သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတဝန်း အိုးအိမ်စွန့်ထွက်ပြေးရသူ ၃ သန်းနီးပါးရှိ


နိုင်ငံရေးခိုလှုံခွင့် အတွက် စီတန်းစောင့်ဆိုင်နေတဲ့ ယူဂန်ဒါ-ကွန်ဂိုနယ်စပ်က ကွန်ဂိုဒုက္ခသည်များ (ဓာတ်ပုံ- UNHCR/Rocco Nuri)
နိုင်ငံရေးခိုလှုံခွင့် အတွက် စီတန်းစောင့်ဆိုင်နေတဲ့ ယူဂန်ဒါ-ကွန်ဂိုနယ်စပ်က ကွန်ဂိုဒုက္ခသည်များ (ဓာတ်ပုံ- UNHCR/Rocco Nuri)

(Zawgyi/Unicode)

၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများက နယ်စပ်တွေကိုပိတ်ထားပြီး နိုင်ငံထဲ အဝင်အထွက်တွေကို ကန့်သတ်ထားခဲ့ပေမဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လူပေါင်း ၃ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက ပြောကြားလိုက်ပါတယ်။
"ကိုဗစ်ကပ်ရောဂါက လူတွေထွက်ပြေးရလောက်စေတဲ့ အဓိကကြောင်းရင်းတချို့အပေါ် သက်ရောက်မှုရှိပုံ မရပါဘူး။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ခွဲခြားဖိနှိပ်မှုတွေက ကပ်ရောဂါဖြစ်နေချိန်မှာလည်း ဆက်ပြီးဖြစ်နေပါတယ်" လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ကပြောကြားခဲ့တာပါ။

ဒါကြောင့် ၂၀၂၀ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒုက္ခသည်နဲ့ နေရပ်စွန့် ထွက်ပြေးနေရသူအရေအတွက် ၃ သန်းတိုးလာတယ်လို့ သူကပြောပါတယ်။ ကုလသမဂ္ဂ နောက်ဆုံးထုတ်ပြန်တဲ့ ဒုက္ခသည်ဆိုင်ရာ Global Trends အစီရင်ခံစာအရ ဒုက္ခသည်နဲ့ နေရပ်စွန့် ထွက်ပြေးနေရသူ စုစုပေါင်း ကမ္ဘာမှာ ၈၂ သန်း ၄ သိန်းထက် မနည်းရှိနေပါတယ်။

ကိုယ့်နေရပ်မှာ ဆက်နေလို့မရတော့တဲ့ အခြေအနေကြောင့် ထွက်ပြေးကြရသူ အရေအတွက် များလာတာလည်း ၉ နှစ်ဆက်တိုက် ရှိနေပါတယ်။ နိုင်ငံရပ်ခြားကို ထွက်ပြေးကြတဲ့ ဒုက္ခသည်ထဲက ၃ ပုံ ၂ ပုံကျော်က မြန်မာနိုင်ငံအပါအဝင် ၅ နိုင်ငံကဖြစ်တယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးသူ ၁.၁ သန်းကျော်ရှိပြီး အများဆုံးကတော့ ၆.၇ သန်းနဲ့ ဆီးရီးယားနိုင်ငံက ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ဒုက္ခသည်တွေထဲက ၁၀ ယောက်မှာ ၉ ယောက်နီးပါးက ပဋိပက္ခဖြစ်တဲ့နေရာတွေရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြတာဖြစ်ကြပါတယ်။

ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံတွေက ကမ္ဘာ့ဒုက္ခသည် ၂၇% လောက်ကို လက်ခံထားရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာဖြစ်နေတဲ့ စစ်ပွဲ ပဋိပက္ခတွေကြောင့် နှစ်စဉ် သန်းချီထွက်ပြေးနေကြပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ၉၉ နိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို ခြွင်းချက်နဲ့တောင် နိုင်ငံထဲ ဝင်ခွင့်မပေးခဲ့ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ Global Trends အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

...................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)



ကမ်ဘာတဝနျး ဒုက်ခသညျတှထေဲက ၁၀ ယောကျမှာ ၉ ယောကျနီးပါးက ပဋိပက်ခဖွဈတဲ့နရောတှရေဲ့ အိမျနီးခငြျးနိုငျငံတှကေို ထှကျပွေးကွတာဖွဈကွပါတယျ။


XS
SM
MD
LG