သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္လက္နက္ကိုင္ေလးဖြဲ႔ အစည္းအေဝး ရလာဒ္ေကာင္းမထြက္ဆိုတဲ့ ေဝဖန္သံေတြထြက္ေပၚ


ကရင္လက္နက္ကိုင္ ေလးဖြဲ ့ေဆြးေႏြးၾကစဥ္ (ဓာတ္ပံု- KIC)

(Zawgyi/Unicode)

ကရင္လက္နက္ကိုင္ေလးဖြဲ႔ေပါင္း အစည္းအေ၀းကို ဇြန္လ ၁၅ ရက္နဲ႔ ၁၆ ရက္ေန့ေတြက ထိုင္း-ျမန္မာနယ္စပ္မွာ ႏွစ္ရက္ႀကာက်င္းပခဲ့ေပမယ့္ ႏို္င္ငံေရးအရ အေရးႀကီးတဲ့အခ်က္ေတြကို ေဆြးေႏြးႏုိင္ခဲ့တာမ်ဳိးမရွိခဲ့ဘူးလို့ ကရင္ လူမႈအဖဲြ့အစည္းေတြနဲ့ ေကအန္ယူ တပ္မဟာတခ်ိဳ႕က ေ၀ဖန္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)၊ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) နဲ့ နယ္ျခားေစာင့္တပ္(BGF) တို႔ၾကား ႏွစ္ရက္ႀကာေဆြးေႏြးခဲ့တာပါ။
ကရင္လက္နက္ကိုင္အခ်င္းခ်င္းအၾကား ျဖစ္ေနတဲ့ ပစ္ခတ္တိုက္ခိုက္မႈေတြကို ေျဖရွင္းဖို့ ညီၫြတ္ေရး ေကာ္မတီ အလုပ္အဖဲြ ့ဖဲြ ့စည္းခဲ့ျပီး ၃ လတႀကိမ္၊ ၆ လတႀကိမ္ ေတြ႔ဆံုႀကဖို့ ေဆြးေႏြးခဲ့ႀကပါတယ္။
ႏိုင္ငံေရးအရ အေရးႀကီးကာလမွာ အဓိကက်တဲ့အခ်က္ေတြကို ေဆြးေႏြးတာမ်ိဳးမပါတဲ့အတြက္ ရလဒ္မထြက္တဲ့ေဆြးေႏြးပဲြျဖစ္တယ္လို့ ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ (KPSN) ရဲ ့ေျပာခြင့္ရ ေစာသူးဘီးကေျပာပါတယ္။

"စစ္အာဏာရွင္ကုိျဖဳတ္ခ်ဖို့ လုပ္ရမယ့္ဟာကို အဲဒါကိုမလုပ္ဘဲနဲ့ ကရင္အခ်င္းခ်င္းပစ္ခတ္ေရးလုပ္တာ အရင္းအျမစ္က စစ္ေကာင္စီကခိုင္းေစတာကို လိုက္လုပ္တာ BGF တို့ အျခားအဖဲြ ့ေတြေႀကာင့္ျဖစ္တာေလ။ အဲဒါအဓိကပဲ ဒီေလးဖဲြ ့ေတြ့ဆံုတာက အခုမွ ေတြ ့တာမဟုတ္ဘူး အရင္ကလည္းခနခနေတြ ့တာပဲေလ Unity Committee ညီညြတ္ေရးစုစည္းေရးေကာ္မတီကလည္း အရင္ကလည္းရွိျပီးသားပဲ ဒီစုစည္းမႈကလည္း အာဏာရွင္စနစ္ျဖဳတ္ခ်ေရးကို အဓိကေဆြးေႏြးတာလည္းမဟုတ္ဘူး ။ဒီေလးဖဲြ ့ကထြက္လာတဲ့ ေဆြးေႏြးမႈရလာဒ္က ဘာမွေထြေထြထူးထူးရွိလာမယ္က်ေနာ္တို့မထင္ဘူး။ ဒီေဆြးေႏြးမူကလည္း ကမန္းကတမ္းႀကီး ဘာလို့ေကာက္ေဆြးေႏြးတာလဲ။ ဒီအခ်ိန္မွာေပါ့ အဓိက ေပၚလစီျဖစ္တဲ့ စစ္အာဏာရွင္ျဖဳတ္ခ်ဖို့က တုိင္းရင္းသားအဖဲြ ့အစည္းေတြနဲ့ တျခားမဟာမိတ္ထဲမွာလည္း မဟာမိတ္အခ်င္းခ်င္း ျပန္လည္တည္ေဆာက္ အင္အားစုေတြစုျပီး စုေပါင္းလုပ္ရမယ့္အခ်ိ္န္ေလ။ အဲဒါေႀကာင့္ေလ ေကာင္းမြန္တဲ့ရလာဒ္အတြက္ဘာမွ ေထြေထြထူးထူး မရွိဘဲ အျဖစ္သေဘာလုပ္တဲ့ေဆြးေႏြးပဲြလို႔ပဲ က်ေနာ္ထင္တယ္။"

ကရင္လက္နက္ကိုင္ ၄ ဖြဲ႕က ထိပ္ပိုင္း ေခါင္းေဆာင္မ်ားေတြဆံုေဆြးေႏြးပဲြကို ေကအန္ယူက ထိပ္ပုိင္းေခါင္းေဆာင္ေတြနဲ့ စစ္ဦးစီးခ်ဳပ္ကုိယ္တိုင္တက္ခဲ့ပါတယ္။ ေဆြးေႏြးပဲြရလဒ္နဲ႔ ပတ္သက္လို့ ေၾကျငာခ်က္ထုတ္ျပန္တာေတာ့မရွိခဲ့ပါဘူး။

ေကအန္ယူ တပ္မဟာ (၁) သထံုခရိုင္အတြင္းေရးမွဴး ဖဒိုေစာစုိးျမင့္ကေတာ့ လက္နက္ကိုင္ေလးဖြဲ႔ ညီညြတ္တာေကာင္းေပမယ့္ အဓိကေတာ့ စစ္ေကာင္စီျဖဳတ္ခ်ေရးကိုလုပ္ရမယ္လို့ဆုိပါတယ္။

"လက္နက္ကိုင္ေလးဖဲြ့က ညီညီညြတ္ညြတ္ရိွရင္ေတာ့ေကာင္းတာေပါ့ အခုခ်ိန္မွာဆိုရင္။
စစ္ေကာင္စီျဖဳတ္ခ်ေရးက ျမန္မာတႏိုင္ငံလံုးက ျပည္သူတရပ္လံုးေကာ တုိင္းရင္းသားေပါင္းစံုတိုက္ပဲြ၀င္ေနတာက အဓိက စစ္ေကာင္စီျဖဳတ္ခ်ေရး အာဏာရွင္စံနစ္ျဖဳတ္ခ်ေရးကေတာ့ အဓိက Main ျဖစ္တာေပါ့ေနာ္။ တပ္မဟာ (၁) ဘက္မွာေတာ့ ၁၅ ရက္ ၁၆ ရက္ ၁၇ ရက္ေန ့ေတြမွာဆုိရင္ အလံတရာေလ့က်င့္ေရးကုန္းကေန စစ္ေလ့က်င့္တယ္ေျပာတယ္ ညတိုင္းပဲ လက္နက္ႀကီးနဲ့ထုတယ္ လက္နက္ငယ္ေတြပစ္တယ္ တညလံုးပဲ ညဘက္ဆုိ တညလံုးထုႀကတယ္ ဘားအံျမိဳနယ္ထဲမွာလည္း BGF နဲ့စစ္ေကာင္စီအဖဲြ႔ေတြေပါင္းျပီးရြာေတြထဲမ၀င္ခင္ လက္နက္ႀကီးေတြထု လက္နက္ငယ္ေတြပစ္ တရြာ၀င္တရြာထြက္ သူတုိ့အဲဒီလိုမ်ိဳးလုပ္ႀကတာေပါ့ေနာ္။"

ကရင္လက္နက္ကိုင္မ်ား ညီၫြတ္ေရးေကာ္မတီကို အခ်င္းခ်င္းပစ္ခတ္မႈမျဖစ္ဖို့ မူးယစ္ေဆးဝါးကိစၥေတြကို တိုက္ဖ်က္သြားဖို့ ရည္ရြယ္ျပီး ကရင္လက္နက္ကိုင္အဖြဲ႕ (၅) ဖြဲ႕က ၂၀၁၃ ခုႏွစ္၊ ေမလ ၂၈ ရက္ေန႔က ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္ ။ဒါေပမယ့္ အခုလပိုင္းေတြမွာေတာ့ စစ္ေကာင္စီတပ္နဲ့အတူ နယ္ျခားေစာင့္ပူးေပါင္းတပ္ေတြဟာ ေကအန္ယူတပ္ေတြနဲ့ မႀကာခန တိုက္ပဲြေတြျဖစ္ေနပါတယ္။

..............................................................................................

တိုက္႐ိုက္ လင့္ခ္


ကရင်လက်နက်ကိုင်လေးဖွဲ့ အစည်းအဝေး ရလာဒ်ကောင်းမထွက်ဆိုတဲ့ ဝေဖန်သံတွေထွက်ပေါ်

(Unicode)

ကရင်လက်နက်ကိုင်လေးဖွဲ့ပေါင်း အစည်းအဝေးကို ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ရက်ကြာကျင်းပခဲ့ပေမယ့် နိုင်ငံရေးအရ အရေးကြီးတဲ့အချက်တွေကို ဆွေးနွေးနိုင်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ကရင် လူမှုအဖွဲ့အစည်းတွေနဲ့ ကေအန်ယူ တပ်မဟာတချို့က ဝေဖန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နဲ့ နယ်ခြားစောင့်တပ်(BGF) တို့ကြား နှစ်ရက်ကြာဆွေးနွေးခဲ့တာပါ။
ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့ ညီညွတ်ရေး ကော်မတီ အလုပ်အဖွဲ့ဖွဲ့စည်းခဲ့ပြီး ၃ လတကြိမ်၊ ၆ လတကြိမ် တွေ့ဆုံကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံရေးအရ အရေးကြီးကာလမှာ အဓိကကျတဲ့အချက်တွေကို ဆွေးနွေးတာမျိုးမပါတဲ့အတွက် ရလဒ်မထွက်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ရဲ့ပြောခွင့်ရ စောသူးဘီးကပြောပါတယ်။

"စစ်အာဏာရှင်ကိုဖြုတ်ချဖို့ လုပ်ရမယ့်ဟာကို အဲဒါကိုမလုပ်ဘဲနဲ့ ကရင်အချင်းချင်းပစ်ခတ်ရေးလုပ်တာ အရင်းအမြစ်က စစ်ကောင်စီကခိုင်းစေတာကို လိုက်လုပ်တာ BGF တို့ အခြားအဖွဲ့တွေကြောင့်ဖြစ်တာလေ။ အဲဒါအဓိကပဲ ဒီလေးဖွဲ့တွေ့ဆုံတာက အခုမှ တွေ့တာမဟုတ်ဘူး အရင်ကလည်းခနခနတွေ့တာပဲလေ Unity Committee ညီညွတ်ရေးစုစည်းရေးကော်မတီကလည်း အရင်ကလည်းရှိပြီးသားပဲ ဒီစုစည်းမှုကလည်း အာဏာရှင်စနစ်ဖြုတ်ချရေးကို အဓိကဆွေးနွေးတာလည်းမဟုတ်ဘူး ။ဒီလေးဖွဲ့ကထွက်လာတဲ့ ဆွေးနွေးမှုရလာဒ်က ဘာမှထွေထွေထူးထူးရှိလာမယ်ကျနော်တို့မထင်ဘူး။ ဒီဆွေးနွေးမူကလည်း ကမန်းကတမ်းကြီး ဘာလို့ကောက်ဆွေးနွေးတာလဲ။ ဒီအချိန်မှာပေါ့ အဓိက ပေါ်လစီဖြစ်တဲ့ စစ်အာဏာရှင်ဖြုတ်ချဖို့က တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တခြားမဟာမိတ်ထဲမှာလည်း မဟာမိတ်အချင်းချင်း ပြန်လည်တည်ဆောက် အင်အားစုတွေစုပြီး စုပေါင်းလုပ်ရမယ့်အချိန်လေ။ အဲဒါကြောင့်လေ ကောင်းမွန်တဲ့ရလာဒ်အတွက်ဘာမှ ထွေထွေထူးထူး မရှိဘဲ အဖြစ်သဘောလုပ်တဲ့ဆွေးနွေးပွဲလို့ပဲ ကျနော်ထင်တယ်။"

ကရင်လက်နက်ကိုင် ၄ ဖွဲ့က ထိပ်ပိုင်း ခေါင်းဆောင်များတွေဆုံဆွေးနွေးပွဲကို ကေအန်ယူက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင်တက်ခဲ့ပါတယ်။ ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်လို့ ကြေငြာချက်ထုတ်ပြန်တာတော့မရှိခဲ့ပါဘူး။

ကေအန်ယူ တပ်မဟာ (၁) သထုံခရိုင်အတွင်းရေးမှူး ဖဒိုစောစိုးမြင့်ကတော့ လက်နက်ကိုင်လေးဖွဲ့ ညီညွတ်တာကောင်းပေမယ့် အဓိကတော့ စစ်ကောင်စီဖြုတ်ချရေးကိုလုပ်ရမယ်လို့ဆိုပါတယ်။

"လက်နက်ကိုင်လေးဖွဲ့က ညီညီညွတ်ညွတ်ရှိရင်တော့ကောင်းတာပေါ့ အခုချိန်မှာဆိုရင်။
စစ်ကောင်စီဖြုတ်ချရေးက မြန်မာတနိုင်ငံလုံးက ပြည်သူတရပ်လုံးကော တိုင်းရင်းသားပေါင်းစုံတိုက်ပွဲဝင်နေတာက အဓိက စစ်ကောင်စီဖြုတ်ချရေး အာဏာရှင်စံနစ်ဖြုတ်ချရေးကတော့ အဓိက Main ဖြစ်တာပေါ့နော်။ တပ်မဟာ (၁) ဘက်မှာတော့ ၁၅ ရက် ၁၆ ရက် ၁၇ ရက်နေ့တွေမှာဆိုရင် အလံတရာလေ့ကျင့်ရေးကုန်းကနေ စစ်လေ့ကျင့်တယ်ပြောတယ် ညတိုင်းပဲ လက်နက်ကြီးနဲ့ထုတယ် လက်နက်ငယ်တွေပစ်တယ် တညလုံးပဲ ညဘက်ဆို တညလုံးထုကြတယ် ဘားအံမြိုနယ်ထဲမှာလည်း BGF နဲ့စစ်ကောင်စီအဖွဲ့တွေပေါင်းပြီးရွာတွေထဲမဝင်ခင် လက်နက်ကြီးတွေထု လက်နက်ငယ်တွေပစ် တရွာဝင်တရွာထွက် သူတို့အဲဒီလိုမျိုးလုပ်ကြတာပေါ့နော်။"

ကရင်လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီကို အချင်းချင်းပစ်ခတ်မှုမဖြစ်ဖို့ မူးယစ်ဆေးဝါးကိစ္စတွေကို တိုက်ဖျက်သွားဖို့ ရည်ရွယ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့က ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ် ။ဒါပေမယ့် အခုလပိုင်းတွေမှာတော့ စစ်ကောင်စီတပ်နဲ့အတူ နယ်ခြားစောင့်ပူးပေါင်းတပ်တွေဟာ ကေအန်ယူတပ်တွေနဲ့ မကြာခန တိုက်ပွဲတွေဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG