သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်နဲ့ မြန်မာ့ရိုးရာသံချပ်


ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့

သောတရှင်များရှင် အတာကူးတဲ့ နှစ်သစ်ကူးချိန်ကျရောက်ပါတော့မယ်။ ဒီနှစ်အတာသင်္ကြန်မှာ..ပြည်သူတွေနားယဉ်နေတဲ့ သင်္ကြန်သီချင်းတွေ၊ ခေတ်ပေါ်မြူးကြွတဲ့တေးသံတွေနဲ့ အတူ မြန်မာ့ရိုးရာ သံချပ်တွေလည်း ကြားကြရမှာပါ။ အုပ်စုလိုက် ပျော်ပျော်ပါးပါးဆင်နွှဲကြတဲ့ သံချပ်တွေ ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာအဖြာဖြာကို ထိထိမိမိ သရော်ထားတာတွေ ပါဝင်တာကြောင့်၊ လူထုရဲ့ ခံစားချက်ကို ထင်ဟပ်စေတာကတော့အမှန်ပါဘဲ။ ဒါ့ကြောင့် သိမ်မွေ့နက်နဲတဲ့ နိုင်ငံရေးတွေခဏထားပြီးတော့ သင်္ကြန်အကြိုအဖြစ်နဲ့ သံချပ်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေကို ဗွီအိုအေ အယ်ဒီတာဒေါ်ခင်စိုးဝင်းက ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၊ စာရေးဆရာ ညီပုလေး (မန္တလေး)၊ သံချပ်အဖွဲ့ခေါင်းဆောင် လုပ်ခဲ့ဖူးတဲ့ရှေ့နေကြီးဦးထွန်းအောင်ကျော်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ အိုးဝေသံ သံချပ်အဖွဲ့ခေါင်းဆောင်ကိုမင်းသွေးသစ်တို့နဲ့ ဆွေးနွေးထားပါတယ်။

သင်္ကြန်နဲ့ မြန်မာ့ရိုးရာသံချပ်
please wait

No media source currently available

0:00 0:15:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG