(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ေဒါင္းတုိ႔မ်ိဳးဆက္ သံခ်ပ္အဖဲြ႔က အဖဲြ႔ဝင္ ၃ ေယာက္ကို ေနာက္ထပ္ ၆ လ ေထာင္ဒဏ္ခ်တဲ့အေပၚ Amnesty International အဖြဲ႔က ေၾကညာခ်က္ထုတ္ျပန္ၿပီး သူတုိ႔ကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။
ဆက္သြယ္ေရး ဥပေဒ ပုဒ္မ - ၆၆(ဃ) နဲ႔ေနာက္ထပ္ တရားစြဲခံရတဲ့ ေဒါင္းတို႔ မ်ိဳးဆက္ သံခ်ပ္အဖြဲ႕၀င္ (၇) ေယာက္ထဲက (၃) ေယာက္ကို ဗိုလ္တထာင္ၿမိဳ႕နယ္ တရား႐ုံးက အလုပ္ႏွင့္ ေထာင္ဒဏ္ (၆) လ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေကာင္းမြန္တဲ့အနာဂါတ္ရ႐ွိဖုိ႔ ေဖ်ာ္ေျဖၾကတဲ့ လူငယ္ေတြ ခုလို တရားစြဲခံရ ေထာင္ဒဏ္ခ်ခံရတာကို ၾကည့္ျခင္းျဖင့္ ျမန္မာစစ္တပ္ဘက္က အညဳိးထားေဆာင္႐ြက္ေနတယ္ဆိုတာ ျပသေနတယ္လို႔ Amnesty International ရဲ႕ ေဒသဆိုင္ရာ ၫႊန္မွဴး Nicholas Bequelin ကေျပာပါတယ္။
အာဏာပိုင္ေတြဟာ လူငယ္ေတြ သေရာ္တင္ျပတဲ့ အေျခအေနေတြကို စဥ္းစားမယ့္အစား သူတုိ႔ကို အျပစ္ေပးေနတယ္လုိ႔လည္း ေျပာပါတယ္။ ခုလိုျပစ္ဒဏ္ေတြကို ပယ္ဖ်က္သင့္သလို ဖမ္းဆီးခံထားတဲ့ သံခ်ပ္အဖဲြ႔ဝင္အားလံုးကို ျခြင္းခ်က္မ႐ွိ အျမန္ဆံုး ျပန္လႊတ္ေပးဖုိ႔နဲ႔ ေနာက္ထပ္စြဲခ်က္ေတြအားလံုးကို ျပန္႐ုပ္သိမ္းေပးဖို႔လည္း AI အဖဲြ႔ကေတာင္းဆိုပါတယ္။
ေ႐ြးေကာက္ပြဲက်င္းပဖုိ႔႐ွိေနခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အစိုးရအေနနဲ႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို အျပည့္အဝကာကြယ္ၿပီး ဒီအခြင့္အေရးေတြအတြက္ အတားအဆီးျဖစ္ေနတဲ့ ဥပေဒေတြကို ႐ုတ္သိမ္း ဒါမွမဟုတ္ ျပင္ဆင္သင့္တယ္လို႔ Amnesty International အဖဲ႔ြရဲ႕ ထုုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။
.................
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ထောင်ချခံရမှု AI ဝေဖန်
(Unicode)
မြန်မာနိုင်ငံမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် ၃ ယောက်ကို နောက်ထပ် ၆ လ ထောင်ဒဏ်ချတဲ့အပေါ် Amnesty International အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၆၆(ဃ) နဲ့နောက်ထပ် တရားစွဲခံရတဲ့ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် (၇) ယောက်ထဲက (၃) ယောက်ကို ဗိုလ်တထာင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် (၆) လ ချမှတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အနာဂါတ်ရရှိဖို့ ဖျော်ဖြေကြတဲ့ လူငယ်တွေ ခုလို တရားစွဲခံရ ထောင်ဒဏ်ချခံရတာကို ကြည့်ခြင်းဖြင့် မြန်မာစစ်တပ်ဘက်က အညိုးထားဆောင်ရွက်နေတယ်ဆိုတာ ပြသနေတယ်လို့ Amnesty International ရဲ့ ဒေသဆိုင်ရာ ညွှန်မှူး Nicholas Bequelin ကပြောပါတယ်။
အာဏာပိုင်တွေဟာ လူငယ်တွေ သရော်တင်ပြတဲ့ အခြေအနေတွေကို စဉ်းစားမယ့်အစား သူတို့ကို အပြစ်ပေးနေတယ်လို့လည်း ပြောပါတယ်။ ခုလိုပြစ်ဒဏ်တွေကို ပယ်ဖျက်သင့်သလို ဖမ်းဆီးခံထားတဲ့ သံချပ်အဖွဲ့ဝင်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ်စွဲချက်တွေအားလုံးကို ပြန်ရုပ်သိမ်းပေးဖို့လည်း AI အဖွဲ့ကတောင်းဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝကာကွယ်ပြီး ဒီအခွင့်အရေးတွေအတွက် အတားအဆီးဖြစ်နေတဲ့ ဥပဒေတွေကို ရုတ်သိမ်း ဒါမှမဟုတ် ပြင်ဆင်သင့်တယ်လို့ Amnesty International အဖဲ့ွရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။