သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်အာဏာသိမ်းပြီး အိုးအိမ် စွန့်ပြေးရသူ ၂၂၀ ၀၀၀ ကျော်ပြီ (ကုလပြောခွင့်ရ Farhan Haq)


{{Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူက ၂၂၀ ၀၀၀ ကျော်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

"စစ်တပ်အာဏာသိမ်းပြီးချိန်က စပြီး နိုင်ငံတွင်းမှာ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင် နေရသူ ၂၂၀ ၀၀၀ ကျော်ရှိနေပါပြီ။နိုင်ငံ့အရှေ့တောင်ပိုင်းမှာတော့ ထွက်ပြေးတိမ်းရှောင်ရသူ အများဆုံး ဖြစ်ပြီး အရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာလည်း အိုးအိမ်စွန့်ခွါပြေးရသူတွေ ရှိနေသလို အဲဒီထဲက အများစုဟာ အခုထိ ကိုယ်အိမ်ကိုယ်မပြန်နိုင်ပဲ ဖြစ်နေကြတယ်လို့" ပြောပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပြင် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ပါ နေရာအများအပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေလို့ ပေါ်ပေါက်လာတဲ့ရလဒ်တွေအတွက် ကုလဌာနေ အဖွဲ့တွေက စိုးရိမ်နေကြတယ် လို့လည်း ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နိုင်ငံတလွှားက လူပေါင်း ၃ သန်းလောက် အတွက် ကုလသမဂ္ဂနဲ့ မိတ်ဆွေအဖွဲ့တွေက အကူအညီတွေ ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ နိုင်ငံတွင်း ဘဏ်စံနစ်အဆင်မပြေတဲ့အတွက် ငွေထုတ်ဖို့ အခက်အခဲကြုံနေရတဲ့ အပြင် တချို့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ၊ လမ်းပိတ်ဆို့မှုတွေ ရှိနေတာနဲ့ ခရီးသွားလာခွင့် ကြိုတောင်းခိုင်းတာ အပါအဝင် စိန်ခေါ်မှု အများအပြားကိ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ရေးအစီအစဉ် အတွက် ရံပုံငွေကလည်း အခုမှာ ၂၇ % ပဲရသေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် အခက်ကြုံလာရတဲ့ ပြည်သူတွေကို အကူညီတွေ ပေးနိုင်ဖို့ နောက်ထပ်လိုအပ်နေတယ်လို့လည်း အတွင်းရေးမှုးချုပ်ရုံး ဒုတိယပြောခွင့်ရက ပြောပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG