သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါင္းမ်ိဳးဆက္ေတြကို လႊတ္ေပးဖို႔ PEN American ေတာင္းဆို


(Zawgyi/Unicode)

ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ဝင္ လူငယ္ ၅ ဦးကို ေထာင္ဒဏ္ခ်မွတ္တဲ့အေပၚ PEN America အဖြဲ႔က ျပစ္တင္႐ႈတ္ခ်လိုက္ပါ တယ္။ ဒီျဖစ္ရပ္ဟာ စိတ္ကူးပံုေဖာ္ၿပီး ထုတ္ေဖာ္ေျပာဆိုခြင့္ကို ေျဗာင္က်က် ခ်ဳိးေဖာက္လိုက္တာျဖစ္ၿပီး ျပစ္ဒဏ္ကို ပယ္ဖ်က္သင့္ တယ္လုိ႔လည္း ေအာက္တိုဘာလ ၃၁ ရက္ေန႔စြဲနဲ႔ PEN America အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီသံခ်ပ္အဖြဲ႔ဝင္ေတြဟာ ဘယ္လိုျပစ္မႈမ်ဳိးကိုမွ က်ဴးလြန္တာမဟုတ္ဘဲ စစ္ဘက္နဲ႔ အစိုးရအာဏာပိုင္ေတြဟာ ေဝဖန္ေျပာဆိုတာ ေတြအေပၚ အႏၲရာယ္ရွိေလာက္ေအာင္ အကဲဆတ္လြန္းတယ္ဆိုတာ ဒီဆိုးရြားတဲ့ ျပစ္ဒဏ္ခ်မွတ္မႈက သက္ေသျပေနတယ္လုိ႔ PEN America အဖြဲ႔က ၿခိမ္းေျခာက္ခံေနရေသာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုင္ရာ အစီအစဥ္ ၫႊန္ၾကားေရးမွဴး Karin Deutsch Karlekar ကေျပာပါတယ္။ ဒီဆံုးျဖတ္ခ်က္ကို ပယ္ဖ်က္ဖို႔၊ သံခ်ပ္အဖြဲ႔ဝင္ေတြကို ေထာင္ခ်လိုက္တဲ့ ဖိႏွိပ္တဲ့ ဥပေဒေတြ ကို ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ သံခ်ပ္အဖြဲ႔ဝင္ေတြကို ခ်က္ျခင္းျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့သၾကၤန္ကာလက ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ ေဖ်ာ္ေျဖတင္ဆက္ခဲ့တဲ့ သံခ်ပ္ေတြနဲ႔ပတ္သက္ၿပီး အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ တပ္မေတာ္က တရားစြဲတာကို ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္တရား႐ံုးက ေထာင္ဒဏ္ ၁ ႏွစ္စီ ခ်မွတ္လိုက္တာပါ။

ဒါ့အျပင္ သူတို႔ငါးဦးကို ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔လည္း တရားစြဲထားၿပီး အဲဒီအမႈကို ဆက္ၿပီး ရင္ဆိုင္ေနၾကရပါ တယ္။

...................

ဒေါင်းမျိုးဆက်တွေကို လွှတ်ပေးဖို့ PEN American တောင်းဆို

(Unicode)

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လူငယ် ၅ ဦးကို ထောင်ဒဏ်ချမှတ်တဲ့အပေါ် PEN America အဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပါ တယ်။ ဒီဖြစ်ရပ်ဟာ စိတ်ကူးပုံဖော်ပြီး ထုတ်ဖော်ပြောဆိုခွင့်ကို ဗြောင်ကျကျ ချိုးဖောက်လိုက်တာဖြစ်ပြီး ပြစ်ဒဏ်ကို ပယ်ဖျက်သင့် တယ်လို့လည်း အောက်တိုဘာလ ၃၁ ရက်နေ့စွဲနဲ့ PEN America အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသံချပ်အဖွဲ့ဝင်တွေဟာ ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်တာမဟုတ်ဘဲ စစ်ဘက်နဲ့ အစိုးရအာဏာပိုင်တွေဟာ ဝေဖန်ပြောဆိုတာ တွေအပေါ် အန္တရာယ်ရှိလောက်အောင် အကဲဆတ်လွန်းတယ်ဆိုတာ ဒီဆိုးရွားတဲ့ ပြစ်ဒဏ်ချမှတ်မှုက သက်သေပြနေတယ်လို့ PEN America အဖွဲ့က ခြိမ်းခြောက်ခံနေရသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှူး Karin Deutsch Karlekar ကပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့၊ သံချပ်အဖွဲ့ဝင်တွေကို ထောင်ချလိုက်တဲ့ ဖိနှိပ်တဲ့ ဥပဒေတွေ ကို ပြုပြင်ပြောင်းလဲဖို့နဲ့ သံချပ်အဖွဲ့ဝင်တွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်ကာလက ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ သံချပ်တွေနဲ့ပတ်သက်ပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တပ်မတော်က တရားစွဲတာကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တာပါ။

ဒါ့အပြင် သူတို့ငါးဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့လည်း တရားစွဲထားပြီး အဲဒီအမှုကို ဆက်ပြီး ရင်ဆိုင်နေကြရပါ တယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG