သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဒုကၡသည္ေတြကို အိႏိၵယ Mizoram ျပည္နယ္ ေငြေၾကးကူညီမည္


မီဇိုရမ္ ျပည္နယ္၀န္ၾကီးခ်ဳပ္ Zoramthanga နဲ ့CYMA အဖြဲ ့၀င္မ်ား ေတြ ့ဆံုစဥ္ (ဓာတ္ပံု - မီဇိုရမ္အစိုးရ)

(Zawgyi/Unicode)

အိႏၷိယနိုင္ငံ၊ မီဇိုးရမ္ျပည္နယ္ကို တိမ္းေရွာင္ေရာက္ရွိေနတဲ့ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ ေငြေၾကးအကူညီေပးေဆာင္မယ္လို႕ မီဇိုးရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေန မေန႕ကေျပာဆိုသြားတဲ့အေၾကာင္းမီဇိုးရမ္လူမွဳအဖြဲ႕အစည္းတာ၀န္ရွိသူေတြကေျပာပါတယ္။ လက္ရွိမီဇိုးရမ္ျပည္နယ္မွာ NLD အမ်ိဳးသားဒီီမိုကေရစီအဖြဲ ့ခ်ဳပ္အမတ္ေတြအပါ၀င္ ကန္႔ကြက္ဆႏၵျပခဲ့လို႕ တိမ္းေရွာင္ေနရသူ ေသာင္းခ်ီရွိေန တယ္လို႕လဲေျပာပါတယ္။ ဗီြအိုေအသတင္းေထာက္နိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။

ျမန္မာစစ္တပ္ကေန သပိတ္ေမွာက္ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္ႏွင္းခဲ့လို႕ အိႏၷိယ-ျမန္မာနယ္စပ္မွာရွိတဲ့ မီဇိုးရမ္ျပည္နယ္အတြင္းကို တိမ္းေရွာင္ လာတဲ့ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ ေငြေၾကးေထာက္ပံ့သြားမယ္လို႕ မီဇိုးရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Zoramthanga (ဇုိးရမ္းထန္းငါ) က ေျပာဆိုသြား တယ္လို႕ မီဇိုးရမ္းေရာက္ ျမန္မာႏုိင္ငံသားေတြအေရး ကူညီ ေဆာင္ရြက္ေပးေနတဲ့ NGO United for Democratic Myanmar အဖြဲ႔က တြဲဖက္အတြင္းေရးမွဴး ကိုရစ္ခ်တ္ က ေျပာပါတယ္။

"ခ်င္းျပည္နယ္မွာတိုက္ပြဲေတြကျဖစ္ေတာ့ ဒီဘက္မွာစစ္ေဘးေရွာင္ေတြ ထြက္ေျပးလာတဲ့လူေတြက ဒီရက္ပိုင္းေတာ္ေတာ္ ေလး တိုးလာတယ္။ ဆိုေတာ့မေန႕က မီဇိုးရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္က CYMA (Central Young Mizo Association) နဲ႕သူတို႕ေတြ႕ ဆုံၿပီးေတာ့မွ ဒီစစ္ေဘးေရွာင္အေရးကိစၥကိုသူတို႕ ေဆြးေႏြးတဲ့အခါမွာ သူကေျပာသြားတာ။ စစ္ေရွာင္ေတြအတြက္ လ်ာထားတဲ့ ေငြေရးေၾကးေရးလဲ ရဖို႕ေတာ္ေတာ္ေလးနီးစပ္ေနၿပီး ဆိုတဲ့စကားေတာ့ေျပာတယ္။ ဆိုေတာ့ရဖို႕အလားလာေတာ့ရွိတယ္လို႕ေတာ့ ကြ်န္ေတာ္တို႕အေနနဲ႕သုံးသပ္လို႕ရတာေပါ့ေနာ္။"

မီဇိုးရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေန မေန႕ကဇြန္ ၁၅ ရက္ေန႕ကေျပာဆိုသြားေပမဲ့ ဘယ္အခ်ိန္ ဘယ္လိုကူညီသြားမယ္ဆိုတာေတာ့ ေျပာဆိုျခင္းမရွိခဲ့ပါဘူး။

ျမန္မာစစ္တပ္ကေန နိုင္ငံေတာ္အာဏာကိုထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း ဆႏၵျပသပိတ္ေမွာက္မွဳေတြမွာ အၾကမ္းဖက္ႏွိမ္ႏွင္းမွဳaၾကာင့္ ခ်င္းျပည္နယ္ကၿမိဳ႕နယ္တခ်ိဳ႕နဲ႕ စစ္ကိုင္းတိုင္း ကေလးစတဲ့ၿမိဳ႕နယ္က စစ္ေရွာင္အမ်ားအျပား အိႏၷိယနိုင္ငံ မီဇိုးရမ္ ျပည္နယ္ ဘက္ကိုတိမ္းေရွာင္ေရာက္ရွိေနတာပါ။

တိမ္းေရွာင္ေရာက္ရွိလာတဲ့အထဲမွာ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဆလိုင္းလ်န္လြယ္နဲ႔ NLD အမတ္ေတြအမ်ားျပားရွိ ေနတယ္လို႕ ကိုရစ္ခ်တ္ကေျပာပါတယ္။

"ကေလးၿမိဳ႕ဘက္ကဟာေတြေရာ၊ ခ်င္းျပည္နယ္ဘက္ကဟာေတြေရာ၊ NLD အမတ္ေတာ္ေတာ္မ်ားမ်ားေတာ့ဒီဘက္မွာ ေရာက္လာ ၾကတယ္။ မေန႕ကၾကားတာေတာ့ ဒီ ဆလိုင္းဦးလွ်န္လြယ္ (ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း) လဲေရာက္လာတယ္လို႕ ေတာ့ၾကားတယ္။ တခ်ိဳ႕လႊတ္ေတာ္အမတ္ေတြက်ေတာ့ ကြ်န္ေတာ္တို႕ဒီ အိုက္ေဇာလ္မွာ Refugee Camp (ဒုကၡသည္စခန္း) ေလးလုပ္ထားတယ္။ အဲဒီ Refugee Camp မွာေတာ့ ေတာ္ေတာ္မ်ားမ်ားေတာ့ ကြ်န္ေတာ္တို႕ထားတာေပါ့ေနာ္။"

လက္ရွိ မီဇိုးရမ္ျပည္နယ္မွာ ျမန္မာစစ္ေဘးေရွာင္ေတြ ေသာင္းခ်ီရွိေနၿပီး ၿမိဳ႕ေတာ္ အိုက္ေဇာအပါ၀င္ နယ္စပ္မွာ ခိုလွဳံေနရတယ္လို႕ ေျပာပါတယ္။

"မီဇိုးရမ္တျပည္နယ္လုံးမွာ စစ္ေဘးေရွာင္ ဦးေရ တေသာင္းခြဲေလာက္ ရွိတယ္လို႕ေတာ့ေၾကညာတယ္။ စစ္ေဘးဒုကၡသည္ေတြက အနယ္နယ္အရပ္ရပ္က၀င္လာတယ္ေလ။ အဓိကေတာ့ စခန္းက ၿမိဳ႕ေတာ္ အိုက္ေဇာလ္မွာဘဲ ေလာေလာဆယ္ေတာ့ရွိတယ္။ တခုဘဲေပါ့ေနာ္။ ဒါေပမဲ့နယ္စပ္ေဒသေတြမွာေပါ့ေနာ္ ဥပမာခ်င္းျပည္နယ္၊ ရိေခါဒါၿမိဳ႕နယ္စပ္၊ က်န္ဖိုင္းတို႕ဘာတို႕မွာလဲ စခန္း ေလးေတြရွိတယ္။ ပလက္၀ၿမိဳ႕နယ္ စိုင္ဟားတို႔၊ ေလာင္တလုိင္တို႔ ဘာတို႕မွာလဲ ႀကီးႀကီးမားမား စခန္းရယ္လို႕ေတာ့မဟုတ္ဘူး၊ ယာယီ ပုံစံမ်ိဳးေပါ့ေနာ္။"

လက္ရွိစစ္ေရွာင္ေတြကေတာ့ မီဇိုးရမ္။ အရပ္ဖက္လူမႈအဖြဲ႕အစည္းအပါအဝင္၊ ဘာသာေရးအဖြဲ႕ေတြက ေနထိုင္ေရးရိကၡာအကူညီ ေပးေဆာင္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကန္႔ကြက္ဆႏၵျပခဲ့ၾကသူတခ်ဳိ႕ အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္နဲ႕ မဏိပူရျပည္နယ္ ဘက္ကို တိမ္းေရွာင္လာၾကတာလဲ ျဖစ္ပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာဒုက္ခသည်တွေကို အိန္ဒိယ Mizoram ပြည်နယ် ငွေကြေးကူညီမည်

(Unicode)

အိန္နိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ငွေကြေးအကူညီပေးဆောင်မယ်လို့ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်ကနေ မနေ့ကပြောဆိုသွားတဲ့အကြောင်းမီဇိုးရမ်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိမီဇိုးရမ်ပြည်နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်အမတ်တွေအပါဝင် ကန့်ကွက်ဆန္ဒပြခဲ့လို့ တိမ်းရှောင်နေရသူ သောင်းချီရှိနေ တယ်လို့လဲပြောပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

မြန်မာစစ်တပ်ကနေ သပိတ်မှောက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့လို့ အိန္နိယ-မြန်မာနယ်စပ်မှာရှိတဲ့ မီဇိုးရမ်ပြည်နယ်အတွင်းကို တိမ်းရှောင် လာတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ငွေကြေးထောက်ပံ့သွားမယ်လို့ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga (ဇိုးရမ်းထန်းငါ) က ပြောဆိုသွား တယ်လို့ မီဇိုးရမ်းရောက် မြန်မာနိုင်ငံသားတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ NGO United for Democratic Myanmar အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ် က ပြောပါတယ်။

"ချင်းပြည်နယ်မှာတိုက်ပွဲတွေကဖြစ်တော့ ဒီဘက်မှာစစ်ဘေးရှောင်တွေ ထွက်ပြေးလာတဲ့လူတွေက ဒီရက်ပိုင်းတော်တော် လေး တိုးလာတယ်။ ဆိုတော့မနေ့က မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်က CYMA (Central Young Mizo Association) နဲ့သူတို့တွေ့ ဆုံပြီးတော့မှ ဒီစစ်ဘေးရှောင်အရေးကိစ္စကိုသူတို့ ဆွေးနွေးတဲ့အခါမှာ သူကပြောသွားတာ။ စစ်ရှောင်တွေအတွက် လျာထားတဲ့ ငွေရေးကြေးရေးလဲ ရဖို့တော်တော်လေးနီးစပ်နေပြီး ဆိုတဲ့စကားတော့ပြောတယ်။ ဆိုတော့ရဖို့အလားလာတော့ရှိတယ်လို့တော့ ကျွန်တော်တို့အနေနဲ့သုံးသပ်လို့ရတာပေါ့နော်။"

မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်ကနေ မနေ့ကဇွန် ၁၅ ရက်နေ့ကပြောဆိုသွားပေမဲ့ ဘယ်အချိန် ဘယ်လိုကူညီသွားမယ်ဆိုတာတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသပိတ်မှောက်မှုတွေမှာ အကြမ်းဖက်နှိမ်နှင်းမှုaကြာင့် ချင်းပြည်နယ်ကမြို့နယ်တချို့နဲ့ စစ်ကိုင်းတိုင်း ကလေးစတဲ့မြို့နယ်က စစ်ရှောင်အများအပြား အိန္နိယနိုင်ငံ မီဇိုးရမ် ပြည်နယ် ဘက်ကိုတိမ်းရှောင်ရောက်ရှိနေတာပါ။

တိမ်းရှောင်ရောက်ရှိလာတဲ့အထဲမှာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်နဲ့ NLD အမတ်တွေအများပြားရှိ နေတယ်လို့ ကိုရစ်ချတ်ကပြောပါတယ်။

"ကလေးမြို့ဘက်ကဟာတွေရော၊ ချင်းပြည်နယ်ဘက်ကဟာတွေရော၊ NLD အမတ်တော်တော်များများတော့ဒီဘက်မှာ ရောက်လာ ကြတယ်။ မနေ့ကကြားတာတော့ ဒီ ဆလိုင်းဦးလျှန်လွယ် (ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း) လဲရောက်လာတယ်လို့ တော့ကြားတယ်။ တချို့လွှတ်တော်အမတ်တွေကျတော့ ကျွန်တော်တို့ဒီ အိုက်ဇောလ်မှာ Refugee Camp (ဒုက္ခသည်စခန်း) လေးလုပ်ထားတယ်။ အဲဒီ Refugee Camp မှာတော့ တော်တော်များများတော့ ကျွန်တော်တို့ထားတာပေါ့နော်။"

လက်ရှိ မီဇိုးရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်တွေ သောင်းချီရှိနေပြီး မြို့တော် အိုက်ဇောအပါဝင် နယ်စပ်မှာ ခိုလှုံနေရတယ်လို့ ပြောပါတယ်။

"မီဇိုးရမ်တပြည်နယ်လုံးမှာ စစ်ဘေးရှောင် ဦးရေ တသောင်းခွဲလောက် ရှိတယ်လို့တော့ကြေညာတယ်။ စစ်ဘေးဒုက္ခသည်တွေက အနယ်နယ်အရပ်ရပ်ကဝင်လာတယ်လေ။ အဓိကတော့ စခန်းက မြို့တော် အိုက်ဇောလ်မှာဘဲ လောလောဆယ်တော့ရှိတယ်။ တခုဘဲပေါ့နော်။ ဒါပေမဲ့နယ်စပ်ဒေသတွေမှာပေါ့နော် ဥပမာချင်းပြည်နယ်၊ ရိခေါဒါမြို့နယ်စပ်၊ ကျန်ဖိုင်းတို့ဘာတို့မှာလဲ စခန်း လေးတွေရှိတယ်။ ပလက်ဝမြို့နယ် စိုင်ဟားတို့၊ လောင်တလိုင်တို့ ဘာတို့မှာလဲ ကြီးကြီးမားမား စခန်းရယ်လို့တော့မဟုတ်ဘူး၊ ယာယီ ပုံစံမျိုးပေါ့နော်။"

လက်ရှိစစ်ရှောင်တွေကတော့ မီဇိုးရမ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းအပါအဝင်၊ ဘာသာရေးအဖွဲ့တွေက နေထိုင်ရေးရိက္ခာအကူညီ ပေးဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသူတချို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရပြည်နယ် ဘက်ကို တိမ်းရှောင်လာကြတာလဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG