သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာနဲ႔ ရခိုင္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေဝးေနဆဲ


ရခုိင္ျပည္နယ္အတြင္း ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးရတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (စက္တင္ဘာ ၄၊ ၂၀၁၇)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ နွစ္ေတြတုန္းက ရခိုင္နဲ႔ ႐ုိဟင္ဂ်ာေတြၾကား လူမ်ိဳးေရးဆန္ဆန္ ပဋိပကၡေတြ ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္မႈေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္စြန္႔ခြာခဲ့ရပါတယ္။ ဒီေနာက္ပိုင္း ရခိုင္လက္နက္ကိုင္အဖဲြ႔ AA နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲေတြေၾကာင့္လည္း ရခိုင္စစ္ေဘးဒုကၡသည္ေတြ သိန္းနဲ႔ခ်ီ ေနရပ္စြန္႔ခဲ့ရျပန္ပါတယ္။ ဒီဒုကၡသည္ေတြရဲ႕ ေနရပ္မျပန္ႏိုင္ေသးတဲ့ ေနာက္ဆံုးအေျခအေန ရခိုင္ကေန သတင္းေပးပို႔ထားတာကို မခြာညိဳ တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုနွစ္တုန္းက ARSA အဖြဲ႔ရဲ႕ အၾကမ္းဖက္ တိုက္ခိုက္မႈေတြကို တပ္မေတာ္ဘက္က လိုက္လံၿပီးေတာ့ နယ္ေျမရွင္းလင္းေရးေတြ ေဆာင္ရြက္ခဲ့တာေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ ေနရပ္စြန္႔ခြာခဲ့ရၿပီး ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရတာပါ။

လက္ရွိအခ်ိန္ထိ အဲဒီ ႐ုိဟင္ဂ်ာဒုကၡသည္စခန္းေတြက သိန္းခ်ီတဲ့ ႐ုိဟင္ဂ်ာေတြအေနနဲ႔ ေနရပ္ျပန္ဖို႔ ခက္ခဲေနပါတယ္။ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့အစိုးရလက္ထက္ လုပ္ေဆာင္မႈ အားနည္းခ်က္ေတြ ရွိခဲ့သလို လက္ရွိမွာလည္း ျမန္မာႏုိင္ငံ ႏို္င္ငံေရး အက်ပ္အတည္းေတြေၾကာင့္ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ ခက္ခဲေနတုန္းပဲလို႔ ဒုကၡသည္အေရး ကူညီေဆာင္ရြက္ေနတဲ့ ဝံလက္ေဖာင္ေဒးရွင္း ဒါ႐ုိက္တာ ဦးခိုင္ေကာင္းစံက ေျပာပါတယ္။

“က်ေနာ္ျမင္တာကေတာ့ သမၼတဦးသိန္းစိန္ အစိုးရေခတ္၊ ေနာက္ ဒီမိုကေရစီအစိုးရေခတ္ ဒီဆယ္နွစ္တာကာလမွာလည္း မြတ္စလင္ေတြအတြက္ တကယ္တမ္း သူတို႔ရဲ႕ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းဖို႔ဆိုရင္ ဒီေဒသအတြင္းမွာ ရွိေနတဲ့ သူေတြနဲ႔ သဟဇာတ ျဖစ္မႈေပါ့ေနာ္။ အဲဒါကို အဓိက ဦးစားေပးၿပီးေတာ့ လုပ္ေဆာင္ရမယ္။ ၿပီးရင္ ပြင့္လင္္းျမင္သာစြာနဲ႔ သူတုိ႔ေနရပ္ျပန္ဖို႔ ဆိုတာကလည္း မျဖစ္ႏိုင္ရင္ေတာင္မွ သူတို႔ လက္ရွိေနတဲ့ေနရာမွာ သူတို႔က လူတေယာက္မွာ ရပိုင္ခြင့္ရွိတဲ့ အခြင့္အေရးေတြနဲ႔ ေနထိုင္ခြင့္ေတြေပါ့ေနာ္။ စတဲ့ ပံုစံေတြကိုေတာ့ ဖန္တီးေပးဖို႔ လိုတယ္။ အဲလိုမဟုတ္ဘဲနဲ႔ ႏိုင္ငံတကာမွာ ေဖာ္႐ႈိးျပ႐ုံေလာက္ပဲ သူတို႔က အသံုးခ်ခံေနရတယ္လို႔ က်ေနာ္ျမင္တယ္။ သူတို႔အတြက္ လက္ရွိအေျခအေနမွာလည္း ေနရပ္ျပန္ဖို႔ ေမွ်ာ္လင့္ခ်က္ ေတာ္ေတာ္နည္းတာေပါ့ေနာ္။ လက္ရွိကလည္း ျမန္မာနိုင္ငံရဲ႕ ႏုိင္ငံေရး အက်ပ္အတည္းကာလဆိုေတာ့ အဲဒီအခ်ိန္မွာ သူတို႔ရဲ႕ ေနရပ္ျပန္ေရးကိစၥ ဆိုတာကလည္း ေမွ်ာ္လင့္ခ်က္ ေတာ္ေတာ့ကိုနည္းတဲ့ အေျခအေန ရွိပါတယ္။”

႐ုိဟင္ဂ်ာဒုကၡသည္ေတြ အေနနဲ႔လည္း ဒုကၡသည္စခန္းေတြမွာ အခက္အခဲမ်ိဳးစံုနဲ႔ နွစ္ခ်ီၾကာ ေနထိုင္ေနရတာေၾကာင့္ မိမိမူလေနရာေတြကို ျပန္ခ်င္ေနၾကတာပါ။ အစိုးရအေနနဲ႔ ေနရပ္ျပန္ဖို႔အတြက္ စီစဥ္ေပးရင္ ေနရပ္ျပန္ဖို႔ အဆင္သင့္ရွိတယ္လို႔ စစ္ေတြၿမိဳ႕ သက္ကယ္ျပင္ ဒုကၡသည္စခန္းမွာ ေနထုိင္တဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ဦးေမာင္ေလးက ေျပာပါတယ္။

“က်ေနာ္တို႔ မူလေနရာက စက္႐ုံစုနာဇီေက်းရြာမွာပါ။ က်ေနာ္တို႔မွာ ေနရပ္ျပန္ဖို႔ အခက္အခဲရွိတယ္။ အစိုးရက ေနရပ္ျပန္ဖို႔ စီစဥ္ေပးရင္ေတာ့ က်ေနာ္တို႔ ျပန္ဖို႔ အဆင္သင့္ ရွိေနပါတယ္။”

လက္ရွိအေနအထားအရ ရခိုင္ျပည္နယ္တြင္း ႐ုိဟင္ဂ်ာေတြ မူလေနထိုင္ခဲ့တဲ့ ေနရာေတြမွာ ရခိုင္တိုင္းရင္းသားေတြ ေနထိုင္ေနၾကတာကိုလည္း ေတြ႔ရတာပါ။ ႐ုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရးကိစၥနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ရခုိင္ျပည္နယ္စစ္ေကာင္စီ ေျပာခြင့္ရသူေတြကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္း မရွိပါဘူး။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ျပည္တြင္းဒုကၡသည္စခန္းေတြမွာ ရွိသလို အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္မွာလည္း သိန္းနဲ႔ခ်ီ ရွိေနဆဲပါ။ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ အခုတက္လာတဲ့ စစ္ေကာင္စီက ေျပာဆိုထားေပမယ့္လည္း အခုအခ်ိန္အထိ လက္ေတြ႔က်တဲ့ ေျဖရွင္းေဆာင္ရြက္မႈေတြ မရွိေသးပါဘူး။

ရခိုင္ျပည္နယ္မွာ ႐ုိဟင္ဒုကၡသည္တခုတည္း မဟုတ္ဘဲ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္က ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တပ္မေတာ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံ ရခိုင္လူမ်ိဳး ၂ သိန္းေက်ာ္ေလာက္ ေနရပ္စြန္႔ခြာခဲ့ရၿပီး စစ္ေဘးဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ တပ္မေတာ္နဲ႔ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြ ရပ္တန္႔ေနတာ ၇ လနီးပါး ရွိေနတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ တဝက္ေက်ာ္ေလာက္ ေနရပ္ျပန္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း တိုက္ပြဲေတြအတြင္း ေက်းရြာေတြ မီး႐ႈိ႕ခံခဲ့ရတာေၾကာင့္ ေနအိမ္ေတြ မရွိေတာ့တဲ့အျပင္ စစ္က်န္လက္နက္ေတြ၊ ေျမျမႇဳပ္မိုင္းေတြနဲ႔ တပ္မေတာ္က ေက်းရြာအနီးေတြမွာ တပ္စြဲထားတာေတြေၾကာင့္ စစ္ေဘးဒုကၡသည္ ၁ သိန္းေက်ာ္ေလာက္ ေနရပ္ျပန္ဖို႔ ခက္ခဲေနပါတယ္။

စစ္ေရွာင္ေတြ ေနရပ္ျပန္ေရးနဲ႔ ပတ္သက္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္က စစ္ေရွာင္တဦးျဖစ္တဲ့ ဦးေမာင္ထြန္းခင္က အခုလို ေျပာပါတယ္။

“စစ္တပ္က ရြာေတြကို မီး႐ႈိ႕လိုက္တာေတြ ရွိတယ္။ အဲဒီမွာ ေနဖို႔ထိုင္ဖို႔က အိမ္ရာမရွိဘူး။ ၿပီးေတာ့ ရြာကိုပစ္ၿပီးေတာ့ တႏွစ္ေက်ာ္ေက်ာ္ ဒီမွာ စစ္ေဘးေရွာင္စခန္းမွာ လာၿပီးေနလာရတယ္ဆိုေတာ့ အဲဒီရြာေတြကို နယ္မွာဆိုေတာ့ သိတဲ့အတိုင္းပဲေလ။ သက္ကယ္တို႔ ဓနိတို႔ မိုးထားရတာဆိုေတာ့ အဲဒါေတြကို ျပန္လည္ျပဳျပင္ဖို႔အတြက္ အခ်ိန္လိုတယ္။ ၿပီးေတာ့ က်ေနာ္တို႔က အဲဒီေနရာမွာ မိုင္းေတြကို မရွင္းလင္းရေသးဘူးဆိုေတာ့ မိုင္းအႏၱရာယ္က က်ေနာ္တို႔ ေနရပ္မျပန္ရင္ေတာင္မွ အဲဒီေနရာမွာ ကၽြဲေတြ ႏြားေတြ နင္းမိၿပီးေတာ့ မိုင္းေပါက္ၿပီးေတာ့ ေသေနၾကတဲ့လူေတြ ရွိတယ္။ ရြာသားေတြရွိတယ္။ အဲဒါေတြကို ရွင္းေပးၿပီးမွ က်ေနာ္တို႔ ျပန္ႏိုင္မယ္။ ၿပီးေတာ့ မိုးရာသီေရာက္ၿပီဆိုေတာ့ ေနဖို႔ထိုင္ဖို႔အတြက္ အိမ္မရွိရင္ က်ေနာ္တို႔ ဘယ္လိုလုပ္ အဆင္ေျပႏိုင္မွာလဲ။ အဲဒါေၾကာင့္ ဒီ္မွာဆက္ေနဖို႔ သေဘာရွိေနၾကတာပါ။”

ရခိုင္ျပည္နယ္စစ္ေကာင္စီ အေနနဲ႔လည္း စစ္ေရွာင္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ တခ်ဳိ႕ေက်းရြာေတြမွာ ေနအိမ္ေတြ ေဆာက္ေပးတာေတြလည္း ရွိေနသလို ေနရပ္ျပန္ဖို႔ ခက္ခဲေနတဲ့ စစ္ေရွာင္ေတြအတြက္လည္း ဆက္လက္ေထာက္ပံ့မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ရခိုင္ျပည္နယ္စစ္ေကာင္စီ ေျပာခြင့္ရ ဦးလွသိန္းက ဗြီအိုေအကို ေျပာဆိုထားတာ ရွိပါတယ္။

ျပည္နယ္ေကာင္စီနဲ႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ အာဏာပိုင္ေတြဘက္က ေျပာဆိုထားေပမယ့္ စစ္ေဘးဒုကၡသည္ေတြ အေနနဲ႔ စားနပ္ရိကၡာ မလံုေလာက္တာေတြ မိုးရာသီအတြက္ အမိုးအကာလံုၿခံဳတဲ့ ေနအိမ္ေတြ ျပန္လည္တည္ေဆာက္ဖို႔ လုိအပ္ေနတာေတြလည္း ရွိေနေသးတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ရိုဟင်ဂျာနဲ့ ရခိုင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဝေးနေဆဲ

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရခိုင်နဲ့ ရိုဟင်ဂျာတွေကြား လူမျိုးရေးဆန်ဆန် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာခဲ့ရပါတယ်။ ဒီနောက်ပိုင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေကြောင့်လည်း ရခိုင်စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီ နေရပ်စွန့်ခဲ့ရပြန်ပါတယ်။ ဒီဒုက္ခသည်တွေရဲ့ နေရပ်မပြန်နိုင်သေးတဲ့ နောက်ဆုံးအခြေအနေ ရခိုင်ကနေ သတင်းပေးပို့ထားတာကို မခွာညို တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တပ်မတော်ဘက်က လိုက်လံပြီးတော့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။

လက်ရှိအချိန်ထိ အဲဒီ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက သိန်းချီတဲ့ ရိုဟင်ဂျာတွေအနေနဲ့ နေရပ်ပြန်ဖို့ ခက်ခဲနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက် လုပ်ဆောင်မှု အားနည်းချက်တွေ ရှိခဲ့သလို လက်ရှိမှာလည်း မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ခက်ခဲနေတုန်းပဲလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

“ကျနော်မြင်တာကတော့ သမ္မတဦးသိန်းစိန် အစိုးရခေတ်၊ နောက် ဒီမိုကရေစီအစိုးရခေတ် ဒီဆယ်နှစ်တာကာလမှာလည်း မွတ်စလင်တွေအတွက် တကယ်တမ်း သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ဆိုရင် ဒီဒေသအတွင်းမှာ ရှိနေတဲ့ သူတွေနဲ့ သဟဇာတ ဖြစ်မှုပေါ့နော်။ အဲဒါကို အဓိက ဦးစားပေးပြီးတော့ လုပ်ဆောင်ရမယ်။ ပြီးရင် ပွင့်လင်းမြင်သာစွာနဲ့ သူတို့နေရပ်ပြန်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ရင်တောင်မှ သူတို့ လက်ရှိနေတဲ့နေရာမှာ သူတို့က လူတယောက်မှာ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေနဲ့ နေထိုင်ခွင့်တွေပေါ့နော်။ စတဲ့ ပုံစံတွေကိုတော့ ဖန်တီးပေးဖို့ လိုတယ်။ အဲလိုမဟုတ်ဘဲနဲ့ နိုင်ငံတကာမှာ ဖော်ရှိုးပြရုံလောက်ပဲ သူတို့က အသုံးချခံနေရတယ်လို့ ကျနော်မြင်တယ်။ သူတို့အတွက် လက်ရှိအခြေအနေမှာလည်း နေရပ်ပြန်ဖို့ မျှော်လင့်ချက် တော်တော်နည်းတာပေါ့နော်။ လက်ရှိကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကာလဆိုတော့ အဲဒီအချိန်မှာ သူတို့ရဲ့ နေရပ်ပြန်ရေးကိစ္စ ဆိုတာကလည်း မျှော်လင့်ချက် တော်တော့ကိုနည်းတဲ့ အခြေအနေ ရှိပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့လည်း ဒုက္ခသည်စခန်းတွေမှာ အခက်အခဲမျိုးစုံနဲ့ နှစ်ချီကြာ နေထိုင်နေရတာကြောင့် မိမိမူလနေရာတွေကို ပြန်ချင်နေကြတာပါ။ အစိုးရအနေနဲ့ နေရပ်ပြန်ဖို့အတွက် စီစဉ်ပေးရင် နေရပ်ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ စစ်တွေမြို့ သက်ကယ်ပြင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်လေးက ပြောပါတယ်။

“ကျနော်တို့ မူလနေရာက စက်ရုံစုနာဇီကျေးရွာမှာပါ။ ကျနော်တို့မှာ နေရပ်ပြန်ဖို့ အခက်အခဲရှိတယ်။ အစိုးရက နေရပ်ပြန်ဖို့ စီစဉ်ပေးရင်တော့ ကျနော်တို့ ပြန်ဖို့ အဆင်သင့် ရှိနေပါတယ်။”

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေ မူလနေထိုင်ခဲ့တဲ့ နေရာတွေမှာ ရခိုင်တိုင်းရင်းသားတွေ နေထိုင်နေကြတာကိုလည်း တွေ့ရတာပါ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ ရှိသလို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း သိန်းနဲ့ချီ ရှိနေဆဲပါ။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အခုတက်လာတဲ့ စစ်ကောင်စီက ပြောဆိုထားပေမယ့်လည်း အခုအချိန်အထိ လက်တွေ့ကျတဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဒုက္ခသည်တခုတည်း မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ရခိုင်လူမျိုး ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာခဲ့ရပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

လက်ရှိအချိန်မှာတော့ တပ်မတော်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေတာ ၇ လနီးပါး ရှိနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ တဝက်ကျော်လောက် နေရပ်ပြန်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တိုက်ပွဲတွေအတွင်း ကျေးရွာတွေ မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်တွေ မရှိတော့တဲ့အပြင် စစ်ကျန်လက်နက်တွေ၊ မြေမြှုပ်မိုင်းတွေနဲ့ တပ်မတော်က ကျေးရွာအနီးတွေမှာ တပ်စွဲထားတာတွေကြောင့် စစ်ဘေးဒုက္ခသည် ၁ သိန်းကျော်လောက် နေရပ်ပြန်ဖို့ ခက်ခဲနေပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ်က စစ်ရှောင်တဦးဖြစ်တဲ့ ဦးမောင်ထွန်းခင်က အခုလို ပြောပါတယ်။

“စစ်တပ်က ရွာတွေကို မီးရှို့လိုက်တာတွေ ရှိတယ်။ အဲဒီမှာ နေဖို့ထိုင်ဖို့က အိမ်ရာမရှိဘူး။ ပြီးတော့ ရွာကိုပစ်ပြီးတော့ တနှစ်ကျော်ကျော် ဒီမှာ စစ်ဘေးရှောင်စခန်းမှာ လာပြီးနေလာရတယ်ဆိုတော့ အဲဒီရွာတွေကို နယ်မှာဆိုတော့ သိတဲ့အတိုင်းပဲလေ။ သက်ကယ်တို့ ဓနိတို့ မိုးထားရတာဆိုတော့ အဲဒါတွေကို ပြန်လည်ပြုပြင်ဖို့အတွက် အချိန်လိုတယ်။ ပြီးတော့ ကျနော်တို့က အဲဒီနေရာမှာ မိုင်းတွေကို မရှင်းလင်းရသေးဘူးဆိုတော့ မိုင်းအန္တရာယ်က ကျနော်တို့ နေရပ်မပြန်ရင်တောင်မှ အဲဒီနေရာမှာ ကျွဲတွေ နွားတွေ နင်းမိပြီးတော့ မိုင်းပေါက်ပြီးတော့ သေနေကြတဲ့လူတွေ ရှိတယ်။ ရွာသားတွေရှိတယ်။ အဲဒါတွေကို ရှင်းပေးပြီးမှ ကျနော်တို့ ပြန်နိုင်မယ်။ ပြီးတော့ မိုးရာသီရောက်ပြီဆိုတော့ နေဖို့ထိုင်ဖို့အတွက် အိမ်မရှိရင် ကျနော်တို့ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ အဲဒါကြောင့် ဒီ်မှာဆက်နေဖို့ သဘောရှိနေကြတာပါ။”

ရခိုင်ပြည်နယ်စစ်ကောင်စီ အနေနဲ့လည်း စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် တချို့ကျေးရွာတွေမှာ နေအိမ်တွေ ဆောက်ပေးတာတွေလည်း ရှိနေသလို နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ရှောင်တွေအတွက်လည်း ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောဆိုထားတာ ရှိပါတယ်။

ပြည်နယ်ကောင်စီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ အာဏာပိုင်တွေဘက်က ပြောဆိုထားပေမယ့် စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ စားနပ်ရိက္ခာ မလုံလောက်တာတွေ မိုးရာသီအတွက် အမိုးအကာလုံခြုံတဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာတွေလည်း ရှိနေသေးတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG