သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္လက္နက္ႀကီးက်ည္ ထိုင္းဘက္က်ေရာက္ ထိခိုက္ဒဏ္ရာရမႈ ရွိ


ထုိင္းဘက္ျခမ္း မယ့္ကုိကင္းေက်းရြာက ႏြားတင္းကုတ္မွာ ေနထုိင္ေနတဲ့ စစ္ေဘးေရွာင္မ်ား။ (ဓာတ္ပံု - CJ - ဇြန္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္ျပည္နယ္ ျမ၀တီခရိုင္အတြင္းမွာ ျဖစ္ပြားေနတဲ့ ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ ဒီေကဘီေအတပ္ဖဲြ႔ေတြရဲ့ တုိက္ပဲြေတြေၾကာင့္ ထိုင္းဘက္ျခမ္းကို ဒုကၡသည္ ၆၀၀ ထက္မနည္းေရာက္ရွိေနျပီး ဇြန္ ၂ ရက္ေန႔ကေတာ့ ထုိင္းဘက္ျခမ္းက စစ္ေဘးဒုကၡသည္ေတြ ခိုလံႈရာေနရာကို လက္နက္ႀကီးက်ည္က်ျပီး ထုိင္းစစ္သားတဦးနဲ႔ စစ္ေဘးေရွာင္ ၂ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီအေၾကာင္းကုိေတာ့ ထုိင္းအေျခစုိက္ ဗီြအုိေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္၊ ျမ၀တီျမိဳ႕ရဲ့ေတာင္ဘက္ ၁၀ မိုင္အကြာမွာ ျမန္မာစစ္ေကာင္စီတပ္နဲ႔ နယ္ျခားေစာင့္တပ္ပူးေပါင္းအဖဲြ႔ေတြနဲ႔ ဒီေကဘီေအ တုိးတက္ေသာ ကရင္ဗုဒၶဘာသာတပ္တို႔ၾကား အဂၤါေန႔ေန႔လယ္ကစၿပီး ဒီကေန႔ထိ တိုက္ပဲြေတြျဖစ္ေနတာေၾကာင့္ ထုိင္းဘက္ျခမ္း မယ့္ကုိကင္းေက်းရြာအထိ စစ္ေဘးေရွာင္ ၆၀၀ ထက္မနည္း ထြက္ေျပးခိုလႈံလာၾကပါတယ္။

ဒီေန႔ ေန႔လယ္ပိုင္းမွာေတာ့ ထုိင္းဘက္ျခမ္း မယ့္ကိုးကင္းေက်းရြာရဲ႕ ႏြားတင္းကုတ္အတြင္။ ခိုလႈံေနထုိင္ၾကတဲ့ စစ္ေဘးေရွာင္ေနရာကို လက္နက္ႀကီးက်ည္ဆံက်ေရာက္လို႔ ထိုင္းႏို္င္ငံသားတဦးနဲ႔ စစ္ေဘးေရွာင္ရြာသားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ကရင္လူအခြင့္ေရးအဖဲြ႔က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက အခုလိုေျပာျပပါတယ္။

"ဒီေန႔ ေန႔လယ္ပိုင္းခင္းပုိင္းအခ်ိန္အထိ လက္နက္ႀကီးအသံေတြ ၾကားေနရတယ္။ ထုိင္းဘက္ျခမ္းအထိလည္း လက္နက္ႀကီးတလံုးက်တယ္။ ထုိင္းႏိုင္ငံသား တေယာက္နဲ႔ ထြက္ေျပးလာတဲ့ ရြာသားေတြပါ ထိခိုက္ဒဏ္ရာရတယ္လို႔ သိရတယ္။ ၂ နာရီ၊ ၃ နာရီအထိ လက္နက္ႀကီးအသံေတြ ၾကားေနရတယ္။"

အခုလုိ ထုိင္းႏုိင္ငံပုိင္နက္ထဲ လက္နက္ႀကီးက်ည္က်ခဲ့တာနဲ႔ သူ႔စစ္သားတဦး ထိခုိက္ ဒဏ္ရာရခဲ့တဲ့ကိစၥနဲ႔ ပတ္သက္လုိ႔ ထုိင္းအစုိးရဘက္က အခုခ်ိန္ထိ တစုံတရာ ထုတ္ေဖာ္ ေျပာဆုိတာ မရွိေသးပါဘူး။

မေန႔ကေန စျပီး ထြက္ေျပးလာေနတဲ့ ဒုကၡသည္ေတြဟာ ေန႔လယ္အထိ ထြက္လာေနဆဲမို႔ ထိုင္းဘက္ျခမ္း မယ့္ကုိကင္းေက်းရြာကို မနက္ကထိ ေရာက္လာတဲ့ ဒုကၡသည္ ၆၀၀ ထက္မနည္းရွိေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ဒုကၡသည္ကက်ေတာ့ မေန႔ကတည္းက စျပီး လာၾကတာ မေန႔ကတည္းက ဖလူးဘက္ျခမ္းမွာ ဒီေကဘီေအနဲ႔ စစ္ေကာင္စီနဲ႔ ျဖစ္တဲ့တုိက္ပဲြၾကားမွာ ဒုကၡသည္က မေန႔က ၄၀၀ ေလာက္ရိွတယ္။ ဒီေန႔မနက္ကေတာ့ update ရတာ ၆၀၀ ေက်ာ္ေလာက္ရွိတယ္။ အခုခ်ိန္မွာ ဒီထက္မ်ားလာတယ္။ အခုခ်ိန္ထိလာေနတုန္းပဲ လက္နက္ႀကီးသံေတြက အခုထိၾကားေနတုန္းပဲ။ ရြာသားေတြကေတာ့ ထြက္ေျပးလာေနတုန္းပဲ။ ဒီဘက္ျခမ္းမွာ ကုိဗစ္ကလည္းျဖစ္ေနေတာ့ ထုိင္းတာ၀န္ရွိပုဂိၢဳလ္ေတြက အတြင္းထဲကုိ ေပးမ၀င္ဘူး။"

ဘာေၾကာင့္တုိက္ပဲြျဖစ္ရသလဲဆိုတဲ့ အေျခအေနကို ေမးျမန္းဖို႔ စစ္ေကာင္စီဘက္ေရာ၊ ဒီေကဘီေအဘက္ကိုေရာ ႏွစ္ဘက္လံုးကို ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ထုိင္းျမန္မာနယ္စပ္က ႏို္င္ငံေရးေလ့လာသူ ဦးေအာင္စုိးကေတာ့ မေန႔က ႏွစ္ဘက္ တိုက္ပဲြ စတင္ျဖစ္ပြားခဲ့တဲ့ အေျခအေနကို အခုလုိ ေျပာျပပါတယ္။

"မေန႔ကေတာ့ သူတို႔ကားကိုေစာင့္ခ်လိုက္တာပဲ။ စခန္းကုိလာေတာ့ စခန္းမေရာက္ခင္ ရြာအ၀င္မွာ ေစာင့္ခ်လိုက္ၾကတာပဲ။ ဒီေကဘီေအတင္မကဘူး၊ ၃ ဖဲြ ့ေလာက္ေတာ့ပါတယ္။ GZ ေတြရယ္၊ GZ ေတြ သူတုိ႔က အေတာ္မ်ားတယ္၊ ၂၀၀ ေလာက္ပါတယ္။"

ဇြန္လ ၂ ရက္ မနက္ ၄ နာရီခြဲအခ်ိန္ေလာက္က ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ႏွင့္ မိုင္ ၅၀ ခန႔္အကြာ ျမဝတီခ႐ိုင္ ေဝါေလၿမိဳ႕ ရဲစခန္းကို လက္နက္ကုိင္ အဖြဲ႕တစ္ခုက RPG လက္နက္ႀကီးနဲ႔ ပစ္ခတ္သလို ေ၀ါေလျမိဳ႕က စစ္ေျမျပင္အင္ဂ်င္နီယာ (GE)တပ္ အေျခခ် လုပ္ငန္းခြင္ေနရာေတြမွာလည္း ပစ္ခတ္မႈေတြ၊ မီးရိႈ႕မႈေတြရွိေနျပီး ဘယ္သူေတြရဲ႕ လက္ခ်က္ျဖစ္တယ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာဆုိျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဘက်လက်နက်ကြီးကျည် ထိုင်းဘက်ကျရောက် ထိခိုက်ဒဏ်ရာရမှု ရှိ

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို ဒုက္ခသည် ၆၀၀ ထက်မနည်းရောက်ရှိနေပြီး ဇွန် ၂ ရက်နေ့ကတော့ ထိုင်းဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံရာနေရာကို လက်နက်ကြီးကျည်ကျပြီး ထိုင်းစစ်သားတဦးနဲ့ စစ်ဘေးရှောင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ရဲ့တောင်ဘက် ၁၀ မိုင်အကွာမှာ မြန်မာစစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့တွေနဲ့ ဒီကေဘီအေ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်တို့ကြား အင်္ဂါနေ့နေ့လယ်ကစပြီး ဒီကနေ့ထိ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းဘက်ခြမ်း မယ့်ကိုကင်းကျေးရွာအထိ စစ်ဘေးရှောင် ၆၀၀ ထက်မနည်း ထွက်ပြေးခိုလှုံလာကြပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ထိုင်းဘက်ခြမ်း မယ့်ကိုးကင်းကျေးရွာရဲ့ နွားတင်းကုတ်အတွင်။ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်နေရာကို လက်နက်ကြီးကျည်ဆံကျရောက်လို့ ထိုင်းနိုင်ငံသားတဦးနဲ့ စစ်ဘေးရှောင်ရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်လူအခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပြပါတယ်။

"ဒီနေ့ နေ့လယ်ပိုင်းခင်းပိုင်းအချိန်အထိ လက်နက်ကြီးအသံတွေ ကြားနေရတယ်။ ထိုင်းဘက်ခြမ်းအထိလည်း လက်နက်ကြီးတလုံးကျတယ်။ ထိုင်းနိုင်ငံသား တယောက်နဲ့ ထွက်ပြေးလာတဲ့ ရွာသားတွေပါ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ၂ နာရီ၊ ၃ နာရီအထိ လက်နက်ကြီးအသံတွေ ကြားနေရတယ်။"

အခုလို ထိုင်းနိုင်ငံပိုင်နက်ထဲ လက်နက်ကြီးကျည်ကျခဲ့တာနဲ့ သူ့စစ်သားတဦး ထိခိုက် ဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဘက်က အခုချိန်ထိ တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

မနေ့ကနေ စပြီး ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေဟာ နေ့လယ်အထိ ထွက်လာနေဆဲမို့ ထိုင်းဘက်ခြမ်း မယ့်ကိုကင်းကျေးရွာကို မနက်ကထိ ရောက်လာတဲ့ ဒုက္ခသည် ၆၀၀ ထက်မနည်းရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

"ဒုက္ခသည်ကကျတော့ မနေ့ကတည်းက စပြီး လာကြတာ မနေ့ကတည်းက ဖလူးဘက်ခြမ်းမှာ ဒီကေဘီအေနဲ့ စစ်ကောင်စီနဲ့ ဖြစ်တဲ့တိုက်ပွဲကြားမှာ ဒုက္ခသည်က မနေ့က ၄၀၀ လောက်ရှိတယ်။ ဒီနေ့မနက်ကတော့ update ရတာ ၆၀၀ ကျော်လောက်ရှိတယ်။ အခုချိန်မှာ ဒီထက်များလာတယ်။ အခုချိန်ထိလာနေတုန်းပဲ လက်နက်ကြီးသံတွေက အခုထိကြားနေတုန်းပဲ။ ရွာသားတွေကတော့ ထွက်ပြေးလာနေတုန်းပဲ။ ဒီဘက်ခြမ်းမှာ ကိုဗစ်ကလည်းဖြစ်နေတော့ ထိုင်းတာဝန်ရှိပုဂ္ဂိုလ်တွေက အတွင်းထဲကို ပေးမဝင်ဘူး။"

ဘာကြောင့်တိုက်ပွဲဖြစ်ရသလဲဆိုတဲ့ အခြေအနေကို မေးမြန်းဖို့ စစ်ကောင်စီဘက်ရော၊ ဒီကေဘီအေဘက်ကိုရော နှစ်ဘက်လုံးကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးလေ့လာသူ ဦးအောင်စိုးကတော့ မနေ့က နှစ်ဘက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

"မနေ့ကတော့ သူတို့ကားကိုစောင့်ချလိုက်တာပဲ။ စခန်းကိုလာတော့ စခန်းမရောက်ခင် ရွာအဝင်မှာ စောင့်ချလိုက်ကြတာပဲ။ ဒီကေဘီအေတင်မကဘူး၊ ၃ ဖွဲ့လောက်တော့ပါတယ်။ GZ တွေရယ်၊ GZ တွေ သူတို့က အတော်များတယ်၊ ၂၀၀ လောက်ပါတယ်။"

ဇွန်လ ၂ ရက် မနက် ၄ နာရီခွဲအချိန်လောက်က ကရင်ပြည်နယ် မြဝတီမြို့ နှင့် မိုင် ၅၀ ခန့်အကွာ မြဝတီခရိုင် ဝေါလေမြို့ ရဲစခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက RPG လက်နက်ကြီးနဲ့ ပစ်ခတ်သလို ဝေါလေမြို့က စစ်မြေပြင်အင်ဂျင်နီယာ (GE)တပ် အခြေချ လုပ်ငန်းခွင်နေရာတွေမှာလည်း ပစ်ခတ်မှုတွေ၊ မီးရှို့မှုတွေရှိနေပြီး ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG