သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မံုရြာဆႏၵျပေခါင္းေဆာင္ အက်ဥ္းေထာင္တြင္းရံုးထုတ္စစ္ေဆး


မံုရြာသပိတ္အတြင္း ကိုေ၀မိုးနိုင္ မိန္ ့ခြန္းေျပာခဲ့စဥ္ (ဓာတ္ပံု-AFP)

(Zawgyi/Unicode)

စစ္ေကာင္စီက ဖမ္းဆီးၿပီး ပုဒ္မ ၅၀၅(က) နဲ႔ စြဲခ်က္တင္ခံထားရတဲ့ မုံရြာသပိတ္ေခါင္းေဆာင္ ကုိေ၀မုိးႏုိင္ကုိ ဇြန္လ ၈ ရက္ေန႔က မုံရြာအက်ဥ္းထာင္အတြင္းက ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ မနက္ဖန္မွာလည္း စစ္တပ္က အာဏာသိမ္းတဲ့ေ ဖေဖာ္၀ါရီလ ၁ ရက္ေန႔ကတည္းက ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္သူ ကိုမင္းေသြးသစ္ကို ႐ုံးထုတ္ဖို႔ရွိေနတယ္လုိ႔ မိသားစု၀င္တဦးက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို မခင္ျဖဴေထြးက ေျပာျပမွာပါ။

ပုဒ္မ (၁၀) ခုနဲ႔ တရားစြဲဆိုထားတယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ မီဒီယာေတြက ေဖာ္ျပထားတဲ့ မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို စစ္ေကာင္စီဘက္က စြပ္စြဲထားတဲ့ အမႈေတြ ထဲကမွ ၅၀၅(က) အတြက္ မုံ႐ြာေထာင္တြင္းက ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့တာပါ။
ကုိေ၀မုိးႏုိင္ဟာ လက္ရွိအခ်ိန္မွာ က်န္းမာေရးေကာင္းမြန္တယ္လို႔သာ သိထားရၿပီး မိခင္ျဖစ္သူနဲ႔ ခုခ်ိန္ထိမေတြ႕ရေသးပါဘူး။ သူရဲ႕ အမႈအေျခအေနနဲ႔ပတ္သတ္လို႔ မိခင္က ဗီြအုိေအကုိ အခုလို ေျပာျပပါတယ္။

"အမႈေတြက ၅၀၅ (က) ကို တရားလို စစ္တယ္ေပါ့။ အဲ ၅၀၅ (က) အတြက္ကို ၁၅ရက္ေန႔မွာ ႐ုံးခ်ိန္း ျပန္ခ်ိန္းထားပါတယ္။ ေနာက္ ၃၀၂ နဲ႔ ၃၉၅ အမႈ အတြက္က ခ႐ိုင္တရား႐ုံးမွာ ၁၆ရက္ေန႔မွာ ႐ုံးခ်ိန္းရွိပါမယ္။ ၅၀၅ ကိုစစ္တဲ့အခါမွာလည္း သူကေတာ့ သပိတ္ေခါင္းေဆာင္တယ္ေပါ့။ ဒါေပမယ့္ ဆႏၵျပတဲ့တေလွ်ာက္မွာ လက္နက္ကိုင္ေဆာင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးေပါ့။ အဲဒီအတြက္ေတာ့ အားသာခ်က္ ရွိတယ္လို႔ ယူဆရတယ္။ ေနာက္ၿပီး ၃၀၂ မွာဆိုရင္လဲ သူကိုယ္တိုင္သတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္မေတြ႕ရဘူး။ အားေပးကူညီမႈနဲ႔ ထည့္ထားတဲ့သေဘာေပါ့။ ဒလန္အမႈမွာလည္း အားေပးကူညီတယ္ဆိုၿပီး ထည့္တဲ့သေဘာေတြ႕ရတယ္လို ႔ေရွ႕ေနေတြကေျပာပါတယ္။"

ကိုေဝမိုးႏိုင္ကို မုံ႐ြာၿမိဳ႕နယ္ ရဲစခန္းကေန သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒ ပုဒ္မ ၂၅၊ ျပစ္မႈက်ဴး လြန္ရာတြင္ အားေပးကူညီမႈ ပုဒ္မ ၁၁၄၊ လူသတ္မႈ ပုဒ္မ ၃၀၂၊ တုံးေသာ လက္နက္ျဖင့္ အျပင္းအထန္ နာက်င္ ေစမႈ ပုဒ္မ ၃၂၅၊ လူကို မတရားခ်ဳပ္ေႏွာင္ထားရွိမႈ ပုဒ္မ ၃၄၂၊ ဓါးျပမႈ ၃၉၅ နဲ႔ တပ္မေတာ္ကို အၾကည္ညိဳ ပ်က္ ေအာင္ လႈံေဆာ္မႈ ၅၀၅ (က) တို႔နဲ႔ တရားစြဲထားၿပီး ဖမ္းဆီးခံရၿပီးေနာက္မွာ မတရား အသင္းျဖင့္ ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)၊ ႏိုင္ငံေတာ္ ပုန္ကန္မႈ ပုဒ္မ ၁၂၄ နဲ ႔ျပစ္မႈႀကီးမ်ား က်ဴးလြန္ေအာင္ အားေပးကူညီမႈ ပုဒ္မ ၅၁၁ တို႔ နဲ႔ပါ ထပ္တိုးအေရးယူမယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ မီဒီယာေတြက ေနထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ တပ္မေတာ္ကို အၾကည္ညိဳပ်က္ ေအာင္ လႈံေဆာ္မႈ ၅၀၅ (က)၊ လူသတ္မႈ ပုဒ္မ ၃၀၂နဲ႔ ဓါးျပမႈ ၃၉၅ တို႔အတြက္ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ကိုေဝမိုးႏိုင္အမႈအတြက္ ေရွ႕ေနလိုက္ပါေဆာင္႐ြက္တာ မရွိေအာင္ ဖိအားေပးမႈေတြရွိတယ္လို႔ မုံ႐ြာ သပိတ္ေခါင္းေဆာင္ေတြက ေျပာပါတယ္။ ေရွ႕ေနလိုက္ေပးမယ့္သူ အခက္အခဲေတာ္ေတာ္ေလးႀကဳံရတယ္လို႔ မိခင္ျဖစ္သူကလည္း ေျပာပါတယ္။

"မုံ႐ြာေရွ႕ေနေတြကေတာ့ အမ်ားသိတဲ့ အတိုင္းဘဲေလ၊ လိုက္ေပးမယ္ဆိုတဲ့ မုံ႐ြာကြန္ယက္ေရွ႕ေနေတြေကာ၊ တျခား ၃၀၂ ကို လိုက္ေပးမယ့္ေရွ႕ေနေတြကိုေကာ ဖိအားေပးလိုက္တယ္။ အဲဒီလိုေၾကာင့္ ေရွ႕ေနက ေျပာင္းလိုက္ရတယ္။ မုံ႐ြာေရွ႕ေနေတြ ဌားလို႔မရတဲ့အတြက္ မႏၲေလးကေရွ႕ေန ေခၚရတယ္။ ေရွ႕ေနေတြအေနနဲ႔ လာရသြားရ ခက္ေတာ့ခက္သြားတာေပါ့။ က်မတို႔လည္း ခက္ခဲတာေပါ့။ မုံ႐ြာေရွ႕ေနဆိုရင္ ဒီေဒသ အခက္အခဲပိုနားလည္တဲ့အတြက္ သူတို႔အေနနဲ႔လည္း အမႈမွာ ပိုအဆင္ေျပႏိုင္တာေပါ့။ ဒါမယ့္ အေျခအေနအရ မႏၲေလးကဘဲ ငွားလိုက္ရတယ္။"

ကိုေဝမိုးႏိုင္ကို ၿပီးခဲ့တဲ့ ဧၿပီ ၁၅ ရက္ေန႔က မုံ႐ြာၿမိဳ႕ မွာ ဆိုင္ကယ္သပိတ္ စစ္ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနခ်ိန္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီလက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားက ကားနဲ႔ဝင္တိုက္ၿပီး အၾကမ္း ဖက္႐ိုက္ႏွက္ ဖမ္းဆီးခဲ့တာပါ။ ဖမ္းဆီးၿပီး ရက္အေတာ္ၾကာတဲ့အထိ ကိုေဝမိုးႏိုင္ကို အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) မွာ ထိန္းသိမ္းထားၿပီး စစ္ေမးတာေတြလုပ္ခဲ့တယ္လို႔ နီးစပ္သူ ေတြကေျပာပါတယ္။ အခုခ်ိန္ထိ မိသားစု အပါအဝင္ ဘယ္သူနဲ႔မွ ေတြ႕ ခြင့္မရေသးပါဘူး။

စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ရက္ေန႔ မွာ ဖမ္းဆီးခံရသူေတြထဲ ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ေဟာင္းတဦးျဖစ္သူ ကိုမင္းေသြးသစ္လည္း ပါ၀င္ပါတယ္။ က်န္းမာေရးအားနည္းေနတဲ့ ကိုမင္းေသြးသစ္ကို မနက္ဖန္ ဇြန္ ၁၀ရက္ေန႔မွာ အင္းစိန္ေထာင္မွာ ႐ုံးထုတ္ဖို႔ရွိတယ္လို႔ ဇနီးျဖစ္သူက ေျပာပါတယ္။ သူ႔ကို မွတ္ပုံတင္ထားတာမရွိတဲ့ ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္အသုံးျပဳသူေတြကို အေရးယူတဲ့ ပုဒ္မ ၉၅နဲ႔ အမႈဖြင့္ထားပါတယ္။

"ေလာေလာဆယ္ သူ႐ုံးထြက္ေနရတယ္။ ခုလက္ရွိအမႈအေျခအေနကေတာ့ တရားလိုကို စစ္ၿပီးသြားၿပီ။ သက္ေသေတြ ၿပီးသြားၿပီ။ လက္ရွိ သူ႔က်န္းမာေရးကေတာ့ ဗိုက္အေျခအေနေကာင္းတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္း ေအးလာေတာ့ ခါးနာတယ္။ ဓါတ္မွန္႐ိုက္ရမယ္လို႔ ေရွ႕ေနကေနတဆင့္သိရတယ္။ ေလာေလာဆယ္ သူ႔ကို ပုဒ္မ ၉၅ေပါ့၊ ေမာ္ေတာ္ယာဥ္အက္ဥပေဒနဲ႔ ဆြဲထားတယ္ေပါ့။ ပုဒ္မ ၉၅တခုထဲနဲ႔ဘဲ ပါရွင့္။"

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အၾကမ္းဖက္ သတ္ျဖတ္မႈေၾကာင့္ ကေန႔အထိ ေသဆုံးသူ ၈၅၇ ဦး၊ ဖမ္းဆီး ထိန္းသိမ္းခံထားရသူ ၄၇၀၄ ဦးနဲ႔ ဖမ္းဝရမ္း ထုတ္ခံထားရသူ ၁၉၆၃ ဦးရွိေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP-B က ဇြန္လ ၈ ရက္ေန႔ ရက္စြဲနဲ႔ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ စာရင္းမွာ ေဖာ္ျပထားပါတယ္။

..............................................................................

တိုက္႐ိုက္ လင့္ခ္


မုံရွာဆန္ဒပြခေါင်းဆောင် အကျဉ်းထောင်တွင်းရုံးထုတ်စစ်ဆေး

စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဇွန်လ ၈ ရက်နေ့က မုံရွာအကျဉ်းထာင်အတွင်းက မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ မနက်ဖန်မှာလည်း စစ်တပ်က အာဏာသိမ်းတဲ့ေ ဖဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းသွေးသစ်ကို ရုံးထုတ်ဖို့ရှိနေတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မခင်ဖြူထွေးက ပြောပြမှာပါ။

ပုဒ်မ (၁၀) ခုနဲ့ တရားစွဲဆိုထားတယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ မီဒီယာတွေက ဖော်ပြထားတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့ အမှုတွေ ထဲကမှ ၅၀၅(က) အတွက် မုံရွာထောင်တွင်းက မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။
ကိုဝေမိုးနိုင်ဟာ လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းမွန်တယ်လို့သာ သိထားရပြီး မိခင်ဖြစ်သူနဲ့ ခုချိန်ထိမတွေ့ရသေးပါဘူး။ သူရဲ့ အမှုအခြေအနေနဲ့ပတ်သတ်လို့ မိခင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"အမှုတွေက ၅၀၅ (က) ကို တရားလို စစ်တယ်ပေါ့။ အဲ ၅၀၅ (က) အတွက်ကို ၁၅ရက်နေ့မှာ ရုံးချိန်း ပြန်ချိန်းထားပါတယ်။ နောက် ၃၀၂ နဲ့ ၃၉၅ အမှု အတွက်က ခရိုင်တရားရုံးမှာ ၁၆ရက်နေ့မှာ ရုံးချိန်းရှိပါမယ်။ ၅၀၅ ကိုစစ်တဲ့အခါမှာလည်း သူကတော့ သပိတ်ခေါင်းဆောင်တယ်ပေါ့။ ဒါပေမယ့် ဆန္ဒပြတဲ့တလျှောက်မှာ လက်နက်ကိုင်ဆောင်ခဲ့တာမျိုး မရှိခဲ့ဘူးပေါ့။ အဲဒီအတွက်တော့ အားသာချက် ရှိတယ်လို့ ယူဆရတယ်။ နောက်ပြီး ၃၀၂ မှာဆိုရင်လဲ သူကိုယ်တိုင်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်မတွေ့ရဘူး။ အားပေးကူညီမှုနဲ့ ထည့်ထားတဲ့သဘောပေါ့။ ဒလန်အမှုမှာလည်း အားပေးကူညီတယ်ဆိုပြီး ထည့်တဲ့သဘောတွေ့ရတယ်လို့ရှေ့နေတွေကပြောပါတယ်။"

ကိုဝေမိုးနိုင်ကို မုံရွာမြို့နယ် ရဲစခန်းကနေ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ပြစ်မှုကျူး လွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ လူသတ်မှု ပုဒ်မ ၃၀၂၊ တုံးသော လက်နက်ဖြင့် အပြင်းအထန် နာကျင် စေမှု ပုဒ်မ ၃၂၅၊ လူကို မတရားချုပ်နှောင်ထားရှိမှု ပုဒ်မ ၃၄၂၊ ဓါးပြမှု ၃၉၅ နဲ့ တပ်မတော်ကို အကြည်ညို ပျက် အောင် လှုံဆော်မှု ၅၀၅ (က) တို့နဲ့ တရားစွဲထားပြီး ဖမ်းဆီးခံရပြီးနောက်မှာ မတရား အသင်းဖြင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ နဲ့ပြစ်မှုကြီးများ ကျူးလွန်အောင် အားပေးကူညီမှု ပုဒ်မ ၅၁၁ တို့ နဲ့ပါ ထပ်တိုးအရေးယူမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီရဲ့ မီဒီယာတွေက နေထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ တပ်မတော်ကို အကြည်ညိုပျက် အောင် လှုံဆော်မှု ၅၀၅ (က)၊ လူသတ်မှု ပုဒ်မ ၃၀၂နဲ့ ဓါးပြမှု ၃၉၅ တို့အတွက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ကိုဝေမိုးနိုင်အမှုအတွက် ရှေ့နေလိုက်ပါဆောင်ရွက်တာ မရှိအောင် ဖိအားပေးမှုတွေရှိတယ်လို့ မုံရွာ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။ ရှေ့နေလိုက်ပေးမယ့်သူ အခက်အခဲတော်တော်လေးကြုံရတယ်လို့ မိခင်ဖြစ်သူကလည်း ပြောပါတယ်။

"မုံရွာရှေ့နေတွေကတော့ အများသိတဲ့ အတိုင်းဘဲလေ၊ လိုက်ပေးမယ်ဆိုတဲ့ မုံရွာကွန်ယက်ရှေ့နေတွေကော၊ တခြား ၃၀၂ ကို လိုက်ပေးမယ့်ရှေ့နေတွေကိုကော ဖိအားပေးလိုက်တယ်။ အဲဒီလိုကြောင့် ရှေ့နေက ပြောင်းလိုက်ရတယ်။ မုံရွာရှေ့နေတွေ ဌားလို့မရတဲ့အတွက် မန္တလေးကရှေ့နေ ခေါ်ရတယ်။ ရှေ့နေတွေအနေနဲ့ လာရသွားရ ခက်တော့ခက်သွားတာပေါ့။ ကျမတို့လည်း ခက်ခဲတာပေါ့။ မုံရွာရှေ့နေဆိုရင် ဒီဒေသ အခက်အခဲပိုနားလည်တဲ့အတွက် သူတို့အနေနဲ့လည်း အမှုမှာ ပိုအဆင်ပြေနိုင်တာပေါ့။ ဒါမယ့် အခြေအနေအရ မန္တလေးကဘဲ ငှားလိုက်ရတယ်။"

ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က မုံရွာမြို့ မှာ ဆိုင်ကယ်သပိတ် စစ်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် စစ်အုပ်ချုပ်ရေးကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကားနဲ့ဝင်တိုက်ပြီး အကြမ်း ဖက်ရိုက်နှက် ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီး ရက်အတော်ကြာတဲ့အထိ ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှာ ထိန်းသိမ်းထားပြီး စစ်မေးတာတွေလုပ်ခဲ့တယ်လို့ နီးစပ်သူ တွေကပြောပါတယ်။ အခုချိန်ထိ မိသားစု အပါအဝင် ဘယ်သူနဲ့မှ တွေ့ ခွင့်မရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ မှာ ဖမ်းဆီးခံရသူတွေထဲ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ကိုမင်းသွေးသစ်လည်း ပါဝင်ပါတယ်။ ကျန်းမာရေးအားနည်းနေတဲ့ ကိုမင်းသွေးသစ်ကို မနက်ဖန် ဇွန် ၁၀ရက်နေ့မှာ အင်းစိန်ထောင်မှာ ရုံးထုတ်ဖို့ရှိတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ သူ့ကို မှတ်ပုံတင်ထားတာမရှိတဲ့ မော်တော်ယာဉ်ကို မောင်းနှင်အသုံးပြုသူတွေကို အရေးယူတဲ့ ပုဒ်မ ၉၅နဲ့ အမှုဖွင့်ထားပါတယ်။

"လောလောဆယ် သူရုံးထွက်နေရတယ်။ ခုလက်ရှိအမှုအခြေအနေကတော့ တရားလိုကို စစ်ပြီးသွားပြီ။ သက်သေတွေ ပြီးသွားပြီ။ လက်ရှိ သူ့ကျန်းမာရေးကတော့ ဗိုက်အခြေအနေကောင်းတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အေးလာတော့ ခါးနာတယ်။ ဓါတ်မှန်ရိုက်ရမယ်လို့ ရှေ့နေကနေတဆင့်သိရတယ်။ လောလောဆယ် သူ့ကို ပုဒ်မ ၉၅ပေါ့၊ မော်တော်ယာဉ်အက်ဥပဒေနဲ့ ဆွဲထားတယ်ပေါ့။ ပုဒ်မ ၉၅တခုထဲနဲ့ဘဲ ပါရှင့်။"

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ကနေ့အထိ သေဆုံးသူ ၈၅၇ ဦး၊ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၄၇၀၄ ဦးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၉၆၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG