သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR ရဲ့ ကိုယ်ရေးအချက်အလက်ကောက်ခံမှု ရိုဟင်ဂျာဒုက္ခသည်တွေကြားအမြင်မတူ


ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀ (ဓာတ်ပုံ - AFP)
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို UNHCR က ကောက်ခံယူနေတဲ့အပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအကြား တချို့က အကောင်းမြင်လက်ခံသူရှိသလို၊ တချို့ကတော့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ UNHCR အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးမှတ်တမ်း စာရင်းပြုစုချက်တွေနဲ့ ပတ်သက်ရင် အပြည့်အဝ ကာကွယ်ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ပြောဆိုသလို၊ ဒီအချက်အလက်တွေ မြန်မာဖက်ကိုပေးရင် လက်ခံ မခံ တဦးချင်း မေးမြန်းတာမျိုးလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအောင်မြိုင်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မြိုင်။ ။ ပထမ ဒီ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပူးပေါင်းပြီးတော့ ဒီကိစ္စမှာ သူတို့မြန်မာနိုင်ငံ ဘယ်မှာနေသလဲ။ ဒီမှာ ဘယ်မှာနေလဲ။ ပြီးတော့ မြန်မာနိုင်ငံထဲက ပတ်ဝန်းကျင်ကျေးရွာရော။ ကိုယ်ရေးထွက်ဆိုချက်ပေါ့နော်။ ကျနော်တို့ဆီက ထွက်ဆိုချက်ယူတယ်။ ထွက်ဆိုချက်ယူပြီးတော့ ကျနော်တို့ကို မှတ်ပုံတင်ကောက်သွားတာရှိတယ်။ ပြီးတော့ အိမ်ထောင်စု စာရင်းလို ၊ မိသားစုစာရင်း နဲ့ ဓာတ်ပုံနဲ့ကောက်တဲ့ ဟာလည်း ရှိတယ်။ ဒီဟာကို ကျနော်တို့မျှဝေလို့ရမလား၊ မရဘူးလား။ တဦးချင်း သူတို့မေးတာရှိတယ်။ တချို့စိုးရိမ်နေတာလည်းရှိတယ်။ တချို့ကောင်းတယ်ပြောတာလည်းရှိတယ်။
မဆုမွန်။ ။ အဲဒီတော့ စိုးရိမ်နေကြတဲ့သူတွေက ဘာဖြစ်လို့စိုးရိမ်နေကြတာလည်း ကိုအောင်မြိုင်။

ကိုအောင်မြိုင်။ ။ မျှဝေတာဝန်ယူပြီးတော့ ဖြေရှင်းပေးနိုင်တာမရှိတော့ဘူး။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ မောင်းတော၊ ဘူးသီးတောင် စသဖြင့်ပေါ့နော် အဲဒီမှာလည်း ရိုဟင်ဂျာတွေရှိတယ်။ သူတို့ကိုလည်း ဘာမှလုပ်ပေးတာမရှိတော့ဘူး။ ဆိုတော့ ဒီကလူတွေကို ဘာလို့မျှဝေစေချင်တာလည်းလို့။ မျှဝေလို့လည်း ဘာမှလည်း မထူးဘူးလို့။
မဆုမွန်။ ။ အဓိကက မြန်မာအစိုးရက ဘာမှ လုပ်ပေးနိုင်တာမရှိပဲနဲ့။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မျှဝေပေးနေတဲ့ အပေါ်မှာ စိုးရိမ်ချက်ရှိတဲ့ သဘောလားကိုအောင်မြိုင်။

ကိုအောင်မြိုင်။ ။ ဟုတ်ကဲ့ပါ။ အဲလိုပါပဲ။ ဒီမှာလည်း သူတို့ဘာမှ လုပ်ပေးနိုင်တာမရှိဘူး။ မြန်မာနိုင်ငံထဲကလူတွေကိုလည်း ဘာမှ လုပ်ပေးတာမရှိဘူး။ ဒုက္ခသည်တွေကိုလည်း ဘာမှ လုပ်ပေးတာ မရှိပါဘူး။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ ကိုယ်ရေးအချက်အလက်ကိုပေးလိုက်လို့ ပိုပြီးစနစ်တကျဖြစ်မယ်လို့ယုံကြည်သူတွေလည်းရှိတယ်။ သူတို့ဘက်က ကျတော့ရော ဘယ်လိုသဘောထားရှိလဲရှင့်။

ကိုအောင်မြိုင်။ ။ ယုံကြည်တဲ့သူတွေလည်း ဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့မြန်မာနိုင်ငံသားတွေပါပဲ။ ဒီမှာလည်း သူတို့ မြန်မာနိုင်ငံကို ပို့ပေးမယ့် စာရင်းတွေ စနစ်တကျစီစစ်ပြီးတော့ ဒုက္ခသည် ဘယ်လောက်ရှိတယ်ဆိုတာ ခိုင်ခိုင်မာမာသိလာမှာပေါ့။ တဘက်က မြန်မာနိုင်ငံသား လက်ခံတဲ့သဘောတော့ ရောက်သွားတာပေါ့။ မြန်မာနိုင်ငံသား ဒီလောက် ဒီလောက်ရှိတယ် ဆိုပြီးတော့ လက်ခံတဲ့ သဘောတော့ ရောက်သွားတယ်။ တချို့က ဒါဟာ ကောင်းတဲ့ဟာပါပဲလို့ဆိုပြီးတော့ တွေးနေတဲ့သူတွေလည်း ရှိတယ်။

မဆုမွန်။ ။ အခုလက်ရှိ ကိုအောင်မြိုင်ကလည်း စခန်းထဲမှာရှိနေတယ်။ ဒီဒုက္ခသည်တွေရဲ့ အရေးကိုလည်း ကူညီဆောင်ရွက်ပေးနေသူတယောက်အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုရင် ဒီလို စိုးရိမ်နေတဲ့သူတွေအနေနဲ့အကောင်းဆုံးဖြစ်မယ်လို့အကြံပြုပေးချင်တာရှိလဲရှင့်။

ကိုအောင်မြိုင်။ ။ အကောင်းဆုံးက UNHCR ရော၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ရောပေါ့နော် ဒုက္ခသည်တွေကို နည်းနည်းတွေ့ဆုံပြီးတော့၊ ဒီကိစ္စကို နည်းနည်းဆွေးနွေးပြီးတော့ သူတို့ကို တခုခုလုပ်ပေးနိုင်ရင်ကောင်းမယ်လို့ကျနော်ထင်ပါတယ်။
မဆုမွန်။ ။ အဓိကတော့ ဒုက္ခသည်တွေရဲ့ စကားသံတွေကို နားထောင်ပြီးတော့မှ သူတို့ရဲ့ စိုးရိမ်ချက်တွေ၊ အခက်အခဲတွေကို မေးပြီးတော့မှ သေချာလုပ်မယ်ဆိုရင်အကောင်းဆုံးဖြစ်မယ်လို့အကြံပြုချင်တာပေါ့။
ကိုအောင်မြိုင်။ ။ ဟုတ်ကဲ့ပါ။ အဲလိုပဲ အကြံပြုချင်တာပါ။

မဆုမွန်။ ။ အဲဒီတော့ နေရပ်ပြန်ဖို့အနေအထားကိုရော ကိုအောင်မြိုင်တို့ဘယ်လို မျှော်လင့်ချက်ရှိလဲ။ အခုလို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အနေအထားမှာလေ။
ကိုအောင်မြိုင်။ ။ စစ်ကောင်စီကလည်း ဒီနှစ်အတွင်းမှာ အစီအစဉ်ကို ဘာမှ လက်တွေ့ဆောင်ရွက်နေတာ မတွေ့ပါဘူး။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလာပြီးတော့ ဒုက္ခသည်တွေနဲ့ဆွေးနွေးနေတာ။ အဲလိုလည်း မရှိဘူး။ ပြီးတော့ ကျနော်တို့မြန်မာနိုင်ငံမှာလည်း လူပေါင်း ၈၀၀ ကျော်လောက် အသက်ပေးခံရတယ်။ ဒါတွေမြင်ရင်လည်း ကျနော်တို့ဟာ စိတ်မကောင်းဘူး။ ဒီမှာလည်း ဒုက္ခသည်ဘဝမှာ ကျနော်တို့မနေချင်ဘူး။ ကျနော်တို့ဘဝက မသေချာ မရေရာတဲ့ပုံစံမျိူးပဲ ကျနော်တို့တွေးနေတယ်။ နိုင်ငံတကာအနေနဲ့လည်း သိပ်ပြီး ဖိအားတွေ မပေးဘူး။ ဒါက သိပ်ပြီးတော့ ရေရာတဲ့ အခြေအနေမှာ မရှိဘူး။

မဆုမွန်။ ။ အခုလက်ရှိ တချို့ဆန္ဒပြနေတဲ့ လူတွေကလည်း ရိုဟင်ဂျာများနဲ့အတူရပ်တည်တယ်ဆိုတဲ့ဟာမျိူးပေါ့။ ကိုယ်ချင်းစာတယ်။ အခုဆိုသူတို့က ပိုပြီးတော့မှ နားလည်တယ်ဆိုပြီးတော့မှ ပြောနေကြတာတွေရှိတယ်။ အဲဒီပေါ်မှာရော ကိုအောင်မြိုင်တို့ဒုက္ခသည်တွေဘက်က ဘယ်လိုများ သဘောထားရှိပါလဲရှင့်။

ကိုအောင်မြိုင်။ ။ ကျနော်တို့က သူတို့ကို ကြိုဆိုပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ကျနော်တို့က ဒီလိုပဲ ရိုဟင်ဂျာ၊ ဒီလိုပဲ မြန်မာ၊ ဒီလိုပဲ ရခိုင် ဆိုပြီးတော့ အဲလိုစိတ်ဓာတ်တွေ မရှိတော့ဘူး။ ကျနော်တို့ အားလုံး ပြည်ထောင်စုဖွား နိုင်ငံသားတွေပါဘဲ။ ဘယ်ဘာသာ၊ ဘယ်လူမျိူးမဆို ကျနော်တို့က အားလုံး သဟဇာတရှိရှိ ကျနော်တို့နေချင်ပါတယ်။ ပြီးတော့ မြန်မာနိင်ငံအတွင်းမှာ သူတို့ကို စစ်ဆေးတာတို့ဘာတို့။ အဲဒါကိုလည်း ကျနော်တို့ကမမြင်ချင်ဘူး။ ကျနော်တို့က သူတို့နဲ့တသားထဲရှိတယ်။ ပြီးတော့ အာဇာနည် သူရဲကောင်းတွေအတွက်လည်း အမြဲပဲ ကျနော်တို့က ဆုတောင်းပါတယ်။ သူတို့ကို အလေးလည်းပြုပါတယ်။ ဒီမိုကရေစီ၊ တရားမျှတမှု၊ လွတ်လပ်မှု ဒါကိုပဲ လိုလားနေတာပဲ။ ကျနော်တို့ပြည်သူလူထုနဲ့တသားထဲရှိပါတယ်။

.........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)














XS
SM
MD
LG