သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတလႊား ဒုကၡသည္ေတြ စားနပ္ရိကၡာ လုိအပ္ခ်က္အတြက္ WFP သတိေပး


WFP က ေထာက္ပံ့မယ့္ အစားအစာရဖို႔ ေစာင့္ဆုိင္းေနတဲ့ မုိဇမ္ဘစ္ႏုိင္ငံက ဒုကၡသည္မ်ား။ (ဧၿပီ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ဇြန္လ ၂၀ ရက္ေန႔ တနဂၤေႏြေန႔ ဒီကေန႔ဟာ ကမၻာ့ဒုကၡသည္မ်ားေန႔ ျဖစ္ပါတယ္။ ကမၻာတလႊား သန္းနဲ႔ခ်ီရွိတဲ့ ဒုကၡသည္ေတြ စားေရရိကၡာ မလံုေလာက္မႈနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ႏုိင္ငံတကာက ပံ့ပိုးေပးၾကဖို႔ ကမၻာ့စားနပ္ရိကၡာအဖြဲ႔ (WFP) က ကမၻာ့ဒုကၡသည္မ်ားေန႔ အႀကိဳမွာ ပန္ၾကားလိုက္ပါတယ္။

ႏုိင္ငံေပါင္း ၈၀ က လူေပါင္း ၁၁၅ သန္းေက်ာ္ကို WFP က ေထာက္ပံ့ေနရတာျဖစ္ၿပီး အခု ၂၀၂၁ ခုႏွစ္အတြင္း အသက္ကယ္ ေထာက္ပံ့မႈအတြက္ လိုအပ္တဲ့ ရန္ပံုေငြ ေဒၚလာ ၁၅ ဒသမ ၃ ဘီလ်ံရဲ႕ ၅၅ ရာခိုင္ႏႈန္းကိုပဲ လက္ရွိ ရရွိထားတာပါ။ ရထားတဲ့ ရန္ပံုေငြနဲ႔ ေလာက္ငေအာင္ စီမံႏုိင္ေရးအတြက္ အာဖရိက အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းတလႊားက သန္းနဲ႔ခ်ီတဲဲ့ ဒုကၡသည္ေတြကို ေထာက္ပံ့တဲ့ ရိကၡာေဝစု ေလွ်ာ့ခ်လိုက္ရသလို အေရွ႕အလယ္ပိုင္းမွာလည္း ေလွ်ာ့ခ်ထားရပါတယ္။ အာဖရိက အေရွ႕ပိုင္းက ဒုကၡသည္ေတြရဲ႕ ေလးပံုသံုးပံုကုိ ေပးေနတဲ့ ရိကၡာေဝစု ထက္ဝက္ေလွ်ာ့ခ်ခဲ့ရေၾကာင္း WFP ေျပာခြင့္ရ Tomson Phiri က ေျပာပါတယ္။

“အာဖရိက ေတာင္ပိုင္းေဒသမွာဆိုရင္ WFP ရဲ႕ ေထာက္ပံ့မႈကို လံုးဝ မီွခို္ေနရတဲ့ တန္ဇန္းနီးယားက ဒုကၡသည္ေတြရဲ႕ ရိကၡာေထာက္ပံ့မႈကို သံုးပံုတပံုနီးပါး ေလွ်ာ့ခ်ထားရပါတယ္။ ဆီးရီးယားေဒသတြင္း ဒုကၡသည္အေရး ေဆာင္ရြက္မႈအတြက္ ရန္ပံုေငြ မလံုေလာက္တာေၾကာင့္ ရန္ပံုေငြ ထပ္မရဘူးဆိုရင္ လာမယ့္ ၾသဂုတ္လကုန္ပိုင္း အေရာက္မွာ ေဂ်ာ္ဒန္က ဒုကၡသည္ ၂၄၂,၀၀၀ အတြက္ ေထာက္ပံ့မႈ ျဖတ္ေတာက္ရႏုိင္ေျခ ရွိပါတယ္။” လို႔ WFP ေျပာခြင့္ရက ေျပာခဲ့တာပါ။

လာမယ့္ ၆ လအတြက္ ဒုကၡသည္ေတြကို ေထာက္ပံ့မႈ ျပန္လည္ေပးအပ္ႏုိင္ေရးအတြက္ WFP အေနနဲ႔ ရန္ပံုေငြ ေဒၚလာ ၄ ဒသမ ၅ ဘီလ်ံ အေရးေပၚ လိုအပ္ေၾကာင္းလည္း ေျပာခြင့္ရက ထပ္ေလာင္း ေျပာပါတယ္။

ကမၻာတလႊားမွာ ဒုကၡသည္နဲ႔ ႏုိင္ငံတြင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူေပါင္းက သန္း ၈၀ ေက်ာ္ထိ စံခ်ိန္တင္ ေရာက္ရွိေနၿပီး အမ်ားစုကေတာ့ ဌာေနရင္းကို ျပန္ႏုိင္မယ့္ အလားအလာ ေမွးမွိန္ေနတယ္လို႔လည္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာအဖြဲ႔က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာတလွှား ဒုက္ခသည်တွေ စားနပ်ရိက္ခာ လိုအပ်ချက်အတွက် WFP သတိပေး

ဇွန်လ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ ဒီကနေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။ ကမ္ဘာတလွှား သန်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေ စားရေရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာက ပံ့ပိုးပေးကြဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကမ္ဘာ့ဒုက္ခသည်များနေ့ အကြိုမှာ ပန်ကြားလိုက်ပါတယ်။

နိုင်ငံပေါင်း ၈၀ က လူပေါင်း ၁၁၅ သန်းကျော်ကို WFP က ထောက်ပံ့နေရတာဖြစ်ပြီး အခု ၂၀၂၁ ခုနှစ်အတွင်း အသက်ကယ် ထောက်ပံ့မှုအတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရဲ့ ၅၅ ရာခိုင်နှုန်းကိုပဲ လက်ရှိ ရရှိထားတာပါ။ ရထားတဲ့ ရန်ပုံငွေနဲ့ လောက်ငအောင် စီမံနိုင်ရေးအတွက် အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းတလွှားက သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့တဲ့ ရိက္ခာဝေစု လျှော့ချလိုက်ရသလို အရှေ့အလယ်ပိုင်းမှာလည်း လျှော့ချထားရပါတယ်။ အာဖရိက အရှေ့ပိုင်းက ဒုက္ခသည်တွေရဲ့ လေးပုံသုံးပုံကို ပေးနေတဲ့ ရိက္ခာဝေစု ထက်ဝက်လျှော့ချခဲ့ရကြောင်း WFP ပြောခွင့်ရ Tomson Phiri က ပြောပါတယ်။

“အာဖရိက တောင်ပိုင်းဒေသမှာဆိုရင် WFP ရဲ့ ထောက်ပံ့မှုကို လုံးဝ မှီခိုနေရတဲ့ တန်ဇန်းနီးယားက ဒုက္ခသည်တွေရဲ့ ရိက္ခာထောက်ပံ့မှုကို သုံးပုံတပုံနီးပါး လျှော့ချထားရပါတယ်။ ဆီးရီးယားဒေသတွင်း ဒုက္ခသည်အရေး ဆောင်ရွက်မှုအတွက် ရန်ပုံငွေ မလုံလောက်တာကြောင့် ရန်ပုံငွေ ထပ်မရဘူးဆိုရင် လာမယ့် သြဂုတ်လကုန်ပိုင်း အရောက်မှာ ဂျော်ဒန်က ဒုက္ခသည် ၂၄၂,၀၀၀ အတွက် ထောက်ပံ့မှု ဖြတ်တောက်ရနိုင်ခြေ ရှိပါတယ်။” လို့ WFP ပြောခွင့်ရက ပြောခဲ့တာပါ။

လာမယ့် ၆ လအတွက် ဒုက္ခသည်တွေကို ထောက်ပံ့မှု ပြန်လည်ပေးအပ်နိုင်ရေးအတွက် WFP အနေနဲ့ ရန်ပုံငွေ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ အရေးပေါ် လိုအပ်ကြောင်းလည်း ပြောခွင့်ရက ထပ်လောင်း ပြောပါတယ်။

ကမ္ဘာတလွှားမှာ ဒုက္ခသည်နဲ့ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်းက သန်း ၈၀ ကျော်ထိ စံချိန်တင် ရောက်ရှိနေပြီး အများစုကတော့ ဌာနေရင်းကို ပြန်နိုင်မယ့် အလားအလာ မှေးမှိန်နေတယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG