သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါင္းတို႔မ်ိဳးဆက္ ကိုေဇယ်ာလြင္ကို ေနာက္ထပ္ ေထာင္ဒဏ္ ၆ လ ခ်မွတ္


ေဒါင္းတို႔မ်ိဳးဆက္ ကိုေဇယ်ာလြင္။ (ဓာတ္ပုံ - ေဒါင္းတို႔မ်ိဳးဆက္ - ဒီဇင္ဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

သႀကၤန္သံခ်ပ္ထိုးရာမွာ တပ္မေတာ္အေပၚ ေ၀ဖန္တာေတြ ပါ၀င္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ေထာင္ဒဏ္က်ခံေနရတဲ့ တက္ၾကြလႈပ္ရွားသူ လူငယ္တဦးျဖစ္တဲ့ ကုိေဇယ်ာလြင္ကို ေနာက္ထပ္တရား႐ုံးတခုက ေထာင္ဒဏ္ ၆ လ ခ်မွတ္ လိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႔က ကုိေဇယ်ာလြင္ကို ၂၀၁၉ ခုႏွစ္ သႀကၤန္ကာလတုန္းက သံခ်ပ္စာသားေတြမွာ တပ္မေတာ္အေပၚ ေ၀ဖန္တဲ့ စကားလံုးေတြ ပါ၀င္တဲ့ ရုပ္သံဖိုင္ကို လူမႈကြန္ယက္ စာမ်က္ႏွာမွာ လႊင့္တင္ခဲ့တယ္ဆုိၿပီး အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္က အရာရ်ိတဦးက တရားလိုျပဳလုပ္ၿပီး ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) နဲ႔ တရားစြဲဆိုထားတာကို ဧရာ၀တီတုိင္း၊ မအူပင္ တရားရံုးက ဒီကေန႔ အမိန္႔ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

ပထမတႀကိမ္ ေထာင္ဒဏ္ ၅ ႏွစ္ခဲြအျပင္ ေနာက္ထပ္ ၆ လ ခ်မွတ္ခဲ့တာလုိ႔လည္း ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႔၀င္ ေနာက္တဦးျဖစ္တဲ့ ကိုနန္းလင္းကေျပာပါတယ္။

“ေဇယ်ာလြင္က ဒီကေန႔ အၿပီးသတ္အမိန္႔ခ်တယ္။ ၆၆ (ဃ) နဲ႔ပဲ ေထာင္ ၆ လ ထပ္ခ်လိုက္တယ္။ မအူပင္ တရားရံုးက စုစုေပါင္း ၆ ႏွစ္ ပထမက ၅ ႏွစ္နဲ႔ ၆ လ ၅၀၅ နဲ႔ ၅၀၅(ခ)နဲ႔ ေနာက္ ၆ လက က်ေတာ့ ၆၆ (ဃ) နဲ႔။”

ေဒါင္းတို႔မ်ိဳးဆက္ အဖြဲ႔၀င္ေတြျဖစ္တဲ့ ေဇယ်ာလြင္ ပိုင္ရဲသူ ပိုင္ၿဖိဳးမင္းတို႔ဟာ သႀကၤန္တြင္း သံခ်ပ္ထုိးခဲ့တဲ့ လုပ္ရပ္ေၾကာင့္ ရန္ကုန္တိုင္းနဲ႔ ဧရာ၀တီတိုင္းက တရားရံုးေတြမွာ တပ္မေတာ္အေပၚ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ ေထာင္ဒဏ္ ၅ ႏွစ္ခြဲ ႏွစ္ရွည္ေထာင္ ဒဏ္ေတြ ခ်မွတ္ခံခဲ့ၾကရတာပါ။

တခ်ိန္တည္းမွာပဲ ရခိုင္ျပည္နယ္မွာ စစ္ပြဲေတြ ရပ္တန္႔ဖို႔ ဆႏၵျပလႈပ္ရွားခဲ့ၾကတဲ့ ေက်ာင္းသား သမဂၢအဖြဲ႕၀င္ ၄ ဦးတို႔ကိုလည္း ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆိုင္ရာ ဥပေဒပုဒ္မ (၁၉) အျပင္ တပ္မေတာ္အေပၚ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔လည္း တရားစြဲဆိုထားတာကို ဒီကေန႔ ရံုးထုတ္ စစ္ေဆးဖို႔ စီစဥ္ထားေပမဲ့ ကုိဗစ္ကပ္ေရာဂါေၾကာင့္ သီတင္း ၂ ပတ္ထပ္ေရႊ႕လုိက္တယ္လုိ႔ အမႈမွာ လုိက္ပါ အက်ဳိးေဆာင္ေပးေနတဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ဦးေက်ာ္ညႊန္႔ေမာင္ ကေျပာပါတယ္။

“ဒီေန႔ရံုးခ်ိန္းေတာ့ ရံုးခ်ိန္းပဲ ကေလးေတြကို COVID 19 ေၾကာင့္ ရံုးမထုတ္ပါဘူးခင္ဗ်။ စစ္မယ္လို႔ခ်ိန္းေပမယ့္ ၂ ပတ္ခ်ိန္းလိုက္ေတာ့ ေရာဂါအေျခအေနက စိတ္ခ်ရတဲ့ အေနအထားမရွိတဲ့အတြက္ေၾကာင့္ စစ္ေတြ ၿမိဳ႕နယ္ရံုးရယ္၊ စစ္ေတြ ခရိုင္ရံုးရယ္ အဲ့မွာရွိတဲ့ တရားခံေတြကို ရံုးမထုတ္ပါဘူးခင္ဗ်။”

အလားတူ မႏၱေလးၿမိဳ႕ေပၚမွာ ရခိုင္ျပည္နယ္ ရွမ္းျပည္နဲ႔ ခ်င္းျပည္နယ္တို႔မွာ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြ ရပ္တန္႔ဖို႔ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢအဖြဲ႕၀င္ေတြကိုလည္း ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈစတဲ့ ပုဒ္မေတြနဲ႔ တရားစြဲၿပီး ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ထား ၿပီး မိတၳီလာစတဲ့ ၿမိဳ႕နယ္ေတြမွာလည္း ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ေက်ာင္းသားေတြကိုလည္း တရားစြဲဆိုထားပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေါင်းတို့မျိုးဆက် ကိုဇေယျာလွင်ကို နောက်ထပ် ထောင်ဒဏ် ၆လ ချမှတ်

သင်္ကြန်သံချပ်ထိုးရာမှာ တပ်မတော်အပေါ် ဝေဖန်တာတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ ကိုဇေယျာလွင်ကို နောက်ထပ်တရားရုံးတခုက ထောင်ဒဏ် ၆ လ ချမှတ် လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဒေါင်းတို့မျိုးဆက်အဖွဲ့က ကိုဇေယျာလွင်ကို ၂၀၁၉ ခုနှစ် သင်္ကြန်ကာလတုန်းက သံချပ်စာသားတွေမှာ တပ်မတော်အပေါ် ဝေဖန်တဲ့ စကားလုံးတွေ ပါဝင်တဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ယက် စာမျက်နှာမှာ လွှင့်တင်ခဲ့တယ်ဆိုပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က အရာရျိတဦးက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတာကို ဧရာဝတီတိုင်း၊ မအူပင် တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပထမတကြိမ် ထောင်ဒဏ် ၅ နှစ်ခွဲအပြင် နောက်ထပ် ၆ လ ချမှတ်ခဲ့တာလို့လည်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ကိုနန်းလင်းကပြောပါတယ်။

“ဇေယျာလွင်က ဒီကနေ့ အပြီးသတ်အမိန့်ချတယ်။ ၆၆ (ဃ) နဲ့ပဲ ထောင် ၆ လ ထပ်ချလိုက်တယ်။ မအူပင် တရားရုံးက စုစုပေါင်း ၆ နှစ် ပထမက ၅ နှစ်နဲ့ ၆ လ ၅၀၅ နဲ့ ၅၀၅(ခ)နဲ့ နောက် ၆ လက ကျတော့ ၆၆ (ဃ) နဲ့။”

ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေဖြစ်တဲ့ ဇေယျာလွင် ပိုင်ရဲသူ ပိုင်ဖြိုးမင်းတို့ဟာ သင်္ကြန်တွင်း သံချပ်ထိုးခဲ့တဲ့ လုပ်ရပ်ကြောင့် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက တရားရုံးတွေမှာ တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၅ နှစ်ခွဲ နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်ခံခဲ့ကြရတာပါ။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ ဆန္ဒပြလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ၄ ဦးတို့ကိုလည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) အပြင် တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့လည်း တရားစွဲဆိုထားတာကို ဒီကနေ့ ရုံးထုတ် စစ်ဆေးဖို့ စီစဉ်ထားပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် သီတင်း ၂ ပတ်ထပ်ရွှေ့လိုက်တယ်လို့ အမှုမှာ လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင် ကပြောပါတယ်။

“ဒီနေ့ရုံးချိန်းတော့ ရုံးချိန်းပဲ ကလေးတွေကို COVID 19 ကြောင့် ရုံးမထုတ်ပါဘူးခင်ဗျ။ စစ်မယ်လို့ချိန်းပေမယ့် ၂ ပတ်ချိန်းလိုက်တော့ ရောဂါအခြေအနေက စိတ်ချရတဲ့ အနေအထားမရှိတဲ့အတွက်ကြောင့် စစ်တွေ မြို့နယ်ရုံးရယ်၊ စစ်တွေ ခရိုင်ရုံးရယ် အဲ့မှာရှိတဲ့ တရားခံတွေကို ရုံးမထုတ်ပါဘူးခင်ဗျ။”

အလားတူ မန္တလေးမြို့ပေါ်မှာ ရခိုင်ပြည်နယ် ရှမ်းပြည်နဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုစတဲ့ ပုဒ်မတွေနဲ့ တရားစွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထား ပြီး မိတ္ထီလာစတဲ့ မြို့နယ်တွေမှာလည်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားတွေကိုလည်း တရားစွဲဆိုထားပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG