သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်ပို့တဲ့ ကျောင်းသုံးစာအုပ်တင်ကားနှစ်စီး မီးရှို့ဖျက်ဆီးခံရ


ချင်းကာကွယ်ရေးတပ် (CDF) မှ စစ်ယာဉ်တန်းတခု အားတိုက်ခိုက်ပြီး ကားကိုစစ်ဆေးနေစဉ် (ဓာတ်ပုံ - AFP/Chin World) May-19/2021
ချင်းကာကွယ်ရေးတပ် (CDF) မှ စစ်ယာဉ်တန်းတခု အားတိုက်ခိုက်ပြီး ကားကိုစစ်ဆေးနေစဉ် (ဓာတ်ပုံ - AFP/Chin World) May-19/2021

(Zawgyi/Unicode)

ချင်းပြည်နယ် ပညာ‌ရေးဦးစီးဌာနအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်တွေတင်ဆောင်လာတဲ့ကားနှစ်စီး ဂန့်ဂေါနှင့် ဟားခါး လမ်းအကြား မီးရှို့ဖျက်ဆီးခံခဲ့ပါတယ်။ ကျောင်းသုံးပုံနှိပ်စာအုပ် ၁ သိန်းကျော် မီးရှို့မှုကို ဒေသတွင်းလှုပ်ရှားနေတဲ့ ဒေသခံပြည်သူ့ကာကွယ်အဖွဲ့ PDFလက်ချက်လို့ စစ်ကောင်စီဘက်ကစွပ်စွဲပေမဲ့ PDF ဘက်က ဒါကိုငြင်းဆို ထား ပါတယ်။ ဒီအကြောင်း ဗွီအိုသတင်းထောက်နိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

ချင်းပြည်နယ်ဟားခါးမြို့ကိုပို့ဆောင်မဲ့ အခြေခံမူလတန်း ကျောင်းသုံး ပုံနှိပ်စာအုပ်တွေကို လက်နက်ကိုင်အဖွဲ့ တခုကနေ မနေ့ကမီးရှို့ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဗွီအိုအေကိုပြောပါတယ်။

ဟားခါးကို ပညာရေးဒုဝန်ကြီးဌာနက အခြေခံပညာကျောင်းသုံးစာအုပ်တွေသွားပို့တာဖြစ်ပါတယ်။ သွားပို့တာကို ကျွန်တော်တို့မီးရှို့ခံရတာဖြစ်ပါတယ်။ အဓိကတော့အဲဒီဖက်မှာနာမယ်ခံလုပ်နေတဲ့ PDF ဆိုတဲ့အဖွဲ့လုပ်တာ လို့ဘဲမြေပြင်မှာလဲသိရတယ်။ အဲဒီစာအုပ်တွေချပြီးကားတွေပြန်လွှတ်လိုက်တော့ ကျွန်တော်တို့ မိုင်တိုင်၃၅နဲ့၄၀ကြား ဂန့်ဂေါနဲ့ဟားခါးအသွားကားလမ်း။ ရွာတန်းကျေးရွာအနီးဖြစ်ပါတယ်။ ကျောင်းသုံးပုံနှိပ်စာအုပ် တသိန်းကျော် ကျော်ပါတယ်။ ကားကိုရပ်တန့်ခိုင်းပြီးတော့ စာအုပ်တွေချခိုင်းတယ်။ စာအုပ်တွေချခိုင်းပြီးပြန်လာတော့ အဲဒီကား တွေသတင်းပို့တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလိုက်တဲ့အချိန်မှာတော့ အဲဒီမှာမီးရှို့တာ ဖျက်စီးထားတာ တွေ့ရ ပါတယ်ဗျ။

ချင်းပြည်နယ်ပညာရေးဦးစီးဌာန ဟားခါးမြို့ကို KG တန်းကနေ Grade -4 တန်းသုံး ကျောင်းသုံး ပုံနှိပ်စာအုပ် (၁၂၇၀၀၀) ကျော် တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် နှစ်စီးကို ဂန့်ဂေါ-ဟားခါးသွားကားလမ်း မိုင်တိုင် ၃၅-၄၀ကြားမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကနေ ယာဉ်ကိုရပ်တန့်ပြီးနောက် ယာဉ်ပေါ်ပါလာတဲ့ ကျောင်းသုံးစာအုပ် တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့နိုင်ငံပိုင် သတင်းစာမှာဖော်ပြထားပါတယ်။
ဒေသအတွင်းလှုပ်ရှားနေတဲ့ ကာကွယ်ရေးအဖွဲ့ Chinland Defense Force မှ တာဝန်ရှိသူ တစ်ဦးကတော့ သူတို့ အဖွဲ့ လုပ်ဆောင်တာမဟုတ်ဘူးလို့ပြောပါတယ်။

"အဲဒီသတင်းကို ကျွန်တော်ဒီမနက် ကြေးမှံမှာလဲဖတ်ထားတယ်။ အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ကျွန်တော်တို့ အဖွဲ့မဟုတ်ဘူး။ ကျွန်တော်တို့ မှတ်ချက်ပေးလို့လဲမရဘူး။ သူတို့ဟာသူတို့လုပ်တာဘဲဖြစ်နိုင်တယ်။
ချင်းပြည်နယ် ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့ကြားမှာ ဇွန်လ ၁၀ ရက်နေ့ကပဲ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဟားခါးမြို့ဘက် စစ်အင်အားဖြည့်ဖို့အတွက် ဂန့်ဂေါမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဟားခါးမြို့နဲ့မိုင် ၄၀ အကျော် ရွာတွေဘက်မှာ ချင်းကာကွယ်ရေးအဖွဲ့ဘက်က တိုက်ခိုက်တာလို့ဆိုပါတယ်။"

ပြီးခဲ့တဲ့မေလ(၃၁)ရက်နေ့တုန်းကလဲ ဂန့်ဂေါမြို့ဘက်မှာ ကျန်းမာရေး ပညာရေးဝန်ထမ်းတွေနဲ့ကျေးရွာအုပ်ချုပ်ရေးမှူး အပါ လူ(၅) ဦး ပစ်ခတ် အသတ်ခံရပါတယ်။ ေ ဒသခံကာကွယ်ရေးအဖွဲ့တွေကတော့ ဖောက်ခွဲရေးတဲ့လက်နက်တင်လာတဲ့ကား ဖြစ်လို့ပစ်ခတ်ဖမ်းဆီးတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဟားခါးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်မှောက်စဉ်အတွင်း ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုချက်ကို စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက် မေလ ၂ ရက်နေ့ကစပြီး ဟားခါးမြို့ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

..........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG