သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD အစိုးရလက္ထက္ခ်င္း၀န္ႀကီးခ်ဳပ္ အိႏၵိယ မီဇိုရမ္ကို တိမ္းေရွာင္ေရာက္ရွိ


ေတာထဲတြင္ ထြက္ေျပးခိုလံႈေနၾကရသည့္ မင္းတပ္ စစ္ေရွာင္မ်ား (ဓာတ္ပံု - AFP PHOTO / CHIN WORLD) ၂၀ ေမ ၂၀၂၁

(Zawgyi/Unicode)

NLD အစိုးရလက္ထက္ ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္ ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲကို နယ္စပ္ျဖတ္ေက်ာ္ တိမ္းေရွာင္လာတယ္လို႔ အိႏိၵယသတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိ္ုင္ငံမွာ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ပစ္ခတ္တိုက္ခိုက္မႈေတြနဲ႔ ဖမ္းဆီးမႈေတြေၾကာင့္ အိမ္နီးခ်င္း အိႏိၵယႏိုင္ငံနယ္စပ္ မီဇိုရမ္ျပည္နယ္ထဲကို ထြက္ေျပး တိမ္းေရွာင္လာသူ ၁ ေသာင္းနီးပါး ရွိၿပီး ဒီအထဲမွာ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲအႏိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD လႊတ္ေတာ္အမတ္ ၂၀ ေက်ာ္ ပါတဲ့အေၾကာင္း အိႏိၵယ NDTV သတင္းက ေဖာ္ျပပါတယ္။

စစ္အာဏာသိမ္းမႈကို လက္နက္ကိ္ုင္ ဆန္႔က်င္ ေတာ္လွန္ၾကတဲ့ ခ်င္း ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြေၾကာင့္လဲ မင္းတပ္၊ ဖလမ္း၊ တီးတိန္ စတဲ့ ခ်င္းျပည္နယ္တြင္းက ၿမိဳ႕ေတြကေန မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပး တိမ္းေရွာင္သူေတြ ပိုမို မ်ားျပားလာေနတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာပါတယ္။ မီဇိုရမ္အေျခစိုက္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO ကေတာ့ ထြက္ေျပးလာတဲ့ ဒုကၡသည္ ၂ ေသာင္း ဝန္းက်င္ရွိ သြားၿပီလို႔ ေျပာပါတယ္။

ဒီလို ထြက္ေျပးတိမ္းေရွာင္လာသူေတြကိုေတာ့ မီဇိုရမ္အေျခစိုက္ အရပ္ဖက္လူ႔အခြင့္အေရး အဖြဲ႔ေတြနဲ႔ NGO ေတြက သူတို႔ရဲ႕ ေနထိုင္စားေသာက္ေရးအတြက္ ကူညီေပးေနတယ္လို႔ မီဇိုရမ္ အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။ မီဇိုရမ္ျပည္နယ္ထဲကို တိမ္းေရွာင္ေရာက္ရွိေနတဲ့ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ ေငြေၾကးအကူညီေပးသြားမယ္လို႕ မီဇိုးရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေန မေန႕ကေျပာဆိုသြားတယ္လို႔လည္း မီဇိုးရမ္လူမွဳအဖြဲ႕အစည္းတာ၀န္ရွိသူေတြကေျပာပါတယ္။

................................................................

တိုက္႐ိုက္ လင့္ခ္


NLD အစိုးရလက်ထက်ချင်းဝန်ကြီးချုပ် အိန္ဒိယ မီဇိုရမ်ကို တိမ်းရှောင်ရောက်ရှိ

(Unicode)

NLD အစိုးရလက်ထက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်လာတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးမှုတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေး တိမ်းရှောင်လာသူ ၁ သောင်းနီးပါး ရှိပြီး ဒီအထဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်အမတ် ၂၀ ကျော် ပါတဲ့အကြောင်း အိန္ဒိယ NDTV သတင်းက ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်ကြတဲ့ ချင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့်လဲ မင်းတပ်၊ ဖလမ်း၊ တီးတိန် စတဲ့ ချင်းပြည်နယ်တွင်းက မြို့တွေကနေ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး တိမ်းရှောင်သူတွေ ပိုမို များပြားလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကတော့ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သောင်း ဝန်းကျင်ရှိ သွားပြီလို့ ပြောပါတယ်။

ဒီလို ထွက်ပြေးတိမ်းရှောင်လာသူတွေကိုတော့ မီဇိုရမ်အခြေစိုက် အရပ်ဖက်လူ့အခွင့်အရေး အဖွဲ့တွေနဲ့ NGO တွေက သူတို့ရဲ့ နေထိုင်စားသောက်ရေးအတွက် ကူညီပေးနေတယ်လို့ မီဇိုရမ် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ မီဇိုရမ်ပြည်နယ်ထဲကို တိမ်းရှောင်ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ငွေကြေးအကူညီပေးသွားမယ်လို့ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်ကနေ မနေ့ကပြောဆိုသွားတယ်လို့လည်း မီဇိုးရမ်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG