သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေနဒါႏိုင္ငံက ဒုကၡသည္ ႏွစ္ဆတိုးလက္ခံမည္


ကေနဒါႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာတဲ့ ဒုကၡသည္အခ်ဳိ႕အား ကေနဒါရဲတပ္ဖြဲ႔က စိစစ္ေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၃၊ ၂၀၁၇)

(Zawgyi / Unicode)

ကမာၻလံုးဆိုင္ရာ အက်ပ္အတည္းတခုျဖစ္တဲ့ ဒုကၡသည္အေရးကို ကူညီေျဖရွင္းဖို႔ ႀကိဳးပမ္းခ်က္တရပ္အေနနဲ႔ ကေနဒါႏုိင္ငံက ဒီႏွစ္မွာ ဒုကၡသည္ေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြကို အေရအတြက္ ပိုၿပီးလက္ခံမယ္လုိ႔ ေျပာလိုက္ပါတယ္။

လူဝင္မႈ၊ ဒုကၡသည္နဲ႔ ႏုိင္ငံသားဆိုင္ရာ ကေနဒါဝန္ႀကီး Marco Mendicino က တနဂၤေႏြေန႔မွာ က်ေရာက္တဲ့ ကမာၻ႔ဒုကၡသည္မ်ားေန႔ မတိုင္ခင္ ေသာၾကာေန႔မွာ အဲဒီလို ေျပာလိုက္တာပါ။

ဒုကၡသည္အျဖစ္ ေလွ်ာက္ထားသူေတြ၊ ႏုိင္ငံထဲေရာက္လာၿပီးမွ ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳ လက္ခံထားသူေတြနဲ႔ ျပည္ပမွာရွိေနတဲ့ သူတို႔ရဲ႕ မိသားစုဝင္ေတြကို အကာအကြယ္ ေပးထားသူေတြအျဖစ္ ကေနဒါက သတ္မွတ္ၿပီး အေရအတြက္ ႏွစ္ဆနီးပါးတုိးၿပီး လက္ခံသြားမယ္လုိ႔ ဝန္ႀကီး Mendicino က ေၾကညာတာပါ။ မူလသတ္မွတ္ထားတဲ့ အေရအတြက္က ၂၃,၅၀၀ ျဖစ္ၿပီး အခုတိုးျမႇင့္သတ္မွတ္လိုက္တဲ့ အေရအတြက္က ၄၅,၀၀၀ ျဖစ္ပါတယ္။

ကေနဒါအစိုးရအေနနဲ႔ ဒုကၡသည္ေတြကို တာဝန္ယူၿပီး ေခၚဖို႔နဲ႔ ဒုကၡသည္အျဖစ္ ေရႊ႕ေျပာင္းအေျခစိုုက္တာနဲ႔ စီးပြားေရးအရ ေျပာင္းေရႊ႕ဝင္ေရာက္တာကို ေပါင္းစပ္တဲ့ အစီအစဥ္တခုကို အတန္အသင့္တိုးခ်ဲ႕ဖို႔ ေနာက္ ၂ ႏွစ္တာအတြင္း ရန္ပံုေငြ ေဒၚလာ ၂.၄ သန္းထိ တိုးျမႇင့္သံုးစဲြသြားမယ္လုိ႔လည္း ဝန္ႀကီး Mendicino က ေျပာပါတယ္။

"လက္ရွိမွာ ခရီးသြားလာေရးဆိုင္ရာ ကန္႔သတ္ခ်က္ေတြ ဆက္ရွိေနေသးတာကို ေသခ်ာေပါက္ ထည့္စဥ္းစားရမွာျဖစ္ၿပီး သူတို႔ေတြ သြားလာေရး စီစဥ္ေပးႏုိင္ဖို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ထားပါတယ္" ဆိုၿပီး ဒုကၡသည္ေတြရဲ႕ မိသားစုဝင္ေတြကို ရည္ၫႊန္းၿပီးေတာ့ ဝန္ႀကီး Mendicino က ေျပာသြားပါတယ္။

ဒီႏွစ္မွာ ဒုကၡသည္ ၃၆,၀၀၀ ကို လက္ခံဖို႔ ကေနဒါက ရည္မွန္းထားပါတယ္။ ဒီလူေတြဟာ ကေနဒါႏုိင္ငံထဲမွာ ေရာက္ေနၿပီးသား အကာအကြယ္ ေပးထားသူေတြနဲ႔ မတူဘဲ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢေအဂ်င္စီ (UNHCR) လို အဖြဲ႔အစည္းေတြက ကေနဒါႏိုင္ငံကို တိုက္႐ိုက္လႊဲေျပာင္းေပးသူေတြျဖစ္ၿပီး ေရာက္တာနဲ႔ ဒုကၡသည္အဆင့္ သတ္မွတ္ေပးလိုက္တာ ျဖစ္ပါတယ္။

ကေနဒါႏိုင္ငံက ဒုကၡသည္ ႏွစ္ဆတိုးလက္ခံမည္
please wait

No media source currently available

0:00 0:01:35 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကနေဒါနိုင်ငံက ဒုက္ခသည် နှစ်ဆတိုးလက်ခံမည်

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတခုဖြစ်တဲ့ ဒုက္ခသည်အရေးကို ကူညီဖြေရှင်းဖို့ ကြိုးပမ်းချက်တရပ်အနေနဲ့ ကနေဒါနိုင်ငံက ဒီနှစ်မှာ ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရေအတွက် ပိုပြီးလက်ခံမယ်လို့ ပြောလိုက်ပါတယ်။

လူဝင်မှု၊ ဒုက္ခသည်နဲ့ နိုင်ငံသားဆိုင်ရာ ကနေဒါဝန်ကြီး Marco Mendicino က တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မတိုင်ခင် သောကြာနေ့မှာ အဲဒီလို ပြောလိုက်တာပါ။

ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေ၊ နိုင်ငံထဲရောက်လာပြီးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံထားသူတွေနဲ့ ပြည်ပမှာရှိနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အကာအကွယ် ပေးထားသူတွေအဖြစ် ကနေဒါက သတ်မှတ်ပြီး အရေအတွက် နှစ်ဆနီးပါးတိုးပြီး လက်ခံသွားမယ်လို့ ဝန်ကြီး Mendicino က ကြေညာတာပါ။ မူလသတ်မှတ်ထားတဲ့ အရေအတွက်က ၂၃,၅၀၀ ဖြစ်ပြီး အခုတိုးမြှင့်သတ်မှတ်လိုက်တဲ့ အရေအတွက်က ၄၅,၀၀၀ ဖြစ်ပါတယ်။

ကနေဒါအစိုးရအနေနဲ့ ဒုက္ခသည်တွေကို တာဝန်ယူပြီး ခေါ်ဖို့နဲ့ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေစိုက်တာနဲ့ စီးပွားရေးအရ ပြောင်းရွှေ့ဝင်ရောက်တာကို ပေါင်းစပ်တဲ့ အစီအစဉ်တခုကို အတန်အသင့်တိုးချဲ့ဖို့ နောက် ၂ နှစ်တာအတွင်း ရန်ပုံငွေ ဒေါ်လာ ၂.၄ သန်းထိ တိုးမြှင့်သုံးစွဲသွားမယ်လို့လည်း ဝန်ကြီး Mendicino က ပြောပါတယ်။

"လက်ရှိမှာ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်ရှိနေသေးတာကို သေချာပေါက် ထည့်စဉ်းစားရမှာဖြစ်ပြီး သူတို့တွေ သွားလာရေး စီစဉ်ပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်" ဆိုပြီး ဒုက္ခသည်တွေရဲ့ မိသားစုဝင်တွေကို ရည်ညွှန်းပြီးတော့ ဝန်ကြီး Mendicino က ပြောသွားပါတယ်။

ဒီနှစ်မှာ ဒုက္ခသည် ၃၆,၀၀၀ ကို လက်ခံဖို့ ကနေဒါက ရည်မှန်းထားပါတယ်။ ဒီလူတွေဟာ ကနေဒါနိုင်ငံထဲမှာ ရောက်နေပြီးသား အကာအကွယ် ပေးထားသူတွေနဲ့ မတူဘဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNHCR) လို အဖွဲ့အစည်းတွေက ကနေဒါနိုင်ငံကို တိုက်ရိုက်လွှဲပြောင်းပေးသူတွေဖြစ်ပြီး ရောက်တာနဲ့ ဒုက္ခသည်အဆင့် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG