သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ တရားရင္ဆိုင္ရၿပီ


ေဒါင္းတို႔မ်ိဳးဆက္က ကိုေဇယ်ာလြင္ အဖမ္းခံရစဥ္ (ေဒါင္းတို႔မ်ဳိးဆက္)

ၿပီးခဲ့တဲ့သၾကၤန္တုန္းက ဆင္ဆာမတင္ဘဲ သံခ်ပ္ေဖ်ာ္ေျဖခဲ့တဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ ဦးေဆာင္သူ ေက်ာင္းသားေတြကို ပုဒ္မ ၅၀၅ (က) နိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ စြဲခ်က္တင္ဖို႔ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ံုးက ဒီကေန႔အမိန္႔ခ်မွတ္လိုက္ပါၿပီ။

ဖြဲ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ႏုိင္ငံေရးမွာ စစ္တပ္ ပါဝင္ေနတာေတြနဲ႔ပတ္သက္ၿပီး လက္ရွိနိုင္ငံေရး အေျခအေနကို ႏုိင္ငံသားတို္င္း လြတ္လပ္စြာေျပာဆိုခြင့္ရွိတာနဲ႔အညီ လူထုကိုေဖ်ာ္ေျဖခဲ့တာသာျဖစ္တယ္လို႔ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔က ေျပာပါတယ္။

မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ဒီကေန႔ စက္တင္ဘာလ ၁၂ ရက္ေန႔ မွာ ရန္ကုန္တုိင္း မရမ္းကုန္းၿမိဳ႕နယ္ တရား႐ံုးကေန ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္ဦးေဆာင္သူ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုေဇာ္လင္းထြဋ္၊ မေကခိုင္ထြန္းတို႔ ေလးဦးကို အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ စြဲခ်က္တင္လိုက္ပါတယ္။ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔ ေခါင္းေဆာင္ေတြဟာ မရမ္းကုန္း တရားရံုးမွာ ပုဒ္မ ၅၀၅ (က)၊ ၆၆ (ဃ) တို႔နဲ႔ တရားရင္ဆိုင္ေနရသလို ဗိုလ္တေထာင္ တရား႐ံုးမွာလည္း ပုဒ္မ ၅၀၅ (က) နဲ႔ တရားရင္ဆိုင္ေနရဆဲ ျဖစ္ပါတယ္။ သူတို႔ကို တပ္မေတာ္က တရားလိုလုပ္ၿပီး တရားစြဲထားတာပါ။

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို တရား႐ံုးကေန စြဲခ်က္တင္ဖို႔ ဒီကေန႔ အမိန္႔ခ်မွတ္လိုက္ၿပီးတဲ့ေနာက္ သူတို႔ကို လက္ရွိခ်ဳပ္ေႏွာင္ အက်ဥ္းခ်ထားတဲ့ အင္းစိန္ေထာင္ကိုျပန္ပို႔ဖို႔ တရား႐ံုးကအထြက္မွာေတာ့ ေဒါင္းတို႔မ်ိဳးဆက္က ကိုေဇယ်ာလြင္နဲ႔ မေကခိုင္ထြန္းတို႔က သူတို႔ကို စြဲခ်က္တင္ဖို႔ အမိန္႔ခ်လိုက္တဲ့အေပၚ အခုလိုေျပာဆိုသြားပါတယ္။

“က်ေနာ္တို႔က သၾကၤန္ကာလအတြင္းမွာ က်ေန္ာတို႔က လြတ္လပ္စြာေျပာဆိုတာကို ယံုၾကည္တဲ့အတြက္ သၾကၤန္သံခ်ပ္ ထိုးတယ္။ က်ေန္ာတို႔ စစ္တပ္ကို ဖြဲ႔စည္းပံု ျပင္ဆင္ေစခ်င္တယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံေရးက႑ကေန ထြက္သြားေစခ်င္တယ္။ အဲဒါေၾကာင့္ က်ေနာ္တုိ႔ ႏွစ္စဥ္ႏွစ္တိုင္း သံခ်ပ္ေတြနဲ႔ က်ေနာ္တို႔ ျပည္သူကို လွည့္လည္ေဖ်ာ္ေျဖတယ္။ ဒီႏွစ္မွာလည္း ေဖ်ာ္ေျဖတယ္ အခုဆိုရင္ အဲဒီလိုေဖ်ာ္ေျဖတဲ့အတြက္ က်ေနာ္တို႔ကို စြဲခ်က္တင္ ခံရတယ္။ တိုင္းျပည္မွာ လက္ရွိအေျခအေနမွာ လက္နက္ကိုင္တိုင္းရင္းသားေတြနဲ႔ေတာင္ စားပြဲထိုင္ခံုေပၚမွာ လက္ရွိစကားေျပာေနတဲ့အခ်ိန္မွာ က်ေနာ္တို႔ကို ဒီလိုမ်ိဳးစြဲခ်က္တင္လိုက္တယ္ဆိုတာက တရားတဲ့ကိစၥမဟုတ္ဘူးလို႔ က်ေနာ္တို႔ထင္တယ္။ အခုက်ေနာ္တို႔က လက္နက္ကိုင္အၾကမ္းဖက္တဲ့ အဖဲြ႔အစည္းမဟုတ္ဘူး။ က်ေနာ္တို႔က ပဋိပကၡေတြဖန္တီးေနတဲ့ အဖြဲ႔အစည္းလည္း မဟုတ္ဘူး။ က်ေနာ္တို႔ လက္နက္ဆိုလို႔ အပ္တေခါင္းေတာင္မရွိဘူး။ က်ေနာ္တို႔က သံခ်ပ္ပဲ လုပ္ေနတာ။ တကယ္လို႔ က်ေနာ္တို႔မွာ လက္နက္ရွိခဲ့မယ္ဆိုရင္ သံခ်က္ပဲျဖစ္တယ္။ သံခ်က္ထိုးရင္ သန္လ်က္ က်ိဳးတယ္။”

“ဒီေန႔ကေတာ့ ပုဒ္မ ၅၀၅ (က) နဲ႔ စြဲခ်က္တင္တာေပါ့ ဒါကေတာ့ ႀကိဳၿပီးေတာ့ ခန္႔မွန္းထားၿပီးသားပါ။ တရားသူႀကီးေတြကလည္း သူတို႔ တရားလိုဘက္က သက္ေသေတြ ေျပာၾကားတာေတြက က်မတို႔က အမႈမေျမာက္ဘူးလို႔ ထင္မွာပဲ ဒါေပမယ့္ သူတို႔ဘက္ကေတာ့ တင္မွာပဲ ဒါကေတာ့ သိၿပီးသားကိစၥပါ။ က်မတို႕ေတာ့ ကိုယ့္ယံုၾကည္ခ်က္နဲ႔ လုပ္တာဆိုေတာ့ ရွိသမွ်ကိုေတာ့ သတၱိရွိရွိနဲ႔ ရင္ဆိုင္သြားမွာပါ။”

အခုလိုမ်ိဳး သၾကၤန္သံခ်ပ္ထိုးခဲ့တဲ့အတြက္ တရားစြဲဆိုဖို႔ အမိန္႔ခ်မွတ္လိုက္တဲ့အေပၚ အရပ္သားအစိုးရလက္ထက္ ျမန္မာႏုိင္ငံရဲ႕ ဒီမိုကေရစီအေျခခံသေဘာတရား၊ ႏိုင္ငံသားတို႔ရဲ႕ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို ထိပါးလာေနတာ ျဖစ္တယ္လို႔ ကိုယ္တုိင္လည္း အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ နဲ႔ စစ္တပ္က တရားစြဲဆိုၿပီး ေထာင္ခ်ခံခဲ့ရဖူးသူ ကခ်င္ၿငိမ္းခ်မ္းေရးလႈပ္ရွားသူ ကို Lum Zawng က ေဝဖန္ေျပာဆိုပါတယ္။

“ေအာက္ေျခမွာ ျပည္သူလူထုေတြ ရင္ဆိုင္ေနရတဲ့ အေျခအေနမွန္ကို ထင္ဟပ္ေစတဲ့ လကၡဏာေတြ လုပ္ေဆာင္တာကို ရာဇ၀တ္မႈ လိုနဲ႔ ေျပာမယ္ဆိုရင္ အရင္က ခါးခါးသီးသီး ျဖတ္သန္းခဲ့ရတဲ့ စစ္အာဏာရွင္ရဲ႕ ပံုစံကဲ့သို႔ ႏွိတ္ကြပ္တဲ့ ပံုစံျဖစ္ေနတယ္လို႔ က်ေနာ္တို႔ ယူဆတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုမ်ိဳး အရပ္ဘက္အစိုးရလို႔ ေျပာင္းလဲလာတဲ့အခ်ိန္မွာေတာ့ ဒီေလာက္အထိ က်ေနာ္တို႔ကို ႏွိတ္ကြပ္စရာမလိုဘူးလို႔ ၿပီးရင္လည္း ဒီလိုမ်ိဳးလုပ္ေဆာင္မႈက တိုင္းျပည္အတြက္ အမွန္တကယ္ ျပဳျပင္ေျပာင္းလဲမႈထဲမွာ ေကာင္းတဲ့အက်ိဳးသက္ေရာက္မႈ မဟုတ္ပဲနဲ႔ တိုင္းျပည္ရဲ႕ ျပဳျပင္ေျပာင္းလဲမႈထဲမွာ ပိုၿပီးေတာ့ ျပည္သူလူထုက တပ္ဘက္၊ စစ္ဘက္ အရပ္ဘက္ ဆက္ဆံေရး ေတြ တပ္ဘက္ကိုေရာ ယံုၾကည္မႈေတြကေတာ့ ပိုပိုၿပီး က်ဆင္းလာမယ္လို႔ က်ေနာ္တို႔ အဲလိုမ်ိဳး ျမင္မိပါတယ္။”

သံခ်ပ္အဖြဲ႔ေတြကို တပ္မေတာ္ဘက္က တရားစြဲဆိုတာေတြ အျမန္ဆံုး႐ုပ္ေပးဖို႔နဲ႔ ဖမ္းဆီးထိန္းသိမ္းခံ သံခ်ပ္အဖြဲ႔ဝင္ေတြကို အျမန္ဆံုးျပန္လႊတ္ေပးဖို႔ တရားခြင္ေတြရဲ႕ တရားစီရင္မႈေတြကို ေလ့လာရင္း တီရွပ္ျပာကမ္ပိန္းနဲ႔ ဝန္းရံေနတဲ့ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈ အသံအဖြဲ႔က ေတာင္းဆိုတဲ့အေၾကာင္း အသံအဖြဲ႔ဝင္ ကိုရဲေဝၿဖိဳးေအာင္က ေျပာပါတယ္။

“၂၀၁၉ ထဲမွာ စစ္တပ္ကေနၿပီးေတာ့ သူတို႔ေတြက စစ္တပ္ကေန လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို အႀကီးအက်ယ္ခ်ိဳးေဖာက္ေနတယ္။ အၿငိဳးထားတယ္ဆိုတဲ့ပံုစံနဲ႔ တရားစြဲဆိုတာ ေထာင္ခုတာေတြ႔ရတာေပါ့ေနာ္။ အခုဒီေန႔ တရားရံုးကေနၿပီးေတာ့ စြဲခ်က္တင္လိုက္တယ္ဆိုတဲ့ကိစၥက ဘယ္ေနရာမွာေတြ႕ရသလဲဆိုေတာ့ တရားေရး မဏိၱဳင္ လြတ္လပ္မေနဘူးဆိုတာေတြ႔ရတာေပါ့။ က်ေနာ္တို႔ ကခ်င္မွာလိုမ်ိဳး ခ်ိန္ခြင္အက်ိဳးေလး တရားသူႀကီးကို ေပးလိုက္လို႔ ေထာင္ခ်တယ္ေပါ့ေနာ္။ ဆိုလိုခ်င္တာကေတာ့ က်ေနာ္တို႔ျမန္မာႏိုင္ငံမွာ တရားစီရင္ေရးစနစ္ေရာ လြတ္လပ္မႈကေတာ့ မရွိဘူးဆိုတာက။”

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို တရားစြဲဆိုဖို႔ အမိန္႔ခ်လိုက္တဲ့ ရာဇသတ္ၾကီး ပုဒ္မ ၅၀၅ (က) ကေတာ့ တပ္မေတာ္တြင္ အမႈထမ္းရြက္ေသာ တပ္မေတာ္သားအား စစ္ပုန္ကန္ျခင္းကိုေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ မိမိ၏တာ၀န္၀တၱရားကို မေလးစားျခင္းေသာ္လည္းေကာင္း ၊ ပ်က္ကြက္ျခင္းေသာ္လည္းေကာင္း ျပဳေစရန္အႀကံရိွလွ်င္၊ သို႔တည္းမဟုတ္ ထိုသို႔ျပဳေစတန္ရာသည့္ အေၾကာင္းရိွလွ်င္ ထိုသူကို အျမင့္ဆံုးေထာင္ဒဏ္ ႏွစ္ႏွစ္ထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္ဆိုၿပီး ျပ႒ာန္းသတ္မွတ္ထားတာျဖစ္ပါတယ္။

ျပည္သူေတြရဲ႕ လက္ေတြ႔ဘဝေတြကိုထင္ဟပ္တဲ့ သၾကၤန္သံခ်ပ္ထုိးခြင့္ အရင္အစိုးရလက္ထက္က ပိတ္ပင္ခံခဲ့ရေပမယ့္ အဲဒီ အခ်ိန္ကလည္း ေက်ာင္းသားလူငယ္ သံခ်ပ္အဖြဲ႔ေတြ ဆင္ဆာမတင္ဘဲ သံခ်ပ္ထိုးခဲ့ၾကပါတယ္။ အခု အရပ္သားအစိုးရ လက္ထက္မွာလည္း ေခတ္အေျခအေနကို ေဖာ္ထုတ္တင္ျပဖို႔နဲဲ႔ သက္ဆိုင္သူေတြ ဆင္ျခင္တံုတရားရွိေစဖို႔ မီးေမာင္းထိုး ေထာက္ျပတဲ့အေနနဲ႔ ဆင္ဆာမတင္ဘဲ လြတ္လပ္စြာ သံခ်ပ္ထိုးခဲ့ၾကတာျဖစ္တယ္လို႔ ေဒါင္းတို႔မ်ိဳးဆက္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................

Unicode version

ပြီးခဲ့တဲ့သြင်္ကန်တုန်းက ဆင်ဆာမတင်ဘဲ သံချပ်ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်သူ ကျောင်းသားတွေကို ပုဒ်မ ၅၀၅ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖို့ မရမ်းကုန်းမြို့နယ် တရားရုံးက ဒီကနေ့အမိန့်ချမှတ်လိုက်ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ နိုင်ငံရေးမှာ စစ်တပ် ပါဝင်နေတာတွေနဲ့ပတ်သက်ပြီး လက်ရှိနိုင်ငံရေး အခြေအနေကို နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆိုခွင့်ရှိတာနဲ့အညီ လူထုကိုဖျော်ဖြေခဲ့တာသာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးကနေ ဒေါင်းတို့မျိုးဆက် သံချပ်ဦးဆောင်သူ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းတို့ လေးဦးကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်လိုက်ပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ခေါင်းဆောင်တွေဟာ မရမ်းကုန်း တရားရုံးမှာ ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) တို့နဲ့ တရားရင်ဆိုင်နေရသလို ဗိုလ်တထောင် တရားရုံးမှာလည်း ပုဒ်မ ၅၀၅ (က) နဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ သူတို့ကို တပ်မတော်က တရားလိုလုပ်ပြီး တရားစွဲထားတာပါ။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားရုံးကနေ စွဲချက်တင်ဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပြီးတဲ့နောက် သူတို့ကို လက်ရှိချုပ်နှောင် အကျဉ်းချထားတဲ့ အင်းစိန်ထောင်ကိုပြန်ပို့ဖို့ တရားရုံးကအထွက်မှာတော့ ဒေါင်းတို့မျိုးဆက်က ကိုဇေယျာလွင်နဲ့ မကေခိုင်ထွန်းတို့က သူတို့ကို စွဲချက်တင်ဖို့ အမိန့်ချလိုက်တဲ့အပေါ် အခုလိုပြောဆိုသွားပါတယ်။

“ကျနော်တို့က သြင်္ကန်ကာလအတွင်းမှာ ကျနေ်ာတို့က လွတ်လပ်စွာပြောဆိုတာကို ယုံကြည်တဲ့အတွက် သြင်္ကန်သံချပ် ထိုးတယ်။ ကျနေ်ာတို့ စစ်တပ်ကို ဖွဲ့စည်းပုံ ပြင်ဆင်စေချင်တယ်။ နောက်ပြီးတော့ နိုင်ငံရေးကဏ္ဍကနေ ထွက်သွားစေချင်တယ်။ အဲဒါကြောင့် ကျနော်တို့ နှစ်စဉ်နှစ်တိုင်း သံချပ်တွေနဲ့ ကျနော်တို့ ပြည်သူကို လှည့်လည်ဖျော်ဖြေတယ်။ ဒီနှစ်မှာလည်း ဖျော်ဖြေတယ် အခုဆိုရင် အဲဒီလိုဖျော်ဖြေတဲ့အတွက် ကျနော်တို့ကို စွဲချက်တင် ခံရတယ်။ တိုင်းပြည်မှာ လက်ရှိအခြေအနေမှာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့တောင် စားပွဲထိုင်ခုံပေါ်မှာ လက်ရှိစကားပြောနေတဲ့အချိန်မှာ ကျနော်တို့ကို ဒီလိုမျိုးစွဲချက်တင်လိုက်တယ်ဆိုတာက တရားတဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်တို့ထင်တယ်။ အခုကျနော်တို့က လက်နက်ကိုင်အကြမ်းဖက်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ကျနော်တို့က ပဋိပက္ခတွေဖန်တီးနေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ကျနော်တို့ လက်နက်ဆိုလို့ အပ်တခေါင်းတောင်မရှိဘူး။ ကျနော်တို့က သံချပ်ပဲ လုပ်နေတာ။ တကယ်လို့ ကျနော်တို့မှာ လက်နက်ရှိခဲ့မယ်ဆိုရင် သံချက်ပဲဖြစ်တယ်။ သံချက်ထိုးရင် သန်လျက် ကျိုးတယ်။”

“ဒီနေ့ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်တာပေါ့ ဒါကတော့ ကြိုပြီးတော့ ခန့်မှန်းထားပြီးသားပါ။ တရားသူကြီးတွေကလည်း သူတို့ တရားလိုဘက်က သက်သေတွေ ပြောကြားတာတွေက ကျမတို့က အမှုမမြောက်ဘူးလို့ ထင်မှာပဲ ဒါပေမယ့် သူတို့ဘက်ကတော့ တင်မှာပဲ ဒါကတော့ သိပြီးသားကိစ္စပါ။ ကျမတို့တော့ ကိုယ့်ယုံကြည်ချက်နဲ့ လုပ်တာဆိုတော့ ရှိသမျှကိုတော့ သတ္တိရှိရှိနဲ့ ရင်ဆိုင်သွားမှာပါ။”

အခုလိုမျိုး သြင်္ကန်သံချပ်ထိုးခဲ့တဲ့အတွက် တရားစွဲဆိုဖို့ အမိန့်ချမှတ်လိုက်တဲ့အပေါ် အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခြေခံသဘောတရား၊ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာနေတာ ဖြစ်တယ်လို့ ကိုယ်တိုင်လည်း အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ စစ်တပ်က တရားစွဲဆိုပြီး ထောင်ချခံခဲ့ရဖူးသူ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ ကို Lum Zawng က ဝေဖန်ပြောဆိုပါတယ်။

“အောက်ခြေမှာ ပြည်သူလူထုတွေ ရင်ဆိုင်နေရတဲ့ အခြေအနေမှန်ကို ထင်ဟပ်စေတဲ့ လက္ခဏာတွေ လုပ်ဆောင်တာကို ရာဇဝတ်မှု လိုနဲ့ ပြောမယ်ဆိုရင် အရင်က ခါးခါးသီးသီး ဖြတ်သန်းခဲ့ရတဲ့ စစ်အာဏာရှင်ရဲ့ ပုံစံကဲ့သို့ နှိတ်ကွပ်တဲ့ ပုံစံဖြစ်နေတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး အရပ်ဘက်အစိုးရလို့ ပြောင်းလဲလာတဲ့အချိန်မှာတော့ ဒီလောက်အထိ ကျနော်တို့ကို နှိတ်ကွပ်စရာမလိုဘူးလို့ ပြီးရင်လည်း ဒီလိုမျိုးလုပ်ဆောင်မှုက တိုင်းပြည်အတွက် အမှန်တကယ် ပြုပြင်ပြောင်းလဲမှုထဲမှာ ကောင်းတဲ့အကျိုးသက်ရောက်မှု မဟုတ်ပဲနဲ့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုထဲမှာ ပိုပြီးတော့ ပြည်သူလူထုက တပ်ဘက်၊ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး တွေ တပ်ဘက်ကိုရော ယုံကြည်မှုတွေကတော့ ပိုပိုပြီး ကျဆင်းလာမယ်လို့ ကျနော်တို့ အဲလိုမျိုး မြင်မိပါတယ်။”

သံချပ်အဖွဲ့တွေကို တပ်မတော်ဘက်က တရားစွဲဆိုတာတွေ အမြန်ဆုံးရုပ်ပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံ သံချပ်အဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တရားခွင်တွေရဲ့ တရားစီရင်မှုတွေကို လေ့လာရင်း တီရှပ်ပြာကမ်ပိန်းနဲ့ ဝန်းရံနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အသံအဖွဲ့က တောင်းဆိုတဲ့အကြောင်း အသံအဖွဲ့ဝင် ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

“၂၀၁၉ ထဲမှာ စစ်တပ်ကနေပြီးတော့ သူတို့တွေက စစ်တပ်ကနေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ချိုးဖောက်နေတယ်။ အငြိုးထားတယ်ဆိုတဲ့ပုံစံနဲ့ တရားစွဲဆိုတာ ထောင်ခုတာတွေ့ရတာပေါ့နော်။ အခုဒီနေ့ တရားရုံးကနေပြီးတော့ စွဲချက်တင်လိုက်တယ်ဆိုတဲ့ကိစ္စက ဘယ်နေရာမှာတွေ့ရသလဲဆိုတော့ တရားရေး မဏ္တိုင် လွတ်လပ်မနေဘူးဆိုတာတွေ့ရတာပေါ့။ ကျနော်တို့ ကချင်မှာလိုမျိုး ချိန်ခွင်အကျိုးလေး တရားသူကြီးကို ပေးလိုက်လို့ ထောင်ချတယ်ပေါ့နော်။ ဆိုလိုချင်တာကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်ရော လွတ်လပ်မှုကတော့ မရှိဘူးဆိုတာက။”

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲဆိုဖို့ အမိန့်ချလိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ကတော့ တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း ၊ ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေကိုထင်ဟပ်တဲ့ သြင်္ကန်သံချပ်ထိုးခွင့် အရင်အစိုးရလက်ထက်က ပိတ်ပင်ခံခဲ့ရပေမယ့် အဲဒီ အချိန်ကလည်း ကျောင်းသားလူငယ် သံချပ်အဖွဲ့တွေ ဆင်ဆာမတင်ဘဲ သံချပ်ထိုးခဲ့ကြပါတယ်။ အခု အရပ်သားအစိုးရ လက်ထက်မှာလည်း ခေတ်အခြေအနေကို ဖော်ထုတ်တင်ပြဖို့နဲ့ သက်ဆိုင်သူတွေ ဆင်ခြင်တုံတရားရှိစေဖို့ မီးမောင်းထိုး ထောက်ပြတဲ့အနေနဲ့ ဆင်ဆာမတင်ဘဲ လွတ်လပ်စွာ သံချပ်ထိုးခဲ့ကြတာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်က ပြောဆိုထားပါတယ်။

XS
SM
MD
LG