သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယမှာ ကိုဗစ်ဒဏ်သင့်သူတွေထဲ ဒုက္ခသည်အများအပြားပါဝင်


အိန္ဒိယနိုင်ငံ Ahmedabad မြို့မှာ ဘူတာရုံတခုမှာ COVID-19 စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၂၀) (ဓာတ်ပုံ - AP)
အိန္ဒိယနိုင်ငံ Ahmedabad မြို့မှာ ဘူတာရုံတခုမှာ COVID-19 စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၂၀) (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဘေးဒဏ် အဆိုးဆုံးခံစားရသူတွေထဲ ဒုက္ခသည် ၂၀၀,၀၀၀ ထက်မနည်းလည်း ပါဝင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာမဟာမိတ်အဖွဲတခုကပြောပါတယ်။
အိန္ဒိယမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၄၀,၀၀၀ ကျော်ရှိပြီး ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာနိုင်ငံက အသိအမှတ်ပြုမထားပါဘူး။

ဒုက္ခသည်တွေဟာ လူမှုဖူလုံရေး အစီအစဉ်တွေ ဒါမှမဟုတ် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မရကြဘူးလို့ ဥရောပအခြေစိုက် နိုင်ငံမဲ့ဖြစ်မှုနှင့် အားလုံးလွှမ်းခြုံမှုဆိုင်ရာအင်စတီကျူရဲ့ ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
"အိန္ဒိယရောက် နိုင်ငံမဲ့တွေဟာ အစိုးရကပေးတဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေ မရကြသလို သူတို့မှာ ဘဏ်စာရင်း ဒါမှမဟုတ် နိုင်ငံသားဖြစ်မှုအထောက်အထား မရှိကြဘူး" လို့ "ပူးပေါင်းလုပ်က အောင်မြင်မှုရ - နိုင်ငံမဲ့များအပေါ် COVID-19 ၏ သက်ရောက်မှုနှင့် အပြောင်းအလဲအတွက် လုပ်ငန်းလမ်းစဉ်" လို့ ဆိုရမယ့်နာမည်နဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံကိုရောက်နေတဲ့ နိုင်ငံမဲ့နေသူ ဒုက္ခသည်တွေအပေါ် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြီးရဲ့ သက်ရောက်မူတွေကို အခုထုတ်တဲ့ အစီရင်ခံစာထဲမှာ စုစည်းဖော်ပြထားပါတယ်။

.....................................................................................

တိုက်ရိုက် လင့်ခ်


အိန်ဒိယမှာ ကိုဗဈဒဏျသင့ျသူတှထေဲ ဒုက်ခသညျအမြားအပွားပါဝငျ

(Unicode)




XS
SM
MD
LG