သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ဝင္ေတြ ေနာက္ထပ္ ေထာင္ ၁ ႏွစ္ ခ်မွတ္ခံရ


ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔ (ဓာတ္ပံု - ေအာက္တိုဘာ ၃၀၊ ၂၀၁၉)

[Zawgyi/Unicode]

တပ္မေတာ္ကို ေဝဖန္သံခ်ပ္ထိုးခဲ့တဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ကို ေနာက္ထပ္ေထာင္တစ္ႏွစ္ ခ်မွတ္လိုက္တာနဲ႔ ပတ္သက္လို႔ အခုလို လြတ္လြပ္စြာ ေျပာဆိုခြင့္ေတြကို ထိပါးေနတာကို အစိုးရအေနနဲ႔ တစံုတရာ ေျဖရွင္းေပးသင့္တယ္ဆိုတဲ့ ေရွ႕ေနေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြရဲ႕ အျမင္ကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

တပ္မေတာ္က တရားလိုလုပ္ၿပီး တရားစြဲဆိုထားတဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕က အဖြဲ႕ဝင္ သံုး ေယာက္ကို ဒီကေန႔ ဇြန္လ ၁၀ ရက္ေန႔မွာ ဖ်ာပုံခ႐ိုင္တရား႐ုံးက ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ အမိန႔္ခ်မွတ္လိုက္ပါတယ္။

၂၀၁၉ ခုႏွစ္ သက္တမ္းကာလ သံခ်ပ္ထိုးေဖ်ာ္ေျဖတဲ့အထဲမွာ တပ္မေတာ္ကို ေဝဖန္တာေတြ ပါတဲ့အတြက္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) ႏွင့္ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) တို႔နဲ႔ ရန္ကုန္တိုင္းက ၿမိဳ႕နယ္ ေလးခုနဲ႔ ဧရာဝတီတိုင္းက ၿမိဳ႕နယ္ ေလးခုတို႔မွာ အမႈဖြင့္ တရားစြဲဆိုထားတာပါ။

ဒီလို ျပဳလုပ္မႈ တစ္ခုတည္းအတြက္ တရား႐ုံး ရွစ္ ႐ုံးမွာ တရားစြဲဆိုတဲ့ ကိစၥက ဥပေဒေၾကာင္းအရ မျဖစ္သင့္ဘူးလို႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ရဲ႕ အမႈမွာ လိုက္ပါေဆာင္႐ြက္ခဲ့ဖူးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္က ေျပာပါတယ္။

“ဥပေဒေၾကာင္းအရ မျဖစ္သင့္ဘူးဆိုတာ ... ဆရာမေလ ဒီဘက္က မရမ္းကုန္းၿမိဳ႕နယ္မွာ စြဲစဥ္ကေရာ ဗိုလ္တေထာင္ၿမိဳ႕နယ္မွာ စြဲစဥ္ကေရာ မရမ္းကုန္မွာ အၿပီးသတ္အမိန႔္ မခ်ခင္တုန္းကေရာ ေပါ့ေနာ္။ စစ္ေနတဲ့ ကာလမွာ ကတည္းက ဒီလို စြဲဖို႔မသင့္ပါဘူးေပါ့၊ အျမင္အရ သေဘာတရားအရ ေျပာတာ မဟုတ္ဘူး။ ဥပေဒအရကို စြဲလို႔မရတာ။ အဲ့ဒီမွာ တင္တဲ့ သက္ေသခံအေထာက္အထားေတြသည္ အမ်ိဳးအစားက တစ္မ်ိဳးတည္းပဲ။ တစ္မ်ိဳးတည္းကိုပဲ ၅၀၅ (က) နဲ႔ ၆၆ (ဃ) မရမ္းကုန္းက စြဲတဲ့ အမႈႏွစ္မႈမွာလည္းပဲ တင္တဲ့ သက္ေသခံအေထာက္အထားေတြသည္ တစ္မ်ိဳးတည္းပဲ။ အဲ့ေတာ့ ဒီဥစၥာက လုံးဝ တရားမွ်တမႈမရွိပါဘူး။ ဥပေဒနဲ႔လည္း လုံးဝမညီၫႊတ္ပါဘူး။ တပ္မေတာ္က တရားစြဲဆိုေသာ အမႈမွန္သမွ်သည္ ဘာျခြင္းခ်က္နဲ႔မွ၊ ဘာဥပေဒအားနည္းခ်က္နဲ႔မွ ဆရာမတို႔ဘက္ကို လႊတ္ေပးတယ္၊ ဥပေဒကိုးကားၿပီးေတာ့မွ ဆုံးျဖတ္တယ္ဆိုတာ မရွိဘူး။ အဲ့ဒါကေတာ့ ဥပေဒနဲ႔လည္းမညီဘူး အရင္ကတည္းက ၿပီးေတာ့ လူ႔အခြင့္အေရးလည္း လုံးဝခ်ိဳးေဖာက္ခံေနရတာ။ အဲ့ဒီလို ခ်ိဳးေဖာက္ခံေနရတာျဖစ္ပါရက္နဲ႔ ဥပေဒနဲ႔လည္း လုံးဝကို မညီၫႊတ္ပါရက္နဲ႔ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ကို ကယ္မယ့္လူမရွိဘူး။”

ဓာတ္ပံု - ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖဲြ႔
ဓာတ္ပံု - ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖဲြ႔

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔ဝင္ေတြကို စြဲဆိုထားတဲ့ အမႈက သက္ေသခံဥပေဒနဲ႔ မညီၫြတ္ပဲ သိမ္းဆည္းထားတဲ့ အေထာက္အထားေတြကို အေျခခံၿပီးေတာ့ စြဲဆိုထားတာျဖစ္တယ္လို႔ ေဒၚစန္းစန္းျမင့္က ဆိုပါတယ္။

အမႈတစ္ခုအေပၚမွာ တရား႐ုံးအမ်ားႀကီးက ျပစ္ဒဏ္ေတြ ထပ္ဆင့္ ခ်မွတ္ေနတာက မတရားမႈ တစ္ခုကို ထပ္ဆင့္လုပ္ေနတာျဖစ္တယ္လို႔ လူ႔အခြင့္အေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတဲ့ အသံအဖြဲ႕က ေမာင္ေဆာင္းခက သုံးသပ္ပါတယ္။ ဒီကိစၥေတြကို လက္ရွိအစိုးရအေနနဲ႔ ၾကားဝင္ ေျဖရွင္းသင့္တယ္လို႔ ေမာင္ေဆာင္းခက ဆိုပါတယ္။

“ျပဳလုပ္မႈတစ္ခုတည္းမွာပဲ ဒီတရား႐ုံး ခုနစ္ ႐ုံးေလာက္မွာ တရားစြဲထားတဲ့ ကိစၥက လုံးဝမမွ်တဘူး။ အဲ့ အေပၚမွာမွ ျပစ္ဒဏ္ေတြကလည္း တစ္႐ုံးကို တစ္ႏွစ္ တစ္ႏွစ္ခြဲစီ အဲ့လိုခ်တဲ့အခါက်ေတာ့ သူတို႔က ေထာင္ထဲမွာ အနည္းဆုံး ရွစ္ ႏွစ္ထက္ မနည္းေပါ့ေနာ္ ေနေနရႏိုင္တယ္။ နယ္က တရား႐ုံးေတြကလည္း ရန္ကုန္မွာ အရင္က ခ်ၿပီးသား အမိန႔္ေတြျပစ္ဒဏ္ေတြကို ျပဳျပင္ေျပာင္းလဲၿပီး ခ်ရဲမွာ မဟုတ္ဘူး။ အဲ့အခါက်ေတာ့ သူတို႔ရဲ႕ စည္းလုံးမႈတစ္ခုတစ္ခုအတြက္ ဒီတရား႐ုံးေပါင္းစုံမွာ အမႈေတြ ျပစ္ဒဏ္ေတြ ဆက္တိုက္ဆက္တိုက္ ခ်ေနျခင္းဟာ မတရားမႈေပၚမွာ ေနာက္ထပ္မတရားမႈ ျဖစ္တယ္လို႔ပဲ က်ေနာ္တို႔က ျမင္ပါတယ္ဗ်။ ဒီကိစၥကို က်ေနာ္အေနနဲ႔ ေျပာခ်င္တာကေတာ့ လက္ရွိ ဒီအစိုးရအေနနဲ႔ ဝင္ေရာက္ကိုင္တြယ္သင့္တယ္လို႔ ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအမႈေတြကို တရားစြဲဆိုတာက တပ္မေတာ္ဘက္ကေန တိုက္႐ိုက္ တရားစြဲဆိုတာျဖစ္တဲ့ခါက်ေတာ့ ဒီလိုမ်ိဳးသံခ်ပ္ တစ္ခုအေပၚမွာ ဒီလိုမ်ိဳး တပ္မေတာ္က အတင္းအဓမၼဖိႏွိမ့္ၿပီးေတာ့ တရားစြဲဆိုတာေတြကို အစိုးရဘက္ကေန ဝင္ေရာက္ညႇိႏႈိင္းေပးတာ ေျဖရွင္းေပးတာမ်ိဳး လုပ္မယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းမြန္လိမ့္မယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္ခဲ့တဲ့ လက္ရွိအစိုးရလက္ထက္မွာ လြတ္လပ္စြာေျပာဆိုခြင့္အေပၚ တရားစြဲဆိုမႈ အမ်ားဆုံးအဖြဲ႔အစည္းက အစိုးရအဖြဲ႔ ျဖစ္ၿပီးေတာ့ တပ္မေတာ္ကေတာ့ ဒုတိယ အမ်ားဆုံးျဖစ္တယ္လို႔ အသံအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

လက္ရွိ ဒီကိုဗစ္ကာလမွာ လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ပတ္သက္ၿပီး အင္တာနက္ေတြ ပိတ္တာ၊ ဝက္ဘ္ဆိုက္ေတြကို ၾကည့္လို႔မရေအာင္လုပ္တာေတြအျပင္ သတင္းမီဒီယာသမားေတြကို အၾကမ္ဖက္ တိုက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူေဆာင္႐ြက္တာေတြ ထပ္ေတြ႔လာရတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာပါတယ္။

ကိုဗစ္ကာလမွာ လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ ပတ္သက္လို႔ အေရးယူေဆာင္႐ြက္တာေတြက ေလွ်ာ့မသြားပဲ ဆက္ရွိေနတုန္းပဲျဖစ္ေပမဲ့ ဆႏၵျပပြဲေတြ လုပ္လို႔မရတာေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီး အေရးယူတာေတြေတာ့ ေလ်ာ့က်လာတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ နောက်ထပ် ထောင် ၁ နှစ် ချမှတ်ခံရ

တပ်မတော်ကို ဝေဖန်သံချပ်ထိုးခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို နောက်ထပ်ထောင်တစ်နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အခုလို လွတ်လွပ်စွာ ပြောဆိုခွင့်တွေကို ထိပါးနေတာကို အစိုးရအနေနဲ့ တစုံတရာ ဖြေရှင်းပေးသင့်တယ်ဆိုတဲ့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

တပ်မတော်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် သုံး ယောက်ကို ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ဖျာပုံခရိုင်တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

၂၀၁၉ ခုနှစ် သက်တမ်းကာလ သံချပ်ထိုးဖျော်ဖြေတဲ့အထဲမှာ တပ်မတော်ကို ဝေဖန်တာတွေ ပါတဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ ရန်ကုန်တိုင်းက မြို့နယ် လေးခုနဲ့ ဧရာဝတီတိုင်းက မြို့နယ် လေးခုတို့မှာ အမှုဖွင့် တရားစွဲဆိုထားတာပါ။

ဒီလို ပြုလုပ်မှု တစ်ခုတည်းအတွက် တရားရုံး ရှစ် ရုံးမှာ တရားစွဲဆိုတဲ့ ကိစ္စက ဥပဒေကြောင်းအရ မဖြစ်သင့်ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ခဲ့ဖူးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

“ဥပဒေကြောင်းအရ မဖြစ်သင့်ဘူးဆိုတာ ... ဆရာမလေ ဒီဘက်က မရမ်းကုန်းမြို့နယ်မှာ စွဲစဉ်ကရော ဗိုလ်တထောင်မြို့နယ်မှာ စွဲစဉ်ကရော မရမ်းကုန်မှာ အပြီးသတ်အမိန့် မချခင်တုန်းကရော ပေါ့နော်။ စစ်နေတဲ့ ကာလမှာ ကတည်းက ဒီလို စွဲဖို့မသင့်ပါဘူးပေါ့၊ အမြင်အရ သဘောတရားအရ ပြောတာ မဟုတ်ဘူး။ ဥပဒေအရကို စွဲလို့မရတာ။ အဲ့ဒီမှာ တင်တဲ့ သက်သေခံအထောက်အထားတွေသည် အမျိုးအစားက တစ်မျိုးတည်းပဲ။ တစ်မျိုးတည်းကိုပဲ ၅၀၅ (က) နဲ့ ၆၆ (ဃ) မရမ်းကုန်းက စွဲတဲ့ အမှုနှစ်မှုမှာလည်းပဲ တင်တဲ့ သက်သေခံအထောက်အထားတွေသည် တစ်မျိုးတည်းပဲ။ အဲ့တော့ ဒီဥစ္စာက လုံးဝ တရားမျှတမှုမရှိပါဘူး။ ဥပဒေနဲ့လည်း လုံးဝမညီညွှတ်ပါဘူး။ တပ်မတော်က တရားစွဲဆိုသော အမှုမှန်သမျှသည် ဘာခြွင်းချက်နဲ့မှ၊ ဘာဥပဒေအားနည်းချက်နဲ့မှ ဆရာမတို့ဘက်ကို လွှတ်ပေးတယ်၊ ဥပဒေကိုးကားပြီးတော့မှ ဆုံးဖြတ်တယ်ဆိုတာ မရှိဘူး။ အဲ့ဒါကတော့ ဥပဒေနဲ့လည်းမညီဘူး အရင်ကတည်းက ပြီးတော့ လူ့အခွင့်အရေးလည်း လုံးဝချိုးဖောက်ခံနေရတာ။ အဲ့ဒီလို ချိုးဖောက်ခံနေရတာဖြစ်ပါရက်နဲ့ ဥပဒေနဲ့လည်း လုံးဝကို မညီညွှတ်ပါရက်နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ကယ်မယ့်လူမရှိဘူး။”

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို စွဲဆိုထားတဲ့ အမှုက သက်သေခံဥပဒေနဲ့ မညီညွတ်ပဲ သိမ်းဆည်းထားတဲ့ အထောက်အထားတွေကို အခြေခံပြီးတော့ စွဲဆိုထားတာဖြစ်တယ်လို့ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

အမှုတစ်ခုအပေါ်မှာ တရားရုံးအများကြီးက ပြစ်ဒဏ်တွေ ထပ်ဆင့် ချမှတ်နေတာက မတရားမှု တစ်ခုကို ထပ်ဆင့်လုပ်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အသံအဖွဲ့က မောင်ဆောင်းခက သုံးသပ်ပါတယ်။ ဒီကိစ္စတွေကို လက်ရှိအစိုးရအနေနဲ့ ကြားဝင် ဖြေရှင်းသင့်တယ်လို့ မောင်ဆောင်းခက ဆိုပါတယ်။

“ပြုလုပ်မှုတစ်ခုတည်းမှာပဲ ဒီတရားရုံး ခုနစ် ရုံးလောက်မှာ တရားစွဲထားတဲ့ ကိစ္စက လုံးဝမမျှတဘူး။ အဲ့ အပေါ်မှာမှ ပြစ်ဒဏ်တွေကလည်း တစ်ရုံးကို တစ်နှစ် တစ်နှစ်ခွဲစီ အဲ့လိုချတဲ့အခါကျတော့ သူတို့က ထောင်ထဲမှာ အနည်းဆုံး ရှစ် နှစ်ထက် မနည်းပေါ့နော် နေနေရနိုင်တယ်။ နယ်က တရားရုံးတွေကလည်း ရန်ကုန်မှာ အရင်က ချပြီးသား အမိန့်တွေပြစ်ဒဏ်တွေကို ပြုပြင်ပြောင်းလဲပြီး ချရဲမှာ မဟုတ်ဘူး။ အဲ့အခါကျတော့ သူတို့ရဲ့ စည်းလုံးမှုတစ်ခုတစ်ခုအတွက် ဒီတရားရုံးပေါင်းစုံမှာ အမှုတွေ ပြစ်ဒဏ်တွေ ဆက်တိုက်ဆက်တိုက် ချနေခြင်းဟာ မတရားမှုပေါ်မှာ နောက်ထပ်မတရားမှု ဖြစ်တယ်လို့ပဲ ကျနော်တို့က မြင်ပါတယ်ဗျ။ ဒီကိစ္စကို ကျနော်အနေနဲ့ ပြောချင်တာကတော့ လက်ရှိ ဒီအစိုးရအနေနဲ့ ဝင်ရောက်ကိုင်တွယ်သင့်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုတွေကို တရားစွဲဆိုတာက တပ်မတော်ဘက်ကနေ တိုက်ရိုက် တရားစွဲဆိုတာဖြစ်တဲ့ခါကျတော့ ဒီလိုမျိုးသံချပ် တစ်ခုအပေါ်မှာ ဒီလိုမျိုး တပ်မတော်က အတင်းအဓမ္မဖိနှိမ့်ပြီးတော့ တရားစွဲဆိုတာတွေကို အစိုးရဘက်ကနေ ဝင်ရောက်ညှိနှိုင်းပေးတာ ဖြေရှင်းပေးတာမျိုး လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်။”

ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့တဲ့ လက်ရှိအစိုးရလက်ထက်မှာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် တရားစွဲဆိုမှု အများဆုံးအဖွဲ့အစည်းက အစိုးရအဖွဲ့ ဖြစ်ပြီးတော့ တပ်မတော်ကတော့ ဒုတိယ အများဆုံးဖြစ်တယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဒီကိုဗစ်ကာလမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး အင်တာနက်တွေ ပိတ်တာ၊ ဝက်ဘ်ဆိုက်တွေကို ကြည့်လို့မရအောင်လုပ်တာတွေအပြင် သတင်းမီဒီယာသမားတွေကို အကြမ်ဖက် တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်တာတွေ ထပ်တွေ့လာရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ကိုဗစ်ကာလမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်တာတွေက လျှော့မသွားပဲ ဆက်ရှိနေတုန်းပဲဖြစ်ပေမဲ့ ဆန္ဒပြပွဲတွေ လုပ်လို့မရတာကြောင့် ဒါနဲ့ပတ်သက်ပြီး အရေးယူတာတွေတော့ လျော့ကျလာတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG