သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္၊မႏၲေလး၊မံုရြာက “သပိတ္စံုသူပုန္ထ” ဆႏၵျပပဲြမ်ား


လက္ရွိ မႏၱေလး ဆႏၵျပပြဲတခု (ဓာတ္ပံု- Simulation)

(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ဆႏၵျပပြဲေတြ ႏိုင္ငံတဝန္း ၿမိဳ႕ေတြမွာ ဆက္ၿပီးလုပ္ေနၾကတာမွာ ဒီေန႔ေတာ့ သပိတ္စုံ သူပုန္ထ ဆိုတဲ့ေခါင္းစီးစာတန္းနဲ႔ ရန္ကုန္၊ မႏၱေလး၊ မံု႐ြာစတဲ့ ၿမိဳ႕ေတြမွာ ဆႏၵျပခဲ့ၾကပါတယ္။ မႏၱေလးၿမိဳ႕က တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းကေတာ့ မနက္ပိုင္းက ၿဖိဳခဲြခံရၿပီး ၆ ေယာက္ထက္မနည္း ဖမ္းဆီးခံရပါတယ္။ ႏိုင္ငံတစ္ဝန္း ဆႏၵျပပြဲေတြနဲ႔ အဖမ္းအဆီးေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာ က ေျပာျပပါမယ္။

ရန္ကုန္အပါအဝင္ ၿမိဳ႕တခ်ဳိ႕မွာ သပိတ္စုံ သူပုန္ထ ဆိုတဲ့ေခါင္းစီးစာတန္းကိုင္ေဆာင္ ဆႏၵျပမႈေတြကို ဒီေန႔ စုေပါင္းလုပ္ခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ ရဲစခန္းအနီး ဒီမနက္ အေစာပိုင္းကလုပ္ခဲ့တဲ့ ခ်ီတက္ ဆႏၵျပပြဲမွာ အင္အား ၁ ရာထက္မနည္း ပါဝင္ခဲ့ၾကပါတယ္။

ျမန္မာ့အေရး အာဆီယံရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ စစ္ေကာင္စီကိုအေထာက္အပံ့ျဖစ္ေစတာေၾကာင့္ အာဆီယံကိုဆန္႔က်င္တဲ့အေနနဲ႔ အာဆီယံအလံကိုလည္း မီးရႈိ႕ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပစဥ္မွာ ဖမ္းဆီးၿဖိဳခြဲမႈေတြ မရွိခဲ့ေပမယ့္ လူစုခြဲၿပီးခ်ိန္ေနာက္ပိုင္းမွာ ဆႏၵျပခဲ့ၾကတဲ့ ေနရာအနီးမွာ စစ္ေကာင္စီတပ္ေတြက ရွာေဖြဖမ္းဆီးမႈေတြ လုပ္ခဲ့တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ သပိတ္စုံ သူပုန္ထ သပိတ္စစ္ေၾကာင္းထြက္တာေပါ့။ တာေမြသီတာလမ္းထဲကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ တာေမြ စခန္း ၄၀ နားမေရာက္တေရာက္ေပါ့ ကြၽန္ေတာ္တို႔ သီတာလမ္းထိပ္ထိ ေပါ့၊ အဲ့နားကို ကြၽန္ေတာ္တို႔ သပိတ္စစ္ေၾကာင္းခ်ီတက္လာခဲ့တယ္။ အင္အားအေနနဲ႔ေတာ့ ကြၽန္ေတာ္တို႔ ၆၀၊ ၇၀ ေပါ့။ ရာဂဏန္းနီးပါးေလာက္ထိ ကြၽန္ေတာ္တို႔မ်ားတယ္။ ကြၽန္ေတာ္တို႔ လုပ္သြားတဲ့ ပုံစံက သူတို႔လုံးဝ မထင္ထားတဲ့ ပုံစံေပါ့။ ၿပီးေတာ့ သူတို႔စခန္းနဲ႔ အနီးဆုံးထိ ကြၽန္ေတာ္တို႔ သပိတ္ေၾကာင္းတက္လာတာဆိုေတာ့ သူတို႔လည္းတကယ္ အံၾသသြားလိမ့္မယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ လုပ္တဲ့ အခ်ိန္က သူတို႔ မထင္မွတ္ထားတဲ့ အာ႐ုံခ်ိန္မ်ိဳးေပါ့။ မနက္ အာ႐ုံခ်ိန္ လင္း႐ုံေလာက္ေလးမွာ ကြၽန္ေတာ္တို႔လုပ္သြားတာဆိုေတာ့ သူတို႔လည္း ဘာမွ မသိလိုက္ဘူး။ တကယ္လည္း ျဖစ္ေရာ သူတို႔ထြက္လာတယ္။ ထြက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ လူစုခြဲလိုက္တယ္ဗ်။ သူတို႔ မလာခင္ အခ်ိန္ေလးမွာပဲ လူစုခြဲလိုက္တယ္။ အဖမ္းအဆီးေတြေတာ့ မၾကားလိုက္ရဘူးေပ့ါေႏွာ္။ ၿပီးမွ တစ္ခု ျပန္ၾကားလိုက္ရတာက သပိတ္ခြဲၿပီးမွ အဲ့အနီးအနားမွာ ရွိေနတဲ့သူေတြကို ထြက္ဆြဲတဲ့ အခ်ိန္မွာ ၂ ေယာက္ေတာ့ပါသြားတယ္လို႔ ၾကားတယ္။ သတင္းအတိအက်ေတာ့ မၾကားရေသးဘူး။”

မႏၲေလးၿမိဳ႕မွာေတာ့ ဒီေန႔ မနက္ပိုင္းက ထြက္တဲ့ တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းကို စစ္ေကာင္စီတပ္ေတြက ကားနဲ႔ ဝင္တိုက္၊ ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးတာေတြ လုပ္ခဲ့တဲ့အတြက္ ၆ ဦးဖမ္းဆီးခံရတယ္လို႔ ဆႏၵျပစစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“မနက္က အေထြေထြသပိတ္တပ္ေပါင္းစုက ၆ နာရီ ၁၅ ထြက္ဖို႔လုပ္ထားတာေပါ့။ အဲ့ေနရာမွာကို အရပ္ဝတ္ေတြနဲ႔ ေနရာေပါက္ၾကားမႈျဖစ္ၿပီးေတာ့ လာဆြဲတာေပါ့။ ပစ္ခတ္မႈေတြရွိတယ္၊ ကားေတြနဲ႔ ဝင္တိုက္တယ္၊ အရပ္ဝတ္ေတြနဲ႔ေပါ့။ ၿပီးေတာ့ လိုက္ဆြဲတယ္ေပါ့။ တစ္ခ်ိဳ႕ဆို ဒ႐ြတ္တိုက္ဆြဲသြား တယ္။ ၿပီးေတာ့ ဆိုင္ကယ္ကိုလည္း ကားေတြနဲ႔ပစ္တိုက္တယ္ေပါ့။ ၆ ေယာက္ပါသြားတယ္ရွင့္။ ဆရာတစ္ေယာက္ရယ္၊ လူငယ္ပိုင္း ၅ ေယာက္ရယ္ေပါ့။”

ခုလုိ မႏၱေလးၿမိဳ႕က တပ္ေပါင္းစုသပိတ္စစ္ေၾကာင္း မနက္ပိုင္းမွာ ပစ္ခတ္ၿဖိဳခြဲ ဖမ္းဆီးခံခဲ့ရေပမဲ့ ေန႔လယ္ပိုင္းမွာလည္း ပုံမွန္အတိုင္း ဆႏၵျပစစ္ေၾကာင္းေတြ ထြက္ခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာလည္း ဒီကေန႔မွာ သပိတ္စုံ သူပုန္ထ ေခါင္းစီးစာတန္းနဲ႔ ခ်ီတက္ ဆႏၵျပၾကပါတယ္။ အာဏာရွင္ စစ္ေခါင္းေဆာင္ကို နည္းလမ္းမ်ိဳးစုံနဲ႔ တိုက္ထုတ္ၾကမွသာ ရႏိုင္မယ္လို႔ သတင္းစကားေပးခ်င္တဲ့အတြက္ ဒီလို ေခါင္းစဥ္ကို ေ႐ြးရတာျဖစ္တယ္လို႔ မုံ႐ြာဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက VOA ကို ႐ွင္းျပပါတယ္။

“မုံ႐ြာမွာ မနက္ပိုင္းမွာ မုံ႐ြာရဲ႕ အဓိက လမ္းမႀကီးျဖစ္တဲ့ ဗိုလ္ခ်ဳပ္လမ္းမွာ အင္အားရာခ်ီၿပီးေတာ့ ရန္ကုန္တို႔ မႏၲေလးတို႔ရဲ႕ ေခါင္းစဥ္အတိုင္းပဲေပါ့ေႏွာ္ သပိတ္စုံ သူပုန္ထ ဆိုတဲ့ ေခါင္းစဥ္နဲ႔ပဲ အဲ့ေခါင္းစဥ္ကို ကိုင္စြဲၿပီးေတာ့ ခ်ီတက္ ဆႏၵျပခဲ့တယ္။ အဲ့ဒါက ကြၽန္ေတာ္တို႔ ဒီေန႔က ေတာ္လွန္ေရး သမိုင္းမွာ ထင္ရွားတဲ့ ေခါင္းေဆာင္ ခ်ီေဂြဗားရားရဲ႕ ေမြးေန႔လည္းျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔က အၾကမ္းဖက္ စစ္ေကာင္စီကို ဆန္႔က်င္ဖို႔ ျဖဳတ္ခ်ဖို႔က နည္းနာေပါင္းစုံကို သုံးမွပဲ ျပဳတ္က်မယ္ေပါ့ေႏွာ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ျပည္သူေတြကို တပ္လွန္႔တဲ့အေနနဲ႔ သပိတ္စုံ သူပုန္ထ ဆိုၿပီးေတာ့ ညီတူညာတူနဲ႔ တစ္ႏိုင္ငံလုံး အႏွံ ခ်ိတ္ဆက္ထားတဲ့ ၿမိဳ႕တိုင္းမွာ အဲ့ေခါင္းစဥ္ကို ကိုင္ၿပီးေတာ့ ဆႏၵျပခဲ့ၾကတာဗ်။ ကြၽန္ေတာ္တို႔က လမ္းမေပၚက သပိတ္တိုက္ပြဲေတြရယ္၊ ေနာက္တစ္ခုက ျပည္သူ႔ဝန္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈ သပိတ္၊ ေနာက္ ေက်ာင္းသားလူငယ္ေတြရဲ႕ ေက်ာင္းမတက္ဘူးဆိုတဲ့သပိတ္၊ ေနာက္တစ္ခုက အၾကမ္းဖက္စစ္ေကာင္စီဆီကို ကြၽန္ေတာ္တို႔ရဲ႕ ေငြေတြ လုံးဝ မေရာက္ရဘူးဆိုတဲ့ ဘူးသပိတ္ေပါ့၊ အဲ့လို နည္းနာေပါင္းစုံအကုန္စုံမွပဲ ဒီအၾကမ္းဖက္စစ္ေကာင္စီ ျပဳတ္က်ႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ယုံတယ္ေပါ့ေႏွာ္။ အဲ့ဒါေၾကာင့္ နည္းနာေပါင္းစုံသုံးၿပီး ေတာ္လွန္ၾကဖို႔ တပ္လွန္႔တဲ့ သေဘာပါဗ်။”

ဒီကေန႔ သပိတ္စုံ သူပုန္ထ ေခါင္းစဥ္နဲ႔ ထားဝယ္၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ကေလး စတဲ့ၿမိဳ႕ေတြမွာလည္း လမ္းမေတြေပၚ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ဖားကန္႔၊ ပဲခူး၊ မတၱရာ၊ ၿမိဳင္၊ ဘုတလင္၊ ေရျဖဴ၊ ဒိုက္ဦး စတဲ့ ၿမိဳ႕ေတြမွာလည္း လွ်ပ္တျပတ္ ေပ်ာက္ၾကားသပိတ္၊ ႐ြာတြင္းသပိတ္ေတြ ျပဳလုပ္ၿပီး စစ္အာဏာသိမ္းမႈအေပၚ ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြ လုပ္ခဲ့ၾကပါတယ္။

................................................................................

တိုက္႐ိုက္ လင့္ခ္


ရန်ကုန်၊မန္တလေး၊မုံရွာက “သပိတ်စုံသူပုန်ထ” ဆန္ဒပြပွဲများ

(Unicode)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း မြို့တွေမှာ ဆက်ပြီးလုပ်နေကြတာမှာ ဒီနေ့တော့ သပိတ်စုံ သူပုန်ထ ဆိုတဲ့ခေါင်းစီးစာတန်းနဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ မြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့က တပ်ပေါင်းစု သပိတ်စစ်ကြောင်းကတော့ မနက်ပိုင်းက ဖြိုခွဲခံရပြီး ၆ ယောက်ထက်မနည်း ဖမ်းဆီးခံရပါတယ်။ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေနဲ့ အဖမ်းအဆီးတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ က ပြောပြပါမယ်။

ရန်ကုန်အပါအဝင် မြို့တချို့မှာ သပိတ်စုံ သူပုန်ထ ဆိုတဲ့ခေါင်းစီးစာတန်းကိုင်ဆောင် ဆန္ဒပြမှုတွေကို ဒီနေ့ စုပေါင်းလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ တာမွေမြို့နယ် ရဲစခန်းအနီး ဒီမနက် အစောပိုင်းကလုပ်ခဲ့တဲ့ ချီတက် ဆန္ဒပြပွဲမှာ အင်အား ၁ ရာထက်မနည်း ပါဝင်ခဲ့ကြပါတယ်။

မြန်မာ့အရေး အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီကိုအထောက်အပံ့ဖြစ်စေတာကြောင့် အာဆီယံကိုဆန့်ကျင်တဲ့အနေနဲ့ အာဆီယံအလံကိုလည်း မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြစဉ်မှာ ဖမ်းဆီးဖြိုခွဲမှုတွေ မရှိခဲ့ပေမယ့် လူစုခွဲပြီးချိန်နောက်ပိုင်းမှာ ဆန္ဒပြခဲ့ကြတဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်တွေက ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ သပိတ်စုံ သူပုန်ထ သပိတ်စစ်ကြောင်းထွက်တာပေါ့။ တာမွေသီတာလမ်းထဲကနေပြီးတော့ ကျွန်တော်တို့ တာမွေ စခန်း ၄၀ နားမရောက်တရောက်ပေါ့ ကျွန်တော်တို့ သီတာလမ်းထိပ်ထိ ပေါ့၊ အဲ့နားကို ကျွန်တော်တို့ သပိတ်စစ်ကြောင်းချီတက်လာခဲ့တယ်။ အင်အားအနေနဲ့တော့ ကျွန်တော်တို့ ၆၀၊ ၇၀ ပေါ့။ ရာဂဏန်းနီးပါးလောက်ထိ ကျွန်တော်တို့များတယ်။ ကျွန်တော်တို့ လုပ်သွားတဲ့ ပုံစံက သူတို့လုံးဝ မထင်ထားတဲ့ ပုံစံပေါ့။ ပြီးတော့ သူတို့စခန်းနဲ့ အနီးဆုံးထိ ကျွန်တော်တို့ သပိတ်ကြောင်းတက်လာတာဆိုတော့ သူတို့လည်းတကယ် အံသြသွားလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်တဲ့ အချိန်က သူတို့ မထင်မှတ်ထားတဲ့ အာရုံချိန်မျိုးပေါ့။ မနက် အာရုံချိန် လင်းရုံလောက်လေးမှာ ကျွန်တော်တို့လုပ်သွားတာဆိုတော့ သူတို့လည်း ဘာမှ မသိလိုက်ဘူး။ တကယ်လည်း ဖြစ်ရော သူတို့ထွက်လာတယ်။ ထွက်လာတဲ့အချိန်မှာ ကျွန်တော်တို့ လူစုခွဲလိုက်တယ်ဗျ။ သူတို့ မလာခင် အချိန်လေးမှာပဲ လူစုခွဲလိုက်တယ်။ အဖမ်းအဆီးတွေတော့ မကြားလိုက်ရဘူးပေ့ါနှော်။ ပြီးမှ တစ်ခု ပြန်ကြားလိုက်ရတာက သပိတ်ခွဲပြီးမှ အဲ့အနီးအနားမှာ ရှိနေတဲ့သူတွေကို ထွက်ဆွဲတဲ့ အချိန်မှာ ၂ ယောက်တော့ပါသွားတယ်လို့ ကြားတယ်။ သတင်းအတိအကျတော့ မကြားရသေးဘူး။”

မန္တလေးမြို့မှာတော့ ဒီနေ့ မနက်ပိုင်းက ထွက်တဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ကားနဲ့ ဝင်တိုက်၊ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အတွက် ၆ ဦးဖမ်းဆီးခံရတယ်လို့ ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနက်က အထွေထွေသပိတ်တပ်ပေါင်းစုက ၆ နာရီ ၁၅ ထွက်ဖို့လုပ်ထားတာပေါ့။ အဲ့နေရာမှာကို အရပ်ဝတ်တွေနဲ့ နေရာပေါက်ကြားမှုဖြစ်ပြီးတော့ လာဆွဲတာပေါ့။ ပစ်ခတ်မှုတွေရှိတယ်၊ ကားတွေနဲ့ ဝင်တိုက်တယ်၊ အရပ်ဝတ်တွေနဲ့ပေါ့။ ပြီးတော့ လိုက်ဆွဲတယ်ပေါ့။ တစ်ချို့ဆို ဒရွတ်တိုက်ဆွဲသွား တယ်။ ပြီးတော့ ဆိုင်ကယ်ကိုလည်း ကားတွေနဲ့ပစ်တိုက်တယ်ပေါ့။ ၆ ယောက်ပါသွားတယ်ရှင့်။ ဆရာတစ်ယောက်ရယ်၊ လူငယ်ပိုင်း ၅ ယောက်ရယ်ပေါ့။”

ခုလို မန္တလေးမြို့က တပ်ပေါင်းစုသပိတ်စစ်ကြောင်း မနက်ပိုင်းမှာ ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးခံခဲ့ရပေမဲ့ နေ့လယ်ပိုင်းမှာလည်း ပုံမှန်အတိုင်း ဆန္ဒပြစစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဒီကနေ့မှာ သပိတ်စုံ သူပုန်ထ ခေါင်းစီးစာတန်းနဲ့ ချီတက် ဆန္ဒပြကြပါတယ်။ အာဏာရှင် စစ်ခေါင်းဆောင်ကို နည်းလမ်းမျိုးစုံနဲ့ တိုက်ထုတ်ကြမှသာ ရနိုင်မယ်လို့ သတင်းစကားပေးချင်တဲ့အတွက် ဒီလို ခေါင်းစဉ်ကို ရွေးရတာဖြစ်တယ်လို့ မုံရွာဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက VOA ကို ရှင်းပြပါတယ်။

“မုံရွာမှာ မနက်ပိုင်းမှာ မုံရွာရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမှာ အင်အားရာချီပြီးတော့ ရန်ကုန်တို့ မန္တလေးတို့ရဲ့ ခေါင်းစဉ်အတိုင်းပဲပေါ့နှော် သပိတ်စုံ သူပုန်ထ ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ အဲ့ခေါင်းစဉ်ကို ကိုင်စွဲပြီးတော့ ချီတက် ဆန္ဒပြခဲ့တယ်။ အဲ့ဒါက ကျွန်တော်တို့ ဒီနေ့က တော်လှန်ရေး သမိုင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင် ချီဂွေဗားရားရဲ့ မွေးနေ့လည်းဖြစ်တဲ့အတွက် ကျွန်တော်တို့က အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ဖို့ ဖြုတ်ချဖို့က နည်းနာပေါင်းစုံကို သုံးမှပဲ ပြုတ်ကျမယ်ပေါ့နှော်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ပြည်သူတွေကို တပ်လှန့်တဲ့အနေနဲ့ သပိတ်စုံ သူပုန်ထ ဆိုပြီးတော့ ညီတူညာတူနဲ့ တစ်နိုင်ငံလုံး အနှံ ချိတ်ဆက်ထားတဲ့ မြို့တိုင်းမှာ အဲ့ခေါင်းစဉ်ကို ကိုင်ပြီးတော့ ဆန္ဒပြခဲ့ကြတာဗျ။ ကျွန်တော်တို့က လမ်းမပေါ်က သပိတ်တိုက်ပွဲတွေရယ်၊ နောက်တစ်ခုက ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု သပိတ်၊ နောက် ကျောင်းသားလူငယ်တွေရဲ့ ကျောင်းမတက်ဘူးဆိုတဲ့သပိတ်၊ နောက်တစ်ခုက အကြမ်းဖက်စစ်ကောင်စီဆီကို ကျွန်တော်တို့ရဲ့ ငွေတွေ လုံးဝ မရောက်ရဘူးဆိုတဲ့ ဘူးသပိတ်ပေါ့၊ အဲ့လို နည်းနာပေါင်းစုံအကုန်စုံမှပဲ ဒီအကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျနိုင်မယ်လို့ ကျွန်တော်တို့ယုံတယ်ပေါ့နှော်။ အဲ့ဒါကြောင့် နည်းနာပေါင်းစုံသုံးပြီး တော်လှန်ကြဖို့ တပ်လှန့်တဲ့ သဘောပါဗျ။”

ဒီကနေ့ သပိတ်စုံ သူပုန်ထ ခေါင်းစဉ်နဲ့ ထားဝယ်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကလေး စတဲ့မြို့တွေမှာလည်း လမ်းမတွေပေါ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဖားကန့်၊ ပဲခူး၊ မတ္တရာ၊ မြိုင်၊ ဘုတလင်၊ ရေဖြူ၊ ဒိုက်ဦး စတဲ့ မြို့တွေမှာလည်း လျှပ်တပြတ် ပျောက်ကြားသပိတ်၊ ရွာတွင်းသပိတ်တွေ ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG