သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးနဲ႔ မံုရြာ လွ်ပ္တျပက္ဆႏၵျပ


မႏၱေလးၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ဇြန္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္တပ္က အာဏာသိမ္းခဲ့တာ အခုဆိုရင္ ၄ လခြဲနီးပါး ရွိလာၿပီျဖစ္ၿပီး အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြ ဒီကေန႔အထိ ႏိုင္ငံတဝန္း ေဒသေတြမွာ ဆက္ရွိေနဆဲပါပဲ။

မႏၲေလးမွာ ဘုရားႀကီး သပိတ္စစ္ေၾကာင္း၊ စိန္ပန္း သပိတ္စစ္ေၾကာင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေက်ာင္းသားမ်ားသမဂၢ၊ သမဝါယမ ေက်ာင္းသားမ်ားသမဂၢတို႔ ပူးေပါင္းၿပီး မဟာမိတ္တပ္ေပါင္းစုအေနနဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကသလို ၈၉ လမ္းမႀကီးေပၚမွာ လူအင္အား ၁၀၀ ေလာက္က ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ ဆႏၵျပခဲ့ၾကပါတယ္။

မံုရြာၿမိဳ႕မွာ ပင္မသပိတ္စစ္ေၾကာင္းနဲ႔ ေက်ာင္းသားေတြရဲ႕ သပိတ္စစ္ေၾကာင္းေပါင္းၿပီး စစ္တပ္ကၿဖိုခြဲမယ့္ အႏၲရာယ္ကို ေရွာင္ၿပီးေတာ့ ေန႔လယ္ မြန္းတည့္ခ်ိန္မွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ထားဝယ္ၿမိဳ႕မွာေတာ့ ထားဝယ္တပ္ေပါင္းစု စစ္ေၾကာင္းနဲ႔ အေျခခံပညာေက်ာင္းသားမ်ား သပိတ္စစ္ေၾကာင္း ပူးေပါင္းၿပီး ကမာၻလံုးဆိုင္ရာ ေႏြဦးေတာ္လွန္ေရးေန႔ကို ႀကိဳဆိုတဲ့အေနနဲ႔ အျဖဴေရာင္အက်ႌေတြ ဝတ္ၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕မွာ ေက်းရြာသူ ေက်းရြာသားေတြ ဆိုင္ကယ္သပိတ္စစ္ေၾကာင္း ထြက္ခဲ့ၾကသလို ပဲခူး၊ ထားဝယ္၊ ကံေပါက္၊ တန္႔ဆည္၊ ဖားကန္႔ စတဲ့ ေဒသအသီးသီးမွာလည္း ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။

ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ရဲက ပစ္ခတ္ၿဖိုခြဲတာနဲ႔ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြၾကား တိုက္ခိုက္မႈေတြေၾကာင့္ ေသာၾကာေန႔အထိဆိုရင္ ေသဆံုးရသူေပါင္း ၈၆၁ ေယာက္ရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။ လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံထားရသူကလည္း ၄,၈၀၀ ေက်ာ္ရွိတယ္လို႔ AAPP က ေျပာပါတယ္။

မႏၲေလးနဲ႔ မံုရြာ လွ်ပ္တျပက္ဆႏၵျပ
please wait

No media source currently available

0:00 0:01:21 0:00
တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

မန္တလေးနဲ့ မုံရွာ လျှပ်တပြက်ဆန္ဒပြ

စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ၄ လခွဲနီးပါး ရှိလာပြီဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့အထိ နိုင်ငံတဝန်း ဒေသတွေမှာ ဆက်ရှိနေဆဲပါပဲ။

မန္တလေးမှာ ဘုရားကြီး သပိတ်စစ်ကြောင်း၊ စိန်ပန်း သပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ သမဝါယမ ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ချီတက် ဆန္ဒပြခဲ့ကြသလို ၈၉ လမ်းမကြီးပေါ်မှာ လူအင်အား ၁၀၀ လောက်က ကြွေးကြော်သံတွေ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာမြို့မှာ ပင်မသပိတ်စစ်ကြောင်းနဲ့ ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းပေါင်းပြီး စစ်တပ်ကဖြိုခွဲမယ့် အန္တရာယ်ကို ရှောင်ပြီးတော့ နေ့လယ် မွန်းတည့်ချိန်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ထားဝယ်မြို့မှာတော့ ထားဝယ်တပ်ပေါင်းစု စစ်ကြောင်းနဲ့ အခြေခံပညာကျောင်းသားများ သပိတ်စစ်ကြောင်း ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ အဖြူရောင်အင်္ကျီတွေ ဝတ်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့မှာ ကျေးရွာသူ ကျေးရွာသားတွေ ဆိုင်ကယ်သပိတ်စစ်ကြောင်း ထွက်ခဲ့ကြသလို ပဲခူး၊ ထားဝယ်၊ ကံပေါက်၊ တန့်ဆည်၊ ဖားကန့် စတဲ့ ဒေသအသီးသီးမှာလည်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာနဲ့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် သောကြာနေ့အထိဆိုရင် သေဆုံးရသူပေါင်း ၈၆၁ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူကလည်း ၄,၈၀၀ ကျော်ရှိတယ်လို့ AAPP က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG