သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆင်ဆာမိတဲ့ ရန်ကုန်သင်္ကြန်သံချပ်များ (တိုက်ရိုက်လေလှိုင်း)


Thingyan Thangyat (သတင်းဓာတ်ပုံ- ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့)

ဧပြီလ ၁၆၊ ၂၀၁၉။ မြန်မာနှစ်ကူး အတာသင်္ကြန် အထူးသဖြင့် ရန်ကုန်သင်္ကြန်ဟာဆိုရင် ဟိုးအစဉ်အဆက်ကတည်းက သံချပ်နဲ့ တွဲလာခဲ့ပါတယ်။ လူ့အဖွဲ့အစည်းမှာဖြစ်ပျက်နေတဲ့ ပုံရိပ်၊ တာဝန်ရှိသူတွေရဲ့ ဟာကွက် အားနည်းချက်တွေကို ချစ်စရာကောင်းအောင် သရော်လှောင်ပြောင်တဲ့ ဝေဖန်မှုဓလေ့လို ဖြစ်လာခဲ့တာပါ။

ဒီအတွက်လည်း အရင် အာဏာရှင်ခေတ်မှာဆို သံချပ်အဖွဲ့တွေ သင်္ကြန်ပြီးလို့ အချုပ်ထဲရောက်တဲ့ဘ၀တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် လူထုကရွေးချယ်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက် သင်္ကြန်သံချပ်တွေကို ဆင်ဆာမတင်ရင် ခွင့်မပြုနိုင်ဘူးဆိုတဲ့ အဖြစ်ကတော့ ထူးဆန်းပါတယ်။

အခုနှစ်ရန်ကုန်သင်္ကြန်မှာ သင်္ကြန်သံချပ်တွေကို ခွင့်ပြုမိန့်မရရင်၊ စင်ပေါ် ဖျော်ဖြေခွင့်တဲ့ ပိတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုပိုင်ရဲသူ၊ အိုဝေသံ သံချပ်အဖွဲ့က ကိုမင်းသွေးသစ်နဲ့ ကေတုအိုးဝေသံချပ်အဖွဲ့က ကိုဖြိုးဓန တို့ ပင်တိုင်ပါဝင် ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG