(Zawgyi/Unicode)
စစ္တပ္အုပ္ခ်ဳပ္ေနတဲ႔ ျမန္မာႏုိင္ငံတြင္း အေျခအေနေတြဟာ အထူး စိုးရိမ္ဖြယ္ ျဖစ္ၿပီး ဆက္ၿပီးလည္း ဆိုးရြားလာေနေၾကာင္းနဲ႔ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ျဖစ္လာႏုိင္ေျခ အားလံုးကို ေလ႔လာ သံုးသပ္ထားေၾကာင္း အေမရိကန္ သမၼတ Joe Biden ရဲ႕ အင္ဒို ပစိဖိတ္ မူ၀ါဒဆိုင္ရာ ညွိႏိႈင္းေရးမွဴး Kurt Campbell က အဂၤါေန႔မွာ ေျပာဆိုေၾကာင္း Reuters သတင္းက ေဖာ္ျပပါတယ္။
အၾကမ္းဖက္မႈေတြ မ်ားလာတာကိုေတာ့ ျငင္းလို႔ မရဘူးလို႔လည္း မစၥတာ Campbell က New American Security ပညာရွင္ အဖြဲ႔က က်င္းပတဲ႔ အြန္လိုင္း အခမ္းအနား တခုမွာ ေျပာဆိုတာ ျဖစ္ပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြရဲ႕ ဆန႔္က်င္ စိန္ေခၚမႈတင္ မဟုတ္ဘဲ ဒီမိုကေရစီ လိုလားသူေတြ ဘက္ကလည္း ပိုၿပီး စုစုစည္းစည္း၊ ပိုင္းျဖတ္ခ်က္ ျပတ္သား ခိုင္မာလာတာကို ေတြ႔ျမင္ေနရတယ္လို႔လည္း သူက ေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ ႏုိင္ငံ ၿပိဳလဲသြားႏုိင္ေျခ ရွိလားလို႔ ေမးတာမွာေတာ့ မစၥတာ Campbell က အခု ျမင္ေတြ႔ေနရတဲ႔ အေျခအေန အရေတာ့ ျငင္းဖို႔ ခက္ပါတယ္လို႔ ေျဖၾကားခဲ႔ပါတယ္။
ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီး ကတည္းက ျမန္မာႏုိင္ငံမွာ မတည္မၿငိမ္ ျဖစ္ေနတာပါ။ႏုိင္ငံတ၀န္းက ၿမိဳ႕ေတြ နယ္ေတြမွာ ေန႔စဥ္ ဆႏၵျပပြဲေတြ ရွိေနသလို နယ္စပ္ေတြမွာလည္း စစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြၾကား တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ တခ်ိဳ႕ လက္နက္ကိုင္ အဖြဲ႔ေတြဆိုရင္ ဖြဲ႔စည္းတာက သီတင္းပတ္ အနည္းငယ္ဘဲ ရွိပါေသးတယ္။
စစ္တပ္ပိုင္ ရုပ္သံက ထုတ္လႊင့္ခ်က္ တခုမွာ ျပည္တြင္း မတည္မၿငိမ္ ျဖစ္မွာကို ႀကိဳၿပီး မွန္းဆ မထားေၾကာင္း စစ္အာဏာသိမ္း ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေတြ႔ဆံုေမးျမန္းခန္း တခုမွာ ၀န္ခံ ေျပာဆိုထားတယ္ဆိုၿပီးလည္း မစၥတာ Campbell က ေျပာဆိုသြားပါတယ္။
............
စစ်တပ်လက်အောက် မြန်မာပြည်တွင်း စိုးရိမ်ဖွယ် အခြေအနေ ဆက်လက်ဆိုးရွား (ကန်အာရှမူဝါဒ အကြီးအကဲ Kurt Campbell)
(Unicode)
စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ အထူး စိုးရိမ်ဖွယ် ဖြစ်ပြီး ဆက်ပြီးလည်း ဆိုးရွားလာနေကြောင်းနဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖြစ်လာနိုင်ခြေ အားလုံးကို လေ့လာ သုံးသပ်ထားကြောင်း အမေရိကန် သမ္မတ Joe Biden ရဲ့ အင်ဒို ပစိဖိတ် မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး Kurt Campbell က အင်္ဂါနေ့မှာ ပြောဆိုကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
အကြမ်းဖက်မှုတွေ များလာတာကိုတော့ ငြင်းလို့ မရဘူးလို့လည်း မစ္စတာ Campbell က New American Security ပညာရှင် အဖွဲ့က ကျင်းပတဲ့ အွန်လိုင်း အခမ်းအနား တခုမှာ ပြောဆိုတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆန့်ကျင် စိန်ခေါ်မှုတင် မဟုတ်ဘဲ ဒီမိုကရေစီ လိုလားသူတွေ ဘက်ကလည်း ပိုပြီး စုစုစည်းစည်း၊ ပိုင်းဖြတ်ချက် ပြတ်သား ခိုင်မာလာတာကို တွေ့မြင်နေရတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံ ပြိုလဲသွားနိုင်ခြေ ရှိလားလို့ မေးတာမှာတော့ မစ္စတာ Campbell က အခု မြင်တွေ့နေရတဲ့ အခြေအနေ အရတော့ ငြင်းဖို့ ခက်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတာပါ။နိုင်ငံတဝန်းက မြို့တွေ နယ်တွေမှာ နေ့စဉ် ဆန္ဒပြပွဲတွေ ရှိနေသလို နယ်စပ်တွေမှာလည်း စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တချို့ လက်နက်ကိုင် အဖွဲ့တွေဆိုရင် ဖွဲ့စည်းတာက သီတင်းပတ် အနည်းငယ်ဘဲ ရှိပါသေးတယ်။
စစ်တပ်ပိုင် ရုပ်သံက ထုတ်လွှင့်ချက် တခုမှာ ပြည်တွင်း မတည်မငြိမ် ဖြစ်မှာကို ကြိုပြီး မှန်းဆ မထားကြောင်း စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံမေးမြန်းခန်း တခုမှာ ဝန်ခံ ပြောဆိုထားတယ်ဆိုပြီးလည်း မစ္စတာ Campbell က ပြောဆိုသွားပါတယ်။