သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကဗ်ာဆရာခက္သီက်ဆံုးမႈတလျပည့္ အနက္ေရာင္၀တ္ခ်ီတက္ဆႏၵျပ


AAPP က ထုတ္ျပန္တဲ့ ဖမ္းဆီးခံထားရသူေတြနဲ႔ က်ဆုံးသူစာရင္းမွာ ေဖာ္ျပထားတဲ့ ကဗ်ာဆရာ ခက္သီ။ (ဓာတ္ပုံ - AAPP)

(Zawgyi/Unicode)
လံုျခံဳေရးတင္းၾကပ္မႈေတြနဲ႔ အၾကမ္းဖက္ၿဖိဳခဲြမႈေတြေၾကာင့္ ႏိုင္ငံတ၀ွမ္းဆႏၵျပမႈေတြ ေလ်ာ့က်လာေပမယ့္၊ တခ်ိဳ႕ၿမိဳ႕ေတြမွာေတာ့ ဆႏၵျပပဲြေတြ ရွိေနဆဲပါ။ ရန္ကုန္မွာေတာ့ မေန႔က ဆႏၵျပ စစ္ေၾကာင္းတစ္ခုကို စစ္ေကာင္စီတပ္ေတြက ၿဖိဳခြဲဖမ္းဆီးမႈေတြ ရွိခဲ့တာေၾကာင့္ ဒီကေန႔ ဆႏၵျပမႈကို ရပ္နားထားၾကေပမယ့္ ေပါက္ကြဲမႈတစ္ခ်ိဳ႕ ျဖစ္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူေတြ ရွိခဲ့ပါတယ္။ ႏိုင္ငံတစ္ဝန္းက ပုံစံမ်ိဳးစုံနဲ႔ ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္က လာတဲ့ သတင္းကို မဆုမြန္ ေျပာျပပါမယ္။

ရန္ကုန္မွာ ဒီေန႔ ဆႏၵျပစစ္ေၾကာင္းေတြ မထြက္ပဲ ရပ္ထားေပမယ့္ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ စမ္းေခ်ာင္းၿမိဳ႕နယ္ သံတံတားလမ္းက ေခတ္ဆန္သူ လက္ဖက္ရည္ဆိုင္မွာ ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ ႏွစ္ေယာက္ရွိတယ္လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔ သပိတ္ကေတာ့ နားထားတယ္ဗ်။ မေန႔က ျဖစ္စဥ္ေတြေၾကာင့္ ဒီေန႔ သပိတ္ကိုနားထားတာပါဗ်။ ဒီေန႔ ဗုံးေပါက္တာကေတာ့ သံတံတားလမ္းထိပ္က ေခတ္ဆန္သူ လက္ဖက္ရည္ဆိုင္မွာ ဗုံးေပါက္တာဗ်။ အဲ့ဒီဆိုင္ကေတာ့ ရဲေတြကို အၿမဲတမ္း သတင္းေပးေနတယ္လို႔ သတင္းၾကားတဲ့ ဒလန္ဆိုင္ ျဖစ္ေနတယ္ဗ်။ အထိအခိုက္ကေတာ့ ေလာေလာလတ္လတ္ ၂ ေယာက္ရွိတယ္လို႔ေတာ့ သတင္းၾကားတယ္ဗ်။ ခုဏကေတာ့ ရဲေတြ ပတ္ၿပီးေတာ့ လမ္းေတြပိတ္ၿပီး ရွင္းေနတယ္လို႔ေတာ့ ၾကားတယ္ဗ်။”

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္ေတြက ႐ြာေတြ စုေပါင္းၿပီး ဆႏၵျပၾကတဲ့ ႐ြာေပါင္းစုံ ဆႏၵျပစစ္ေၾကာင္းက အင္အား၂၀၀၀ ဝန္းက်င္နဲ႔ ဒီကေန႔ ဆႏၵျပၾကပါတယ္။ ကဗ်ာဆရာ ခက္သီ က်ဆုံးျခင္း တစ္လျပည့္အျဖစ္ အနက္ေရာင္အက်ီ္ေတြ ဝတ္ဆင္ၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္လို႔ ႐ြာေပါင္းစုံ သပိတ္စစ္ေၾကာင္းရဲ႕ ဦးေဆာင္ေကာ္မတီအဖြဲ႕ဝင္ တစ္ဦးကေျပာပါတယ္။

“ဒီေန႔မွာ ကြၽန္ေတာ္တို႔က ေမလ ၈ ရက္ေန႔မွာ ဖမ္းဆီးခံရၿပီးေတာ့ ၉ ရက္ေန႔မွာ ေသဆုံးသြားခဲ့တဲ့ ကဗ်ာဆရာ ကိုခက္သီ အပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ က်ဆုံးသြားတဲ့ အာဇာနည္ေတြအတြက္ အနက္ေရာင္ အက်ီ္ေတြ ဝတ္ဆင္ၿပီးေတာ့ ဝမ္းနည္းျခင္း အထိမ္းအမွတ္ေတြ ကြၽန္ေတာ္တို႔ လုပ္ေဆာင္တယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္ၿပီး ခ်ီတက္ လမ္းေလွ်ာက္ၿပီး ေတာ့ ႐ြာတစ္႐ြာမွာ ထိုင္သပိတ္အခမ္းအနားေလးလုပ္ၿပီးေတာ့ ႏိုင္ငံေရးအေၾကာင္း သပိတ္တရား ေဟာတာေတြ လုပ္ခဲ့ၾကပါတယ္ဗ်။”

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာလည္း စစ္ေကာင္စီတပ္ေတြရဲ႕ လုံၿခဳံေရးတင္းၾကပ္တာေတြ၊ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈမ်ားလာတာေတြေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ လုပ္ထားေပမယ့္ ပုံမွန္အတိုင္းဆႏၵျပ ပြဲေတြ ရွိေနပါတယ္။ စစ္ေကာင္စီတပ္ေတြက ကေလးၿမိဳ႕တြင္းက ေနရာတစ္ခ်ိဳ႕မွာ တပ္စြဲထားၿပီး ညဖက္မွာ ေျခာက္လွန္႔ပစ္ခတ္မႈေတြ လုပ္သလို ႐ြာေတြကိုသြားၿပီး ဝင္ေရာက္ေသာင္ၾကမ္းတာေတြ လုပ္ေနတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“သူတို႔ တပ္စြဲထားတဲ့ေနရာေတြမွာေတာ့ ပုံမွန္အတိုင္းရွိတယ္။ ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံမွာရွိတယ္၊ ၿမိဳ႕ေတာ္ခန္းမမွာရွိတယ္။ ဒါကေတာ့ ၾကာၿပီေပါ့ေႏွာ္ တပ္စြဲထားတာ ခုမွာေရာက္လာတာေတာ့မရွိ ဘူး။ အဲ့ဒီေနရာေတြမွာေတာ့ ပုံမွန္အတိုင္းရွိတယ္။ ျပည္သူ႔ေဆး႐ုံမွာဆိုရင္ ေသနတ္ပစ္ေဖာက္တာေတြ လည္းရွိတယ္။ ညဆိုရင္ေလ။ သတိေပးတဲ့ ပုံစံမ်ိဳးလုပ္တာျဖစ္မယ္။ ညတုန္းကလည္း အဲ့လိုေဖာက္ တယ္။ ႐ြာေတြဖက္မွာ အဓိက တစ္အိမ္တက္ဆင္း၊ ဒီေန႔ဆိုရင္ ကေလးနဲ႔ ဂန္႔ေဂါၾကားက ဟံသာဝတီ႐ြာက ရပ္ကြက္တစ္ခုမွာ တစ္အိမ္တက္ဆင္းလိုက္ရွာတယ္လို႔လည္းၾကားတယ္။ ဒီဖက္ကသြားၿပီးေတာ့။”

စစ္ေကာင္စီက အၾကမ္းဖက္ ၿဖိဳ႕ခြဲ ဖမ္းဆီးမႈေတြ ရွိေနေပမယ့္ ဧရာဝတီတိုင္းက ကရင္လူငယ္ေတြက အိမ္တြင္းသပိတ္လုပ္ခဲ့ၾကပါတယ္။ ထားဝယ္၊ ဖားကန္႔၊ ၿမိဳင္၊ မုံ႐ြာ၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ေမၿမိဳ႕၊ ကြတ္ခိုင္၊ တာမခန္႔ စတဲ့ ၿမိဳ႕ေတြမွာလည္း ခ်ီတက္သပိတ္၊ ဆိုင္ကယ္သပိတ္ စသျဖင့္ လွ်ပ္တျပတ္ ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အၾကမ္းဖက္ သတ္ျဖတ္မႈေၾကာင့္ ကေန႔အထိ ေသဆုံးသူ ၈၅၇ ဦး၊ ဖမ္းဆီး ထိန္းသိမ္းခံထားရသူ ၄၇၀၄ ဦးနဲ႔ ဖမ္း၀ရမ္း ထုတ္ခံထားရသူ ၁၉၆၃ ဦးရွိေၾကာင္း ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP-B က ဇြန္လ ၈ ရက္ေန႔ ရက္စြဲနဲ႔ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ စာရင္းမွာ ေဖာ္ျပထားပါတယ္။

.................................................................................

တိုက္႐ိုက္ လင့္ခ္


ကဗျာဆရာခက်သီကျဆုံးမှုတလပြည့် အနက်ရောင်ဝတ်ချီတက်ဆန္ဒပြ

(Unicode)
လုံခြုံရေးတင်းကြပ်မှုတွေနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် နိုင်ငံတဝှမ်းဆန္ဒပြမှုတွေ လျော့ကျလာပေမယ့်၊ တချို့မြို့တွေမှာတော့ ဆန္ဒပြပွဲတွေ ရှိနေဆဲပါ။ ရန်ကုန်မှာတော့ မနေ့က ဆန္ဒပြ စစ်ကြောင်းတစ်ခုကို စစ်ကောင်စီတပ်တွေက ဖြိုခွဲဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ဒီကနေ့ ဆန္ဒပြမှုကို ရပ်နားထားကြပေမယ့် ပေါက်ကွဲမှုတစ်ချို့ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းက ပုံစံမျိုးစုံနဲ့ ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို မဆုမွန် ပြောပြပါမယ်။

ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြစစ်ကြောင်းတွေ မထွက်ပဲ ရပ်ထားပေမယ့် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ စမ်းချောင်းမြို့နယ် သံတံတားလမ်းက ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ယောက်ရှိတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ သပိတ်ကတော့ နားထားတယ်ဗျ။ မနေ့က ဖြစ်စဉ်တွေကြောင့် ဒီနေ့ သပိတ်ကိုနားထားတာပါဗျ။ ဒီနေ့ ဗုံးပေါက်တာကတော့ သံတံတားလမ်းထိပ်က ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်မှာ ဗုံးပေါက်တာဗျ။ အဲ့ဒီဆိုင်ကတော့ ရဲတွေကို အမြဲတမ်း သတင်းပေးနေတယ်လို့ သတင်းကြားတဲ့ ဒလန်ဆိုင် ဖြစ်နေတယ်ဗျ။ အထိအခိုက်ကတော့ လောလောလတ်လတ် ၂ ယောက်ရှိတယ်လို့တော့ သတင်းကြားတယ်ဗျ။ ခုဏကတော့ ရဲတွေ ပတ်ပြီးတော့ လမ်းတွေပိတ်ပြီး ရှင်းနေတယ်လို့တော့ ကြားတယ်ဗျ။”

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေက ရွာတွေ စုပေါင်းပြီး ဆန္ဒပြကြတဲ့ ရွာပေါင်းစုံ ဆန္ဒပြစစ်ကြောင်းက အင်အား၂၀၀၀ ဝန်းကျင်နဲ့ ဒီကနေ့ ဆန္ဒပြကြပါတယ်။ ကဗျာဆရာ ခက်သီ ကျဆုံးခြင်း တစ်လပြည့်အဖြစ် အနက်ရောင်အကျီ်တွေ ဝတ်ဆင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

“ဒီနေ့မှာ ကျွန်တော်တို့က မေလ ၈ ရက်နေ့မှာ ဖမ်းဆီးခံရပြီးတော့ ၉ ရက်နေ့မှာ သေဆုံးသွားခဲ့တဲ့ ကဗျာဆရာ ကိုခက်သီ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် အနက်ရောင် အကျီ်တွေ ဝတ်ဆင်ပြီးတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ကျွန်တော်တို့ လုပ်ဆောင်တယ်။ ပြီးရင် ကျွန်တော်တို့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက် လမ်းလျှောက်ပြီး တော့ ရွာတစ်ရွာမှာ ထိုင်သပိတ်အခမ်းအနားလေးလုပ်ပြီးတော့ နိုင်ငံရေးအကြောင်း သပိတ်တရား ဟောတာတွေ လုပ်ခဲ့ကြပါတယ်ဗျ။”

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း စစ်ကောင်စီတပ်တွေရဲ့ လုံခြုံရေးတင်းကြပ်တာတွေ၊ ကိုဗစ်ရောဂါ ဖြစ်ပွားမှုများလာတာတွေကြောင့် အသွားအလာကန့်သတ်မှုတွေ လုပ်ထားပေမယ့် ပုံမှန်အတိုင်းဆန္ဒပြ ပွဲတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်တွေက ကလေးမြို့တွင်းက နေရာတစ်ချို့မှာ တပ်စွဲထားပြီး ညဖက်မှာ ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်သလို ရွာတွေကိုသွားပြီး ဝင်ရောက်သောင်ကြမ်းတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ တပ်စွဲထားတဲ့နေရာတွေမှာတော့ ပုံမှန်အတိုင်းရှိတယ်။ ကလေးမြို့ပြည်သူ့ဆေးရုံမှာရှိတယ်၊ မြို့တော်ခန်းမမှာရှိတယ်။ ဒါကတော့ ကြာပြီပေါ့နှော် တပ်စွဲထားတာ ခုမှာရောက်လာတာတော့မရှိ ဘူး။ အဲ့ဒီနေရာတွေမှာတော့ ပုံမှန်အတိုင်းရှိတယ်။ ပြည်သူ့ဆေးရုံမှာဆိုရင် သေနတ်ပစ်ဖောက်တာတွေ လည်းရှိတယ်။ ညဆိုရင်လေ။ သတိပေးတဲ့ ပုံစံမျိုးလုပ်တာဖြစ်မယ်။ ညတုန်းကလည်း အဲ့လိုဖောက် တယ်။ ရွာတွေဖက်မှာ အဓိက တစ်အိမ်တက်ဆင်း၊ ဒီနေ့ဆိုရင် ကလေးနဲ့ ဂန့်ဂေါကြားက ဟံသာဝတီရွာက ရပ်ကွက်တစ်ခုမှာ တစ်အိမ်တက်ဆင်းလိုက်ရှာတယ်လို့လည်းကြားတယ်။ ဒီဖက်ကသွားပြီးတော့။”

စစ်ကောင်စီက အကြမ်းဖက် ဖြို့ခွဲ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဧရာဝတီတိုင်းက ကရင်လူငယ်တွေက အိမ်တွင်းသပိတ်လုပ်ခဲ့ကြပါတယ်။ ထားဝယ်၊ ဖားကန့်၊ မြိုင်၊ မုံရွာ၊ မန္တလေး၊ မော်လမြိုင်၊ မေမြို့၊ ကွတ်ခိုင်၊ တာမခန့် စတဲ့ မြို့တွေမှာလည်း ချီတက်သပိတ်၊ ဆိုင်ကယ်သပိတ် စသဖြင့် လျှပ်တပြတ် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ကနေ့အထိ သေဆုံးသူ ၈၅၇ ဦး၊ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၄၇၀၄ ဦးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၉၆၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG