သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာက္လုပ္ေရးလုပ္သားေတြ KNDO သတ္တယ္ဆိုတဲ့စြပ္စြဲခ်က္ စံုစမ္းမယ္လို႔ KNU ထုတ္ျပန္


KNU တပ္ဖြဲ႔ဝင္မ်ား (ဓာတ္ပံု-AFP)

(Zawgyi/Unicode)

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္ ေဝါေလၿမိဳ႕မွာ တံတားေဆာက္လုပ္ေရး အလုပ္သမားေတြကို ကရင္အမ်ဳိးသား ကာကြယ္ေရးတပ္မေတာ္ KNDO ကဖမ္းသြားၿပီးတဲ့ေနာက္ သတ္ပစ္လိုက္တယ္ဆိုၿပီး လူမႈကြန္ယက္ေတြမွာ သတင္းထြက္ေပၚေနတဲ့ကိစၥကို ကရင္အမ်ဳိးသားအစည္းအ႐ံုး KNU က စုံစမ္း စစ္ေဆးသြားမယ္လို႔ ဇြန္လ ၁၆ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

စစ္ေဆးၿပီး ရလာတဲ့ရလဒ္ကိုလည္း ထုတ္ျပန္ေပးသြားမယ္လို႔ KNU က ေျပာပါတယ္။ KNDO ဟာ KNU ရဲ႕ လက္နက္ကိုင္အဖြဲ႔ႏွစ္ဖြဲ႔ထဲက တဖြဲ႔ျဖစ္ပါတယ္။

တံတားေဆာက္လုပ္ေရး အလုပ္သမား ၄၇ ေယာက္ကိုဖမ္းသြားၿပီး အဲဒီထဲက ၂၅ ေယာက္ကို ေမလ ၃၀ ရက္ေန႔မွာ KNDO က သတ္ျဖတ္ခဲ့တယ္ဆိုၿပီး စစ္ေကာင္စီက ေၾကးမုံနဲ႔ ျမန္မာ့အလင္း သတင္းစာေတြထဲမွာ ဓါတ္ပုံနဲ႔တကြ ထုတ္ျပန္ခဲ့တာပါ။

ဒါေပမယ့္ စစ္ေကာင္စီရဲ႕ အဲဒီစြပ္စြဲခ်က္ဟာ မမွန္ကန္ဘူးလို႔ KNDO ကျငင္းဆိုထားၿပီး အဲဒီလူေတြကို လုံၿခဳံေရးအရ ဆက္လက္ဖမ္းဆီးထားတယ္လို႔ တုန္႔ျပန္ထားၿပီးျဖစ္ပါတယ္။

ဇြန္လ ၁၆ ရက္ေန႔ ရက္စြဲနဲ႔ထုတ္ျပန္တဲ့ KNU ေၾကညာခ်က္မွာေတာ့ လက္နက္ကိုင္ တိုက္ခိုက္မႈေတြအတြင္း အရပ္သားေတြကို သတ္ျဖတ္သည့္ ျဖစ္စဥ္ေတြကို လက္ခံျခင္းမရွိဘဲ စစ္ပဲြအတြင္းလိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းမ်ားဆိုင္ရာ ႏုိင္ငံတကာသေဘာတူညီခ်က္ Geneva Convention ကို လိုက္နာ ေဆာင္ရြက္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း KNU တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြအၾကား တိုက္ပြဲေတြ ျဖစ္ခဲ့တာမွာ ႏွစ္ဘက္ အေသအေပ်ာက္ရွိခဲ့တဲ့အျပင္ စစ္ေကာင္စီဘက္က ေလေၾကာင္းက တိုက္ခိုက္ခဲ့တာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြလည္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတာပါ။

လတ္တေလာမွာေတာ့ မတူညီတဲ့ ကရင္လက္နက္ကိုင္အဖြဲ႔ အခ်င္းခ်င္းၾကား ပစ္ခတ္ တိုက္ခိုက္မႈေတြ မရွိေစဖို႔ ရည္ရြယ္ၿပီး အဂၤါေန႔ကစလို႔ ကရင္လက္နက္ကိုင္ ၄ ဖြဲ႔အၾကား ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။

...............................................................................

တိုက္႐ိုက္ လင့္ခ္


ဆောက်လုပ်ရေးလုပ်သားတွေ KNDO သတ်တယ်ဆိုတဲ့စွပ်စွဲချက် စုံစမ်းမယ်လို့ KNU ထုတ်ပြန်

(Unicode)

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေမြို့မှာ တံတားဆောက်လုပ်ရေး အလုပ်သမားတွေကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO ကဖမ်းသွားပြီးတဲ့နောက် သတ်ပစ်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်တွေမှာ သတင်းထွက်ပေါ်နေတဲ့ကိစ္စကို ကရင်အမျိုးသားအစည်းအရုံး KNU က စုံစမ်း စစ်ဆေးသွားမယ်လို့ ဇွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ဆေးပြီး ရလာတဲ့ရလဒ်ကိုလည်း ထုတ်ပြန်ပေးသွားမယ်လို့ KNU က ပြောပါတယ်။ KNDO ဟာ KNU ရဲ့ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ထဲက တဖွဲ့ဖြစ်ပါတယ်။

တံတားဆောက်လုပ်ရေး အလုပ်သမား ၄၇ ယောက်ကိုဖမ်းသွားပြီး အဲဒီထဲက ၂၅ ယောက်ကို မေလ ၃၀ ရက်နေ့မှာ KNDO က သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေထဲမှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့တာပါ။
ဒါပေမယ့် စစ်ကောင်စီရဲ့ အဲဒီစွပ်စွဲချက်ဟာ မမှန်ကန်ဘူးလို့ KNDO ကငြင်းဆိုထားပြီး အဲဒီလူတွေကို လုံခြုံရေးအရ ဆက်လက်ဖမ်းဆီးထားတယ်လို့ တုန့်ပြန်ထားပြီးဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ KNU ကြေညာချက်မှာတော့ လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေကို သတ်ဖြတ်သည့် ဖြစ်စဉ်တွေကို လက်ခံခြင်းမရှိဘဲ စစ်ပွဲအတွင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် Geneva Convention ကို လိုက်နာ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း KNU တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာမှာ နှစ်ဘက် အသေအပျောက်ရှိခဲ့တဲ့အပြင် စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။လတ်တလောမှာတော့ မတူညီတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိစေဖို့ ရည်ရွယ်ပြီး အင်္ဂါနေ့ကစလို့ ကရင်လက်နက်ကိုင် ၄ ဖွဲ့အကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG