သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတလႊား ဒုကၡသည္ သန္း ၈၀ ေက်ာ္ေနၿပီ (UNHCR)


ျမန္မာႏုိင္ငံတြင္း ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပး တိမ္းေရွာင္တဲ့ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ေအာက္တိုဘာ ၁၆၊ ၂၀၁၇)

(Zawgyi / Unicode)

ကမာၻတဝန္း စစ္ပြဲေတြ၊ အၾကမ္းဖက္ပဋိပကၡေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ဒုကၡသည္ဦးေရ စုစုေပါင္း ၈၂.၄ သန္းအထိ မႀကဳံစဘူးေအာင္ တိုးပြားလာခဲ့ေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထဲက အမ်ားစုဟာ ျပည္တြင္း အိုးအိမ္စြန္႔ခြာ ေရႊ႕ေျပာင္းရသူေတြျဖစ္ၿပီး အိမ္နီးခ်င္းႏိုင္ငံ အသီးသီးမွာ ထြက္ေျပးခိုလႈံေနၾကတဲ့ ဒုကၡသည္ေပါင္း သန္း ၂၀ ေက်ာ္ ရွိေနေၾကာင္းနဲ႔ အဲဒီအထဲက ၅ ရာခုိင္ႏႈန္းဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျဖစ္တယ္လို႔ ကမာၻ႔ဒုကၡသည္မ်ားေန႔ျဖစ္တဲ့ ဇြန္လ ၂၀ ရက္ေန႔က ထုတ္ျပန္တဲ့ UNHCR ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီေၾကညာခ်က္မွာ ကမာၻ႔ကပ္ေဘးေရာဂါ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈၾကားထဲက ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ခံႏိုင္ရည္ရွိမႈကို အသိအမွတ္ျပဳေၾကာင္း ေဖာ္ျပထားပါတယ္။ ပုံမွန္အေျခအေနမွာ ဒုကၡသည္ေတြဟာ စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရတဲ့အထဲ ၿပီးခဲ့တဲ့ႏွစ္မွာဆိုရင္ ပညာေရး၊ က်န္းမာေရး စတဲ့ အေျခခံေစာင့္ေရွာက္မႈေတြ အပါအဝင္ COVID-19 ကာကြယ္ေဆးကိစၥေတြမွာ မႀကဳံစဘူး အတားအဆီးအသစ္ေတြနဲ႔ ႀကဳံေတြ႔ခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

ဒီႏွစ္ ကမာၻ႔ဒုကၡသည္မ်ားေန႔ အဓိကေဆာင္ပုဒ္က “ကၽြႏု္ပ္တို႔ အတူတကြ ကုစား၊ သင္ယူၿပီး ေတာက္ပထြန္းလင္းေအာင္ လုပ္ေဆာင္ၾကမယ္” ျဖစ္ပါတယ္။ UNHCR ရဲ႕ ခ်စ္ၾကည္ေရး အထူးသံအမတ္ Mr. Tahsan Khan ကိုယ္တိုင္ ဒုကၡသည္မ်ားေန႔မွာ Cox’s Bazar ကိုသြားၿပီး ႐ိုဟင္ဂ်ာေတြကို ေတြ႔ဆုံအားေပးခဲ့ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကပ္ေရာဂါကူးစက္မႈ စတင္ကတည္းက Cox’s Bazar မွာ ႐ိုဟင္ဂ်ာေတြကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားေတြနဲ႔အတူ ေဆးဝါးကုသမႈေပးဖို႔ တည္ေဆာက္ထားတဲ့ COVID-19 အေဆာက္အဦေတြမွာ ကုသမႈေပးခဲ့ေၾကာင္းလည္း UNHCR က ေျပာပါတယ္။

ဒါ့အျပင္ Mr. Tahsan Khan ဟာ မႏွစ္က ကမၻာ့ဒုကၡသည္မ်ားေန႔မွာ UNHCR ရဲ႕ ပံ့ပိုးမႈနဲ႔ ပထမဆံုး တည္ေဆာက္ခဲ့တဲ့ Sadar ခ႐ိုင္က ICU အထူးၾကပ္မတ္ကုသေဆာင္ကို သြားေရာက္ခဲ့ၿပီး ၂၄ နာရီလံုး အသံုးျပဳလို႔ရတဲ့ ဓာတ္ခဲြခန္းအသစ္ကို ဖြင့္လွစ္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေဆး႐ုံမွာ ဘဂၤလားေဒ့ရွ္နဲ႔ ႐ုိဟင္ဂ်ာလူနာ စုစုေပါင္း ၆၆၀ ေက်ာ္ကို ကုသေပးႏိုင္ခဲ့တယ္လို႔လည္း UNHCR ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကမာၻတလႊား ဒုကၡသည္ သန္း ၈၀ ေက်ာ္ေနၿပီ (UNHCR)
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကမ္ဘာတလွှား ဒုက္ခသည် သန်း ၈၀ ကျော်နေပြီ (UNHCR)

ကမ္ဘာတဝန်း စစ်ပွဲတွေ၊ အကြမ်းဖက်ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည်ဦးရေ စုစုပေါင်း ၈၂.၄ သန်းအထိ မကြုံစဘူးအောင် တိုးပွားလာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲက အများစုဟာ ပြည်တွင်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူတွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ အသီးသီးမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်ပေါင်း သန်း ၂၀ ကျော် ရှိနေကြောင်းနဲ့ အဲဒီအထဲက ၅ ရာခိုင်နှုန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တဲ့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကြေညာချက်မှာ ကမ္ဘာ့ကပ်ဘေးရောဂါ COVID-19 ကူးစက်ပျံ့နှံ့မှုကြားထဲက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ခံနိုင်ရည်ရှိမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။ ပုံမှန်အခြေအနေမှာ ဒုက္ခသည်တွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အထဲ ပြီးခဲ့တဲ့နှစ်မှာဆိုရင် ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံစောင့်ရှောက်မှုတွေ အပါအဝင် COVID-19 ကာကွယ်ဆေးကိစ္စတွေမှာ မကြုံစဘူး အတားအဆီးအသစ်တွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒီနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ အဓိကဆောင်ပုဒ်က “ကျွနု်ပ်တို့ အတူတကွ ကုစား၊ သင်ယူပြီး တောက်ပထွန်းလင်းအောင် လုပ်ဆောင်ကြမယ်” ဖြစ်ပါတယ်။ UNHCR ရဲ့ ချစ်ကြည်ရေး အထူးသံအမတ် Mr. Tahsan Khan ကိုယ်တိုင် ဒုက္ခသည်များနေ့မှာ Cox’s Bazar ကိုသွားပြီး ရိုဟင်ဂျာတွေကို တွေ့ဆုံအားပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကူးစက်မှု စတင်ကတည်းက Cox’s Bazar မှာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့အတူ ဆေးဝါးကုသမှုပေးဖို့ တည်ဆောက်ထားတဲ့ COVID-19 အဆောက်အဦတွေမှာ ကုသမှုပေးခဲ့ကြောင်းလည်း UNHCR က ပြောပါတယ်။

ဒါ့အပြင် Mr. Tahsan Khan ဟာ မနှစ်က ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR ရဲ့ ပံ့ပိုးမှုနဲ့ ပထမဆုံး တည်ဆောက်ခဲ့တဲ့ Sadar ခရိုင်က ICU အထူးကြပ်မတ်ကုသဆောင်ကို သွားရောက်ခဲ့ပြီး ၂၄ နာရီလုံး အသုံးပြုလို့ရတဲ့ ဓာတ်ခွဲခန်းအသစ်ကို ဖွင့်လှစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဆေးရုံမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာလူနာ စုစုပေါင်း ၆၆၀ ကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့လည်း UNHCR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG