သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕လမ္းေပၚ လွ်ပ္တျပက္ ဆႏၵျပမႈမ်ား ရွိဆဲ


ရန္ကုန္ၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲ။ (ဇြန္ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ၄ လခြဲနီးပါး ရွိလာၿပီျဖစ္ေပမယ့္ အၾကမ္းဖက္ ဖမ္းဆီးမႈေတြၾကားကပဲ ရန္ကုန္အပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဒီကေန႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ခ်ီတက္ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ဖမ္းဆီးမႈေတြမ်ားတာေၾကာင့္ ဆႏၵျပပြဲေတြ ရက္အနည္းငယ္ ရပ္တန္႔ေနခဲ့တဲ့ ရန္ကုန္ၿမိဳ႕ခံေတြ ဒီကေန႔မွာေတာ့ လမ္းမေပၚထြက္ၿပီး လွ်ပ္တျပက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕က လူငယ္ေတြ စုေပါင္းၿပီး ပုဇြန္ေတာင္ ၅၆ လမ္းနဲ႔ အေနာ္ရထာ လမ္းမႀကီးေတြေပၚမွာ ေျပာက္က်ားသပိတ္ ျပဳလုပ္ခဲ့ၾကတဲ့အသံကုိ ၾကားခဲ့ၾကရတာပါ။ ဆႏၵျပပြဲအတြင္း အသံနဲ႔အလံ ၾကားတာနဲ႔ ပူးေပါင္းပါဝင္ေပးၾကဖို႔နဲ႔ ေသြးမေအးသြားဖို႔ကိုလည္း လူငယ္ေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

အလားတူပဲ ဒီကေန႔ ဇြန္လ ၁၃ ရက္ေန႔ ေန႔လယ္ပုိင္းက ေတာင္ဥကၠလာၿမိဳ႕နယ္အတြင္းက လမ္းမႀကီးေတြနဲ႔ ရပ္ကြက္ေတြထဲမွာ လူငယ္ေတြ စုေဝးၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရး လွ်ပ္တျပက္ ဆႏၵျပခဲ့ၾကပါတယ္။ ဒီဆႏၵျပပြဲေတြမွာ ဗဟန္း၊ ၾကည့္ျမင္တုိင္ စတဲ့ၿမိဳ႕နယ္ေတြကုိ ကုိယ္စားျပဳတဲ့ အလံေတြကုိလည္း လူငယ္ေတြက ကုိင္ေဆာင္ခဲ့ၾကပါတယ္။

ဒါ့အျပင္ ေတာင္ဒဂုံၿမိဳ႕နယ္၊ က်န္စစ္သားလမ္းမေပၚမွာလည္း ဒီကေန႔ G-Z ေတြက ဦးေဆာင္ၿပီး လမ္းေပၚမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး စာတန္းေတြ ေရးခဲ့ၾကပါတယ္။

စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ေန႔စဥ္ျပဳလုပ္ေနတဲ့ တနသၤာရီတုိင္း၊ ထားဝယ္ၿမိဳ႕မွာလည္း မုိးရြာေနတဲ့ၾကားက လူငယ္ေတြဦးေဆာင္ၿပီး ဆုိင္ကယ္သပိတ္ ဆင္ႏႊဲခဲ့ၾကပါတယ္။

အလားတူပဲ တနသၤာရီတုိင္း၊ ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသက လူငယ္ေတြ ဦးေဆာင္တဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္းဟာ ကမာၻလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရးေန႔ကို ႀကိဳဆိုတဲ့အေနနဲ႔ အက်ႌအျဖဴေတြ ဝတ္ဆင္ၿပီး ဒီကေန႔ ဇြန္ ၁၃ ရက္ေန႔မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

စစ္ကုိင္းတုိင္း၊ ခင္ဦးၿမိဳ႕မွာေတာ့ ဆုိင္ကယ္စီး လူ ၂ ဦးက စည္ပင္႐ုံးကုိ ဗုံးနဲ႔ပစ္ေပါက္သြားတဲ့အတြက္ ႐ုံးအုတ္နံရံ ကြဲအက္သြားတယ္လုိ႔ ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။ ေပါက္ကြဲမႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူ စာရင္းေတာ့ မသိရေသးပါဘူး။

စစ္ကုိင္းတုိင္းအတြင္းမွာပဲ ေရႊဘုိ၊ သာစည္၊ ဘုတလင္၊ ယင္းမာပင္၊ ဆားလင္းႀကီး၊ ဒီပဲယင္း စတဲ့ၿမိဳ႕နယ္ေတြမွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ရြာေပါင္းစုံ သပိတ္ေတြ၊ ၿငိမ္းခ်မ္းေရးအထိမ္းအမွတ္ ခ်ဳိးငွက္ပုံစကၠဴ႐ုပ္ သပိတ္ေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။

မႏၱေလးမွာေတာ့ ဒီကေန႔ညေနပုိင္းက အာဏာသိမ္းစစ္ေကာင္စီ အဆုံးသတ္ေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီစနစ္ တည္ေဆာက္ေရးတို႔အတြက္ သံဃသမဂၢ သပိတ္စစ္ေၾကာင္း ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ မႏၱေလးၿမိဳ႕က ရပ္ကြက္တခ်ဳိ႕မွာ NUG/CRPH နဲ႔ ပတ္သက္သူေတြကို ေဖာ္ထုတ္ဖမ္းဆီးဖို႔ ၿခိမ္းေျခာက္စာေတြ လိုက္ကပ္ထားပါတယ္။ ၿငိမ္းခ်မ္းစြာ ေနထိုင္လိုေသာ ျပည္သူမ်ား ဆိုသူေတြက CDM လုပ္တာ၊ သံပုံးတီးတာ၊ ဆႏၵျပတာေတြကို မကန႔္ကြက္ေပမယ့္ အသံဗုံးခြဲတာ၊ လက္လုပ္မိုင္းပစ္တာ၊ ေက်ာင္းေတြမီး႐ႈိ႕တာကို လက္မခံႏိုင္ဘူးဆိုၿပီး စာေတြမွာ ေဖာ္ျပထားပါတယ္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕မွာလည္း စစ္ေကာင္စီကုိဆန္႔က်င္တဲ့ ေျပာက္က်ားသပိတ္ ဆင္ႏႊဲခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရန်ကုန်မြို့လမ်းပေါ် လျှပ်တပြက် ဆန္ဒပြမှုများ ရှိဆဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၄ လခွဲနီးပါး ရှိလာပြီဖြစ်ပေမယ့် အကြမ်းဖက် ဖမ်းဆီးမှုတွေကြားကပဲ ရန်ကုန်အပါအဝင် မြို့အတော်များများမှာ ဒီကနေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဖမ်းဆီးမှုတွေများတာကြောင့် ဆန္ဒပြပွဲတွေ ရက်အနည်းငယ် ရပ်တန့်နေခဲ့တဲ့ ရန်ကုန်မြို့ခံတွေ ဒီကနေ့မှာတော့ လမ်းမပေါ်ထွက်ပြီး လျှပ်တပြက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့က လူငယ်တွေ စုပေါင်းပြီး ပုဇွန်တောင် ၅၆ လမ်းနဲ့ အနော်ရထာ လမ်းမကြီးတွေပေါ်မှာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြတဲ့အသံကို ကြားခဲ့ကြရတာပါ။ ဆန္ဒပြပွဲအတွင်း အသံနဲ့အလံ ကြားတာနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ သွေးမအေးသွားဖို့ကိုလည်း လူငယ်တွေက တောင်းဆိုခဲ့ကြပါတယ်။

အလားတူပဲ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက တောင်ဥက္ကလာမြို့နယ်အတွင်းက လမ်းမကြီးတွေနဲ့ ရပ်ကွက်တွေထဲမှာ လူငယ်တွေ စုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ ဗဟန်း၊ ကြည့်မြင်တိုင် စတဲ့မြို့နယ်တွေကို ကိုယ်စားပြုတဲ့ အလံတွေကိုလည်း လူငယ်တွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် တောင်ဒဂုံမြို့နယ်၊ ကျန်စစ်သားလမ်းမပေါ်မှာလည်း ဒီကနေ့ G-Z တွေက ဦးဆောင်ပြီး လမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတွေ ရေးခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေ့စဉ်ပြုလုပ်နေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာလည်း မိုးရွာနေတဲ့ကြားက လူငယ်တွေဦးဆောင်ပြီး ဆိုင်ကယ်သပိတ် ဆင်နွှဲခဲ့ကြပါတယ်။

အလားတူပဲ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက လူငယ်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ အင်္ကျီအဖြူတွေ ဝတ်ဆင်ပြီး ဒီကနေ့ ဇွန် ၁၃ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာတော့ ဆိုင်ကယ်စီး လူ ၂ ဦးက စည်ပင်ရုံးကို ဗုံးနဲ့ပစ်ပေါက်သွားတဲ့အတွက် ရုံးအုတ်နံရံ ကွဲအက်သွားတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ စာရင်းတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ရွှေဘို၊ သာစည်၊ ဘုတလင်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဒီပဲယင်း စတဲ့မြို့နယ်တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံ သပိတ်တွေ၊ ငြိမ်းချမ်းရေးအထိမ်းအမှတ် ချိုးငှက်ပုံစက္ကူရုပ် သပိတ်တွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမှာတော့ ဒီကနေ့ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီ အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မန္တလေးမြို့က ရပ်ကွက်တချို့မှာ NUG/CRPH နဲ့ ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ခြိမ်းခြောက်စာတွေ လိုက်ကပ်ထားပါတယ်။ ငြိမ်းချမ်းစွာ နေထိုင်လိုသော ပြည်သူများ ဆိုသူတွေက CDM လုပ်တာ၊ သံပုံးတီးတာ၊ ဆန္ဒပြတာတွေကို မကန့်ကွက်ပေမယ့် အသံဗုံးခွဲတာ၊ လက်လုပ်မိုင်းပစ်တာ၊ ကျောင်းတွေမီးရှို့တာကို လက်မခံနိုင်ဘူးဆိုပြီး စာတွေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့မှာလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့ ပြောက်ကျားသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG