(zawgyi/Unicode)
လွတ်လပ်စွာပြောဆိုခွင့် ဥပဒေအရ မကာကွယ်နိုင်ဘူးလား
(တိုက်ရိုက်လေလှိုင်း)
မြန်မာရိုးရာနှစ်သစ်သင်္ကြန်ကာလမှာ သံချပ်နဲ့ ဝေဖန်မိလို့ ဖမ်းခံရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သားတွေ ထောင်ချခံလိုက်ရတာဟာ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ဆိုတဲ့ အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြနေပါပြီ။ ဒီမတိုင်ခင်ကလည်း အစိုးရကိုဖြစ်စေ စစ်တပ်ကို ဖြစ်စေ ဝေဖန်မိလို့ တတ်ကြွသူအတော်များများ ဖမ်းခံရ တရားစွဲခံကြရပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ ဒီမုကရေစီအခြေခံတရပ်ကို အာမခံချက်မပေးနိုင်တဲ့ အခြေအနေ ဘာကြောင့်ပါလဲ.. အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ ရှေ့နေကြီး ဦးကြီးမြင့်နဲ့၊ မြန်မာ့သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။