သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္းမိုးသည္းထန္ ဒုကၡသည္စခန္းမ်ားအခက္ေတြ႕


မိုးၾကီးေရလ်ွံေနတဲ့ ရခိုင္စစ္ေဘးေရွာင္စခန္းတခု (ဓာတ္ပံု - Rakhine Ethnics Congress)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ မိုးသည္းထန္စြာရြာသြန္းေနတာေၾကာင့္ စစ္ေဘးဒုကၡသည္ စခန္းတစ္ခ်ိဳ႕မွာ ေရႀကီး၊ ေရလ ွ်ံမႈနဲ႔ ႀကံဳေနၾကရပါတယ္။ အထူးသျဖင့္ ေျမပံုၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ေတြက ဒုကၡသည္စခန္းေတြမွာ ေရႀကီးလို႔ ေနေရး ထုိင္ေရး အခက္ေတြ႔ေနတဲ့အေၾကာင္း ရခိုင္က လာတဲ့သတင္းကို ကိုသားၫြန္႕ဦး ေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ အခုရက္ပိုင္းအတြင္း မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ေျမပံုနဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ ရွိတဲ့ ျပည္တြင္းဒုကၡသည္စခန္း ေတာ္ေတာ္မ်ားမ်ား ေရေဘးဒုကၡ ရင္ဆုိင္ေနၾကရပါတယ္။ စစ္တပ္နဲ႔ ရခုိင္လက္နက္ကိုင္ AA တို႔ၾကား ၿပီးခဲ့တဲ့ႏွစ္ေတြက ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခဲ့ရတဲ့ ဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ ျပည္တြင္းဒုကၡသည္စခန္းေတြမွာ ေရေဘးဒုကၡ ထပ္ႀကံဳေနရတာနဲ႔ပါတ္သက္လို႔ စစ္ေဘးဒုကၡသည္အေရး လုပ္ကိုင္ေနတဲ့ ရခိုင္တိုင္းရင္း သားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ေျပာခြင့္ရ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“ အၾကမ္းဖ်င္းသိထားတာကေတာ့ စစ္ေရွာင္စခန္းေတြ အမ်ားစုမွာ ေရႀကီးေရလ်ံတာေတြ ျဖစ္ေနတယ္။ အထူးသျဖင့္ေတာ့ ေျမပံုၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ အဲဒီဖက္မွာ ပိုၿပီးေတာ့ မ်ားပါတယ္ခင္မ်ာ။ ေရကေနၿပီးေတာ့ တစ္ခ်ို႕ေနရာေတြဆိုရင္ စစ္ေရွာင္စခန္းေတြရဲ႕ ႀကမ္းခင္းကို ေရၿမဳပ္တဲ့ အထိကို ေရတက္ေနတယ္လို႔ ေျပာပါ တယ္ခင္မ်ာ။”

ေျမပံုၿမိဳ႕နယ္ ကိုင္းႀကီးစစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္ ေရႀကီးတာတစ္ခုတည္းမဟုတ္ပဲ ေလျပင္းပါတိုက္ခတ္ေနတာေၾကာင့္ စခန္းမွာရွိတဲ့ ေနအိမ္ေတြ ပ်က္စီးသြားတယ္လို႔ စခန္းတာဝန္ခံ ကိုေရႊစိုးက ေျပာပါတယ္။

“စကတည္းက က်ေနာ္တို႔ စခန္းက အစိုးရေထာက္ပံ့ေၾကးလည္းမရဘူးဆိုေတာ့ ရိကၡာျပတ္ေနတာ နွစ္လေလာက္ရွိေနပါၿပီ။ ၿပီးေတာ့ မိုးျပင္းေလျပင္းက်ခဲ့ေတာ့ စခန္းက အိမ္ေတြလည္း အကုန္လံုးၿပိဳေနပါတယ္။ ျပန္ေဆာက္ဖို႔ အတြက္လည္း အခက္ အခဲရွိ တယ္ဗ်ာ။ ျပန္ေဆာင္ဖို႔ဆိုရင္ ပိုက္ဆံလိုတယ္ဗ်ာ။"

ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္ ဂူတာျပင္ဒုကၡသည္စခန္းမွာ ဆုိရင္လည္း ေနအိမ္ေတြ ေရျမဳပ္ကုန္တာေၾကာင့္ စခန္းအတြင္းေနထိုင္ဖို႔ ခက္ခဲေနၾကတယ္လို႔ စစ္ေဘး ဒုကၡသည္ မရီရီသန္းက ေျပာပါတယ္။
“က်မတို႔ေနတဲ့ စစ္ေရွာင္စခန္းမွာေရႀကီးေနတာေၾကာင့္ ေနစရာထိုင္စရာမရွိဘူး။ ကေလးေတြ အဘြားေတြ သြားရလာရ ခက္ခဲတာ ရွိတယ္။”

ေျမာက္ဦးၿမိဳ႕နယ္အတြင္းက ပီပင္ရင္း စစ္ေဘးဒုကၡသည္စခန္းမွာလည္း ဒီကေန႔အထိ ရက္ဆက္ မိုးျပင္းထန္စြာရြာသြန္းေနသလို စခန္းတစ္ခုလံုးေရၿမဳပ္မယ့္ အေနအထားရွိေန တယ္လို႔ စခန္းတာဝန္ခံ ဦးသိန္းေက်ာ္ျမတ္က ေျပာပါတယ္။
“ ေရႀကီးတာကေတာ့ ႏွစ္ရက္ သံုးရက္ေလာက္ ရွိၿပီ က်ေနာ္တို႔ စစ္ေရွာင္စခန္းက ေျမနိမ့္ပိုင္းမွာ က်တယ္။ မိုးကလည္း တအားႀကီးေနတာ။ မုတ္သံေလကလည္း တအားတိုက္ေတာ့ ဒီေရက လည္း တက္ အထက္က မိုးကလည္းတအားမ်ားေနေတာ့ အခန္းေတြ လမ္းေတြ ေရၿမိဳပ္ေန တယ္။ ေနရထိုင္ရတာကလည္း ျဖစ္သလိုေပါ့ဗ်ာ အိမ္လည္း မျပန္ႏိုင္ၾက ေသးဘူးဆိုေတာ့ ေလ။ ”

ရခိုင္ျပည္နယ္မွာ ၂၀၁၈ အကုန္ပိုင္းေလာက္ကစၿပီး တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တုိ႔ တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားခဲ့တာေၾကာင့္ ရခိုင္ေဒသခံ ၂ သိန္းေက်ာ္ေလာက္ ေနရပ္စြန္႔ခြာ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရတာပါ။ အခုလက္ရွိ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ရပ္ဆိုင္းထားတာေၾကာင့္ ျပည္နယ္ေကာင္စီအေနနဲ႔ စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ လုပ္ေဆာင္ေန တာရွိေပမယ့္လည္း လံုၿခံဳေရးအာမခံခ်က္ မ႐ွိေသးတာေၾကာင့္

ေနရပ္ျပန္ဖို႔ ခက္ခဲေနတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္ေလာက္ ရခိုင္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ေတြ စခန္းေတြမွာ ေနထိုင္ေနရဆဲျဖစ္ပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


ရခိုင်မြောက်ပိုင်းမိုးသည်းထန် ဒုက္ခသည်စခန်းများအခက်တွေ့

(Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် စစ်ဘေးဒုက္ခသည် စခန်းတစ်ချို့မှာ ရေကြီး၊ ရေလ ျှံမှုနဲ့ ကြုံနေကြရပါတယ်။ အထူးသဖြင့် မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်တွေက ဒုက္ခသည်စခန်းတွေမှာ ရေကြီးလို့ နေရေး ထိုင်ရေး အခက်တွေ့နေတဲ့အကြောင်း ရခိုင်က လာတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံနဲ့ အမ်းမြို့နယ်တွေမှာ ရှိတဲ့ ပြည်တွင်းဒုက္ခသည်စခန်း တော်တော်များများ ရေဘေးဒုက္ခ ရင်ဆိုင်နေကြရပါတယ်။ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခဲ့ရတဲ့ ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ ရေဘေးဒုက္ခ ထပ်ကြုံနေရတာနဲ့ပါတ်သက်လို့ စစ်ဘေးဒုက္ခသည်အရေး လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်း သားမျိုးနွယ်စုများ အစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ အကြမ်းဖျင်းသိထားတာကတော့ စစ်ရှောင်စခန်းတွေ အများစုမှာ ရေကြီးရေလျံတာတွေ ဖြစ်နေတယ်။ အထူးသဖြင့်တော့ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ အဲဒီဖက်မှာ ပိုပြီးတော့ များပါတယ်ခင်မျာ။ ရေကနေပြီးတော့ တစ်ချို့နေရာတွေဆိုရင် စစ်ရှောင်စခန်းတွေရဲ့ ကြမ်းခင်းကို ရေမြုပ်တဲ့ အထိကို ရေတက်နေတယ်လို့ ပြောပါ တယ်ခင်မျာ။”

မြေပုံမြို့နယ် ကိုင်းကြီးစစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ရေကြီးတာတစ်ခုတည်းမဟုတ်ပဲ လေပြင်းပါတိုက်ခတ်နေတာကြောင့် စခန်းမှာရှိတဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါတယ်။

“စကတည်းက ကျနော်တို့ စခန်းက အစိုးရထောက်ပံ့ကြေးလည်းမရဘူးဆိုတော့ ရိက္ခာပြတ်နေတာ နှစ်လလောက်ရှိနေပါပြီ။ ပြီးတော့ မိုးပြင်းလေပြင်းကျခဲ့တော့ စခန်းက အိမ်တွေလည်း အကုန်လုံးပြိုနေပါတယ်။ ပြန်ဆောက်ဖို့ အတွက်လည်း အခက် အခဲရှိ တယ်ဗျာ။ ပြန်ဆောင်ဖို့ဆိုရင် ပိုက်ဆံလိုတယ်ဗျာ။"

ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ် ဂူတာပြင်ဒုက္ခသည်စခန်းမှာ ဆိုရင်လည်း နေအိမ်တွေ ရေမြုပ်ကုန်တာကြောင့် စခန်းအတွင်းနေထိုင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ဘေး ဒုက္ခသည် မရီရီသန်းက ပြောပါတယ်။
“ကျမတို့နေတဲ့ စစ်ရှောင်စခန်းမှာရေကြီးနေတာကြောင့် နေစရာထိုင်စရာမရှိဘူး။ ကလေးတွေ အဘွားတွေ သွားရလာရ ခက်ခဲတာ ရှိတယ်။”

မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း ဒီကနေ့အထိ ရက်ဆက် မိုးပြင်းထန်စွာရွာသွန်းနေသလို စခန်းတစ်ခုလုံးရေမြုပ်မယ့် အနေအထားရှိနေ တယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြတ်က ပြောပါတယ်။
“ ရေကြီးတာကတော့ နှစ်ရက် သုံးရက်လောက် ရှိပြီ ကျနော်တို့ စစ်ရှောင်စခန်းက မြေနိမ့်ပိုင်းမှာ ကျတယ်။ မိုးကလည်း တအားကြီးနေတာ။ မုတ်သံလေကလည်း တအားတိုက်တော့ ဒီရေက လည်း တက် အထက်က မိုးကလည်းတအားများနေတော့ အခန်းတွေ လမ်းတွေ ရေမြိုပ်နေ တယ်။ နေရထိုင်ရတာကလည်း ဖြစ်သလိုပေါ့ဗျာ အိမ်လည်း မပြန်နိုင်ကြ သေးဘူးဆိုတော့ လေ။ ”

ရခိုင်ပြည်နယ်မှာ ၂၀၁၈ အကုန်ပိုင်းလောက်ကစပြီး တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားတာကြောင့် ပြည်နယ်ကောင်စီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လုပ်ဆောင်နေ တာရှိပေမယ့်လည်း လုံခြုံရေးအာမခံချက် မရှိသေးတာကြောင့်

နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်လောက် ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG