သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ခ်က္နဲ႔ ေသဆံုးရသူ ၈၆၀ ေက်ာ္၊ ဖမ္းဆီးခံ ၄၈၀၀ ေက်ာ္ရွိၿပီ  (ကုလေျပာခြင္႔ရ Farhan Haq)


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၂၈ ရက္တုန္းက ေတာင္ႀကီးဆႏၵျပပြဲကို ရဲက ၿဖိဳခြဲစဥ္ (Photo by STR / AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး စစ္တပ္နဲ႔ရဲေၾကာင့္ ေသဆံုးရတဲ့ ျပည္သူဟာ အခုခ်ိန္ထိဆိုရင္ ၈၆၀ ေက်ာ္ရွိေနသလို အဖမ္းခံေနရသူက ၄၈၀၀ ေက်ာ္ရွိေနတယ္လို႔ ကုလသမဂၢက ဇြန္လ ၁၄ ရက္တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

"ႏိုင္ငံတြင္းက ဌာေနကုလသမဂၢအဖြဲ႔ရဲ႕ ေျပာၾကားခ်က္အရေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္က စၿပီး အခုခ်ိန္အထိ ျမန္မာႏိုင္ငံတလႊား အသတ္ခံရတဲ့ အမ်ိဳးသမီး၊ အမ်ိဳးသားနဲ႔ ကေလးငယ္ အနည္းဆံုး ၈၆၁ ေယာက္ရွိေနၿပီး ဒဏ္ရာရသူက ေထာင္နဲ႔ခ်ီရွိေနေၾကာင္း သိရတယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq ကေျပာသြားတာပါ။

ဒါ့အျပင္ အဖမ္းခံေနရသူက ၄၈၀၀ ေက်ာ္ရွိေနတာ ျဖစ္ၿပီး ဒီအထဲမွာ ႏိုင္ငံေရးသမားေတြ၊ စာေရးဆရာေတြ၊ လူ႔အခြင့္ေရးလႈပ္ရွားသူေတြ၊ ေက်ာင္းဆရာေတြ၊ က်န္းမာေရးလုပ္သားေတြ၊ ဝန္ထမ္းေတြ၊ သတင္းေထာက္ေတြနဲ႔ မင္းသားမင္းသမီးေတြ အျပင္ သာမန္အရပ္သားေတြပါ ပါဝင္ေနတယ္လို႔ ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းထားတာ ၄ လေက်ာ္လာခ်ိန္အထိ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ လံုျခံဳေရးတပ္ေတြက အၾကမ္းဖက္ႏွိမ္နင္းတဲ့ အတြက္ ေန႔စဥ္လိုလို ေသဆံုး ဒဏ္ရာရမႈ ရွိေနတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ ကုလသမဂၢက အထူးစိုးရိမ္ေနဆဲ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ တရားဥပေဒမဲ့ သတ္ျဖတ္တာ၊ ဖမ္းဆီးတာအျပင္ ႏွိပ္စက္ၫွင္းပမ္းတာနဲ႔ ဘယ္ေရာက္ေနမွန္းမသိပဲ ေပ်ာက္ဆံုးတာေတြဆက္ရွိေနၿပီး ဒီလိုမ်ိဳး လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ စံနစ္တက်နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာေနတာေၾကာင့္ စစ္ေကာင္စီရဲ႕ လံုျခံဳေရးတပ္ေတြ အေနနဲ႔ အရပ္သားေတြကို အကာကြယ္ေပးဖို႔ ျမန္မာႏိုင္ငံတြင္းက ကုလသမဂၢအဖြဲ႔ေတြက ေတာင္းဆိုလိုက္တာပါ။

တနလၤာေန႔မွာပဲ ကုလသမဂၢအေထြေထြညီလာခံ ဥကၠဌ ဟာ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ ေတြ႕ဆံုခဲ့ပါတယ္။

ဇြန္လ ၁၈ရက္ ေသာၾကာေန႔ မနက္ ၁၀ နာရီမွာေတာ့ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ျမန္မာႏိုင္ငံဆိုင္ရာ သီးသန္႔ေဆြးေႏြးပြဲျပဳလုပ္ဖို႔ ရွိၿပီး အဲဒီေဆြးေႏြးပြဲမွာ မစၥ Burgener နဲ႔အာဆီယံအလွည့္က်ဥကၠဌ ျဖစ္တဲ့ ဘ႐ူႏိုင္းႏိုင္ငံရဲ႕ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Dato Erywan Yusof တို႔ တင္ျပေဆြးေႏြးဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရသူ ၈၆၀ ကျော်၊ ဖမ်းဆီးခံ ၄၈၀၀ ကျော်ရှိပြီ (ကုလပြောခွင့်ရ Farhan Haq)

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ရဲကြောင့် သေဆုံးရတဲ့ ပြည်သူဟာ အခုချိန်ထိဆိုရင် ၈၆၀ ကျော်ရှိနေသလို အဖမ်းခံနေရသူက ၄၈၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ဇွန်လ ၁၄ ရက်တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

"နိုင်ငံတွင်းက ဌာနေကုလသမဂ္ဂအဖွဲ့ရဲ့ ပြောကြားချက်အရဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်က စပြီး အခုချိန်အထိ မြန်မာနိုင်ငံတလွှား အသတ်ခံရတဲ့ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ် အနည်းဆုံး ၈၆၁ ယောက်ရှိနေပြီး ဒဏ်ရာရသူက ထောင်နဲ့ချီရှိနေကြောင်း သိရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq ကပြောသွားတာပါ။

ဒါ့အပြင် အဖမ်းခံနေရသူက ၄၈၀၀ ကျော်ရှိနေတာ ဖြစ်ပြီး ဒီအထဲမှာ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေ၊ ကျောင်းဆရာတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဝန်ထမ်းတွေ၊ သတင်းထောက်တွေနဲ့ မင်းသားမင်းသမီးတွေ အပြင် သာမန်အရပ်သားတွေပါ ပါဝင်နေတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတာ ၄ လကျော်လာချိန်အထိ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက အကြမ်းဖက်နှိမ်နင်းတဲ့ အတွက် နေ့စဉ်လိုလို သေဆုံး ဒဏ်ရာရမှု ရှိနေတယ် ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂက အထူးစိုးရိမ်နေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေမဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးတာအပြင် နှိပ်စက်ညှင်းပမ်းတာနဲ့ ဘယ်ရောက်နေမှန်းမသိပဲ ပျောက်ဆုံးတာတွေဆက်ရှိနေပြီး ဒီလိုမျိုး လူ့အခွင့်ရေးချိုးဖေါက်မှုတွေ စံနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတာကြောင့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေ အနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂအဖွဲ့တွေက တောင်းဆိုလိုက်တာပါ။

တနင်္လာနေ့မှာပဲ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌ ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇွန်လ ၁၈ရက် သောကြာနေ့ မနက် ၁၀ နာရီမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်ဆွေးနွေးပွဲပြုလုပ်ဖို့ ရှိပြီး အဲဒီဆွေးနွေးပွဲမှာ မစ္စ Burgener နဲ့အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Dato Erywan Yusof တို့ တင်ပြဆွေးနွေးဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG