သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္နဲ႔မႏၲေလးဆႏၵျပသူတခ်ိဳ႕ဖမ္းဆီးခံရ


ထား၀ယ္ျမိဳ ့ဆႏၵျပပြဲ ျမင္ကြင္း (ဓာတ္ပံု-တပ္ေပါင္းစု သပိတ္ေကာ္မတီ- ထား၀ယ္)

(Zawgyi/Unicode)

ရန္ကုန္နဲ႔မႏၲေလးဆႏၵျပသူတခ်ိဳ႕ဖမ္းဆီးခံရ
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး ဒီေန႔ဆႏၵျပၾကတဲ့ထဲက ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးမွာ ဆႏၵျပသူတခ်ိဳ႕ ဖမ္းဆီးခံရပါတယ္။ ရန္ကုန္မွာ ၄ ေယာက္ မႏၲေလးမွာ ၃ ေယာက္ အဖမ္းခံရတာပါ။ တခါ ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႈးတေယာက္ ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ ခုလို အဖမ္းအဆီး အပစ္အခတ္နဲ႔ ႏိုင္ငံတစ္ဝန္း ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္ ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕မွာ အေျခအေနေပးတိုင္း ဆႏၵျပၾကတဲ့ လူငယ္အုပ္စုေတြထဲက လႈိင္ၿမိဳ႕နယ္ ဘုရင့္ေနာင္ လမ္းမေပၚမွာ ဆႏၵျပခဲ့ၾကသူေတြ ဒီေန႔ ၿဖိဳခြဲခံရပါတယ္။ စတင္ခ်ီတက္ၿပီး မၾကာခင္မွာကို ၿဖိဳခြဲခံရၿပီး ဆႏၵျပလူငယ္ ၄ ေယာက္ ဖမ္းဆီးခံရတယ္လို႔ ဆႏၵျပအဖြဲ႕မွာ ပါဝင္သူ လူငယ္တေယာက္က VOA ကို ေျပာျပပါတယ္။

“မနက္ ၈ နာရီ ၅၀ ဆိုရင္ သပိတ္စမယ္ဆိုၿပီးေတာ့ အကုန္လုံး ပုံစံေျပာင္းၿပီး ေနေနၾကတဲ့ အခ်ိန္မွာ သူတို႔က စစ္ကား ၄ စီး အေရွ႕ကေန ျဖတ္သြားတယ္။ ျဖတ္သြားေတာ့ ကြၽန္ေတာ္တို႔ ပုံစံကို ေတြ႕သြားၿပီးေတာ့ လမ္းထိပ္တိုင္းမွာ ရဲ ၃ ေယာက္စီလာခ်သြားတယ္။ လာခ်သြားၿပီးေတာ့ ကြၽန္ေတာ္တို႔ သပိတ္ စၿပီး ထြက္လဲထြက္ေကာ စထြက္တာနဲ႔ ေျခလွမ္းေလး ၁၀ လွမ္း ၁၅ လွမ္းပဲ လွမ္းရေသးတဲ့ အေနအထားတစ္ခုမွာ သူတို႔က ေနာက္ကေနၿပီးေတာ့ ေျပးလိုက္လာတာ။ ဒါကေနာ့ ယူနီေဖာင္နဲ႔ေပါ့ေႏွာ္။ ေျပးလိုက္လာတာ။ ေျပးလိုက္လာတဲ့ထဲမွာ ကြၽန္ေတာ္တို႔ အဖြဲ႕အကုန္လုံးလြတ္တယ္။ အဲ့ကေလး ၄ ေယာက္ကက်ေတာ့ သူတို႔က မဖမ္းေလာက္ပါဘူး ဆိုတဲ့အေနအထားနဲ႔ သူတို႔က အလြတ္ ေရွာင္ေနတဲ့ အေနအထားမွာ အရပ္ဝတ္နဲ႔ ပ်ဴေစာထီးလို႔ပဲ ေျပာရမွာေပါ့။ ပ်ဴေစာထီးေတြေပါ့၊ သူတို႔က အဲ့ကေလး ၄ ေယာက္ကို ဂုတ္ဆြဲၿပီး ဖမ္းေခၚသြားတာ။ အခု ေလာေလာဆယ္ လိုက္စုံစမ္းေနတာေတာ့ သူတို႔ကို ရဲစခန္းမွာပဲ ထားတယ္လို႔ေျပာတယ္။ ညေန ၄ နာရီဆိုရင္ေတာ့ သူတို႔ကို စစ္ေၾကာေရးပို႔မယ္လို႔ၾကားတယ္။”

သူေျပာတဲ့ထဲက ပ်ဴေစာထီးဆိုတာကေတာ့ စစ္ေကာင္စီကို လိုလားတဲ့ အဖြဲ႕ကို ေျပာတာျဖစ္ပါတယ္။ မႏၲေလးမွာလည္း ဒီေန႔ေန႔လည္ပိုင္းမွာထြက္တဲ့ ေအာင္ပင္လယ္ ပင္မသပိတ္စစ္ေၾကာင္း လူစုခြဲခ်ိန္မွာ စစ္ေကာင္စီတပ္ေတြက ၿဖိဳခြဲခဲ့တဲ့အတြက္ ၃ ဦးထက္မနည္းဖမ္းဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္း သတိပဌာန္လမ္းမွာေတာ့ က်ားကြက္သစ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး အမ်ိဳသမီး ဦးေခါင္းကို ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ မနက္ ၁၀ နာရီေလာက္က အုပ္ခ်ဳပ္ေရးမႉး ေဒၚစိုးစိုးလြင္ သူ႔ရဲ႕ ကားထဲ ထိုင္ေနစဥ္မွာ ေသနတ္နဲ႔ အနီးကပ္ ပစ္ခံရတာျဖစ္ပါတယ္။ ဒါဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႕ဝင္တေယာက္က ဗီအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။ ေန႔စဥ္သူ႔ရဲ႕သြားလာမႈ ပုံစံေတြကို ေစာင့္ၾကည့္ လုပ္ႀကံတယ္လို႔ ဆိုပါတယ္။

ေဒၚစိုးစိုးလြင္အပါအ၀င္ဆိုရင္ ရန္ကုန္ၿမိဳ႕မွာ ေဒသအုပ္ခ်ဳပ္ေရးမႈးေတြ အသတ္ခံရတာ ေလးဦးထက္မနည္းရွိသြားပါၿပီ။ သာေကတၿမိဳ႕နယ္မွာ အုပ္ခ်ဳပ္ေရးမႈးတစ္ဦး ဓားထိုး အသတ္ခံရသလို၊ လႈိင္သာယာၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႈးတစ္ဦးလည္း ဓားထိုးခံခဲ့ရပါတယ္။ လမ္းမေတာ္ၿမိဳ႕နယ္ အမွတ္ ၃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈးတေယာက္လည္း ေမလတုန္းက ဦးေခါင္းကို ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ အဲဒီသတ္ျဖတ္မႈေတြကို ဘယ္လိုေတြ လုပ္သလဲဆိုတာ အတိအက် မသိရေသးပါဘူး။

တခါရန္ကုန္ၿမိဳ႕မွာပဲ ျပည္လမ္း အင္းလ်ား ကန္ေဘာင္ေရွ႕ အပါအဝင္ ဗုံးအေသးစား ေပါက္ကြဲမႈတခ်ိဳ႕ရွိခဲ့ပါတယ္။

စစ္အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပမႈေတြကေတာ့ တျခားနယ္ၿမိဳ႕ေတြမွာလည္း ဒီေန႔ရွိပါတယ္။ ဒီေန႔ ထားဝယ္ၿမိဳ႕ ဆႏၵျပသူေတြက ေဈးေတြထဲ လွည့္လည္ေဟာေျပာပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ထားဝယ္ၿမိဳ႕က ရပ္ကြက္၂ ခုမွာလည္း လုံးဝအုပ္ခ်ဳပ္ခြင့္မရေစရဆိုတဲ့ စာတန္းေတြ ခ်ိတ္ဆြဲ ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“စစ္ေၾကာင္းခ်ီတက္တဲ့ ပုံစံေတြကေတာ့ ဒီေန႔ ေဈးေလးေတြမွာ ေဟာေျပာမႈေတြလုပ္တယ္။ ၿပီးေတာ့ လုံးဝအုပ္ခ်ဳပ္ခြင့္မရေစရဆိုတဲ့ စာတန္း ဆိုင္းဘုတ္ ကိုင္ေဆာင္ၿပီးေတာ့ ဆႏၵေဖာ္ထုတ္မႈေတြ လုပ္တယ္။ ထားဝယ္ၿမိဳ႕ေပၚမွာ ဘုေမၼာ္ရပ္ကြက္နဲ႔ ၾကက္စားျပင္ရပ္ကြက္ကို စစ္ေကာင္စီက ရပ္ကြက္အဝင္အထြက္ လမ္းေတြကို သံဆူးႀကိဳးေတြနဲ႔ကာၿပီးေတာ့ ပိတ္ထားတဲ့ ဟာေတြ ရွိတယ္ေလ။ တံတားေတြ ဝင္ေပါက္ထြက္ေပါက္ တံတားေတြအကုန္လုံးကိုသူတို႔က သံဆူးႀကိဳးေတြနဲ႔ ပိတ္ထားတာရွိတယ္။ အဲ့ဒါကို သူတို႔က ဒီေန႔ လုံးဝ အုပ္ခ်ဳပ္ခြင့္မရေစရဆိုတဲ့ စာတန္း ဆိုင္းဘုတ္ခ်ိတ္တာ၊ ၿပီးေတာ့ ေဆးနီေတြနဲ႔ ပက္ျဖန္းတာ အဲ့ဒါမ်ိဳးေတြ လုပ္တယ္ ဒီေန႔။”

ထားဝယ္ၿမိဳ႕နယ္ရဲ႕ ရပ္ကြက္တစ္ခ်ိဳ႕မွာ စစ္ေကာင္စီတပ္ေတြ လာေရာက္တပ္စြဲေနၿပီး ညဖက္ ေသနတ္ပစ္ေဖာက္မႈေတြ လုပ္တာေၾကာင့္ အဲ့ဒီအနီးအနားမွာ ရွိေနသူတစ္ခ်ိဳ႕ ေရွာင္တိမ္းေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဆႏၵျပပြဲေတြကို ရတဲ့ပုံစံနဲ႔ ဆက္လုပ္ေနၾကတဲ့ ဖားကန႔္၊ ကေလး၊ ယင္းမာပင္ ေလာင္းလုံၿမိဳ႕ေတြအျပင္ ေညာင္ဦး၊ မုံ႐ြာ၊ လက္ပံေတာင္းေတာင္ေဒသေတြမွာလည္း စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္လႈပ္ရွားမႈေတြ ဒီေန႔ ဆက္လုပ္ခဲ့ၾကပါတယ္။

.....................................................................

ရန္ကုန္နဲ႔မႏၲေလးဆႏၵျပသူတခ်ိဳ႕ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:05:06 0:00
တိုက္႐ိုက္ လင့္ခ္


ရန်ကုန်နဲ့မန္တလေးဆန္ဒပြသူတချို့ဖမ်းဆီးခံရ

(Unicode)

ရန်ကုန်နဲ့မန္တလေးဆန္ဒပြသူတချို့ဖမ်းဆီးခံရ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒီနေ့ဆန္ဒပြကြတဲ့ထဲက ရန်ကုန်မြို့နဲ့ မန္တလေးမှာ ဆန္ဒပြသူတချို့ ဖမ်းဆီးခံရပါတယ်။ ရန်ကုန်မှာ ၄ ယောက် မန္တလေးမှာ ၃ ယောက် အဖမ်းခံရတာပါ။ တခါ ရန်ကုန်မြို့ တာမွေမြို့နယ်က အုပ်ချုပ်ရေးမှုးတယောက် သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ခုလို အဖမ်းအဆီး အပစ်အခတ်နဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။

ရန်ကုန်မြို့မှာ အခြေအနေပေးတိုင်း ဆန္ဒပြကြတဲ့ လူငယ်အုပ်စုတွေထဲက လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမပေါ်မှာ ဆန္ဒပြခဲ့ကြသူတွေ ဒီနေ့ ဖြိုခွဲခံရပါတယ်။ စတင်ချီတက်ပြီး မကြာခင်မှာကို ဖြိုခွဲခံရပြီး ဆန္ဒပြလူငယ် ၄ ယောက် ဖမ်းဆီးခံရတယ်လို့ ဆန္ဒပြအဖွဲ့မှာ ပါဝင်သူ လူငယ်တယောက်က VOA ကို ပြောပြပါတယ်။

“မနက် ၈ နာရီ ၅၀ ဆိုရင် သပိတ်စမယ်ဆိုပြီးတော့ အကုန်လုံး ပုံစံပြောင်းပြီး နေနေကြတဲ့ အချိန်မှာ သူတို့က စစ်ကား ၄ စီး အရှေ့ကနေ ဖြတ်သွားတယ်။ ဖြတ်သွားတော့ ကျွန်တော်တို့ ပုံစံကို တွေ့သွားပြီးတော့ လမ်းထိပ်တိုင်းမှာ ရဲ ၃ ယောက်စီလာချသွားတယ်။ လာချသွားပြီးတော့ ကျွန်တော်တို့ သပိတ် စပြီး ထွက်လဲထွက်ကော စထွက်တာနဲ့ ခြေလှမ်းလေး ၁၀ လှမ်း ၁၅ လှမ်းပဲ လှမ်းရသေးတဲ့ အနေအထားတစ်ခုမှာ သူတို့က နောက်ကနေပြီးတော့ ပြေးလိုက်လာတာ။ ဒါကနော့ ယူနီဖောင်နဲ့ပေါ့နှော်။ ပြေးလိုက်လာတာ။ ပြေးလိုက်လာတဲ့ထဲမှာ ကျွန်တော်တို့ အဖွဲ့အကုန်လုံးလွတ်တယ်။ အဲ့ကလေး ၄ ယောက်ကကျတော့ သူတို့က မဖမ်းလောက်ပါဘူး ဆိုတဲ့အနေအထားနဲ့ သူတို့က အလွတ် ရှောင်နေတဲ့ အနေအထားမှာ အရပ်ဝတ်နဲ့ ပျူစောထီးလို့ပဲ ပြောရမှာပေါ့။ ပျူစောထီးတွေပေါ့၊ သူတို့က အဲ့ကလေး ၄ ယောက်ကို ဂုတ်ဆွဲပြီး ဖမ်းခေါ်သွားတာ။ အခု လောလောဆယ် လိုက်စုံစမ်းနေတာတော့ သူတို့ကို ရဲစခန်းမှာပဲ ထားတယ်လို့ပြောတယ်။ ညနေ ၄ နာရီဆိုရင်တော့ သူတို့ကို စစ်ကြောရေးပို့မယ်လို့ကြားတယ်။”

သူပြောတဲ့ထဲက ပျူစောထီးဆိုတာကတော့ စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့ကို ပြောတာဖြစ်ပါတယ်။ မန္တလေးမှာလည်း ဒီနေ့နေ့လည်ပိုင်းမှာထွက်တဲ့ အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်း လူစုခွဲချိန်မှာ စစ်ကောင်စီတပ်တွေက ဖြိုခွဲခဲ့တဲ့အတွက် ၃ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်း သတိပဌာန်လမ်းမှာတော့ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အမျိုသမီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ မနက် ၁၀ နာရီလောက်က အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သူ့ရဲ့ ကားထဲ ထိုင်နေစဉ်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခံရတာဖြစ်ပါတယ်။ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ဝင်တယောက်က ဗီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ နေ့စဉ်သူ့ရဲ့သွားလာမှု ပုံစံတွေကို စောင့်ကြည့် လုပ်ကြံတယ်လို့ ဆိုပါတယ်။

ဒေါ်စိုးစိုးလွင်အပါအဝင်ဆိုရင် ရန်ကုန်မြို့မှာ ဒေသအုပ်ချုပ်ရေးမှုးတွေ အသတ်ခံရတာ လေးဦးထက်မနည်းရှိသွားပါပြီ။ သာကေတမြို့နယ်မှာ အုပ်ချုပ်ရေးမှုးတစ်ဦး ဓားထိုး အသတ်ခံရသလို၊ လှိုင်သာယာမြို့နယ်က အုပ်ချုပ်ရေးမှုးတစ်ဦးလည်း ဓားထိုးခံခဲ့ရပါတယ်။ လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှုးတယောက်လည်း မေလတုန်းက ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ အဲဒီသတ်ဖြတ်မှုတွေကို ဘယ်လိုတွေ လုပ်သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

တခါရန်ကုန်မြို့မှာပဲ ပြည်လမ်း အင်းလျား ကန်ဘောင်ရှေ့ အပါအဝင် ဗုံးအသေးစား ပေါက်ကွဲမှုတချို့ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကတော့ တခြားနယ်မြို့တွေမှာလည်း ဒီနေ့ရှိပါတယ်။ ဒီနေ့ ထားဝယ်မြို့ ဆန္ဒပြသူတွေက ဈေးတွေထဲ လှည့်လည်ဟောပြောပွဲတွေ လုပ်ခဲ့ကြပါတယ်။ ထားဝယ်မြို့က ရပ်ကွက်၂ ခုမှာလည်း လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲ ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းချီတက်တဲ့ ပုံစံတွေကတော့ ဒီနေ့ ဈေးလေးတွေမှာ ဟောပြောမှုတွေလုပ်တယ်။ ပြီးတော့ လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စာတန်း ဆိုင်းဘုတ် ကိုင်ဆောင်ပြီးတော့ ဆန္ဒဖော်ထုတ်မှုတွေ လုပ်တယ်။ ထားဝယ်မြို့ပေါ်မှာ ဘုမ္မော်ရပ်ကွက်နဲ့ ကြက်စားပြင်ရပ်ကွက်ကို စစ်ကောင်စီက ရပ်ကွက်အဝင်အထွက် လမ်းတွေကို သံဆူးကြိုးတွေနဲ့ကာပြီးတော့ ပိတ်ထားတဲ့ ဟာတွေ ရှိတယ်လေ။ တံတားတွေ ဝင်ပေါက်ထွက်ပေါက် တံတားတွေအကုန်လုံးကိုသူတို့က သံဆူးကြိုးတွေနဲ့ ပိတ်ထားတာရှိတယ်။ အဲ့ဒါကို သူတို့က ဒီနေ့ လုံးဝ အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စာတန်း ဆိုင်းဘုတ်ချိတ်တာ၊ ပြီးတော့ ဆေးနီတွေနဲ့ ပက်ဖြန်းတာ အဲ့ဒါမျိုးတွေ လုပ်တယ် ဒီနေ့။”

ထားဝယ်မြို့နယ်ရဲ့ ရပ်ကွက်တစ်ချို့မှာ စစ်ကောင်စီတပ်တွေ လာရောက်တပ်စွဲနေပြီး ညဖက် သေနတ်ပစ်ဖောက်မှုတွေ လုပ်တာကြောင့် အဲ့ဒီအနီးအနားမှာ ရှိနေသူတစ်ချို့ ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲတွေကို ရတဲ့ပုံစံနဲ့ ဆက်လုပ်နေကြတဲ့ ဖားကန့်၊ ကလေး၊ ယင်းမာပင် လောင်းလုံမြို့တွေအပြင် ညောင်ဦး၊ မုံရွာ၊ လက်ပံတောင်းတောင်ဒေသတွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်လှုပ်ရှားမှုတွေ ဒီနေ့ ဆက်လုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG