သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘားအံမွာ ဆႏၵျပပြဲေတြနဲ႔ဆက္စပ္ၿပီး လူ ၃၆ ဦး ေထာင္ဒဏ္ ၂ ႏွစ္စီခ်မွတ္ခံရ


အက်ဥ္းဦးစီဌာန- ရန္ကုန္ (ဓာတ္ပံု- (AP/Khin Maung Win)

(Zawgyi/Unicode)
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပဲြကေန အဖမ္းခံခဲ့ရသူေတြအပါအဝင္ ၃၆ ေယာက္ကို ဘားအံၿမိဳ႕နယ္တရား႐ံုးက ေထာင္ဒဏ္ ၂ ႏွစ္စီ ဒီေန႔ အမိန္႔ ခ်လိုက္ပါတယ္။ တပ္မေတာ္ၿပိဳကဲြေအာင္ လုပ္ေဆာင္ လႈ႔ံေဆာ္မႈပုဒ္မ ၅၀၅ (က) နဲ႔ အျပစ္႐ွိတယ္လို႔ဆုိၿပီး အမိန္႔ခ်လိုက္တာပါ။ ဘားအံၿမိဳ႕မွာ ဖမ္းဆီးခံရတဲ့ ဆႏၵျပသူေတြ ပထမဆုံး ေထာင္ဒဏ္အျပစ္ေပးခံရတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကို မအိသန္႔စင္က ေျပာျပပါမယ္။

ဆႏၵျပပြဲေတြနဲ႔ဆက္စပ္ၿပီး စစ္ေကာင္စီက ဖမ္းဆီးထားသူေတြကို အခုလို တရက္ထဲမွာ လူအေျမာက္အမ်ား ျပစ္ဒဏ္ခ်လိုက္တာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ ဘားအံၿမိဳ႕မွာလုပ္ခဲ့တဲ့ ဆႏၵျပပဲြကေန အဖမ္းခံခဲ့ရသူေတြအျပင္ ဆႏၵျပပြဲမွာမပါဝင္ဘဲ လမ္းမွာေတြ႕လို႔ ဖမ္းဆီးခံရသူေတြလည္း အခုလိုျပစ္ဒဏ္ခ်ခံရတယ္လို႔ ေထာင္ဒဏ္ခ်ခံရသူတဦးရဲ႕ အစ္ကိုျဖစ္သူက ဗြီအိုေအကိုေျပာပါတယ္။
"တခ်ိဳ႕လူေတြက ဆႏၵျပတဲ့အထဲမွာပါတယ္၊ တခ်ိဳ႕လူေတြက်ေတာ့ လမ္းမွာပဲ အဖမ္းခံရတဲ့လူေတြလည္း ပါသြားတယ္ဗ်။ အဲဒါနဲ႔ အကုန္လုံးကိုဖမ္းၿပီးေတာ့ ၅၀၅ (က) နဲ႔စြဲတယ္။ ၾကားမွာ ႐ုံးထုတ္တာေတြက အႀကိမ္ေရ ၈ ႀကိမ္ေတာ့ ေက်ာ္မယ္။ ဆႏၵျပတယ္ဆိုၿပီး တရားစြဲတာ တခ်ိဳ႕လူေတြက နစ္နာရတာက ဆႏၵျပတဲ့အထဲမွာမပါဘဲနဲ႔ အကုန္လုံးကို ဖမ္းဆြဲတယ္ဗ်။ ၿပီးရင္ ဆႏၵျပပါတယ္ဆိုၿပီးေတာ့ အမႈတြဲတင္တယ္။ အဲလိုပုံစံမ်ိဳး ျဖစ္ေနတယ္ဗ်။"

ေထာင္ဒဏ္အျပစ္ေပးခံရသူ အမ်ားစုမွာ ေ႐ွ႕ေနသီးသန္႔ မ႐ွိၾကဘဲ အဖမ္းခံရသူေတြကို လိုက္ပါကူညီေဆာင္႐ြက္ေပးေနတဲ့ ပရဟိတေ႐ွ႕ေနေတြက လိုက္ပါေဆာင္႐ြက္ေပးခဲ့တာျဖစ္ပါတယ္။ စစ္ေကာင္စီအုပ္ခ်ဳပ္မႈေအာက္မွာ ေထာင္ခ်ခံရတဲ့အတြက္ လြတ္ေျမာက္ေရးကို ဘယ္လိုဆက္လုပ္ရမလဲဆိုတာ မသိဘူးလို႔လဲ အကိုျဖစ္သူကေျပာပါတယ္။
"က်ေနာ္တို႔ဆီမွာလည္း အားကိုးရမယ့္လူလည္း မရွိဘူးဗ်။ အကူအညီ ဘယ္သူ႔ကိုေတာင္းလို႔ ေတာင္းရမွန္းလည္း မသိဘူးဗ်။ မတရားခံလိုက္ရတာကိုပဲ သိတယ္ဗ်။ က်ေနာ္တို႔ ဘာျပန္လုပ္ရမလဲဆိုတာေတာ့ မသိဘူး။ ျဖစ္ႏိုင္ရင္ေတာ့ တျခားကူညီေပးႏိုင္တဲ့သူေတြ ရွိရင္ေတာ့ က်ေနာ္တို႔ကို ကူညီေစခ်င္တာေပါ့ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ မတရားႀကီးခံရတဲ့ပုံစံ ျဖစ္ေနတာ။ အဓိကက်ေတာ့ဗ်ာ ဥပေဒကိုက မွန္ကန္တဲ့ဥပေဒကို က်ေနာ္တို႔ျဖစ္ေစခ်င္တယ္ဗ်။ တခ်ိဳ႕ဆိုရင္ အျပစ္မရွိတဲ့လူေတြ တျခားေနရာမွာဖမ္းဆီးၿပီး ဆႏၵျပပြဲထဲမွာ အမႈတြဲ တြဲၿပီးေတာ့ပါလာတဲ့လူေတြ ရွိတယ္။ အဲလိုက်ေတာ့ မတရားဘူးဗ်။ အမွန္တရားကိုပဲ က်ေနာ္တို႔လိုခ်င္ပါတယ္။"

ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲခံထားရသူဟာ ျပစ္မႈက်ဴးလြန္တယ္လို႔ ထင္ရွားတယ္ဆိုရင္ တရား႐ုံးရဲ႕ဝရမ္းမပါဘဲ သူ႔ကိုဖမ္းဆီးခြင့္ရွိၿပီး အာမခံေပးခြင့္နဲ႔ ေက်ေအးခြင့္လည္း မရွိပါဘူး။ ဒီလို ေက်ေအးခြင့္မရွိေပမယ့္ ႐ုတ္သိမ္းလို႔ရတဲ့ပုဒ္မျဖစ္ၿပီး ကင္းလြတ္ခြင့္ရွိတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနတဦးက ႐ွင္းျပပါတယ္။
"တဦးတေယာက္ေသာသူက ေဖာ္ျပခ်က္ကိုျဖစ္ျဖစ္၊ ေကာလာဟလကိုျဖစ္ျဖစ္၊ သတင္းကိုျဖစ္ျဖစ္၊ Facebook မွာပဲေရးေရး၊ မီဒီယာက ထုတ္ျပန္ေၾကညာတဲ့အခါမွာ၊ ဒါမွမဟုတ္ရင္ ျဖန္႔ခ်ိတဲ့အခါမွာ ဒီေဖာ္ျပခ်က္ဟာ ေကာလာဟလ၊ ဒီသတင္းဟာ မွန္ကန္တယ္လို႔ ယုံၾကည္တယ္လို႔ အေၾကာင္းရွိတဲ့အျပင္ ျပစ္မႈက်ဴးလြန္ဖို႔ အၾကံမရွိဘဲနဲ႔ ျပဳတယ္။ ဒါမွမဟုတ္ရင္ ထုတ္ျပန္ေၾကညာတယ္၊ ျဖန္႔ခ်ိတယ္ဆိုရင္ ဒီပုဒ္မရဲ႕ အဓိပၸာယ္အရ ျပစ္မႈမေျမာက္ဘူးလို႔ အဲဒီဥပေဒမွာ ျပဌာန္းထားပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီကင္းလြတ္ခ်က္ေဘာင္ထဲကို ဝင္ႏိုင္တယ္ဆိုရင္ေတာ့ ကင္းလြတ္ခ်က္အရ အျပစ္မရွိဘူးလို႔ ဥပေဒက ျပဌာန္းထားပါတယ္ဗ်။"

တပ္မေတာ္ၿပိဳကြဲေအာင္ ေဆာင္႐ြက္ေနတယ္လို႔ဆိုၿပီး အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက ၅၀၅ (က) နဲ႔ တရားစြဲထားသူေတြ အမ်ားအျပား႐ွိပါတယ္။ အဲဒီထဲမွာ လူသိမ်ား ေက်ာ္ၾကားသူေတြလည္း ပါဝင္ပါတယ္။
စစ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ထဲက အဖမ္းခံရသူေတြထဲမွာ ဆက္လက္ဖမ္းဆီးခံထားရသူ ၄,၈၀၀ ထက္မနည္း႐ွိတယ္လို႔ စာရင္းအတည္ျပဳ မွတ္တမ္းတင္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေ႐ွာက္ေရးအသင္း AAPP ကေျပာပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ဘားအံမှာ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး လူ ၃၆ ဦး ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရ

(Unicode)
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကနေ အဖမ်းခံခဲ့ရသူတွေအပါအဝင် ၃၆ ယောက်ကို ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ဒီနေ့ အမိန့် ချလိုက်ပါတယ်။ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) နဲ့ အပြစ်ရှိတယ်လို့ဆိုပြီး အမိန့်ချလိုက်တာပါ။ ဘားအံမြို့မှာ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူတွေ ပထမဆုံး ထောင်ဒဏ်အပြစ်ပေးခံရတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မအိသန့်စင်က ပြောပြပါမယ်။

ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို အခုလို တရက်ထဲမှာ လူအမြောက်အများ ပြစ်ဒဏ်ချလိုက်တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဘားအံမြို့မှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကနေ အဖမ်းခံခဲ့ရသူတွေအပြင် ဆန္ဒပြပွဲမှာမပါဝင်ဘဲ လမ်းမှာတွေ့လို့ ဖမ်းဆီးခံရသူတွေလည်း အခုလိုပြစ်ဒဏ်ချခံရတယ်လို့ ထောင်ဒဏ်ချခံရသူတဦးရဲ့ အစ်ကိုဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။
"တချို့လူတွေက ဆန္ဒပြတဲ့အထဲမှာပါတယ်၊ တချို့လူတွေကျတော့ လမ်းမှာပဲ အဖမ်းခံရတဲ့လူတွေလည်း ပါသွားတယ်ဗျ။ အဲဒါနဲ့ အကုန်လုံးကိုဖမ်းပြီးတော့ ၅၀၅ (က) နဲ့စွဲတယ်။ ကြားမှာ ရုံးထုတ်တာတွေက အကြိမ်ရေ ၈ ကြိမ်တော့ ကျော်မယ်။ ဆန္ဒပြတယ်ဆိုပြီး တရားစွဲတာ တချို့လူတွေက နစ်နာရတာက ဆန္ဒပြတဲ့အထဲမှာမပါဘဲနဲ့ အကုန်လုံးကို ဖမ်းဆွဲတယ်ဗျ။ ပြီးရင် ဆန္ဒပြပါတယ်ဆိုပြီးတော့ အမှုတွဲတင်တယ်။ အဲလိုပုံစံမျိုး ဖြစ်နေတယ်ဗျ။"

ထောင်ဒဏ်အပြစ်ပေးခံရသူ အများစုမှာ ရှေ့နေသီးသန့် မရှိကြဘဲ အဖမ်းခံရသူတွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတရှေ့နေတွေက လိုက်ပါဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ထောင်ချခံရတဲ့အတွက် လွတ်မြောက်ရေးကို ဘယ်လိုဆက်လုပ်ရမလဲဆိုတာ မသိဘူးလို့လဲ အကိုဖြစ်သူကပြောပါတယ်။
"ကျနော်တို့ဆီမှာလည်း အားကိုးရမယ့်လူလည်း မရှိဘူးဗျ။ အကူအညီ ဘယ်သူ့ကိုတောင်းလို့ တောင်းရမှန်းလည်း မသိဘူးဗျ။ မတရားခံလိုက်ရတာကိုပဲ သိတယ်ဗျ။ ကျနော်တို့ ဘာပြန်လုပ်ရမလဲဆိုတာတော့ မသိဘူး။ ဖြစ်နိုင်ရင်တော့ တခြားကူညီပေးနိုင်တဲ့သူတွေ ရှိရင်တော့ ကျနော်တို့ကို ကူညီစေချင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မတရားကြီးခံရတဲ့ပုံစံ ဖြစ်နေတာ။ အဓိကကျတော့ဗျာ ဥပဒေကိုက မှန်ကန်တဲ့ဥပဒေကို ကျနော်တို့ဖြစ်စေချင်တယ်ဗျ။ တချို့ဆိုရင် အပြစ်မရှိတဲ့လူတွေ တခြားနေရာမှာဖမ်းဆီးပြီး ဆန္ဒပြပွဲထဲမှာ အမှုတွဲ တွဲပြီးတော့ပါလာတဲ့လူတွေ ရှိတယ်။ အဲလိုကျတော့ မတရားဘူးဗျ။ အမှန်တရားကိုပဲ ကျနော်တို့လိုချင်ပါတယ်။"

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရသူဟာ ပြစ်မှုကျူးလွန်တယ်လို့ ထင်ရှားတယ်ဆိုရင် တရားရုံးရဲ့ဝရမ်းမပါဘဲ သူ့ကိုဖမ်းဆီးခွင့်ရှိပြီး အာမခံပေးခွင့်နဲ့ ကျေအေးခွင့်လည်း မရှိပါဘူး။ ဒီလို ကျေအေးခွင့်မရှိပေမယ့် ရုတ်သိမ်းလို့ရတဲ့ပုဒ်မဖြစ်ပြီး ကင်းလွတ်ခွင့်ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ရှင်းပြပါတယ်။
"တဦးတယောက်သောသူက ဖော်ပြချက်ကိုဖြစ်ဖြစ်၊ ကောလာဟလကိုဖြစ်ဖြစ်၊ သတင်းကိုဖြစ်ဖြစ်၊ Facebook မှာပဲရေးရေး၊ မီဒီယာက ထုတ်ပြန်ကြေညာတဲ့အခါမှာ၊ ဒါမှမဟုတ်ရင် ဖြန့်ချိတဲ့အခါမှာ ဒီဖော်ပြချက်ဟာ ကောလာဟလ၊ ဒီသတင်းဟာ မှန်ကန်တယ်လို့ ယုံကြည်တယ်လို့ အကြောင်းရှိတဲ့အပြင် ပြစ်မှုကျူးလွန်ဖို့ အကြံမရှိဘဲနဲ့ ပြုတယ်။ ဒါမှမဟုတ်ရင် ထုတ်ပြန်ကြေညာတယ်၊ ဖြန့်ချိတယ်ဆိုရင် ဒီပုဒ်မရဲ့ အဓိပ္ပာယ်အရ ပြစ်မှုမမြောက်ဘူးလို့ အဲဒီဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါကြောင့်မို့လို့ ဒီကင်းလွတ်ချက်ဘောင်ထဲကို ဝင်နိုင်တယ်ဆိုရင်တော့ ကင်းလွတ်ချက်အရ အပြစ်မရှိဘူးလို့ ဥပဒေက ပြဌာန်းထားပါတယ်ဗျ။"

တပ်မတော်ပြိုကွဲအောင် ဆောင်ရွက်နေတယ်လို့ဆိုပြီး အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီက ၅၀၅ (က) နဲ့ တရားစွဲထားသူတွေ အများအပြားရှိပါတယ်။ အဲဒီထဲမှာ လူသိများ ကျော်ကြားသူတွေလည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက အဖမ်းခံရသူတွေထဲမှာ ဆက်လက်ဖမ်းဆီးခံထားရသူ ၄,၈၀၀ ထက်မနည်းရှိတယ်လို့ စာရင်းအတည်ပြု မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG