သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြး၀န္ႀကီးခ်ဳပ္ေဟာင္း  ေဒါက္တာေအာင္မိုးညိဳ ေထာင္ႏွစ္ႏွစ္ခ်မွတ္ခံရ


မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအာင္မိုးညိဳ (ဓာတ္ပံု- VOA)

(Zawgyi/Unicode)
မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအာင္မိုးညိဳကို မေကြး၊ ဗဟိုအက်ဥ္းေထာင္ထဲမွာဖြင့္ထားတဲ့ အထူးတရား႐ံုးကေန ပုဒ္မ ၅၀၅ (ခ) နဲ႔ ေထာင္ဒဏ္ ႏွစ္ႏွစ္ ခ်မွတ္ၿပီးတဲ့ေနာက္ ေနာက္ပုဒ္မတခုနဲ႔ ထပ္ၿပီး တရားစြဲဆိုထားတဲ့အေၾကာင္း အက်ဳိးေဆာင္ေရွ႕ေန ဦးျမင့္ေအာင္က ဗီြအိုေအကိုေျပာပါတယ္။

"၅၀၅ (ခ) နဲ႔ အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်လိုက္တာေလ၊ အမိန္႔ခ်ၿပီးေတာ့ တရားခြင္ထဲက ထြက္လာတဲ့အခါ ေဒါက္တာေအာင္မိုးညိဳကို ေထာင္ပို႔ဖို႔ လုပ္ေနတဲ့အခ်ိန္မွာ ပြင့္ျဖဴၿမိဳ႕နယ္ တရားသူႀကီးရယ္၊ ပြင့္ျဖဴၿမိဳ႕နယ္ရဲစခန္းမွဴး ရဲအုပ္စိုးခုိင္ရယ္၊ ပြင့္ျဖဴၿမိဳ႕နယ္ ဥပေဒအရာရွိရယ္ ေရာက္လာတယ္။ ဘာလို႔ေရာက္လာလဲဆိုေတာ့ 'ဆရာႀကီးကိုတဲ့' စခန္းမွဴးကေျပာတာ၊ ' ေနာက္တမႈ၊ ေဘးအႏၲရာယ္စီမံခန္႔ခြဲေရးဆိုင္ရာ ပုဒ္မ ၂၅ နဲ႔ ထပ္မံ တရားစြဲတင္ဖို႔အတြက္ ေရာက္လာတာပါ' လို႔ေျပာတာ။"

ပုဒ္မ ၅၀၅ (ခ) က အမ်ားျပည္သူၾကား တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္မႈ/လုပ္ေဆာင္မႈျဖစ္ၿပီး ေဒါက္တာေအာင္မုိးညိဳကို အဲဒီပုဒ္မနဲ႔ တရားစြဲ ေထာင္ခ်တဲ့ အေၾကာင္းရင္း အတိအက်ကိုေတာ့ မသိရပါဘူး။
စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက ေဒါက္တာေအာင္မိုးညိဳကို ဖမ္းဆီးထားတာျဖစ္ၿပီး ဧၿပီလ ၆ ရက္ေန႔မွာ အမႈစစစ္ၿပီးတဲ့ေနာက္ ဇြန္လ ၇ ရက္ေန႔မွာ တရား႐ံုးဆံုးျဖတ္ခ်က္ ထြက္လာတာပါ။
စ ဖမ္းသြားခ်ိန္က မေကြးၿမိဳ႕၊ ၿမိဳ႕သစ္အနီး ကပစ တပ္စခန္းထဲမွာ ခ်ဳပ္ေႏွာင္ထားခဲ့ၿပီးတဲ့ေနာက္ သံုးရက္အၾကာမွာ သူေနထိုင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္အိမ္ယာကို ျပန္ပို႔ေပးခဲ့ပါတယ္။ အဲဒီေနာက္ သီတင္းတပတ္ေလာက္အၾကာမွာ ဒုတိယတႀကိမ္ ထပ္ဖမ္းၿပီးေတာ့ အခုလို တရားစြဲဆို ေထာင္ခ်လိုက္တာျဖစ္ပါတယ္။

......................................................................

မကွေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ထောင်နှစ်နှစ်ချမှတ်ခံရ

(Unicode)
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေး၊ ဗဟိုအကျဉ်းထောင်ထဲမှာဖွင့်ထားတဲ့ အထူးတရားရုံးကနေ ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ပြီးတဲ့နောက် နောက်ပုဒ်မတခုနဲ့ ထပ်ပြီး တရားစွဲဆိုထားတဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဦးမြင့်အောင်က ဗွီအိုအေကိုပြောပါတယ်။

"၅၀၅ (ခ) နဲ့ အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ်ချလိုက်တာလေ၊ အမိန့်ချပြီးတော့ တရားခွင်ထဲက ထွက်လာတဲ့အခါ ဒေါက်တာအောင်မိုးညိုကို ထောင်ပို့ဖို့ လုပ်နေတဲ့အချိန်မှာ ပွင့်ဖြူမြို့နယ် တရားသူကြီးရယ်၊ ပွင့်ဖြူမြို့နယ်ရဲစခန်းမှူး ရဲအုပ်စိုးခိုင်ရယ်၊ ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိရယ် ရောက်လာတယ်။ ဘာလို့ရောက်လာလဲဆိုတော့ 'ဆရာကြီးကိုတဲ့' စခန်းမှူးကပြောတာ၊ ' နောက်တမှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပုဒ်မ ၂၅ နဲ့ ထပ်မံ တရားစွဲတင်ဖို့အတွက် ရောက်လာတာပါ' လို့ပြောတာ။"

ပုဒ်မ ၅၀၅ (ခ) က အများပြည်သူကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှုဖြစ်ပြီး ဒေါက်တာအောင်မိုးညိုကို အဲဒီပုဒ်မနဲ့ တရားစွဲ ထောင်ချတဲ့ အကြောင်းရင်း အတိအကျကိုတော့ မသိရပါဘူး။
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဒေါက်တာအောင်မိုးညိုကို ဖမ်းဆီးထားတာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာ အမှုစစစ်ပြီးတဲ့နောက် ဇွန်လ ၇ ရက်နေ့မှာ တရားရုံးဆုံးဖြတ်ချက် ထွက်လာတာပါ။
စ ဖမ်းသွားချိန်က မကွေးမြို့၊ မြို့သစ်အနီး ကပစ တပ်စခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပြီးတဲ့နောက် သုံးရက်အကြာမှာ သူနေထိုင်ခဲ့တဲ့ ဝန်ကြီးချုပ်အိမ်ယာကို ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီနောက် သီတင်းတပတ်လောက်အကြာမှာ ဒုတိယတကြိမ် ထပ်ဖမ်းပြီးတော့ အခုလို တရားစွဲဆို ထောင်ချလိုက်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG