါ့အျပင္ အဲဒီအဖဲြ႔ထဲက ဆရာဝန္ ေဒါက္တာေဇမင္းထြန္းရဲ႕ မိဘႏွစ္ပါးကိုလည္း ဖမ္းဆီးထားပါတယ္။ သူတို႔က ေဒါက္တာေဇမင္းထြန္းကို ဖမ္းတဲ့အခ်ိန္မွာ သူ႔ကို မေတြ႔တဲ့အတြက္ မိဘေတြကို ေခၚသြားတာပါ။”

အင္ၾကင္းႏုိင္ - ေဒါက္တာေဇမင္းထြန္းရဲ႕ မိဘႏွစ္ပါးကို ဖမ္းဆီးတာက ဘယ္တုန္းက ျဖစ္သြားတာလဲရွင့္။

CDM ဆရာဝန္ - “ဒီေန႔ ဇြန္လ ၁၃ ရက္ေန႔မွာ ဖမ္းသြားတာပါ။”

အင္ၾကင္းႏိုင္ - ဆရာဝန္ေတြကို စစ္ေကာင္စီက အတင္းလိုက္ၿပီး ဖမ္းဆီးေနတာ ဘာေၾကာင့္လဲရွင့္။

CDM ဆရာဝန္ - “အဓိကကေတာ့ ပံုမွန္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြ ျပန္ၿပီးျဖစ္မွာကို သူတို႔ အရမ္းေၾကာက္တယ္။ ၿပီးေတာ့ သူတို႔က ေဒါက္တာေဇာ္ေဝစိုးကိုလည္း အၿငိဳးထားတယ္။ ဒီလို အၿငိဳးထားတဲ့အတြက္ မသင့္ေတာ္တဲ့ ဒီလို က်န္းမာေရးေစာင့္ေရွာက္မႈဆိုတာ လက္နက္ကိုင္ၿပီး တိုက္တာလည္း မဟုတ္ဘူး၊ ေျပာရရင္ ေဖာက္ခဲြေရးေတြ လုပ္ေနတာလည္း မဟုတ္ဘူး။ ဒါက ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းေတြ ပ်က္သုဥ္းသြားတာကို ျပန္လည္ၿပီးေတာ့ ဆရာဝန္ေတြက CDM လုပ္ထားေပမယ့္ ျပန္ၿပီးေတာ့ ပ်ဳိးေထာင္တဲ့ဟာကို သူတို႔က ဖ်က္လိုဖ်က္ဆီး လုပ္တာေပါ့။ အထူးသျဖင့္ သူတို႔က ေဒါက္တာေဇာ္ေဝစိုးကို အၿငိဳးထားၿပီးေတာ့ က်န္တဲ့ ဆရာဝန္ႀကီးေတြ မဆိုင္တဲ့သူေတြကိုလည္း အမႈႀကီးေတြ တပ္ၿပီးေတာ့ ဖိႏွိပ္တယ္ေပါ့။ ေနာက္ထပ္လူေတြ ဒီလိုမ်ဳိး မထကြ္ရဲေအာင္၊ က်န္းမာေရးဝန္ထမ္းေတြ မထကြ္ရဲေအာင္ ဖိႏွိပ္တယ္လို႔ ျမင္ပါတယ္။ CDM ပ်က္ျပားေအာင္ လုပ္တယ္လို႔ ျမင္ပါတယ္။”

အင္ၾကင္းႏိုင္ - ေစာေစာက ေျပာသြားတဲ့ CDM ဝင္ထားတဲ့ ဆရာဝန္ေတြ၊ အထူးကုေတြ သူတို႔အားလံုးက ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းက ယိုယြင္းေနတဲ့ အေျခအေနမွာ တဖက္တလမ္းကေနၿပီးေတာ့ တျခားနည္းလမ္းေတြနဲ႔ ေဆာင္ရြက္ေနတာလား။ ဘယ္လိုပံုစံမ်ဳိးေတြနဲ႔ CDM ဆရာဝန္ေတြက ျပည္သူ႔က်န္းမာေရး လုပ္ငန္းေတြကို ေဆာင္ရြက္ေပးေနတာလဲရွင့္။

CDM ဆရာဝန္ - “CDM ျပဳလုပ္ထားေပမယ့္ ဒီလိုမ်ဳိး CDM အာဏာဖီဆန္ေရး ျပဳလုပ္ရတဲ့ အဓိကရည္ရြယ္ခ်က္က စစ္ေကာင္စီရဲ႕ မတရားသျဖင့္ အာဏာသိမ္းမႈကို မေက်နပ္ၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြက စတင္ၿပီး CDM လုပ္ၾကတယ္။ အျခားဝန္ထမ္းေတြလည္း ပါလာၾကတယ္။ ဒါေပမယ့္လည္း က်န္းမာေရးဝန္ထမ္း ဆိုတာက ကိုယ့္ရဲ႕လူနာကို ပစ္မထားဘူး။ လူနာကို ရတဲ့နည္းနဲ႔ ေစာင့္ေရွာက္မႈေပးတယ္။ အစပိုင္းမွာဆိုရင္ ပရဟိတေဆးခန္းေတြ၊ ပရဟိတကားေတြ၊ အသင္းေတြနဲ႔ လုိက္ၿပီး ေစာင့္ေရွာက္ေပးတာေတြ ရွိတယ္။ ေဆးခန္းေတြ ဖြင့္ေပးတာေတြ ရွိတယ္။ ဒါေတြကိုလည္း သူတို႔က လိုက္ၿပီး ဖိႏွိပ္တယ္။ ဖမ္းဆီးတယ္။ ဒါေတြကို အေစာႀကီးကတည္းက သူတို႔လုပ္ခဲ့တာပါ။ ဒါေပမယ့္လည္း တခ်ဳိ႕ လွ်ဳိ႕ဝွက္ေနရာေတြမွာ ေဆးခန္းေတြဖြင့္ၿပီး ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းေတြ ေပးေနတဲ့ CDM က်န္းမာေရးဆရာဝန္ေတြ အမ်ားႀကီးရွိပါေသးတယ္။ ဒီအထဲမွာမွ သူတို႔ဖမ္းလိုက္တဲ့၊ ေနာက္ ဖမ္းဝရမ္းထုတ္လုိက္တဲ့ ေဒါက္တာထားထားလင္း အပါအဝင္ ၂၅ ေယာက္ဟာ ရတဲ့နည္းေတြနဲ႔ ျပည္သူကို က်န္းမာေရးေစာင့္ေရွာက္မႈ ေပးဖို႔အတြက္ နည္းစနစ္ေတြ စနစ္တက်ျဖစ္ေအာင္ ေရးဆဲြျပဳလုပ္ေနခ်ိန္မွာ သူတို႔က ဖိႏွိပ္တာပါခင္ဗ်။ အထူးသျဖင့္ ေခတ္မီနည္းပညာေတြ၊ တယ္လီနည္းပညာေတြနဲ႔ ကုသမႈေပးဖို႔ စီစဥ္ေဆာင္ရြက္ေနခ်ိန္မွာပဲ သူတို႔က ဖမ္းဝရမ္းေတြထုတ္ၿပီး လိုက္လံဖမ္းဆီးေနတာပါခင္ဗ်။ ေဒါက္တာထားထားလင္းဆိုရင္ ဘာမွမဆိုင္တဲ့ သူ႔ရဲ႕ အမ်ဳိးသားေရာ၊ ၇ ႏွစ္အရြယ္ သူ႔ရဲ႕ကေလးေရာ၊ ေနာက္ သူ႔ရဲ႕ သူငယ္ခ်င္း သားအမိကိုေရာ ဖမ္းဆီးထားပါတယ္။ ေနာက္ ေဒါက္တာေဇမင္းထြန္းဆိုရင္ သူ႔ကို ဖမ္းမမိတဲ့အတြက္ မိဘေတြကို ဖမ္းဆီးတယ္ဆိုတာ ေတာ္ေတာ့္ကို တရားလြန္တယ္လို႔ ေျပာရမွာပါခင္ဗ်။”

အင္ၾကင္းႏိုင္ - ဆရာဝန္ေတြကို လိုက္ၿပီး ဖမ္းဆီးေနတဲ့ကိစၥမွာ တဖက္မွာလည္း MRTV က သတင္းေၾကညာသြားခ်က္အရ ဆိုရင္ ေဒါက္တာေဇာ္ေဝစိုးရဲ႕ ညႊန္ၾကားခ်က္အတိုင္း ေဒါက္တာထားထားလင္းတို႔က လုပ္ကိုင္ေနတယ္။ NUG အစိုးရရဲ႕ ညႊန္ၾကားခ်က္ဆိုၿပီး ခ်ိတ္ဆက္ၿပီးေတာ့ MRTV က ေဖာ္ျပသြားတဲ့အေပၚမွာ ဘယ္လိုျမင္ပါလဲရွင့္။

CDM ဆရာဝန္ - “ဒါကေတာ့ သူတို႔က CDM ဆရာဝန္ေတြကို သိကၡာခ်ျခင္တာရယ္၊ ေနာက္ ေဒါက္တာေဇာ္ေဝစိုးကို အဓိက ထုိးနွက္ခ်င္တာရယ္၊ ေဒါက္တာေဇာ္ေဝစိုးကို မမိတဲ့အခါမွာ သူ႔ရဲ႕လူေတြကို ငါတို႔က ဒီလိုလုပ္ျပတာေဟ့ ဆိုၿပီးေတာ့ သူတို႔ ေၾကာက္ေအာင္ ဖိႏွိပ္တယ္။ ေနာက္ထပ္ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈေပးမယ့္ ဆရာဝန္ေတြ ထပ္ၿပီးမေပၚလာေအာင္ သူတို႔ေအာက္ကို ဝင္ရင္ဝင္၊ မဝင္ဘဲနဲ႔ ကိုယ့္ဘာသာကိုယ္ ျပည္သူေတြကို က်န္းမာေရး ေစာင့္ေရွာက္မယ္ ဆုိတာမ်ဳိး မလုပ္ႏိုင္ေအာင္၊ မလုပ္ရဲေအာင္ ၿပီးေတာ့ လက္ရွိ CDM ဝင္ေနတဲ့ ဆရာဝန္ေတြကို လုပ္ငန္းေတြ ျပန္ၿပီးဝင္ေအာင္ တခ်ဳိ႕ေနရာေတြမွာဆိုရင္ CDM က အရမ္းကို အားေကာင္းေနတဲ့ ေနရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။ ဒါေတြကို ဖိႏွိပ္ၿခိမ္းေျခာက္ဖို႔အတြက္ ဒါကို စံနမူနာျပၿပီး လုပ္တယ္လို႔ ျမင္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

CDM ဆရာဝန်များအား ဖမ်းဆီးနှိပ်ကွပ်မှုအပေါ် တုံ့ပြန်ချက် (CDM ဆရာဝန်တဦး)

စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်သွားတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ရတဲ့နည်းနဲ့ တဖက်တလမ်းက ဝန်ဆောင်မှုပေးဖို့ ကြိုးပမ်းနေတဲ့ CDM ဆရာဝန်တွေကို စစ်ကောင်စီက အငြိုးထား လိုက်လံဖမ်းဆီးနေကြောင်း CDM မှာပါဝင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ မိသားစုကို ဇွန်လ ၁၀ ရက်နေ့က စစ်တပ်က ဖမ်းဆီးခဲ့သလို အခြား CDM အထူးကုသမားတော် သုံးဦးကိုလည်း ဒီရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးပြီးနောက် ကြီးလေးတဲ့ ပြစ်မှု ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။ အခုလို နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးပါသူတွေကို စစ်ကောင်စီက ဘာကြောင့် လိုက်လံဖမ်းဆီး အရေးယူနေသလဲ။ စောစောက အမည်မဖော်လိုတဲ့ CDM ဆရာဝန်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင် - ဒေါက်တာထားထားလင်းကို မိသားစုလိုက် ဖမ်းဆီးပြီးတော့ စွဲချက်တွေ ထပ်ပြီးတင်လိုက်တာ အခုဆိုရင် ပုဒ်မတွေ သုံးခုလောက်ဖြစ်နေပြီဆိုတော့ အဲဒီအခြေအနေကို အရင်ဆုံး ပြောပြပါဦးရှင့်။

CDM ဆရာဝန် - “ဒေါက်တာထားထားလင်း အပါအဝင် စုစုပေါင်း ဆရာဝန် ၂၅ ယောက်ကို သူတို့က ပုဒ်မတွေတပ်တဲ့နေရာမှာ အခုဆိုရင် သုံးခုဖြစ်သွားပါတယ်။ ၅၀၅ (က)၊ ၁၇ (၁) နဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုရယ်ဆိုပြီး သူတို့က ပုဒ်မအကြီးကြီးတွေ တပ်ပြီးစွဲထားတာ ကျနော်တို့တွေ့ရပါတယ်။ ဒေါက်တာထားထားလင်းအပြင် နောက်ထပ် အထူးကုဆရာဝန် သုံးယောက်ကိုလည်း ထပ်ပြီး ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့ထဲက ဆရာဝန် ဒေါက်တာဇေမင်းထွန်းရဲ့ မိဘနှစ်ပါးကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့က ဒေါက်တာဇေမင်းထွန်းကို ဖမ်းတဲ့အချိန်မှာ သူ့ကို မတွေ့တဲ့အတွက် မိဘတွေကို ခေါ်သွားတာပါ။”

အင်ကြင်းနိုင် - ဒေါက်တာဇေမင်းထွန်းရဲ့ မိဘနှစ်ပါးကို ဖမ်းဆီးတာက ဘယ်တုန်းက ဖြစ်သွားတာလဲရှင့်။

CDM ဆရာဝန် - “ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာ ဖမ်းသွားတာပါ။”

အင်ကြင်းနိုင် - ဆရာဝန်တွေကို စစ်ကောင်စီက အတင်းလိုက်ပြီး ဖမ်းဆီးနေတာ ဘာကြောင့်လဲရှင့်။

CDM ဆရာဝန် - “အဓိကကတော့ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်ပြီးဖြစ်မှာကို သူတို့ အရမ်းကြောက်တယ်။ ပြီးတော့ သူတို့က ဒေါက်တာဇော်ဝေစိုးကိုလည်း အငြိုးထားတယ်။ ဒီလို အငြိုးထားတဲ့အတွက် မသင့်တော်တဲ့ ဒီလို ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လက်နက်ကိုင်ပြီး တိုက်တာလည်း မဟုတ်ဘူး၊ ပြောရရင် ဖောက်ခွဲရေးတွေ လုပ်နေတာလည်း မဟုတ်ဘူး။ ဒါက ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ပျက်သုဉ်းသွားတာကို ပြန်လည်ပြီးတော့ ဆရာဝန်တွေက CDM လုပ်ထားပေမယ့် ပြန်ပြီးတော့ ပျိုးထောင်တဲ့ဟာကို သူတို့က ဖျက်လိုဖျက်ဆီး လုပ်တာပေါ့။ အထူးသဖြင့် သူတို့က ဒေါက်တာဇော်ဝေစိုးကို အငြိုးထားပြီးတော့ ကျန်တဲ့ ဆရာဝန်ကြီးတွေ မဆိုင်တဲ့သူတွေကိုလည်း အမှုကြီးတွေ တပ်ပြီးတော့ ဖိနှိပ်တယ်ပေါ့။ နောက်ထပ်လူတွေ ဒီလိုမျိုး မထကွ်ရဲအောင်၊ ကျန်းမာရေးဝန်ထမ်းတွေ မထကွ်ရဲအောင် ဖိနှိပ်တယ်လို့ မြင်ပါတယ်။ CDM ပျက်ပြားအောင် လုပ်တယ်လို့ မြင်ပါတယ်။”

အင်ကြင်းနိုင် - စောစောက ပြောသွားတဲ့ CDM ဝင်ထားတဲ့ ဆရာဝန်တွေ၊ အထူးကုတွေ သူတို့အားလုံးက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက ယိုယွင်းနေတဲ့ အခြေအနေမှာ တဖက်တလမ်းကနေပြီးတော့ တခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာလား။ ဘယ်လိုပုံစံမျိုးတွေနဲ့ CDM ဆရာဝန်တွေက ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာလဲရှင့်။

CDM ဆရာဝန် - “CDM ပြုလုပ်ထားပေမယ့် ဒီလိုမျိုး CDM အာဏာဖီဆန်ရေး ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က စစ်ကောင်စီရဲ့ မတရားသဖြင့် အာဏာသိမ်းမှုကို မကျေနပ်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စတင်ပြီး CDM လုပ်ကြတယ်။ အခြားဝန်ထမ်းတွေလည်း ပါလာကြတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးဝန်ထမ်း ဆိုတာက ကိုယ့်ရဲ့လူနာကို ပစ်မထားဘူး။ လူနာကို ရတဲ့နည်းနဲ့ စောင့်ရှောက်မှုပေးတယ်။ အစပိုင်းမှာဆိုရင် ပရဟိတဆေးခန်းတွေ၊ ပရဟိတကားတွေ၊ အသင်းတွေနဲ့ လိုက်ပြီး စောင့်ရှောက်ပေးတာတွေ ရှိတယ်။ ဆေးခန်းတွေ ဖွင့်ပေးတာတွေ ရှိတယ်။ ဒါတွေကိုလည်း သူတို့က လိုက်ပြီး ဖိနှိပ်တယ်။ ဖမ်းဆီးတယ်။ ဒါတွေကို အစောကြီးကတည်းက သူတို့လုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း တချို့ လျှို့ဝှက်နေရာတွေမှာ ဆေးခန်းတွေဖွင့်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပေးနေတဲ့ CDM ကျန်းမာရေးဆရာဝန်တွေ အများကြီးရှိပါသေးတယ်။ ဒီအထဲမှာမှ သူတို့ဖမ်းလိုက်တဲ့၊ နောက် ဖမ်းဝရမ်းထုတ်လိုက်တဲ့ ဒေါက်တာထားထားလင်း အပါအဝင် ၂၅ ယောက်ဟာ ရတဲ့နည်းတွေနဲ့ ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့အတွက် နည်းစနစ်တွေ စနစ်တကျဖြစ်အောင် ရေးဆွဲပြုလုပ်နေချိန်မှာ သူတို့က ဖိနှိပ်တာပါခင်ဗျ။ အထူးသဖြင့် ခေတ်မီနည်းပညာတွေ၊ တယ်လီနည်းပညာတွေနဲ့ ကုသမှုပေးဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာပဲ သူတို့က ဖမ်းဝရမ်းတွေထုတ်ပြီး လိုက်လံဖမ်းဆီးနေတာပါခင်ဗျ။ ဒေါက်တာထားထားလင်းဆိုရင် ဘာမှမဆိုင်တဲ့ သူ့ရဲ့ အမျိုးသားရော၊ ၇ နှစ်အရွယ် သူ့ရဲ့ကလေးရော၊ နောက် သူ့ရဲ့ သူငယ်ချင်း သားအမိကိုရော ဖမ်းဆီးထားပါတယ်။ နောက် ဒေါက်တာဇေမင်းထွန်းဆိုရင် သူ့ကို ဖမ်းမမိတဲ့အတွက် မိဘတွေကို ဖမ်းဆီးတယ်ဆိုတာ တော်တော့်ကို တရားလွန်တယ်လို့ ပြောရမှာပါခင်ဗျ။”

အင်ကြင်းနိုင် - ဆရာဝန်တွေကို လိုက်ပြီး ဖမ်းဆီးနေတဲ့ကိစ္စမှာ တဖက်မှာလည်း MRTV က သတင်းကြေညာသွားချက်အရ ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ညွှန်ကြားချက်အတိုင်း ဒေါက်တာထားထားလင်းတို့က လုပ်ကိုင်နေတယ်။ NUG အစိုးရရဲ့ ညွှန်ကြားချက်ဆိုပြီး ချိတ်ဆက်ပြီးတော့ MRTV က ဖော်ပြသွားတဲ့အပေါ်မှာ ဘယ်လိုမြင်ပါလဲရှင့်။

CDM ဆရာဝန် - “ဒါကတော့ သူတို့က CDM ဆရာဝန်တွေကို သိက္ခာချခြင်တာရယ်၊ နောက် ဒေါက်တာဇော်ဝေစိုးကို အဓိက ထိုးနှက်ချင်တာရယ်၊ ဒေါက်တာဇော်ဝေစိုးကို မမိတဲ့အခါမှာ သူ့ရဲ့လူတွေကို ငါတို့က ဒီလိုလုပ်ပြတာဟေ့ ဆိုပြီးတော့ သူတို့ ကြောက်အောင် ဖိနှိပ်တယ်။ နောက်ထပ် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့် ဆရာဝန်တွေ ထပ်ပြီးမပေါ်လာအောင် သူတို့အောက်ကို ဝင်ရင်ဝင်၊ မဝင်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မယ် ဆိုတာမျိုး မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ပြီးတော့ လက်ရှိ CDM ဝင်နေတဲ့ ဆရာဝန်တွေကို လုပ်ငန်းတွေ ပြန်ပြီးဝင်အောင် တချို့နေရာတွေမှာဆိုရင် CDM က အရမ်းကို အားကောင်းနေတဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါတွေကို ဖိနှိပ်ခြိမ်းခြောက်ဖို့အတွက် ဒါကို စံနမူနာပြပြီး လုပ်တယ်လို့ မြင်ပါတယ်။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG